(Zawgyi/Unicode)
ဇူလိုင္လ ၂ ရက္ေန႔က ကခ်င္ျပည္နယ္ ဖားကန္႔ ေက်ာက္စိမ္းတြင္း ေျမၿပိဳက်လို႔ ေသဆုံးသြားရသူ ၁၇၂ ဦးဟာ ေလာဘသားေတြရဲ့ ယစ္ပလႅင္မွာ ပူေဇာ္ စေတးခံခဲ့ရတာ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕မွာ ေက်ာင္းထိုင္တဲ့ ခရစ္ယာန္ ရဟန္းအမတ္ Cardinal Charles Bo က ေျပာၾကားလိုက္ပါတယ္။
မရွိ ဆင္းရဲသားေတြကို လူသားမဆန္စြာ ဆက္ဆံေနတဲ့ ကုမၸဏီ ႀကီးေတြရဲ့ ေပါ့ဆ မႈနဲ႔ နိုင္လိုမင္းထက္ လုပ္မႈေတြ ေၾကာင့္ အခုလိုအသက္ရႈံးမႈေတြ ျဖစ္ေပၚရတာလို႔လည္း ဘုန္းေတာ္ႀကီး Cardinal Bo က ျမစ္ႀကီးနားၿမိဳ႕က ဘုန္းေတာ္ ႀကီး Francis Daw Tang နဲ႔ ေသဆုံးသူ မိသားစုဝင္ေတြဆီကို ေပးပို႔တဲ့ ဝမ္းနည္းေၾကာင္း သဝဏ္လႊာမွာ ေဖာ္ျပထား ပါတယ္။
ေသဆုံးရသူေတြဟာ ေျမၿပိဳမႈေအာက္မွာတင္ မဟုတ္ဘဲ မတရားမႈေအာက္မွာ ေသဆုံးရတာလို႔လည္း Cardinal Bo က ေျပာပါတယ္။ ဝမ္းနည္းစရာ ေကာင္းတဲ့အခုျဖစ္ရပ္က ဘုရားသခင္က ေပးအပ္ထားတဲ့ သဘာဝ သယံဇာတေတြကို အားလုံး ခြဲေဝ သုံးစြဲဖို႔ သတိေပးလိုက္တာ ျဖစ္ၿပီး ျမန္မာျပည္သားေတြအားလုံး ျမန္မာ့ ရတနာေတြကို ပိုင္ဆိုင္ပါတယ္လို႔လည္း သူက ေျပာပါတယ္။
အခုလို ျဖစ္ပြားတာက ပထမဆုံး အႀကိမ္ မဟုတ္တာေၾကာင့္ သက္ဆိုင္ေနတဲ့သူေတြက ဒီလို ျဖစ္ရပ္မ်ိဳးကို တရားမၽွတမႈ က႐ုဏာ တရားနဲ႔ မတုံ႔ျပန္ဘူးဆိုရင္ေတာ့ ေနာင္လည္း ဒီလို ဝမ္းနည္းဖြယ္ျဖစ္ရပ္ေတြ ျဖစ္ပြားေနဦးမွာပဲလို႔လည္း ဘုန္းေတာ္ႀကီးက သတိေပး လိုက္ပါတယ္။
ဘုန္းေတာ္ႀကီး BO က ကယ္ဆယ္ေရးလုပ္ငန္းေတြ အလၽွင္အျမန္ ေဆာင္ရြက္ေပးတဲ့ အာဏာပိုင္ေတြ ကိုခ်ီးက်ဴးစကား ေျပာၾကားၿပီး တဆက္တည္းမွာပဲ ဒီလိုျဖစ္ရပ္မ်ိဳး ေနာက္ထပ္ မျဖစ္ေပၚေအာင္ လုပ္ေဆာင္ေပးဖို႔ ျမန္မာ အစိုးရနဲ႔ က်န္တဲ့ သက္ဆိုင္ေနသူေတြ အားလုံးကို တိုက္တြန္းလိုက္ပါတယ္။
ျမန္မာနိုင္ငံဟာ အားလုံးကို ေထာက္ပံေပးဖို႔ သယံဇာတအျပည့္နဲ႔ ေကာင္းခ်ီးေပးခံထားတဲ့ ေျမ ျဖစ္ေၾကာင္းနဲ႔ ဒီ ျဖစ္ရပ္ကို သင္ခန္းစာ ယူၿပီး စီးပြားေရးနဲ႔ သဘာဝ ဝန္းက်င္ဆိုင္ရာ တရားမၽွတမႈေတြ ေဆာင္းက်ဥ္းၾကပါစို႔လို႔လည္း ဘုန္းေတာ္ႀကီး BO က ေတာင္းဆို လိုက္ ပါတယ္။
ဇူလိုင္ ၈ ရက္ေန႔ ရက္စြဲနဲ႔ဒီ ဝမ္းနည္းေၾကာင္း သဝဏ္လႊာကို Cardinal Charles Bo က အာရွ ခရစ္ယာန္ ဘုန္းေတာ္ႀကီးမ်ား အဖြဲ႕ခ်ဳပ္ ဥကၠဌ အေနနဲ႔ ေပးပို႔ခဲ့တာလည္း ျဖစ္ပါတယ္။
.............
ကျောက်စိမ်းတွင်းမြေပြိုမှု လောဘဇောတက်တဲ့ကုမ္ပဏီတွေကို Cardinal Bo ပြစ်တင်
(Unicode)
ဇူလိုင်လ ၂ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုကျလို့ သေဆုံးသွားရသူ ၁၇၂ ဦးဟာ လောဘသားတွေရဲ့ ယစ်ပလ္လင်မှာ ပူဇော် စတေးခံခဲ့ရတာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ကျောင်းထိုင်တဲ့ ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo က ပြောကြားလိုက်ပါတယ်။
မရှိ ဆင်းရဲသားတွေကို လူသားမဆန်စွာ ဆက်ဆံနေတဲ့ ကုမ္ပဏီ ကြီးတွေရဲ့ ပေါ့ဆ မှုနဲ့ နိုင်လိုမင်းထက် လုပ်မှုတွေ ကြောင့် အခုလိုအသက်ရှုံးမှုတွေ ဖြစ်ပေါ်ရတာလို့လည်း ဘုန်းတော်ကြီး Cardinal Charles Bo က မြစ်ကြီးနားမြို့က ဘုန်းတော် ကြီး Francis Daw Tang နဲ့ သေဆုံးသူ မိသားစုဝင်တွေဆီကို ပေးပို့တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထား ပါတယ်။ သေဆုံးရသူတွေဟာ မြေပြိုမှုအောက်မှာတင် မဟုတ်ဘဲ မတရားမှုအောက်မှာ သေဆုံးရတာလို့လည်း Cardinal Bo က ပြောပါတယ်။ ဝမ်းနည်းစရာ ကောင်းတဲ့အခုဖြစ်ရပ်က ဘုရားသခင်က ပေးအပ်ထားတဲ့ သဘာဝ သယံဇာတတွေကို အားလုံး ခွဲဝေ သုံးစွဲဖို့ သတိပေးလိုက်တာ ဖြစ်ပြီး မြန်မာပြည်သားတွေအားလုံး မြန်မာ့ ရတနာတွေကို ပိုင်ဆိုင်ပါတယ်လို့လည်း သူက ပြောပါတယ်။
အခုလို ဖြစ်ပွားတာက ပထမဆုံး အကြိမ် မဟုတ်တာကြောင့် သက်ဆိုင်နေတဲ့သူတွေက ဒီလို ဖြစ်ရပ်မျိုးကို တရားမျှတမှု ကရုဏာ တရားနဲ့ မတုံ့ပြန်ဘူးဆိုရင်တော့ နောင်လည်း ဒီလို ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ ဖြစ်ပွားနေဦးမှာပဲလို့လည်း ဘုန်းတော်ကြီးက သတိပေး လိုက်ပါတယ်။
ဘုန်းတော်ကြီး BO က ကယ်ဆယ်ရေးလုပ်ငန်းတွေ အလျှင်အမြန် ဆောင်ရွက်ပေးတဲ့ အာဏာပိုင်တွေ ကိုချီးကျူးစကား ပြောကြားပြီး တဆက်တည်းမှာပဲ ဒီလိုဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပေါ်အောင် လုပ်ဆောင်ပေးဖို့ မြန်မာ အစိုးရနဲ့ ကျန်တဲ့ သက်ဆိုင်နေသူတွေ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ အားလုံးကို ထောက်ပံပေးဖို့ သယံဇာတအပြည့်နဲ့ ကောင်းချီးပေးခံထားတဲ့ မြေ ဖြစ်ကြောင်းနဲ့ ဒီ ဖြစ်ရပ်ကို သင်ခန်းစာ ယူပြီး စီးပွားရေးနဲ့ သဘာဝ ဝန်းကျင်ဆိုင်ရာ တရားမျှတမှုတွေ ဆောင်းကျဉ်းကြပါစို့လို့လည်း ဘုန်းတော်ကြီး BO က တောင်းဆို လိုက် ပါတယ်။
ဇူလိုင် ၈ ရက်နေ့ ရက်စွဲနဲ့ဒီ ဝမ်းနည်းကြောင်း သဝဏ်လွှာကို Cardinal Charles Bo က အာရှ ခရစ်ယာန် ဘုန်းတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ အနေနဲ့ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။