သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA နဲ႔ ဆက္စပ္ေနတယ္ဆိုတဲ့ စဲြခ်က္နဲ႔ ပလက္၀ၿမိဳ႕ခံႏွစ္ဦး တပ္မေတာ္ဖမ္းဆီး


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ (ဓာတ္ပံု - Peter Lawilu, CUSF - Paletwa)

(Zawgyi/Unicode)

AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ဆက္ႏြယ္တယ္ဆုိတဲ့ သံသယနဲ႔ ခ်င္းျပည္နယ္ ပလက္၀ ေဒသခံႏွစ္ဦးကို ျမန္မာတပ္မေတာ္က ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း ထပ္မံ ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမဲ့လည္း သက္ဆိုင္ရာ မိသားစု၀င္ေတြကေတာ့ ဒီစြပ္စဲြခ်က္ဟာ မွန္ကန္မႈ မရွိဘူးလို႔ ဗီြအိုေအကိုေျပာပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအ သတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ဖမ္းဆီးခံရထားရသူ တဦးရဲ႕ မိခင္ျဖစ္သူ ေဒၚေဒါင္းမေလးကေတာ့ သားျဖစ္သူ ေမာင္စုိးေက်ာ္လင္းနဲ႔ သားမက္ျဖစ္သူ ထြန္းလင္းေဇာ္တုိ႔ဟာ ပလက္၀ျမိဳ႕ကေန စိမ္းစင္းရြာကို အလုပ္လုပ္ဖို႔အသြား ျမန္မာစစ္တပ္က ဖမ္းဆီးခံခဲ့ရတာလုိ႔ ေျပာပါတယ္။

“(၂၃)ရက္ေန႕ကအဖမ္းခံရပါတယ္။ သူတို႕စိမ္းစင္းမွာအလုပ္လုပ္ဖို႕သြားတယ္။ ပန္းရံလုပ္တာပါ။ သူတို႕ႏွစ္ေယာက္ ဆိုင္ကယ္နဲ႕သြားတယ္။ ဘယ္ေနရာမွာအဖမ္းခံလဲ ကြ်န္မတို႕အတိက်မသိဘူး။ သူတို႕ကိုဖမ္းတယ္လို႕ ကြ်န္မကို တဆင့္ေျပာတယ္။ စစ္တပ္အဖြဲ႕ကပါ။ (၂၈၉)တပ္ရင္းမွာထားပါတယ္။ ဘာျဖစ္လို႕ဖမ္းတာလဲကြ်န္မလဲမသိဘူး။ ကြ်န္မသားက ကြ်န္မကိုရိုးရိုးသားသားလုပ္ေကြ်းတာပါ။ သူတို႕ဘဲကြ်န္မကို လုပ္ကြ်းေနတာပါ။

အဖမ္းခံရလူငယ္ႏွစ္ဦးဟာ ဒီလစက္တင္ဘာ ၉ ရက္ေန႔တုန္းကလဲ ရခိုင္ျပည္နယ္ကေန ပလက္၀ျမိဳ႕ဘက္ကို ကုန္ပစၥည္းသယ္ေဆာင္ရင္း အဖမ္းခံခဲ့ရဘူးတယ္လို႔လည္း ေျပာပါတယ္။ သူတုိ႔ ၂ ဦး အပါအ၀င္ အထမ္းသမား ၄၁ ဦးကုိ ကန္႔သတ္နယ္ေျမတြင္း ေဒသႏၱရ အမိန္႔ လုိက္နာရန္ ပ်က္ကြက္မႈနဲ႔ ပလက္၀ၿမိဳ႕နယ္ထဲမွာပဲ စစ္တပ္ကဖမ္းဆီးခဲ့ၿပီး ေနာက္ပုိင္းအရပ္ဘက္အုပ္ခ်ဳပ္ေရးနဲ႔ ရဲတပ္ဖဲြ႔ထံ လဲႊေျပာင္းေပးခဲ့ၿပီးေနာက္ ျပန္လည္လြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။

ဒီတႀကိမ္မွာေတာ့ သူတုိ႔ ၂ ဦးကို နယ္ေျမခံတပ္က ဖမ္းဆီးခဲ့တာျဖစ္ၿပီး မိသားစုနဲ႔ ေတြ႔ခြင့္မေပးခဲ့သလုိ၊ ႏွိပ္စက္ညွင္းပမ္းခံေနရမွာကုိ စုိးရိမ္ေၾကာငး္လည္း နယ္ေျမခံ တပ္ရင္း (၂၈၉) ကိုေရာက္သြားခဲ့တဲ့ ေဒၚေဒါင္းမေလးကေျပာပါတယ္။

“ရိုက္သံေတာ့ၾကားတယ္။ အမေလး ကြ်န္ေတာ္ AAမဟုတ္ပါဘူး။ ဆိုတဲ့သူ႕အသံက။ ကြ်န္ေတာ္ AAမဟုတ္ပါဘူးလို႕ ငိုသံေတာ့ၾကားလိုက္တယ္ကြ်န္မ။”

တပ္မေတာ္ကေတာ့ စက္တင္ဘာလ ၂၅ ရက္ေန႔က ကုလားတန္ျမစထဲမွာ စက္ေလွတစီးကို လုံျခဳံေရးတပ္ဖြဲ႔ဝင္ ေတြ ရပ္တန္႕စစ္ေဆးရာမွာ ပလက္ဝၿမိဳ႕၊ ရြာမရပ္ကြက္ေနထိုင္သူ ထြန္းလင္း ေဇာ္နဲ႕စိုးေက်ာ္လင္း တို႕ႏွစ္ဦးအနက္ တစ္ဦးဟာ AA အဖြဲ႕နဲ႕ဆက္စပ္ေနတယ္လို႕ တပ္မေတာ္ေျပာခြင့္ရဗိုလ္ခ်ဳပ္ဇာ္မင္းထြန္းကေျပာပါတယ္။

“AAနဲ႕ဆက္စပ္မွဳရွိတယ္ဆိုတာ AAမွာသင္တန္းတက္ခဲ့တဲ့လူတေယာက္ျဖစ္တယ္။ AAတပ္သား သင္တန္းေပါ့ အဲဒီမွာ တက္ခဲ့တဲ့လူတယာက္ျဖစ္တယ္ဆိုတာေတာ့ ပဏာမစစ္ေၾကာရရွိထားတယ္။ ဆက္လက္ စစ္ေဆးေနဆဲျဖစ္ပါတယ္။”

AA အဖြဲ႕နဲ႕ဆက္စပ္ေနတယ္ဆိုတဲ့ သူေတြကိုေတာ့ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္ရြက္ေနတယ္လို႔ တပ္မေတာ္ဘက္ကသတင္းထုတ္ျပန္ထားပါတယ္။

သံသယနဲ႕အဖမ္းခံထားရတဲ့ ဦးထြန္းလင္းေဇာ္ အသက္-၂၉ႏွစ္ ေမာင္စုိးေက်ာ္လင္း အသက္-၁၇ႏွစ္တို႕ႏွစ္ဦးကို ဒီကေန႕မွာဘဲ ပလက္ဝရဲစခန္းကို လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

စစ္ေရးပဋိပကၡေတြတင္းမာေနတဲ့ပလက္၀ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္ဘက္ကေရာ AAရခိုင္လက္နက္ကိုင္အဖြဲ႕ကပါ မသကၤာသူေတြကို ဖမ္းဆီးမွဳေတြရွိေနတယ္လို႕ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ရဲ႕ဒါရိုက္တာကိုေတးရာကေျပာပါတယ္။

“ကြ်န္ေတာ္တို႕လက္လွမ္းမွီသေလာက္ေတာ့ (၂၀)ေက်ာ္ေနျပီ ဖမ္းဆီးတာရွိတယ္။ တခ်ိဳ႕ဆို AAဖမ္းတာရွိသလို စစ္တပ္က ဖမ္းတာရွိတယ္။

ပလက္၀ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕အၾကားျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ ကုန္း လမ္း ေရလမ္းခရီးပိတ္ဆို႕ေနျပီးေတာ့ ကုန္စည္ေတြလဲျပတ္လတ္ေနျပီး လိုအပ္တဲ့ကုန္စည္ေတြကို ေဒသခံအထမ္း သမားေတြကေန ရခိုင္ျပည္နယ္ကေန ေတာလမ္းခရီးနဲ႕ထမ္းပိုးယူေနရတဲ့အေျခအေန ရွိေနပါတယ္။

ကုန္စည္စီးဆင္းမွဳ ရပ္တန္႕ေနလို႕ ပလက္၀ျမိဳ႕အပါ၀င္ ေက်းရြာအမ်ားအျပားမွာ အေျခခံစားေသာက္ကုန္ျပတ္ လတ္ ေနျပီး ကုန္ေစ်းႏွဳန္းၾကီးျမင့္မွဳ ဒဏ္ကိုခံ ေနရ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

AA နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ပလက်ဝမြို့ခံနှစ်ဦး တပ်မတော်ဖမ်းဆီး

(Unicode)

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ချင်းပြည်နယ် ပလက်၀ ဒေသခံနှစ်ဦးကို မြန်မာတပ်မတော်က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့လည်း သက်ဆိုင်ရာ မိသားစုဝင်တွေကတော့ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှု မရှိဘူးလို့ ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံရထားရသူ တဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကတော့ သားဖြစ်သူ မောင်စိုးကျော်လင်းနဲ့ သားမက်ဖြစ်သူ ထွန်းလင်းဇော်တို့ဟာ ပလက်ဝမြို့ကနေ စိမ်းစင်းရွာကို အလုပ်လုပ်ဖို့အသွား မြန်မာစစ်တပ်က ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

“(၂၃)ရက်နေ့ကအဖမ်းခံရပါတယ်။ သူတို့စိမ်းစင်းမှာအလုပ်လုပ်ဖို့သွားတယ်။ ပန်းရံလုပ်တာပါ။ သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့သွားတယ်။ ဘယ်နေရာမှာအဖမ်းခံလဲ ကျွန်မတို့အတိကျမသိဘူး။ သူတို့ကိုဖမ်းတယ်လို့ ကျွန်မကို တဆင့်ပြောတယ်။ စစ်တပ်အဖွဲ့ကပါ။ (၂၈၉)တပ်ရင်းမှာထားပါတယ်။ ဘာဖြစ်လို့ဖမ်းတာလဲကျွန်မလဲမသိဘူး။ ကျွန်မသားက ကျွန်မကိုရိုးရိုးသားသားလုပ်ကျွေးတာပါ။ သူတို့ဘဲကျွန်မကို လုပ်ကျွးနေတာပါ။

အဖမ်းခံရလူငယ်နှစ်ဦးဟာ ဒီလစက်တင်ဘာ ၉ ရက်နေ့တုန်းကလဲ ရခိုင်ပြည်နယ်ကနေ ပလက်ဝမြို့ဘက်ကို ကုန်ပစ္စည်းသယ်ဆောင်ရင်း အဖမ်းခံခဲ့ရဘူးတယ်လို့လည်း ပြောပါတယ်။ သူတို့ ၂ ဦး အပါအဝင် အထမ်းသမား ၄၁ ဦးကို ကန့်သတ်နယ်မြေတွင်း ဒေသန္တရ အမိန့် လိုက်နာရန် ပျက်ကွက်မှုနဲ့ ပလက်ဝမြို့နယ်ထဲမှာပဲ စစ်တပ်ကဖမ်းဆီးခဲ့ပြီး နောက်ပိုင်းအရပ်ဘက်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ထံ လွဲှပြောင်းပေးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ သူတို့ ၂ ဦးကို နယ်မြေခံတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မပေးခဲ့သလို၊ နှိပ်စက်ညှင်းပမ်းခံနေရမှာကို စိုးရိမ်ကြောင်းလည်း နယ်မြေခံ တပ်ရင်း (၂၈၉) ကိုရောက်သွားခဲ့တဲ့ ဒေါ်ဒေါင်းမလေးကပြောပါတယ်။

“ရိုက်သံတော့ကြားတယ်။ အမလေး ကျွန်တော် AAမဟုတ်ပါဘူး။ ဆိုတဲ့သူ့အသံက။ ကျွန်တော် AAမဟုတ်ပါဘူးလို့ ငိုသံတော့ကြားလိုက်တယ်ကျွန်မ။”

တပ်မတော်ကတော့ စက်တင်ဘာလ ၂၅ ရက်နေ့က ကုလားတန်မြစထဲမှာ စက်လှေတစီးကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ရပ်တန့်စစ်ဆေးရာမှာ ပလက်ဝမြို့၊ ရွာမရပ်ကွက်နေထိုင်သူ ထွန်းလင်း ဇော်နဲ့စိုးကျော်လင်း တို့နှစ်ဦးအနက် တစ်ဦးဟာ AA အဖွဲ့နဲ့ဆက်စပ်နေတယ်လို့ တပ်မတော်ပြောခွင့်ရဗိုလ်ချုပ်ဇာ်မင်းထွန်းကပြောပါတယ်။

“AAနဲ့ဆက်စပ်မှုရှိတယ်ဆိုတာ AAမှာသင်တန်းတက်ခဲ့တဲ့လူတယောက်ဖြစ်တယ်။ AAတပ်သား သင်တန်းပေါ့ အဲဒီမှာ တက်ခဲ့တဲ့လူတယာက်ဖြစ်တယ်ဆိုတာတော့ ပဏာမစစ်ကြောရရှိထားတယ်။ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။”

AA အဖွဲ့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သူတွေကိုတော့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့ တပ်မတော်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

သံသယနဲ့အဖမ်းခံထားရတဲ့ ဦးထွန်းလင်းဇော် အသက်-၂၉နှစ် မောင်စိုးကျော်လင်း အသက်-၁၇နှစ်တို့နှစ်ဦးကို ဒီကနေ့မှာဘဲ ပလက်ဝရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

စစ်ရေးပဋိပက္ခတွေတင်းမာနေတဲ့ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်ဘက်ကရော AAရခိုင်လက်နက်ကိုင်အဖွဲ့ကပါ မသင်္ကာသူတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ဒါရိုက်တာကိုတေးရာကပြောပါတယ်။

“ကျွန်တော်တို့လက်လှမ်းမှီသလောက်တော့ (၂၀)ကျော်နေပြီ ဖမ်းဆီးတာရှိတယ်။ တချို့ဆို AAဖမ်းတာရှိသလို စစ်တပ်က ဖမ်းတာရှိတယ်။

ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်း လမ်း ရေလမ်းခရီးပိတ်ဆို့နေပြီးတော့ ကုန်စည်တွေလဲပြတ်လတ်နေပြီး လိုအပ်တဲ့ကုန်စည်တွေကို ဒေသခံအထမ်း သမားတွေကနေ ရခိုင်ပြည်နယ်ကနေ တောလမ်းခရီးနဲ့ထမ်းပိုးယူနေရတဲ့အခြေအနေ ရှိနေပါတယ်။

ကုန်စည်စီးဆင်းမှု ရပ်တန့်နေလို့ ပလက်ဝမြို့အပါဝင် ကျေးရွာအများအပြားမှာ အခြေခံစားသောက်ကုန်ပြတ် လတ် နေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကိုခံ နေရ ပါတယ်။

XS
SM
MD
LG