သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေဒသ ဥပေဒစိုးမိုးေရးအတြက္ ေျခဥျပင္ေရး တုိက္တြန္း


ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ေသဆုံး ထိခုိက္ဒဏ္ရာရသူေတြကုိ ကယ္ဆယ္ေဆာင္ရြက္ေနသူမ်ား။ (ဇူလုိင္ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

တရားဥပေဒစိုးမိုးမႈ ေလ်ာ့ရဲေနတဲ့ ဖားကန္႔ေဒသ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းအတြက္ အေျခခံက်က် ျပဳျပင္ေျပာင္းလဲေရးလုပ္ဖုိ႔ လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ သုံးသပ္ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ေျမၿပဳိၿပီး လူအစုအၿပဳံလိုက္ ေသဆုံးေနရတဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ ေက်ာက္စိမ္းနယ္ေျမမွာ တရားဥပေဒစိုးမုိးေရးနဲ႔ လူသားေတြရဲ႕ အသက္အႏၱရာယ္ကို အကာအကြယ္ ေပးႏိုင္ဖို႔ဆိုရင္ ဖဲြ႔စည္းပုံျပင္ဆင္ေရးကို အေလးထား လုပ္ေဆာင္ဖို႔ လိုမယ္လို႔ ေဝဖန္ေထာက္ျပမႈေတြ ရွိေနတာပါ။

ဒီျဖစ္ရပ္ေတြကို လက္ရွိအစိုးရက ထိေရာက္စြာ ကုိင္တြယ္ေဆာင္ရြက္ႏိုင္ျခင္း မရွိေသးတာက ဘာေၾကာင့္ပါလဲ။ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒၊ ကိုယ္တုိင္ကလည္း ေက်ာက္မ်က္ရတနာ ထိပ္တန္းလုပ္ငန္းရွင္တဦးျဖစ္သူ ရန္ကုန္တုိင္း ဒဂုံၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ေဒၚသက္သက္ခိုင္ကေတာ့ ဖဲြ႔စည္းပုံျပင္ဆင္ေရးကုိ လုပ္ႏိုင္မွသာ ေျပလည္မႈေတြ ရလာႏိုင္မယ္လို႔ ေထာက္ျပပါတယ္။

“တိုင္းရင္းသားေဒသေတြမွာ သယံဇာတ ထြက္တာမ်ားတယ္။ အဲဒီမွာ တုိင္းရင္းသား လက္နက္ကိုင္ေတြလည္း ရွိတယ္။ တခ်ဳိ႕ေနရာေတြက တုိင္းရင္းသား လက္နက္ကိုင္ေတြ စိုးမိုးတဲ့ေနရာေတြ ျဖစ္တယ္ေပါ့။ ဒါကလည္း တိုင္းရင္းသားေတြ ဘာ့ေၾကာင့္ လက္နက္ကိုင္တာလဲ၊ ဖက္ဒရယ္ကိုလိုခ်င္လို႔ လက္နက္ကိုင္ၾကတာေပါ့ေနာ္။ ဖက္ဒရယ္လို႔ ေျပာရင္ ျပည္ေထာင္စုအစိုးရနဲ႔ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရေတြ ၾကားထဲမွာ တိက်ျပတ္သားတဲ့ အာဏာခြဲေဝမႈေတြ ရွိရမယ္။ ၿပီးရင္ ဖက္ဒရယ္လို႔ေျပာလို႔ ရွိရင္ေတာ့ ဒီ Power Sharing အာဏာခြဲေဝ က်င့္သုံးမႈအျပင္ Resource sharing ေပါ့ရွင့္၊ ဒီ သဘာဝ သယံဇာတပဲျဖစ္ျဖစ္ အရင္းအႏွီး ခြဲေဝမႈေတြ အတိအက် ရွိရမယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ဒီကိစၥကေတာ့ ဖြဲ႔စည္းပုံျပင္ျခင္းနဲ႔ ပုိၿပီးေတာ့မွ ဆိုင္ပါတယ္ရွင့္။”

NLD အစိုးရလက္ထက္မွာ ေက်ာက္စိမ္းတူးေဖာ္ခြင့္ လုပ္ကြက္တခ်ဳိ႕ကို ပိတ္ပင္ခဲ့ၿပီး တခ်ဳိ႕ကုမၸဏီေတြကို သက္တမ္း ဆက္တုိးမေပးတာမ်ဳိးလည္း ရွိေပမယ့္ ဖားကန္႔ျပႆနာဟာ စစ္တပ္ပိုင္ကုမၸဏီေတြ ဒါမွမဟုတ္ စစ္တပ္နဲ႔ ပတ္သက္ ဆက္ႏႊယ္ေနတဲ့ ကုမၸဏီေတြက တနည္းတဖုံနဲ႔ ေက်ာက္စိမ္းတူးေဖာ္ခြင့္ ရွိေနတာေၾကာင့္ ေျမစာပုံၿပဳိၿပီး လူေသဆုံးတဲ့ ျဖစ္ရပ္ေတြကို မတားဆီးႏိုင္တာလို႔ ဝါရွင္တန္ဒီစီ အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ ဥကၠ႒ ကိုဂြန္ဆမ္က သုံးသပ္ပါတယ္။

“ဒါက ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒေၾကာင့္ပါ။ စစ္တပ္ကို အာဏာ အလြန္အကၽြံ ေပးထားတဲ့ ကိစၥေၾကာင့္ ဒီေန႔ထိ ဘယ္ ဒီမုိကေရစီအစိုးရျဖစ္ျဖစ္ ကိုင္တြယ္ႏိုင္စြမ္း မရွိတာပါ။ ဘာလို႔လဲဆိုေတာ့ ဒီ ဖားကန္႔ေက်ာက္တြင္းေတြက အဓိကေတာ့ စစ္တပ္နဲ႔ပတ္သက္ေနတဲ့ အဖြဲ႔အစည္းေတြ အမ်ားႀကီးကို လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္ ေပးထားတယ္။ လုပ္ငန္းခြင္ လုပ္ကြက္အႀကီးႀကီးေတြက ဦးပုိင္နဲ႔ ပတ္သက္ပါတယ္ခင္ဗ်။ အဲဒီ ဦးပိုင္က စစ္တပ္နဲ႔ဆုိင္တဲ့ ကုမၸဏီေပါ့ေနာ္။”

ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ေသဆုံး ထိခုိက္ဒဏ္ရာ ရသူေတြကို ကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ ျမင္ကြင္း။ (ဇူလုိင္ ၄၊ ၂၀၂၀)
ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ေသဆုံး ထိခုိက္ဒဏ္ရာ ရသူေတြကို ကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ ျမင္ကြင္း။ (ဇူလုိင္ ၄၊ ၂၀၂၀)

တကယ္ေတာ့ တုိင္းရင္းသားေဒသေတြက ထြက္တဲ့ သယံဇာတ ထုတ္ယူေရးမွာ ေဒသခံ တုိင္းရင္းသားေတြ အက်ဳိးခံစားခြင့္ ျပန္ရႏိုင္ဖုိ႔ ဥပေဒျပ႒ာန္းမႈ ရွိမွသာ တရားဥပေဒ စိုးမုိးေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မွာျဖစ္တယ္လို႔ ေဒၚသက္သက္ခုိင္က ျမင္ပါတယ္။

“အခုလည္း က်မတို႔ ဒီအစိုးရလက္ထက္မွာ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို သြားမယ္ဆိုတဲ့ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြကေန ရထားတဲ့ ဘုံသေဘာတူညီခ်က္တခုက ရွိေနတယ္။ က်မတို႔ ဖဲြ႔စည္းပုံလို႔ ေျပာရင္ ဒီမုိကေရစီ ပိုၿပီးေတာ့မွ ရွင္သန္ေအာင္ ျပင္ဆင္စရာေတြ ရွိတယ္။ ၿပီးရင္ ဖက္ဒရယ္ဘက္ ပိုၿပီး အေကာင္အထည္ေဖာ္သြားမယ့္ ဖြဲ႔စည္းပုံ ျပင္ဆင္ျခင္းမ်ဳိးကို က်မတို႔ လုပ္ဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ အဲဒါေတြက ဥပေဒစိုးမုိးျခင္း ျဖစ္တဲ့အတြက္ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ အစိုးရၾကားမွာ ၿငိမ္းခ်မ္းေရးရွိရမယ္။ ဖက္ဒရယ္ဘက္ ဦးတည္တဲ့ ဖြဲ႔စည္းပုံ ျပင္ဆင္ျခင္းေတြလည္း ရွိေနရမွာ ျဖစ္ပါတယ္။”

ဖားကန္႔ေဒသတဝိုက္မွာ ျမန္မာ့တပ္မေတာ္ကသာမက ကခ်င္လက္နက္ကိုင္ KIA အဖြဲ႔ရဲ႕ ၾသဇာလႊမ္းမိုးမႈေတြလည္း ရွိေနတာပါ။ ဒါနဲ႔ပတ္သက္လုိ႔ ကိုဂြန္ဆမ္က ခုလို ေထာက္ျပပါတယ္။

“KIO/KIA ကေတာ့ ကခ်င္လူမ်ဳိးေတြကို ကုိယ္စားျပဳတဲ့ အစိုးရတရပ္အျဖစ္နဲ႔ ခံယူထားတာဆိုေတာ့ သူတို႔ကေန ၁၉၆၀-၇၀ ႏွစ္ေတြကတည္းက အခြန္ေကာက္ေနတာေပါ့ေနာ္။ ဒါေပမယ့္ စစ္အစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးယူခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ KIA က သူတို႔ လြတ္လြတ္လပ္လပ္ အုပ္ခ်ဳပ္တာတုိ႔ ဘာတို႔ မရွိေတာ့ဘူး။ က်ေနာ္သိသေလာက္ ဦးပုိင္ စတင္လုပ္လာကတည္းက ဧကရာခ်ီၿပီးမွ ဒီလုိ ဘူဒိုဇာေတြ ဘာေတြနဲ႔ တြင္းတူးတာတို႔ ဘာတို႔ စလာပါတယ္။ ဦးပိုင္ဆိုတာ စစ္တပ္ရဲ႕ ကုမၸဏီေပါ့ေနာ္။ အဓိက သူတုိ႔မွာ တာဝန္အရွိဆုံးပဲ၊ ဘာလို႔လဲဆိုေတာ့ ဖားကန္႔မွာ ေက်ာက္စိမ္းတူးလို႔ မရေတာ့ဘူး၊ ပါမစ္က အားလုံးကုန္ေနၿပီ။ ကုန္သြားတဲ့အခ်ိန္မွာ ဘာလို႔ ဒီလို ေက်ာက္တူးၿပီးမွ လူေတြေသေနရလဲဆုိေတာ့ အဲဒီမွာရွိတဲ့ ေျမာက္ပိုင္းတုိင္း ဗ်ဴဟာမွဴးေတြကေပါ့ေနာ္ သူတို႔က အခြင့္အေရး ေပးထားတာဆိုေတာ့ ဆက္ၿပီး တူးလို႔ရေနတာေပါ့။ သူတို႔နဲ႔ ပတ္သက္ေနတယ္ဆိုေတာ့ အစိုးရကလည္း ဘာမွ ေျပာလို႔မရဘူး။ စစ္တပ္ကလည္း လုပ္ခ်င္ရာလုပ္ေနတဲ့ အပိုင္းေတြ အမ်ားႀကီးရွိပါတယ္။”

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္း ဖားကန္႔ေဒသမွာ ေျမစာပုံၿပဳိလို႔ ေရမေဆးေက်ာက္ရွာသူ ၂၀၀ ဝန္းက်င္ ေသဆုံးခဲ့ရၿပီး ေနာက္ထပ္ ေျမစာပုံၿပဳိမယ့္ အႏၱရာယ္ေတြ ရွိေနတဲ့အတြက္ အဲဒီမွာေနထိုင္တဲ့ ေဒသခံေတြၾကား စုိးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ဖားကန့်ဒေသ ဥပဒေစိုးမိုးရေးအတွက် ခြေဥပြင်ရေး တိုက်တွန်း

တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းအတွက် အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ သုံးသပ်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြေပြိုပြီး လူအစုအပြုံလိုက် သေဆုံးနေရတဲ့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းနယ်မြေမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ် ပေးနိုင်ဖို့ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အလေးထား လုပ်ဆောင်ဖို့ လိုမယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေတာပါ။

ဒီဖြစ်ရပ်တွေကို လက်ရှိအစိုးရက ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်း မရှိသေးတာက ဘာကြောင့်ပါလဲ။ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ၊ ကိုယ်တိုင်ကလည်း ကျောက်မျက်ရတနာ ထိပ်တန်းလုပ်ငန်းရှင်တဦးဖြစ်သူ ရန်ကုန်တိုင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်နိုင်မှသာ ပြေလည်မှုတွေ ရလာနိုင်မယ်လို့ ထောက်ပြပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ သယံဇာတ ထွက်တာများတယ်။ အဲဒီမှာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိတယ်။ တချို့နေရာတွေက တိုင်းရင်းသား လက်နက်ကိုင်တွေ စိုးမိုးတဲ့နေရာတွေ ဖြစ်တယ်ပေါ့။ ဒါကလည်း တိုင်းရင်းသားတွေ ဘာ့ကြောင့် လက်နက်ကိုင်တာလဲ၊ ဖက်ဒရယ်ကိုလိုချင်လို့ လက်နက်ကိုင်ကြတာပေါ့နော်။ ဖက်ဒရယ်လို့ ပြောရင် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ ကြားထဲမှာ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှုတွေ ရှိရမယ်။ ပြီးရင် ဖက်ဒရယ်လို့ပြောလို့ ရှိရင်တော့ ဒီ Power Sharing အာဏာခွဲဝေ ကျင့်သုံးမှုအပြင် Resource sharing ပေါ့ရှင့်၊ ဒီ သဘာဝ သယံဇာတပဲဖြစ်ဖြစ် အရင်းအနှီး ခွဲဝေမှုတွေ အတိအကျ ရှိရမယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စကတော့ ဖွဲ့စည်းပုံပြင်ခြင်းနဲ့ ပိုပြီးတော့မှ ဆိုင်ပါတယ်ရှင့်။”

NLD အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ခွင့် လုပ်ကွက်တချို့ကို ပိတ်ပင်ခဲ့ပြီး တချို့ကုမ္ပဏီတွေကို သက်တမ်း ဆက်တိုးမပေးတာမျိုးလည်း ရှိပေမယ့် ဖားကန့်ပြဿနာဟာ စစ်တပ်ပိုင်ကုမ္ပဏီတွေ ဒါမှမဟုတ် စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေက တနည်းတဖုံနဲ့ ကျောက်စိမ်းတူးဖော်ခွင့် ရှိနေတာကြောင့် မြေစာပုံပြိုပြီး လူသေဆုံးတဲ့ ဖြစ်ရပ်တွေကို မတားဆီးနိုင်တာလို့ ဝါရှင်တန်ဒီစီ အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ကိုဂွန်ဆမ်က သုံးသပ်ပါတယ်။

“ဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပါ။ စစ်တပ်ကို အာဏာ အလွန်အကျွံ ပေးထားတဲ့ ကိစ္စကြောင့် ဒီနေ့ထိ ဘယ် ဒီမိုကရေစီအစိုးရဖြစ်ဖြစ် ကိုင်တွယ်နိုင်စွမ်း မရှိတာပါ။ ဘာလို့လဲဆိုတော့ ဒီ ဖားကန့်ကျောက်တွင်းတွေက အဓိကတော့ စစ်တပ်နဲ့ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးထားတယ်။ လုပ်ငန်းခွင် လုပ်ကွက်အကြီးကြီးတွေက ဦးပိုင်နဲ့ ပတ်သက်ပါတယ်ခင်ဗျ။ အဲဒီ ဦးပိုင်က စစ်တပ်နဲ့ဆိုင်တဲ့ ကုမ္ပဏီပေါ့နော်။”

တကယ်တော့ တိုင်းရင်းသားဒေသတွေက ထွက်တဲ့ သယံဇာတ ထုတ်ယူရေးမှာဒေသခံ တိုင်းရင်းသားတွေ အကျိုးခံစားခွင့် ပြန်ရနိုင်ဖို့ ဥပဒေပြဋ္ဌာန်းမှု ရှိမှသာတရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင်က မြင်ပါတယ်။

“အခုလည်း ကျမတို့ ဒီအစိုးရလက်ထက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရထားတဲ့ ဘုံသဘောတူညီချက်တခုက ရှိနေတယ်။ ကျမတို့ ဖွဲ့စည်းပုံလို့ ပြောရင် ဒီမိုကရေစီ ပိုပြီးတော့မှ ရှင်သန်အောင် ပြင်ဆင်စရာတွေ ရှိတယ်။ ပြီးရင် ဖက်ဒရယ်ဘက် ပိုပြီး အကောင်အထည်ဖော်သွားမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းမျိုးကို ကျမတို့ လုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒါတွေက ဥပဒေစိုးမိုးခြင်း ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေးရှိရမယ်။ ဖက်ဒရယ်ဘက် ဦးတည်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းတွေလည်း ရှိနေရမှာ ဖြစ်ပါတယ်။”

ဖားကန့်ဒေသတဝိုက်မှာ မြန်မာ့တပ်မတော်ကသာမက ကချင်လက်နက်ကိုင် KIA အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှုတွေလည်း ရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ ကိုဂွန်ဆမ်က ခုလို ထောက်ပြပါတယ်။

“KIO/KIA ကတော့ ကချင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ အစိုးရတရပ်အဖြစ်နဲ့ ခံယူထားတာဆိုတော့ သူတို့ကနေ ၁၉၆၀-၇၀ နှစ်တွေကတည်းက အခွန်ကောက်နေတာပေါ့နော်။ ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးယူခဲ့ပြီး နောက်ပိုင်းမှာတော့ KIA က သူတို့ လွတ်လွတ်လပ်လပ် အုပ်ချုပ်တာတို့ ဘာတို့ မရှိတော့ဘူး။ ကျနော်သိသလောက် ဦးပိုင် စတင်လုပ်လာကတည်းက ဧကရာချီပြီးမှ ဒီလို ဘူဒိုဇာတွေ ဘာတွေနဲ့ တွင်းတူးတာတို့ ဘာတို့ စလာပါတယ်။ ဦးပိုင်ဆိုတာ စစ်တပ်ရဲ့ ကုမ္ပဏီပေါ့နော်။ အဓိက သူတို့မှာ တာဝန်အရှိဆုံးပဲ၊ ဘာလို့လဲဆိုတော့ ဖားကန့်မှာ ကျောက်စိမ်းတူးလို့ မရတော့ဘူး၊ ပါမစ်က အားလုံးကုန်နေပြီ။ ကုန်သွားတဲ့အချိန်မှာ ဘာလို့ ဒီလို ကျောက်တူးပြီးမှ လူတွေသေနေရလဲဆိုတော့ အဲဒီမှာရှိတဲ့မြောက်ပိုင်းတိုင်း ဗျူဟာမှူးတွေကပေါ့နော် သူတို့က အခွင့်အရေး ပေးထားတာဆိုတော့ ဆက်ပြီး တူးလို့ရနေတာပေါ့။ သူတို့နဲ့ ပတ်သက်နေတယ်ဆိုတော့ အစိုးရကလည်း ဘာမှ ပြောလို့မရဘူး။ စစ်တပ်ကလည်း လုပ်ချင်ရာလုပ်နေတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖားကန့်ဒေသမှာ မြေစာပုံပြိုလို့ ရေမဆေးကျောက်ရှာသူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရပြီး နောက်ထပ် မြေစာပုံပြိုမယ့် အန္တရာယ်တွေ ရှိနေတဲ့အတွက် အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေကြား စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG