သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ေတြ႔က်မယ့္ ေက်ာက္မ်က္မူ၀ါဒ


(Zawgyi/ Unicode)

ဖားကန္႔မွာ ေက်ာက္စိ္မ္း တူးေဖာ္ေရး လုပ္ငန္းေတြရဲ႕ စြန္႔ပစ္ ေျမစာပံုေတြၾကား အၾကြင္းအက်န္ ေက်ာက္စိမ္းရွာၾကသူေတြ ႏွစ္စဥ္လိုလို ေျမၿပိဳမႈလုိမ်ိဳး မေတာ္တဆမႈေတြၾကား အသက္ဆံုးရံႈး ေနရပါတယ္။ ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ငန္းေတြကို ပိုၿပီး စည္းကမ္း တင္းၾကပ္ဖို႔ လိုသလို တဖက္မွာလည္း အလုပ္အကိုင္ေတြ ဖန္တီးေပးႏုိင္ေရး အတြက္ ေက်ာက္စိမ္း ေက်ာက္မ်က္ အရိုင္းကို ေရာင္းေနတာထက္ ကုန္ေခ်ာ၊ ဒါမွမဟုတ္လည္း တစိတ္တပိုင္း ကုန္ေခ်ာဘက္ကို ေျပာင္းလဲႏုိင္ေရး ခိုင္မာ ထိေရာက္တဲ႔ မူ၀ါဒေတြ ေျပာင္းလဲဖို႔ လိုအပ္ေန ၿပီလို႔ ေထာက္ျပတဲ႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠဌ၊ ေက်ာက္မ်က္ ရတနာ အေခ်ာထည္ ဆိုင္ရာ ထိပ္တန္း လုပ္ငန္းရွင္ ျပည္သူ႔ လႊတ္ေတာ္ အမတ္ ေဒါက္တာ သက္သက္ခုိင္နဲ႔ ေဆြးေႏြးၿပီး အပတ္စဥ္ စီးပြားေရးအစီအစဥ္ အျဖစ္ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

သိဂၤ ီထုိက္။ ။ အခုလက္ရွိ တူးေဖာ္ေနတဲ႔ ေက်ာက္မ်က္ တူးေဖာ္ေရး လုပ္ငန္းေတြမွာ ေတြ႔ေနရတာက မိုးရာသီ မေရာက္ခင္မွာ လုပ္ငန္းတြင္ဖို႔ အႀကီးစား ေက်ာက္မ်က္ တူးေဖာ္ေရး စက္ယႏၱရားႀကီးေတြနဲ႔ တူးေဖာ္သြားတယ္။ ၿပီးတဲ႔ အခါ ဒီ ေျမစာပံုေတြက က်န္ခဲ႔တယ္ေပါ့ေနာ္။ ဆိုေတာ့ ဒီလို ကိစၥမ်ိဳးေတြကို ဘယ္လို စည္းကမ္း တင္းက်ပ္ႏုိင္မလဲရွင့္။

ေဒါက္တာ သက္သက္ခုိင္။ ။ ႏုိင္ငံေတာ္ အစိုးရ အေနနဲ႔ ေက်ာက္မ်က္ မူ၀ါဒ တိတိက်က်၊ တိက်တဲ႔ ေက်ာက္မ်က္ မူ၀ါဒေပါ့ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်မတို႔ ျမန္မာႏုိင္ငံက ဒီ သဘာ၀ သယံဇာတ ၾကြယ္၀တယ္။ ေက်ာက္မ်က္မွ မဟုတ္ဘူး တျခား သတၱဳေတြ ေရာေပါ့ေနာ္ အမ်ားႀကီး ရွိတဲ႔ အခါက်ေတာ့ ဒီ သတၱဳ တူးေဖာ္ေရး လုပ္ငန္း၊ ၿပီးလို႔ ရွိရင္ ေက်ာက္မ်က္ တူးေဖာ္ေရး လုပ္ငန္းေတြကို ႏုိင္ငံေတာ္ အစိုးရ အေနနဲ႔ တိက်တဲ႔ မူ၀ါဒ မူေဘာင္ကို သတ္မွတ္ ၿပီးလို႔ ရွိရင္ ဒီ မူ၀ါဒ မူေဘာင္ထဲကေန ဘယ္လို ေဆာင္ရြက္မလဲ ဆိုတာေတြ ေပါ့ေနာ္။
အဓိက ကေတာ့ ႏုိင္ငံတကာမွာ ရွိေနတဲ႔ ဒီ သတၱဳ တူးေဖာ္ျခင္းနဲ႔ ဆိုင္တဲ႔ နည္းပညာ အသစ္ေတြ၊ ၿပီးလို႔ ရွိရင္ သဘာ၀ ပတ္၀န္းက်င္ကို ထိခုိက္မႈ နည္းတဲ႔ နည္းပညာ အသစ္ေတြ ၿပီးလို႔ ရွိရင္ ဒီ စနစ္ အရ ေျပာလို႔ ရွိရင္ေတာ့ ျပည္သူ႔ ဘ႑ာကိုလည္း မ်ားမ်ား ရွာေဖြႏုိင္တဲ႔ စနစ္ေတြ ေပါ့ေနာ္။ ေနာက္ ဒါမ်ိဳးေတြကို က်မတို႔က တတ္သိပညာရွင္ေတြ၊ ကြ်မ္းက်င္တဲ႔ ပညာရွင္ေတြနဲ႔ ေလ႔လာၿပီးလို႔ ရွိရင္ မူ၀ါဒ မူေဘာင္ အတိအက် ဆြဲၿပီးလို႔ ရွိရင္ ဒီ မူ၀ါဒကို အေကာင္အထည္ ေဖာ္တဲ႔ မဟာဗ်ဴဟာတို႔ ဥပေဒ နည္းဥပေဒေတြ ျပဌာန္းၿပီးေတာ့မွ ဒီ အႀကီးစား ျပဳျပင္ ေျပာင္းလဲမႈ လုပ္ရေတာ့မယ့္ ကာလ ျဖစ္ပါတယ္ရွင့္။

သိဂၤ ီထုိက္။ ။ လတ္တေလာမွာေရာ ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ငန္းေတြကို ဒီ ႏုိင္ငံလည္း ပိုၿပီးေတာ့ ၀င္ေငြ ရမယ္၊ ဒီ ေဒသခံေတြ အပါအ၀င္ ေပါ့ေနာ္ ေရႊ႕ေျပာင္း အလုပ္လုပ္ေနၾကတဲ႔သူေတြ အလုပ္အကိုင္ရမယ္၊ ေက်ာက္မ်က္ ကုမၸဏီေတြ အတြက္လည္း ပိုၿပီးေတာ့ သင့္ေတာ္ ေကာင္းမြန္မယ္ ဆိုတဲ႔ နည္းလမ္းမ်ိဳး ျပဳျပင္ေျပာင္းလဲ ႏုိင္မယ့္ စိတ္ကူးမ်ိဳးေပါ့ေနာ္။ ဘယ္လုိ ျပဳျပင္ေျပာင္းလဲရင္ ရႏုိင္မလဲ လို႔မ်ား စိတ္ကူးမိပါလဲရွင့္။

ေဒါက္တာ သက္သက္ခုိင္။ ။ အဓိက အေနနဲ႔ တာ၀န္ရွိသူမ်ား အေနနဲ႔ ေက်ာက္မ်က္ ဆိုင္ရာ မူ၀ါဒ တိက်တဲ႔ ျပတ္သားတဲ႔ မူ၀ါဒ ရွိရမွာ ျဖစ္ပါတယ္ရွင့္။ ဥပမာ ေျပာရလို႔ ရွိရင္ ဒီ ေက်ာက္မ်က္ တူးေဖာ္တဲ႔ လိုင္စင္ေတြ အစိုးရက ခ်ေပးလိုက္တယ္၊ ေက်ာက္မ်က္ လုပ္ငန္းရွင္ေတြက တူးေဖာ္တယ္။ တူးေဖာ္လို႔ ရတဲ႔ ဒီ ေက်ာက္သံ ပတၱျမားေတြကို အစိုးရဆီမွာ မွတ္ပံု တင္ရတယ္ေပါ့ေနာ္။
တြင္း၀ ခြန္ ေပးၿပီးေတာ့ မွတ္ပံုတင္ရတယ္။ ၿပီးလို႔ ရွိရင္ အစိုးရက ေနၿပီးမွ သက္ဆိုင္ရာ ၀န္ႀကီးဌာနကေန ဦးစီးၿပီးေတာ့မွ ဒါေတြကို Emporium ေပါ့ေနာ္ ေက်ာက္မ်က္ ရတနာ ျပပြဲေတြ လုပ္တယ္။

ႏုိင္ငံတကာက ေက်ာက္စိမ္း ေက်ာက္မ်က္ လုပ္ငန္းရွင္ေတြ လာၿပီး ၀ယ္ၾကတယ္ ေပါ့ေနာ္။ ၀ယ္ၿပီးလို႔ ရွိရင္ အမ်ားစုက အရိုင္းတံုး အတိုင္း ၀ယ္ၿပီးေတာ့မွ အရိုင္းတံုး အတိုင္း သယ္ထုတ္ သြားတာေပါ့ေနာ္။ အစိုးရ အေနနဲ႔ ေျပာလို႔ ရွိရင္ ႏုိင္ငံျခား ၀င္ေငြေတြေတာ့ အမ်ားႀကီး ရတာေပါ့ရွင့္။ ဒါေပမယ့္ ျပည္သူ လူထုဘက္က ၾကည့္တဲ႔ အခါက်ေတာ့ အရိုင္းတံုး အတိုင္း ထုတ္သြားတဲ႔ အခါက်ေတာ့ ဒီ တန္ဖိုးျမွင့္ ထုတ္လုပ္ျခင္းေပါ့ေနာ္။
ဒီ ေက်ာက္ကို ေသြးတာဘဲ ျဖစ္ျဖစ္ ပန္းပု ထုတာဘဲ ျဖစ္ျဖစ္ ေက်ာက္ပန္းခ်ီ လုပ္တာဘဲ ျဖစ္ျဖစ္ ၿပီးလို႔ ရွိရင္ က်မတို႔လို ပန္းတိမ္ေပါ့ေနာ္ ဒီ ေက်ာက္မ်က္ ရတနာ လက္၀တ္ ရတနာေပါ့ေနာ္၊ ေက်ာက္မ်က္ လက္၀တ္ရတနာေတြ ထုတ္လုပ္တဲ႔ ပန္းတိမ္မ်ိဳးဘဲ ျဖစ္ျဖစ္ေပါ့။ ဒါမ်ိဳးေတြ လုပ္ၿပီးေတာ့မွ ႏုိင္ငံတကာကို တင္ပို႔မယ္ ဆုိလို႔ ရွိရင္ အလုပ္အကိုင္ အခြင့္အလမ္းေတြ အမ်ားႀကီးကို ဖန္တီးႏုိင္ပါတယ္ရွင့္။
ၿပီးလို႔ ရွိရင္ ၁,၀၀၀ တန္ကို ၁၀,၀၀၀ တန္ျဖစ္ေအာင္ လုပ္တယ္။ ၁၀,၀၀၀ တန္ကို ၁၀၀,၀၀၀ တန္ ျဖစ္ေအာင္ လုပ္တာ ျဖစ္တဲ႔ အတြက္ေၾကာင့္ မို႔လို႔ ဒါ က်မတို႔က တန္ဖိုးျမွင့္ ထုတ္လုပ္တာေပါ့ေနာ္။ တန္ဖိုး ျမင့္သြားတယ္၊ ျမင့္သြားတဲ႔ အတြက္ေၾကာင့္ မို႔လို႔ တိုင္းျပည္ရဲ႕ ႏုိင္ငံျခား ၀င္ေငြလည္း ပိုၿပီးမွ ရရွိမွာ ျဖစ္ပါတယ္ရွင့္။

သိဂၤ ီထုိက္။ ။ ျမန္မာႏုိင္ငံမွာ ခုန ေျပာသလို ေက်ာက္မ်က္ အရိုင္းထည္ ေရာင္းေနတာထက္ စာရင္ အေခ်ာထည္ ဘက္ကို ျဖည္းျဖည္းခ်င္း ေျပာင္းရင္ေရာ ထင္သေလာက္ အက်ိဳးအျမတ္ ရွိပါ့မလားရွင့္။ ႏုိင္ငံတကာ ေစ်းကြက္ရဲ႕ လိုအပ္ခ်က္မ်ိဳးကို လုပ္ေပးႏုိင္ပါ့မလား။ ျမန္မာႏုိင္ငံရဲ႕ အေနအထား အရ။

ေဒါက္တာ သက္သက္ခုိင္။ ။ အဲဒါေၾကာင့္မို႔ေလ ႏုိင္ငံျခား လုပ္ငန္းရွင္ေတြကို။ ဒီဇိုင္းဆိုတာက အႀကိဳက္က အမ်ိဳးမ်ိဳး ရွိတာကိုး။ ဆိုလို႔ ရွိရင္ ႏုိင္ငံတကာ လုပ္ငန္းရွင္ေတြ ကိုယ္တိုင္ ေက်ာက္စိမ္း လာ၀ယ္ ၿပီးလို႔ ရွိရင္ ဒီမွာ သူတို႔ကိုယ္တိုင္ ထုတ္လုပ္ၿပီးေတာ့မွ ေနာက္ သူတို႔ တင္ပို႔လိုတဲ႔ ေစ်းကြက္ကို တင္ပို႔တာမ်ိဳးေပါ့ေနာ္။ အဲဒါမ်ဳိး ဆိုလုိ႔ ရွိရင္ သူတို႔က ေက်ာက္စိမ္း အရိုင္းတံုးဘဲ ၀ယ္ၿပီး ျပန္သြားတာ မဟုတ္ဘဲနဲ႔ ဒီမွာ ဒီဇိုင္းလုပ္မယ္၊ ၿပီးလို႔ ရွိရင္ ကြန္ျပဴတာနဲ႔ ဒီဇိုင္းလုပ္မယ္။ ကြန္ျပဴတာနဲ႔ ထုတ္လုပ္မယ္ေပါ့ေနာ္။ ၿပီးလို႔ ရွိရင္ ဒီမွာလည္း လုပ္သား ကြ်မ္းက်င္ လုပ္သား ေမြးထုတ္မယ္။ ဆိုလို႔ ရွိရင္ ခုနကလို ၁၀၀,၀၀၀ တန္ကေန ၅၀၀,၀၀၀ တန္ ျဖစ္ႏို္င္တယ္ေပါ့ေနာ္။ ဒီလို တန္ဖိုးျမင့္ ထုတ္လုပ္ျခင္းေတြ လုပ္ရမွာ ျဖစ္ပါတယ္ရွင့္။
အဲလို လုပ္ရင္းနဲ႔ က်မတို႔ ျမန္မာ ေက်ာက္မ်က္ လုပ္ငန္းရွင္ေတြ ၿပီးလို႔ ရွိရင္ ျမန္မာျပည္မွာ လက္၀တ္ ရတနာ ထုတ္လုပ္တဲ႔ ပုဂၢိဳလ္ေတြ အေနနဲ႔လည္း လုပ္ငန္းေတြ အေနနဲ႔လည္း ႏုိင္ငံတကာရဲ႕ အႀကိဳက္ေတြ၊ ႏုိင္ငံတကာမွာ ေရာင္းတန္း၀င္မယ့္ ေစ်းကြက္၀င္မယ့္ ပစၥည္းေတြ ထုတ္လုပ္ႏိုင္ေအာက္ က်မတို႔က သင္ၾကားၿပီးလို႔ ရွိရင္ ပူးတြဲၿပီးေတာ့ အတူတူလက္တြဲၿပီး အလုပ္လုပ္ရမွာ ျဖစ္ပါတယ္။
အဲဒါေၾကာင့္မို႔လို႔ အစိုးရ အေနနဲ႔ ဒါ ျဖစ္ႏုိင္လား ဆိုတာေတာ့ စဥ္းစား ၾကည့္ရမွာေပါ့ေနာ္။ ပထမ ႏွစ္မွာ သူတို႔ ၀ယ္ထားတာရဲ႕ ၁၀ ရာခိုင္ႏႈန္း ျဖစ္ေစ၊ ၂၀ ရာခုိင္ႏႈန္း ျဖစ္ေစကို ျပည္တြင္းမွာ အေခ်ာထည္ ထုတ္လုပ္ၿပီး ျပည္တြင္းကေန ျပည္ပကုိ တင္ပို႔ပါ ဆိုတာမ်ိဳးေပါ့ေနာ္။ ဒါမ်ဳိး ဥပေဒ ျပဌာန္းလို႔ ရွိရင္ သူတို႔လည္း ၈၀ ရာခိုင္ႏႈန္း။
ထုတ္လုပ္တဲ႔ ေနရာမွာ တျဖည္းျဖည္း ေရႊ႕လာတာမ်ိဳးေပါ့။ ဆုိုလိ႔ု ရွိရင္ တျဖည္းျဖည္း ျပည္တြင္းကို ေရႊ႕ ေရႊ႕ လာတာမ်ိဳး ေပါ့ေနာ္။ တန္ဖိုးျမွင့္ ထုတ္လုပ္ျခင္း လုပ္ငန္းေတြက တျဖည္းျဖည္း ျပည္တြင္းကို ေရႊ႕လာတာမ်ိဳးကို က်မတို႔ ဒီလို ဥပေဒ မ်ိဳးကို ျပဌာန္းသင့္တယ္လိ႔ု ယူဆပါတယ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ ေက်ာက္မ်က္ အေခ်ာထည္ေပါ့ေနာ္၊ အေခ်ာထည္ မဟုတ္ရင္ေတာင္ တစိတ္တပိုင္း အေခ်ာထည္ ျဖစ္ေအာင္ ဆိုတာက ေက်ာက္မ်က္ ေလာကမွာ အခုမွ မဟုတ္ဘူး။ ဟိုး အရင္ကတည္းက ဒါမ်ိဳး စိတ္ကူးမ်ိဳး ရွိခဲ႔ၾကတယ္။ ေျပာခဲ႔ၾကတယ္ ေပါ့ေနာ္။ ဆိုေတာ့ ဒီ အစိုးရ အဆက္ဆက္ ဒီလို လုပ္ဖို႔ မျဖစ္ႏုိင္တာရဲ႕ အဓိက အခက္အခဲက ဘာပါလဲရွင့္။ ေဒါက္တာ သက္သက္ခိုင္ ဘာေတြ႔ပါသလဲရွင့္။

ေဒါက္တာ သက္သက္ခုိင္။ ။ အဓိက အခက္အခဲ ကေတာ့ တိုင္းျပည္ရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳး တိုးတက္မႈကို ၿခံဳငံု သံုးသပ္တာ ေပါ့ေနာ္။ ၿပီးလို႔ ရွိရင္ Economy နဲ႔ ပတ္သက္တဲ႔ Vision ေပါ့ရွင့္။ က်မတို႔ တိုင္းျပည္က အခုအခ်ိန္ကေန စၿပီးေတာ့ ေနာက္ ၁၀ႏွစ္ - ၁၅ ႏွစ္ - အႏွစ္ ၂၀ မွာ ဘယ္လို စီးပြားေရးမ်ိဳးကို တည္ေထာင္ မယ္ဆိုတဲ႔ဟာေပါ့ေနာ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ပါရွင့္။ ျပည္သူ႔လႊတ္ေတာ္ အမတ္ ေဒါက္တာ သက္သက္ခိုင္ အထူးဘဲ ေက်းဇူးတင္ပါတယ္ရွင့္။

လက္ေတြ႔က်မယ့္ ေက်ာက္မ်က္မူ၀ါဒ
please wait

No media source currently available

0:00 0:07:20 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

လက်တွေ့ကျမယ့် ကျောက်မျက်မူဝါဒ


ဖားကန့်မှာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေရဲ့ စွန့်ပစ် မြေစာပုံတွေကြား အကြွင်းအကျန် ကျောက်စိမ်းရှာကြသူတွေ နှစ်စဉ်လိုလို မြေပြိုမှုလိုမျိုး မတော်တဆမှုတွေကြား အသက်ဆုံးရှုံး နေရပါတယ်။ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို ပိုပြီး စည်းကမ်း တင်းကြပ်ဖို့ လိုသလို တဖက်မှာလည်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ရေး အတွက် ကျောက်စိမ်း ကျောက်မျက် အရိုင်းကို ရောင်းနေတာထက် ကုန်ချော၊ ဒါမှမဟုတ်လည်း တစိတ်တပိုင်း ကုန်ချောဘက်ကို ပြောင်းလဲနိုင်ရေး ခိုင်မာ ထိရောက်တဲ့ မူဝါဒတွေ ပြောင်းလဲဖို့ လိုအပ်နေ ပြီလို့ ထောက်ပြတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ၊ ကျောက်မျက် ရတနာ အချောထည် ဆိုင်ရာ ထိပ်တန်း လုပ်ငန်းရှင် ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာ သက်သက်ခိုင်နဲ့ ဆွေးနွေးပြီး အပတ်စဉ် စီးပွားရေးအစီအစဉ် အဖြစ် မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

သိင်္ဂ ီထိုက်။ ။ အခုလက်ရှိ တူးဖော်နေတဲ့ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေမှာ တွေ့နေရတာက မိုးရာသီ မရောက်ခင်မှာ လုပ်ငန်းတွင်ဖို့ အကြီးစား ကျောက်မျက် တူးဖော်ရေး စက်ယန္တရားကြီးတွေနဲ့ တူးဖော်သွားတယ်။ ပြီးတဲ့ အခါ ဒီ မြေစာပုံတွေက ကျန်ခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒီလို ကိစ္စမျိုးတွေကို ဘယ်လို စည်းကမ်း တင်းကျပ်နိုင်မလဲရှင့်။

ဒေါက်တာ သက်သက်ခိုင်။ ။ နိုင်ငံတော် အစိုးရ အနေနဲ့ ကျောက်မျက် မူဝါဒ တိတိကျကျ၊ တိကျတဲ့ ကျောက်မျက် မူဝါဒပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ မြန်မာနိုင်ငံက ဒီ သဘာ၀ သယံဇာတ ကြွယ်ဝတယ်။ ကျောက်မျက်မှ မဟုတ်ဘူး တခြား သတ္တုတွေ ရောပေါ့နော် အများကြီး ရှိတဲ့ အခါကျတော့ ဒီ သတ္တု တူးဖော်ရေး လုပ်ငန်း၊ ပြီးလို့ ရှိရင် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရ အနေနဲ့ တိကျတဲ့ မူဝါဒ မူဘောင်ကို သတ်မှတ် ပြီးလို့ ရှိရင် ဒီ မူဝါဒ မူဘောင်ထဲကနေ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာတွေ ပေါ့နော်။
အဓိက ကတော့ နိုင်ငံတကာမှာ ရှိနေတဲ့ ဒီ သတ္တု တူးဖော်ခြင်းနဲ့ ဆိုင်တဲ့ နည်းပညာ အသစ်တွေ၊ ပြီးလို့ ရှိရင် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတဲ့ နည်းပညာ အသစ်တွေ ပြီးလို့ ရှိရင် ဒီ စနစ် အရ ပြောလို့ ရှိရင်တော့ ပြည်သူ့ ဘဏ္ဍာကိုလည်း များများ ရှာဖွေနိုင်တဲ့ စနစ်တွေ ပေါ့နော်။ နောက် ဒါမျိုးတွေကို ကျမတို့က တတ်သိပညာရှင်တွေ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လေ့လာပြီးလို့ ရှိရင် မူဝါဒ မူဘောင် အတိအကျ ဆွဲပြီးလို့ ရှိရင် ဒီ မူဝါဒကို အကောင်အထည် ဖော်တဲ့ မဟာဗျူဟာတို့ ဥပဒေ နည်းဥပဒေတွေ ပြဌာန်းပြီးတော့မှ ဒီ အကြီးစား ပြုပြင် ပြောင်းလဲမှု လုပ်ရတော့မယ့် ကာလ ဖြစ်ပါတယ်ရှင့်။

သိင်္ဂ ီထိုက်။ ။ လတ်တလောမှာရော ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို ဒီ နိုင်ငံလည်း ပိုပြီးတော့ ဝင်ငွေ ရမယ်၊ ဒီ ဒေသခံတွေ အပါအဝင် ပေါ့နော် ရွှေ့ပြောင်း အလုပ်လုပ်နေကြတဲ့သူတွေ အလုပ်အကိုင်ရမယ်၊ ကျောက်မျက် ကုမ္ပဏီတွေ အတွက်လည်း ပိုပြီးတော့ သင့်တော် ကောင်းမွန်မယ် ဆိုတဲ့ နည်းလမ်းမျိုး ပြုပြင်ပြောင်းလဲ နိုင်မယ့် စိတ်ကူးမျိုးပေါ့နော်။ ဘယ်လို ပြုပြင်ပြောင်းလဲရင် ရနိုင်မလဲ လို့များ စိတ်ကူးမိပါလဲရှင့်။

ဒေါက်တာ သက်သက်ခိုင်။ ။ အဓိက အနေနဲ့ တာဝန်ရှိသူများ အနေနဲ့ ကျောက်မျက် ဆိုင်ရာ မူဝါဒ တိကျတဲ့ ပြတ်သားတဲ့ မူဝါဒ ရှိရမှာ ဖြစ်ပါတယ်ရှင့်။ ဥပမာ ပြောရလို့ ရှိရင် ဒီ ကျောက်မျက် တူးဖော်တဲ့ လိုင်စင်တွေ အစိုးရက ချပေးလိုက်တယ်၊ ကျောက်မျက် လုပ်ငန်းရှင်တွေက တူးဖော်တယ်။ တူးဖော်လို့ ရတဲ့ ဒီ ကျောက်သံ ပတ္တမြားတွေကို အစိုးရဆီမှာ မှတ်ပုံ တင်ရတယ်ပေါ့နော်။
တွင်း၀ ခွန် ပေးပြီးတော့ မှတ်ပုံတင်ရတယ်။ ပြီးလို့ ရှိရင် အစိုးရက နေပြီးမှ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ ဦးစီးပြီးတော့မှ ဒါတွေကို Emporium ပေါ့နော် ကျောက်မျက် ရတနာ ပြပွဲတွေ လုပ်တယ်။
နိုင်ငံတကာက ကျောက်စိမ်း ကျောက်မျက် လုပ်ငန်းရှင်တွေ လာပြီး ဝယ်ကြတယ် ပေါ့နော်။ ဝယ်ပြီးလို့ ရှိရင် အများစုက အရိုင်းတုံး အတိုင်း ဝယ်ပြီးတော့မှ အရိုင်းတုံး အတိုင်း သယ်ထုတ် သွားတာပေါ့နော်။ အစိုးရ အနေနဲ့ ပြောလို့ ရှိရင် နိုင်ငံခြား ဝင်ငွေတွေတော့ အများကြီး ရတာပေါ့ရှင့်။ ဒါပေမယ့် ပြည်သူ လူထုဘက်က ကြည့်တဲ့ အခါကျတော့ အရိုင်းတုံး အတိုင်း ထုတ်သွားတဲ့ အခါကျတော့ ဒီ တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းပေါ့နော်။
ဒီ ကျောက်ကို သွေးတာဘဲ ဖြစ်ဖြစ် ပန်းပု ထုတာဘဲ ဖြစ်ဖြစ် ကျောက်ပန်းချီ လုပ်တာဘဲ ဖြစ်ဖြစ် ပြီးလို့ ရှိရင် ကျမတို့လို ပန်းတိမ်ပေါ့နော် ဒီ ကျောက်မျက် ရတနာ လက်ဝတ် ရတနာပေါ့နော်၊ ကျောက်မျက် လက်ဝတ်ရတနာတွေ ထုတ်လုပ်တဲ့ ပန်းတိမ်မျိုးဘဲ ဖြစ်ဖြစ်ပေါ့။ ဒါမျိုးတွေ လုပ်ပြီးတော့မှ နိုင်ငံတကာကို တင်ပို့မယ် ဆိုလို့ ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးကို ဖန်တီးနိုင်ပါတယ်ရှင့်။
ပြီးလို့ ရှိရင် ၁,၀၀၀ တန်ကို ၁၀,၀၀၀ တန်ဖြစ်အောင် လုပ်တယ်။ ၁၀,၀၀၀ တန်ကို ၁၀၀,၀၀၀ တန် ဖြစ်အောင် လုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ဒါ ကျမတို့က တန်ဖိုးမြှင့် ထုတ်လုပ်တာပေါ့နော်။ တန်ဖိုး မြင့်သွားတယ်၊ မြင့်သွားတဲ့ အတွက်ကြောင့် မို့လို့ တိုင်းပြည်ရဲ့ နိုင်ငံခြား ဝင်ငွေလည်း ပိုပြီးမှ ရရှိမှာ ဖြစ်ပါတယ်ရှင့်။

သိင်္ဂ ီထိုက်။ ။ မြန်မာနိုင်ငံမှာ ခုန ပြောသလို ကျောက်မျက် အရိုင်းထည် ရောင်းနေတာထက် စာရင် အချောထည် ဘက်ကို ဖြည်းဖြည်းချင်း ပြောင်းရင်ရော ထင်သလောက် အကျိုးအမြတ် ရှိပါ့မလားရှင့်။ နိုင်ငံတကာ ဈေးကွက်ရဲ့ လိုအပ်ချက်မျိုးကို လုပ်ပေးနိုင်ပါ့မလား။ မြန်မာနိုင်ငံရဲ့ အနေအထား အရ။

ဒေါက်တာ သက်သက်ခိုင်။ ။ အဲဒါကြောင့်မို့လေ နိုင်ငံခြား လုပ်ငန်းရှင်တွေကို။ ဒီဇိုင်းဆိုတာက အကြိုက်က အမျိုးမျိုး ရှိတာကိုး။ ဆိုလို့ ရှိရင် နိုင်ငံတကာ လုပ်ငန်းရှင်တွေ ကိုယ်တိုင် ကျောက်စိမ်း လာဝယ် ပြီးလို့ ရှိရင် ဒီမှာ သူတို့ကိုယ်တိုင် ထုတ်လုပ်ပြီးတော့မှ နောက် သူတို့ တင်ပို့လိုတဲ့ ဈေးကွက်ကို တင်ပို့တာမျိုးပေါ့နော်။ အဲဒါမျိုး ဆိုလို့ ရှိရင် သူတို့က ကျောက်စိမ်း အရိုင်းတုံးဘဲ ဝယ်ပြီး ပြန်သွားတာ မဟုတ်ဘဲနဲ့ ဒီမှာ ဒီဇိုင်းလုပ်မယ်၊ ပြီးလို့ ရှိရင် ကွန်ပြူတာနဲ့ ဒီဇိုင်းလုပ်မယ်။ ကွန်ပြူတာနဲ့ ထုတ်လုပ်မယ်ပေါ့နော်။ ပြီးလို့ ရှိရင် ဒီမှာလည်း လုပ်သား ကျွမ်းကျင် လုပ်သား မွေးထုတ်မယ်။ ဆိုလို့ ရှိရင် ခုနကလို ၁၀၀,၀၀၀ တန်ကနေ ၅၀၀,၀၀၀ တန် ဖြစ်နိုင်တယ်ပေါ့နော်။ ဒီလို တန်ဖိုးမြင့် ထုတ်လုပ်ခြင်းတွေ လုပ်ရမှာ ဖြစ်ပါတယ်ရှင့်။
အဲလို လုပ်ရင်းနဲ့ ကျမတို့ မြန်မာ ကျောက်မျက် လုပ်ငန်းရှင်တွေ ပြီးလို့ ရှိရင် မြန်မာပြည်မှာ လက်ဝတ် ရတနာ ထုတ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း လုပ်ငန်းတွေ အနေနဲ့လည်း နိုင်ငံတကာရဲ့ အကြိုက်တွေ၊ နိုင်ငံတကာမှာ ရောင်းတန်းဝင်မယ့် ဈေးကွက်ဝင်မယ့် ပစ္စည်းတွေ ထုတ်လုပ်နိုင်အောက် ကျမတို့က သင်ကြားပြီးလို့ ရှိရင် ပူးတွဲပြီးတော့ အတူတူလက်တွဲပြီး အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ အစိုးရ အနေနဲ့ ဒါ ဖြစ်နိုင်လား ဆိုတာတော့ စဉ်းစား ကြည့်ရမှာပေါ့နော်။ ပထမ နှစ်မှာ သူတို့ ဝယ်ထားတာရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်စေ၊ ၂၀ ရာခိုင်နှုန်း ဖြစ်စေကို ပြည်တွင်းမှာ အချောထည် ထုတ်လုပ်ပြီး ပြည်တွင်းကနေ ပြည်ပကို တင်ပို့ပါ ဆိုတာမျိုးပေါ့နော်။ ဒါမျိုး ဥပဒေ ပြဌာန်းလို့ ရှိရင် သူတို့လည်း ၈၀ ရာခိုင်နှုန်း။
ထုတ်လုပ်တဲ့ နေရာမှာ တဖြည်းဖြည်း ရွှေ့လာတာမျိုးပေါ့။ ဆိုလိ့ု ရှိရင် တဖြည်းဖြည်း ပြည်တွင်းကို ရွှေ့ ရွှေ့ လာတာမျိုး ပေါ့နော်။ တန်ဖိုးမြှင့် ထုတ်လုပ်ခြင်း လုပ်ငန်းတွေက တဖြည်းဖြည်း ပြည်တွင်းကို ရွှေ့လာတာမျိုးကို ကျမတို့ ဒီလို ဥပဒေ မျိုးကို ပြဌာန်းသင့်တယ်လိ့ု ယူဆပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ကျောက်မျက် အချောထည်ပေါ့နော်၊ အချောထည် မဟုတ်ရင်တောင် တစိတ်တပိုင်း အချောထည် ဖြစ်အောင် ဆိုတာက ကျောက်မျက် လောကမှာ အခုမှ မဟုတ်ဘူး။ ဟိုး အရင်ကတည်းက ဒါမျိုး စိတ်ကူးမျိုး ရှိခဲ့ကြတယ်။ ပြောခဲ့ကြတယ် ပေါ့နော်။ ဆိုတော့ ဒီ အစိုးရ အဆက်ဆက် ဒီလို လုပ်ဖို့ မဖြစ်နိုင်တာရဲ့ အဓိက အခက်အခဲက ဘာပါလဲရှင့်။ ဒေါက်တာ သက်သက်ခိုင် ဘာတွေ့ပါသလဲရှင့်။

ဒေါက်တာ သက်သက်ခိုင်။ ။ အဓိက အခက်အခဲ ကတော့ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ခြုံငုံ သုံးသပ်တာ ပေါ့နော်။ ပြီးလို့ ရှိရင် Economy နဲ့ ပတ်သက်တဲ့ Vision ပေါ့ရှင့်။ ကျမတို့ တိုင်းပြည်က အခုအချိန်ကနေ စပြီးတော့ နောက် ၁၀နှစ် - ၁၅ နှစ် - အနှစ် ၂၀ မှာ ဘယ်လို စီးပွားရေးမျိုးကို တည်ထောင် မယ်ဆိုတဲ့ဟာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ပါရှင့်။ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ သက်သက်ခိုင် အထူးဘဲ ကျေးဇူးတင်ပါတယ်ရှင့်။

XS
SM
MD
LG