သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့သယံဇာတတူးေဖာ္ေရး ပြင့္လင္းျမင္သာမႈ မရွိ


ဖားကန႔္ ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ကြက္တခု။ ( ဓာတ္ပံု Ye Aung Thu / AFP - ေအာက္တုိဘာ ၄၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ သယံဇာတ တူးေဖာ္တဲ့ လုပ္ငန္းေတြမွာ ကုမၸဏီေတြဟာ ပြင့္လင္းျမင္သာမႈ မရွိတဲ့အေၾကာင္း သဘာ၀ပတ္၀န္းက်င္အေရး ႏုိင္ငံတကာ လႈပ္ရွားမႈအဖဲြ႔ တခုျဖစ္တဲ့ Global Witness အဖြဲ႔ရဲ႕ အစီရင္ခံစာသစ္က ေဖာ္ျပလိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

မိုးကုတ္ေဒသမွာ ေက်ာက္မ်က္တူးေဖၚေနတဲ့ ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၁၉)
မိုးကုတ္ေဒသမွာ ေက်ာက္မ်က္တူးေဖၚေနတဲ့ ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၁၉)

ျမန္မာႏုိင္ငံတ၀န္းက သယံဇာတူးေဖာ္ေရး လုပ္ငန္းေတြမွာ လုပ္ကုိင္ေနၾကတဲ့ ကုမၸဏီေတြဟာ ရရွိလာတဲ့ အက်ဳိးအျမတ္ေတြကုိ ဘယ္သူေတြက လက္ေတြ႔ခံစားရရွိေနသလဲ ဆုိတာေတြကုိ ပြင့္လင္းျမင္သာမႈရွိရွိ ထုတ္ေဖာ္ေျပာဆုိမႈေတြ အားနည္းေနဆဲ ျဖစ္ေၾကာင္း Global Witness အဖြဲ႔က ဒီကေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာက ေဖာ္ျပပါတယ္။ ျမန္မာႏုိင္ငံမွာ လုပ္ငန္းလုပ္ကုိင္ဖုိ႔ မွတ္ပုံတင္ထားတဲ့ ကုမၸဏီေပါင္း ၂၆၀ ေက်ာ္ရဲ႕ ၇ ရာခိုင္ႏႈန္းဟာ အခ်က္အလက္ေတြ မွန္ကန္မႈ မရွိသလုိ အမ်ားစုဟာလည္း လုပ္ငန္းနဲ႔ ပတ္သက္လုိ႔ အစီရင္ခံစာ ျပည့္ျပည့္စုံစုံ တင္ျပဖုိ႔ ပ်က္ကြက္ေနတယ္လုိ႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံ ပြင့္လင္းျမင္သာမႈႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈဆိုင္ရာ အရပ္ဘက္ မဟာမိတ္အဖြဲ႕ MATA ရဲ႕ တာဝန္ရွိသူ ဦးရဲလင္းျမင့္ကေတာ့ သယံဇာတတူးေဖာ္တဲ့ လုပ္ငန္းေတြက ကုမၸဏီေတြရဲ႕ ပ်က္ကြက္မႈေတြကုိ တာ၀န္ရွိသူေတြက စစ္ေဆးအေရးယူဖုိ႔ အားနည္းေနတယ္လုိ႔လည္း ေျပာပါတယ္။

“အက်ိဳးအျမတ္ပိုင္ဆိုင္သူေတြရဲ႕ ထုတ္ျပန္ခ်က္ဆိုၿပီး သူတို႔လုပ္တယ္ေပါ့ေနာ္။ လုပ္ေတာ့ အခုေတာ့ ပထမဆုံး အစီရင္ခံစာဆိုၿပီး ထြက္ၿပီေပါ့ေနာ္၊ အဲဒီအစီရင္ခံစာမွာပါတဲ့ ကုမၸဏီေတြရဲ႕ report လုပ္ထားတဲ့ဟာေတြနဲ႔ ပတ္သက္လို႔ ျပန္လည္ဆန္းစစ္တဲ့ဟာ၊ စစ္ေဆးတဲ့ဟာ အခုထိ မလုပ္ႏိုင္ေသးဘူး။ တကယ္တမ္းက် အစိုးရဘက္က လုပ္ေပးဖို႔ တာဝန္ရွိတာေပါ့ဗ်ာ။ ဒီဟာကို ဘယ္လိုစစ္ေဆးမယ္ ဘယ္လိုတိုက္ဆိုင္ၿပီးေတာ့ ဟုတ္လား၊ မဟုတ္လားဆိုတာ ျပန္ၾကည့္မယ္ဆိုတဲ့ဟာ အခုထိကို က်ေနာ္တို႔ မလုပ္ႏိုင္ေသးဘူး။ ဒါေတာ့ လက္ရွိအေျခအေနမွန္ေပါ့ေနာ္။”

Global Witness အဖဲြ႔ရဲ႕ အစီရင္ခံစာမွာေတာ့ ကုမၸဏီ အမ်ားအျပားဟာ အခ်က္အလက္တင္ျပမႈေတြ လုံးဝမလုပ္တာေတြ ရွိသလုိ၊ သတ္မွတ္ရက္ထက္ ေနာက္က်တင္ျပတာေတြ ရွိခဲ့တယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။ ပထမအဆင့္အစီရင္ခံစာ တင္သြင္းတဲ့ ကုမၸဏီ စုစုေပါင္း ၁၆၂ ခုမွာ ဆုိရင္လည္း ကုမၸဏီ ၂၄ ခု (၁၅ ရာခိုင္ႏႈန္း) က တင္ျပဖုိ႔ပ်က္ကြက္ခဲ့သလုိ၊ ကုမၸဏီ ၁၇ ခု (၁၀ ရာခိုင္ႏႈန္း) ဟာလည္း သတ္မွတ္ရက္ထက္ ေနာက္က်ခဲ့ေၾကာင္း ေဖာ္ျပခဲ့တာပါ။ ဒီလုိပ်က္ကြက္တဲ့ ကုမၸဏီေတြကုိ အစုိးရက လုပ္ငန္းလိုင္စင္ ဆိုင္းငံ့တာ၊ ရပ္ဆိုင္းတာ၊ ပယ္ဖ်က္တာ၊ ႀကီးမားတဲ့့ ဒဏ္ေငြ ခ်မွတ္တာေတြ အပါအ၀င္ ထိထိေရာက္ေရာက္ အေရးယူဖုိ႔လည္း တုိက္တြန္းထားပါတယ္

ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေတာ့ အားနည္းခ်က္ေတြနဲ႔ ပတ္သက္လုိ႔ မၾကာေသးခင္ကစလုိ႔ တုိးတက္ေအာင္ ေဆာင္ရြက္ေနတာေတြ ရွိတယ္လုိ႔ ေျပာပါတယ္။

“အဓိကေတာ့ ဒီလိုဗ် က်ေနာ္တို႔က Beneficial Ownership နဲ႔ပတ္သက္ၿပီးေတာ့ စီးပြားေရးလုပ္ငန္းေတြက အသိအျမင္နည္းခဲ့တာက ၁ အခ်က္၊ ၂ အခ်က္က ဒါနဲ႔ပတ္သက္တဲ့ လိုက္နာက်င့္သုံးမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း ျပ႒ာန္းခ်က္ေတြ ျပည့္ျပည့္စုံစုံမရွိခဲ့တာ၊ ၃ အခ်က္က ဒီဟာကို ျပ႒ာန္းခ်က္ေတြ လိုက္တာျခင္းရွိ၊ မရွိကို ဆန္းစစ္တဲ့ ဒီ regulatory authority ကလည္း အဆင္သင့္မျဖစ္ခဲ့တာ ဒီအခ်က္ႀကီး ၃ ခ်က္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ တိုင္းျပည္မွာ ဒီဟာေတြ အားနည္းခဲ့တယ္။ သို႔ေသာ္လည္းပဲ အခုလုပ္စရာရွိတာေတြ အကုန္လုပ္ေနတယ္ဗ်။ လုပ္ေတာ့ တဆင့္ၿပီးတဆင့္လည္း တိုးတက္မႈေတြ က်ေနာ္တို႔အေတာ္ေလး ရပါတယ္။”

Global Witness ရဲ႕ အစီရင္ခံစာမွာေတာ့ ကခ်င္ျပည္နယ္က ေက်ာက္စိမ္းတူးေဖာ္တဲ့ လုပ္ငန္းေတြမွာ ပုိင္ရွင္အစစ္ကို ဖုံးကြယ္ထားတာေတြ ရွိေနေၾကာင္းနဲ႔ ေနာက္ကြယ္မွာ စစ္တပ္အပါအ၀င္ လက္နက္ကုိင္အဖဲြ႔အစည္းေတြ အာဏာပုိင္ေတြနဲ႔ ရင္းႏွီးသူေတြက ထိန္းခ်ဳပ္ထားတယ္လုိ႔လည္း ေဖာ္ျပပါတယ္။ ျမန္မာႏုိင္ငံမွာ ေက်ာက္စိမ္းထုတ္လုပ္မႈကေန အျမင့္ဆုံး၀င္ေငြအျဖစ္ ၂၀၁၄ မွာ အေမရိကန္ေဒၚလာ ဘီလီယံ ၃၀ ေက်ာ္ရရွိခဲ့ဖူးသလုိ ေနာက္ပုိင္းမွာလည္း ႏွစ္စဥ္ ေဒၚလာ ၂ ဘီလီယံကေန ၁၅ ဘီလီယံၾကား ၀င္ေငြရေနတယ္လုိ႔လည္း ခန္႔မွန္းထားတာပါ။

ဒီလဆန္းတုန္းက ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေက်ာက္စိမ္းတြင္းမွာ လူေပါင္း ၂၀၀ ေက်ာ္ ေသေၾကဒဏ္ရာရခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္ ျမန္မာႏုိင္ငံက သယံဇာတ ထုတ္လုပ္ေရးလုပ္ငန္းက အေျခအေနအေပၚ အမ်ားအာ႐ုံစုိက္လာေနသလုိ မၾကာခဏ ထိခုိက္မႈေတြ ႀကံဳေနရတဲ့ အေျခအေနကုိ ထိန္းခ်ဳပ္ဖုိ႔ တုိက္တြန္းသံေတြလည္း ထြက္ေပၚေနခ်ိန္မွာပဲ Global Witness ရဲ႕ အစီရင္ခံစာ ထြက္ေပၚလာတာပါ။

တပ္မေတာ္ကေတာ့ ဇူလုိင္လ ၂ ရက္ေန႔က ေျမၿပိဳမႈနဲ႔ ပတ္သက္ၿပီး လုံၿခံဳေရးတာ၀န္ရွိသူေတြအျဖစ္ အဆင့္ျမင့္ အရာရွိ ႏွစ္ ေယာက္ကုိ အေရးယူထားေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှု မရှိ

မြန်မာနိုင်ငံမှာ သယံဇာတ တူးဖော်တဲ့ လုပ်ငန်းတွေမှာ ကုမ္ပဏီတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အကြောင်း သဘာဝပတ်ဝန်းကျင်အရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတဝန်းက သယံဇာတူးဖော်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဟာ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဘယ်သူတွေက လက်တွေ့ခံစားရရှိနေသလဲ ဆိုတာတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောဆိုမှုတွေ အားနည်းနေဆဲ ဖြစ်ကြောင်း Global Witness အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၂၆၀ ကျော်ရဲ့ ၇ ရာခိုင်နှုန်းဟာ အချက်အလက်တွေ မှန်ကန်မှု မရှိသလို အများစုဟာလည်း လုပ်ငန်းနဲ့ ပတ်သက်လို့ အစီရင်ခံစာ ပြည့်ပြည့်စုံစုံ တင်ပြဖို့ ပျက်ကွက်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ရဲ့ တာဝန်ရှိသူ ဦးရဲလင်းမြင့်ကတော့ သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေက ကုမ္ပဏီတွေရဲ့ ပျက်ကွက်မှုတွေကို တာဝန်ရှိသူတွေက စစ်ဆေးအရေးယူဖို့ အားနည်းနေတယ်လို့လည်း ပြောပါတယ်။

“အကျိုးအမြတ်ပိုင်ဆိုင်သူတွေရဲ့ ထုတ်ပြန်ချက်ဆိုပြီး သူတို့လုပ်တယ်ပေါ့နော်။ လုပ်တော့ အခုတော့ ပထမဆုံး အစီရင်ခံစာဆိုပြီး ထွက်ပြီပေါ့နော်၊ အဲဒီအစီရင်ခံစာမှာပါတဲ့ ကုမ္ပဏီတွေရဲ့ report လုပ်ထားတဲ့ဟာတွေနဲ့ ပတ်သက်လို့ ပြန်လည်ဆန်းစစ်တဲ့ဟာ၊ စစ်ဆေးတဲ့ဟာ အခုထိ မလုပ်နိုင်သေးဘူး။ တကယ်တမ်းကျ အစိုးရဘက်က လုပ်ပေးဖို့ တာဝန်ရှိတာပေါ့ဗျာ။ ဒီဟာကို ဘယ်လိုစစ်ဆေးမယ် ဘယ်လိုတိုက်ဆိုင်ပြီးတော့ ဟုတ်လား၊ မဟုတ်လားဆိုတာ ပြန်ကြည့်မယ်ဆိုတဲ့ဟာ အခုထိကို ကျနော်တို့ မလုပ်နိုင်သေးဘူး။ ဒါတော့ လက်ရှိအခြေအနေမှန်ပေါ့နော်။”

Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ကုမ္ပဏီ အများအပြားဟာ အချက်အလက်တင်ပြမှုတွေ လုံးဝမလုပ်တာတွေ ရှိသလို၊ သတ်မှတ်ရက်ထက် နောက်ကျတင်ပြတာတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပထမအဆင့်အစီရင်ခံစာ တင်သွင်းတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၆၂ ခုမှာ ဆိုရင်လည်း ကုမ္ပဏီ ၂၄ ခု (၁၅ ရာခိုင်နှုန်း) က တင်ပြဖို့ပျက်ကွက်ခဲ့သလို၊ ကုမ္ပဏီ ၁၇ ခု (၁၀ ရာခိုင်နှုန်း) ဟာလည်း သတ်မှတ်ရက်ထက် နောက်ကျခဲ့ကြောင်း ဖော်ပြခဲ့တာပါ။ ဒီလိုပျက်ကွက်တဲ့ ကုမ္ပဏီတွေကို အစိုးရက လုပ်ငန်းလိုင်စင် ဆိုင်းငံ့တာ၊ ရပ်ဆိုင်းတာ၊ ပယ်ဖျက်တာ၊ ကြီးမားတဲ့ ဒဏ်ငွေ ချမှတ်တာတွေ အပါအဝင် ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကတော့ အားနည်းချက်တွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကစလို့ တိုးတက်အောင် ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။

“အဓိကတော့ ဒီလိုဗျ ကျနော်တို့က Beneficial Ownership နဲ့ပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေက အသိအမြင်နည်းခဲ့တာက ၁ အချက်၊ ၂ အချက်က ဒါနဲ့ပတ်သက်တဲ့ လိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ပြီးတော့လည်း ပြဋ္ဌာန်းချက်တွေ ပြည့်ပြည့်စုံစုံမရှိခဲ့တာ၊ ၃ အချက်က ဒီဟာကို ပြဋ္ဌာန်းချက်တွေ လိုက်တာခြင်းရှိ၊ မရှိကို ဆန်းစစ်တဲ့ ဒီ regulatory authority ကလည်း အဆင်သင့်မဖြစ်ခဲ့တာ ဒီအချက်ကြီး ၃ ချက်ကြောင့်မို့လို့ ကျနော်တို့ တိုင်းပြည်မှာ ဒီဟာတွေ အားနည်းခဲ့တယ်။ သို့သော်လည်းပဲ အခုလုပ်စရာရှိတာတွေ အကုန်လုပ်နေတယ်ဗျ။ လုပ်တော့ တဆင့်ပြီးတဆင့်လည်း တိုးတက်မှုတွေ ကျနော်တို့အတော်လေး ရပါတယ်။”

Global Witness ရဲ့ အစီရင်ခံစာမှာတော့ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေမှာ ပိုင်ရှင်အစစ်ကို ဖုံးကွယ်ထားတာတွေ ရှိနေကြောင်းနဲ့ နောက်ကွယ်မှာ စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အာဏာပိုင်တွေနဲ့ ရင်းနှီးသူတွေက ထိန်းချုပ်ထားတယ်လို့လည်း ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေ အမြင့်ဆုံးဝင်ငွေအဖြစ် ၂၀၁၄ မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ရရှိခဲ့ဖူးသလို နောက်ပိုင်းမှာလည်း နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံကနေ ၁၅ ဘီလီယံကြား ဝင်ငွေရနေတယ်လို့လည်း ခန့်မှန်းထားတာပါ။

ဒီလဆန်းတုန်းက ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းမှာ လူပေါင်း ၂၀၀ ကျော် သေကြေဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံက သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းက အခြေအနေအပေါ် အများအာရုံစိုက်လာနေသလို မကြာခဏ ထိခိုက်မှုတွေ ကြုံနေရတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ တိုက်တွန်းသံတွေလည်း ထွက်ပေါ်နေချိန်မှာပဲ Global Witness ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာပါ။

တပ်မတော်ကတော့ ဇူလိုင်လ ၂ ရက်နေ့က မြေပြိုမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေအဖြစ် အဆင့်မြင့် အရာရှိ နှစ် ယောက်ကို အရေးယူထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG