သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔မွာ ေနာက္ထပ္ေျမၿပိဳႏုိင္တဲ့ အႏၱရာယ္ေၾကာင့္ အေရးေပၚေျပာင္းေရႊ႕


ဖားကန္႔မွာ ေက်ာက္စိမ္းတူးေဖာ္တဲ့ ကုမၸဏီတခုရဲ႕ ေျမၿပိဳက်မႈ အႏၱရာယ္ သတိေပးခ်က္။ (ဇူလုိင္ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ေက်ာက္စိမ္းလုပ္ကြက္မွာ လူေပါင္း ၂၀၀ ေက်ာ္ ေသေက်ဒဏ္ရာရခဲ့တဲ့ ေနရာအနီးမွာ ေနာက္ထပ္ ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့တဲ့အတြက္ အေရးေပၚ ေျပာင္းေရႊ႕ေပးေနပါတယ္။ အျပည့္အစုံကုိ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ဒီလဆန္းတုန္းက လူ ၁၇၀ ေက်ာ္ ေသဆံုးၿပီး ၅၀ ေက်ာ္ ဒဏ္ရာရခဲ့တဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေဝွခါေက်းရြာက ေက်ာက္စိမ္းလုပ္ကြက္မွာ ေသာၾကာေန႔ ညပုိင္းက ေနာက္ထပ္ ေျမၿပိဳမႈနဲ႔ ႀကံဳခဲ့ရၿပီးတဲ့ေနာက္ အနီးအနားက ေဒသခံေတြကုိ ေျပာင္းေရႊ႕ေပးေနတာပါ။ အထူးသျဖင့္ မုိးတြင္းကာလ ေျမၿပိဳက်ႏိုင္တာေၾကာင့္ ေက်ာက္စိမ္းလုပ္ကြက္ေတြအနီးက အႏၱရာယ္ရွိတဲ့ ေနရာေတြမွာ ေနထုိင္သူေတြကုိ ေျပာင္းေရႊ႕ေပးေနတာလုိ႔လည္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ အဖြဲ႔ဝင္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးလဆိုင္းက ဗီြအိုေအျမန္မာပိုင္းကို အခုလို ေျပာျပပါတယ္။

“ေျမအက္ေၾကာင္းေတြနဲ႔ေပါ့ေနာ္။ တခ်ိဳ႕ ၿပိဳက်သြားတဲ့ ေနရာေတြရယ္ ေနာက္ ၿပိဳက်လုဆဲဆဲ ေနရာေတြမွာက အႏၱရာယ္က အင္မတန္ကို မ်ားတဲ့အခ်ိန္က်ေတာ့ အဲ့ေတာ့ အဲ့ဒီ့လူေတြကို ေနရာေရႊ႕ဖို႔အတြက္ကို သူတို႔ ဒါ ေျမေနရာ ၈၀ ေလာက္ေပါ့၊ အကြက္ ၈၀ ေလာက္ေပါ့။ ေပ ၆၀ × ၄၀ အိမ္ယာကြက္ေပါ့ေနာ္၊ အိမ္အကြက္ ၈၀ ေလာက္ ေျမကြက္ေတြ႐ိုက္ထားတဲ့ အစီအစဥ္ေတာ့ သတင္းပို႔ေပးတဲ့အတြက္ သိရပါတယ္။ က်ေနာ္တို႔ ဒီ သက္ဆိုင္တဲ့သူေတြက စီမံခ်ထားေပးတဲ့ ေနရာေတြမွာ ေနမယ္။

“ဒါေပမယ့္ ဘယ္ေလာက္အထိ လံုၿခံဳစိတ္ခ်ရၿပီလဲဆိုတဲ့ ေနရာမွာေတာ့ သူကေတာ့ ဒီလုပ္ကြက္ေနရာေတြကို သြားေနရင္ေတာ့ လံုၿခံဳစိတ္ခ်ရဖို႔အတြက္ ဆိုတာကေတာ့ ေျပာလို႔မရဘူးေပါ့ေနာ္။ အခ်ိဳ႕အခ်ိဳ႕ေသာသူေတြက လုပ္ကြက္ေဟာင္းေတြမွာ ရွာေဖြေနတာေတြ႔လို႔ လုပ္ကြက္ေဟာင္းေတြမွာ ေက်ာက္ေၾကာေတြ ေကာင္းလို႔ဆိုၿပီး သူသူငါငါ ဝင္ရွာမယ္ဆိုရင္ေတာ့ ေဘးအႏၱရာယ္ကင္းဖို႔ဆိုတာ မျဖစ္ႏုိင္ဘူးေပါ့ေနာ္။ အခုက မိုးရာသီျဖစ္တဲ့အခ်ိန္က်ေတာ့ ေျမႀကီးေတြက ကြဲအက္ၿပီးေတာ့ ၿပိဳက်လာႏိုင္တဲ့အတြက္ အႏၱရာယ္ရွိၿပီးရင္း ရွိေနမွာေပါ့ေနာ္။”

ဒီလဆန္းမွာ ေျမၿပိဳမႈနဲ႔ ႀကံဳခဲ့ရတဲ့ ေက်ာက္စိမ္းလုပ္ကြက္အနီး အျမင့္ေပ ၅၀၀၊ အက်ယ္ေပ ၄၀ ေလာက္ရွိတဲ့ ေျမသားထု ေသာၾကာေန႔က ထပ္မံၿပိဳက်ခဲ့ၿပီးေနာက္ အနီးအနားမွာ ေနာက္ထပ္ ေျမၿပိဳမႈအႏၱရာယ္ ရွိေနတယ္လုိ႔လည္း အစုိးရက သတင္းထုတ္ျပန္ထားပါတယ္။ ကိုယ္တုိင္ကြင္းဆင္း သြားေရာက္ၾကည့္႐ႈခဲ့တဲ့ ဖားကန္႔ေဒသခံ သတင္းသမား ကိုေဇာ္မိုးထက္ကလည္း ေျမထပ္ၿပိဳႏုိင္တဲ့ အႏၱရာယ္ေၾကာင့္ အာဏာပုိင္ေတြက အေရးေပၚ ေျပာင္းေရႊ႕ေပးေနတာလုိ႔ ေျပာပါတယ္။

“အဲ့ဒီ့မွာရွိတဲ့ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး၊ ေထြအုပ္၊ ရဲနဲ႔ အကုန္ေပါင္းၿပီး လုပ္ေနၾကတာ ေတြ႔တယ္ဗ်။ လက္ရွိအေျခအေနမွာေတာ့ ေနမယ့္သူေတြကို ကုမၸဏီကေနၿပီးေတာ့မွ ထုိက္သင့္တဲ့ ေထာက္ပံ့ေၾကးေပါ့ေနာ္။ ေလ်ာ္ေၾကးပံုစံမ်ိဳး ေျပာင္းေရႊ႕ေၾကးပံုစံမ်ိဳး ေပးၿပီး ေရႊ႕လုိက္ၿပီ။ လူေတြေတာ့ မရွိေတာ့ဘူး။ ေနအိမ္ေတြကေတာ့ ဒီအတိုင္း ခ်န္ခဲ့တာေပါ့။ ဘယ္ေနရာေတြလဲ ဆိုေတာ့ ေစာေစာက ၿပိဳထားတဲ့ ဇူလိုင္လ ၂ ရက္ေန႔က ၿပိဳထားတဲ့ေနရာမွာ အခု ပတ္ပတ္လည္ၿပိဳေနတာ၊ အဲ့ဒီ့ေတာင္ႀကီး ပတ္ခ်ာလည္က၊ ေဝွခါရြာရဲ႕ အထက္နား လခူးေခ်ာင္ေက်းရြာေပါ့၊ အိမ္ေတြလည္း ၂ လံုး ၃ လံုး ၿပိဳတဲ့အထဲ ပါသြားတယ္။ ေနာက္ထပ္အိမ္ေတြကိုလည္း ေျမႀကီးက တခါတည္း ေလွ်ာက်ၿပီး ဆြဲသြားမွာေလ။ အႏၱရာယ္ရွိတာေပါ့။ အကုန္လံုး အိမ္ေတြေရာ လူေတြပါ ပါသြားႏုိင္တယ္။

“သတိေပးဆိုင္းဘုတ္ေတြလည္း ကပ္ထားတယ္။ လူေတြကိုလည္း ေဝွခါအုပ္ခ်ဳပ္ေရးမွဴး ေျပာတာက သူတို႔ အကုန္လံုး ညိႇႏိႈင္းေဆာင္ရြက္ၿပီးေတာ့ လူေတြကို ေရႊ႕ခိုင္းလိုက္ၿပီး ေျမေနရာေတြလည္း အစားေပးလုိက္ၿပီေပါ့ေနာ္။ သူတို႔က တကယ္ျဖစ္လာရင္ ကာကြယ္ႏုိင္ဖို႔ ထိေရာက္တဲ့ အစီအမံေတြေတာ့ လုပ္ေနတာပဲ။ ေလာေလာဆယ္ေတာ့ လူေတြအေပၚမွာပဲ မူတည္တယ္။ ဖယ္ခုိင္းေတာ့ ေငြယူတယ္။ တခ်ိဳ႕ေတြက်ေတာ့လည္း မသိေအာင္ ခိုးေနတာမ်ိဳး အဲ့ဒါမ်ိဳးေတြလည္း ရွိတယ္ေပါ့ေနာ္။”

ဖားကန္႔အနီး ေက်ာက္စိမ္းတြင္းတခုတြင္ လုပ္ကိုင္ေနသည့္ ေက်ာက္တူးလုပ္သားတဦး။ (ဇူလိုင္ ၅၊ ၂၀၂၀)
ဖားကန္႔အနီး ေက်ာက္စိမ္းတြင္းတခုတြင္ လုပ္ကိုင္ေနသည့္ ေက်ာက္တူးလုပ္သားတဦး။ (ဇူလိုင္ ၅၊ ၂၀၂၀)


ေဝွခါေက်းရြာအနီး လခူးေခ်ာင္ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္ေဟာင္းက အခု ေနာက္ထပ္ ေျမၿပိဳက်မႈမွာေတာ့ လူအေသအေပ်ာက္ မရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း အႏၱရာယ္ရွိေနဆဲ ျဖစ္တာေၾကာင့္ ဖားကန္႔ေဒသက ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းေတြကုိ မွီခုိလုပ္ကုိင္ စားေသာက္ေနသူေတြအေနနဲ႔ သတိထားၾကဖုိ႔ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးလဆိုင္းက တုိက္တြန္းပါတယ္။

“အခု ဒီအခ်ိန္ကာလက ကုိဗစ္ကာလလည္း ျဖစ္တယ္။ မိုးရာသီ အခ်ိန္ကာလလည္း ျဖစ္တယ္ဆိုေတာ့ စားဝတ္ေနေရးက အခက္အခဲ ရွိၾကမွာေတာ့ အားလံုးကေတာ့ ဘယ္လိုမွ ျငင္းလို႔မရတဲ့အရာေတာ့ ဟုတ္တာေပါ့ေလ။ သို႔ေသာ္လည္း အားလံုးက မိမိတို႔ စားဝတ္ေနေရး အဆင္ေျပေအာင္ ေျပလည္ေအာင္ ေဆာင္ရြက္တဲ့ေနရာမွာေပါ့၊ ျမန္မာဆို႐ုိးစကားထဲကလိုပဲ ‘ေညာင္သီးလည္းစား ေလးသံလည္း နားေထာင္’ ဆိုသလိုေပါ့၊ ေဘးအႏၱရာယ္ေလးေတြကိုလည္း ၾကည့္ၾကၿပီးမွ လုပ္ၾကပါ။ အဓိက လူ႔အသက္က အေရးႀကီးဆံုးပဲေလေနာ္။ အခုလို တကယ့္ကို အႏၱရာယ္ႀကီးႀကီးမားမား ျဖစ္ႏုိင္တဲ့ေနရာ၊ ျဖစ္လည္းျဖစ္ခဲ့တယ္ဆိုတာ မ်က္ျမင္ကိုယ္ေတြ႔လည္း ျဖစ္ခဲ့တဲ့ ေနရာႀကီးမွာေတာ့ ျဖစ္ႏုိင္ရင္ အဲ့လိုေနရာမွာ မရွာဘဲေပါ့ေနာ္။

”ေက်ာက္ဆိုတာကေတာ့ က်ေနာ္တို႔လည္း ဖားကန္႔သားျဖစ္ခဲ့ေတာ့ ႏွစ္ေပါင္းမ်ားစြာ က်ေနာ္တို႔ရဲ႕အိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ က်ေနာ့္အေနနဲ႔ သတင္းစကား ပါးခ်င္တာက ဒီ ဖားကန္႔မွာ မိမိတို႔ရဲ႕အိပ္မက္ မိမိတို႔ရဲ႕ စိတ္ကူးေတြကို ေအာင္ျမင္ဖို႔ ေရာက္လာၾကတဲ့ က်ေနာ္တို႔ရဲ႕ ႏုိင္ငံသူ ႏုိင္ငံသားေတြအေနနဲ႔ ဒီေဘးအႏၱရာယ္ေတြက သတိဝီရိယေလးနဲ႔ ေဆာင္ရန္ ေရွာင္ရန္ေတြကို လုပ္ကိုင္ၾကေစခ်င္ပါတယ္။ အဲ့ဒီလို လုပ္ကိုင္ရင္ေတာ့ ကိုယ့္အသက္ ေဘးအႏၱရာယ္လည္း မိုးတြင္းကာလမွာ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ ေဆာင္ရြက္ႏုိင္ၾကမယ္လို႔ အဲ့ဒါေလး သတိေပး ေျပာခ်င္ပါတယ္ခင္ဗ်ာ။”

ႏုိင္ငံတကာ သဘာ၀သယံဇာတ ေစာင့္ၾကည့္ေရး အဖဲြ႔တခုျဖစ္တဲ့ Global Witness က ကခ်င္ျပည္နယ္မွာ ေက်ာက္စိမ္းတူးေဖာ္မႈေတြကို အစိုးရက ထိန္းခ်ဳပ္ဖို႔ ပ်က္ကြက္ေနတာေၾကာင့္ ဖားကန္႔ေဒသမွာ အခုလုိ ထိခုိက္ေသဆုံးမႈေတြ ႀကံဳေနရတာလုိ႔ ေျပာဆုိထားပါတယ္။ ဖားကန္႔ေဒသ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းမွာ လူအမ်ားအျပား ေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း အာဆီယံနဲ႔ ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္သံ႐ုံးတုိ႔ကလည္း ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္ေျပာဆုိခဲ့ၾကတာပါ။

ျမန္မာစစ္တပ္ကေတာ့ လူ ၁၇၂ ေယာက္ ေသဆုံးၿပီး ၅၄ ေယာက္ ဒဏ္ရာရခဲ့တဲ့ ဒီလဆန္းက ေျမၿပိဳက်မႈနဲ႔ ဆက္ႏႊယ္ၿပီး တပ္မေတာ္ အဆင့္ျမင့္အရာရွိ ၂ ဦးကုိ အေရးယူလုိက္ေၾကာင္း ေၾကညာခဲ့သလုိ ျမန္မာအစုိးရကလည္း အဆင့္ျမင့္အရာရွိေတြ ဦးေဆာင္တဲ့ စုံစမ္းေရးအဖဲြ႔တခု ဖဲြ႔စည္းၿပီး ကြင္းဆင္း စစ္ေဆးတာေတြလည္း ရွိခဲ့ေပမယ့္ စစ္ေဆးေတြ႔ရွိခ်က္ေတြကုိေတာ့ ထုတ္ျပန္ေျပာဆုိတာမ်ဳိး မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဖားကန့်မှာ နောက်ထပ်မြေပြိုနိုင်တဲ့ အန္တရာယ်ကြောင့် အရေးပေါ်ပြောင်းရွှေ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်မှာ လူပေါင်း ၂၀၀ ကျော် သေကျေဒဏ်ရာရခဲ့တဲ့ နေရာအနီးမှာ နောက်ထပ် မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့အတွက် အရေးပေါ် ပြောင်းရွှေ့ပေးနေပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီလဆန်းတုန်းက လူ ၁၇၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ သောကြာနေ့ ညပိုင်းက နောက်ထပ် မြေပြိုမှုနဲ့ ကြုံခဲ့ရပြီးတဲ့နောက် အနီးအနားက ဒေသခံတွေကို ပြောင်းရွှေ့ပေးနေတာပါ။ အထူးသဖြင့် မိုးတွင်းကာလ မြေပြိုကျနိုင်တာကြောင့် ကျောက်စိမ်းလုပ်ကွက်တွေအနီးက အန္တရာယ်ရှိတဲ့ နေရာတွေမှာ နေထိုင်သူတွေကို ပြောင်းရွှေ့ပေးနေတာလို့လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလဆိုင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“မြေအက်ကြောင်းတွေနဲ့ပေါ့နော်။ တချို့ ပြိုကျသွားတဲ့ နေရာတွေရယ် နောက် ပြိုကျလုဆဲဆဲ နေရာတွေမှာက အန္တရာယ်က အင်မတန်ကို များတဲ့အချိန်ကျတော့ အဲ့တော့ အဲ့ဒီ့လူတွေကို နေရာရွှေ့ဖို့အတွက်ကို သူတို့ ဒါ မြေနေရာ ၈၀ လောက်ပေါ့၊ အကွက် ၈၀ လောက်ပေါ့။ ပေ ၆၀ × ၄၀ အိမ်ယာကွက်ပေါ့နော်၊ အိမ်အကွက် ၈၀ လောက် မြေကွက်တွေရိုက်ထားတဲ့ အစီအစဉ်တော့ သတင်းပို့ပေးတဲ့အတွက် သိရပါတယ်။ ကျနော်တို့ ဒီ သက်ဆိုင်တဲ့သူတွေက စီမံချထားပေးတဲ့ နေရာတွေမှာ နေမယ်။

“ဒါပေမယ့် ဘယ်လောက်အထိ လုံခြုံစိတ်ချရပြီလဲဆိုတဲ့ နေရာမှာတော့ သူကတော့ဒီလုပ်ကွက်နေရာတွေကို သွားနေရင်တော့ လုံခြုံစိတ်ချရဖို့အတွက် ဆိုတာကတော့ ပြောလို့မရဘူးပေါ့နော်။ အချို့အချို့သောသူတွေက လုပ်ကွက်ဟောင်းတွေမှာ ရှာဖွေနေတာတွေ့လို့ လုပ်ကွက်ဟောင်းတွေမှာ ကျောက်ကြောတွေ ကောင်းလို့ဆိုပြီး သူသူငါငါ ဝင်ရှာမယ်ဆိုရင်တော့ ဘေးအန္တရာယ်ကင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ အခုက မိုးရာသီဖြစ်တဲ့အချိန်ကျတော့ မြေကြီးတွေက ကွဲအက်ပြီးတော့ ပြိုကျလာနိုင်တဲ့အတွက် အန္တရာယ်ရှိပြီးရင်း ရှိနေမှာပေါ့နော်။”

ဒီလဆန်းမှာ မြေပြိုမှုနဲ့ ကြုံခဲ့ရတဲ့ ကျောက်စိမ်းလုပ်ကွက်အနီး အမြင့်ပေ ၅၀၀၊ အကျယ်ပေ ၄၀ လောက်ရှိတဲ့ မြေသားထု သောကြာနေ့က ထပ်မံပြိုကျခဲ့ပြီးနောက် အနီးအနားမှာ နောက်ထပ် မြေပြိုမှုအန္တရာယ် ရှိနေတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ကိုယ်တိုင်ကွင်းဆင်း သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်ဒေသခံ သတင်းသမား ကိုဇော်မိုးထက်ကလည်း မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်ကြောင့် အာဏာပိုင်တွေက အရေးပေါ် ပြောင်းရွှေ့ပေးနေတာလို့ ပြောပါတယ်။

“အဲ့ဒီ့မှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ မြို့နယ်အုပ်ချုပ်ရေး၊ ထွေအုပ်၊ ရဲနဲ့ အကုန်ပေါင်းပြီး လုပ်နေကြတာ တွေ့တယ်ဗျ။ လက်ရှိအခြေအနေမှာတော့ နေမယ့်သူတွေကို ကုမ္ပဏီကနေပြီးတော့မှ ထိုက်သင့်တဲ့ ထောက်ပံ့ကြေးပေါ့နော်။ လျော်ကြေးပုံစံမျိုး ပြောင်းရွှေ့ကြေးပုံစံမျိုး ပေးပြီး ရွှေ့လိုက်ပြီ။ လူတွေတော့ မရှိတော့ဘူး။ နေအိမ်တွေကတော့ ဒီအတိုင်း ချန်ခဲ့တာပေါ့။ ဘယ်နေရာတွေလဲ ဆိုတော့ စောစောက ပြိုထားတဲ့ ဇူလိုင်လ ၂ ရက်နေ့က ပြိုထားတဲ့နေရာမှာ အခု ပတ်ပတ်လည်ပြိုနေတာ၊အဲ့ဒီ့တောင်ကြီး ပတ်ချာလည်က၊ ဝှေခါရွာရဲ့ အထက်နား လခူးချောင်ကျေးရွာပေါ့၊ အိမ်တွေလည်း ၂ လုံး ၃ လုံး ပြိုတဲ့အထဲ ပါသွားတယ်။ နောက်ထပ်အိမ်တွေကိုလည်း မြေကြီးက တခါတည်း လျှောကျပြီး ဆွဲသွားမှာလေ။ အန္တရာယ်ရှိတာပေါ့။ အကုန်လုံး အိမ်တွေရော လူတွေပါ ပါသွားနိုင်တယ်။

“သတိပေးဆိုင်းဘုတ်တွေလည်း ကပ်ထားတယ်။ လူတွေကိုလည်းဝှေခါအုပ်ချုပ်ရေးမှူး ပြောတာက သူတို့ အကုန်လုံး ညှိနှိုင်းဆောင်ရွက်ပြီးတော့ လူတွေကို ရွှေ့ခိုင်းလိုက်ပြီး မြေနေရာတွေလည်း အစားပေးလိုက်ပြီပေါ့နော်။ သူတို့က တကယ်ဖြစ်လာရင် ကာကွယ်နိုင်ဖို့ ထိရောက်တဲ့ အစီအမံတွေတော့ လုပ်နေတာပဲ။ လောလောဆယ်တော့ လူတွေအပေါ်မှာပဲ မူတည်တယ်။ ဖယ်ခိုင်းတော့ ငွေယူတယ်။ တချို့တွေကျတော့လည်း မသိအောင်ခိုးနေတာမျိုး အဲ့ဒါမျိုးတွေလည်း ရှိတယ်ပေါ့နော်။”

ဝှေခါကျေးရွာအနီး လခူးချောင် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းက အခု နောက်ထပ် မြေပြိုကျမှုမှာတော့ လူအသေအပျောက် မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အန္တရာယ်ရှိနေဆဲ ဖြစ်တာကြောင့် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို မှီခိုလုပ်ကိုင် စားသောက်နေသူတွေအနေနဲ့ သတိထားကြဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလဆိုင်းက တိုက်တွန်းပါတယ်။

“အခု ဒီအချိန်ကာလက ကိုဗစ်ကာလလည်း ဖြစ်တယ်။ မိုးရာသီ အချိန်ကာလလည်း ဖြစ်တယ်ဆိုတော့ စားဝတ်နေရေးက အခက်အခဲ ရှိကြမှာတော့ အားလုံးကတော့ ဘယ်လိုမှ ငြင်းလို့မရတဲ့အရာတော့ ဟုတ်တာပေါ့လေ။ သို့သော်လည်း အားလုံးက မိမိတို့ စားဝတ်နေရေး အဆင်ပြေအောင် ပြေလည်အောင် ဆောင်ရွက်တဲ့နေရာမှာပေါ့၊ မြန်မာဆိုရိုးစကားထဲကလိုပဲ ‘ညောင်သီးလည်းစား လေးသံလည်း နားထောင်’ ဆိုသလိုပေါ့၊ ဘေးအန္တရာယ်လေးတွေကိုလည်း ကြည့်ကြပြီးမှ လုပ်ကြပါ။ အဓိက လူ့အသက်က အရေးကြီးဆုံးပဲလေနော်။အခုလို တကယ့်ကို အန္တရာယ်ကြီးကြီးမားမား ဖြစ်နိုင်တဲ့နေရာ၊ ဖြစ်လည်းဖြစ်ခဲ့တယ်ဆိုတာ မျက်မြင်ကိုယ်တွေ့လည်း ဖြစ်ခဲ့တဲ့ နေရာကြီးမှာတော့ ဖြစ်နိုင်ရင် အဲ့လိုနေရာမှာ မရှာဘဲပေါ့နော်။

”ကျောက်ဆိုတာကတော့ ကျနော်တို့လည်း ဖားကန့်သားဖြစ်ခဲ့တော့ နှစ်ပေါင်းများစွာ ကျနော်တို့ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကျနော့်အနေနဲ့ သတင်းစကား ပါးချင်တာက ဒီ ဖားကန့်မှာ မိမိတို့ရဲ့အိပ်မက် မိမိတို့ရဲ့ စိတ်ကူးတွေကို အောင်မြင်ဖို့ ရောက်လာကြတဲ့ ကျနော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဒီဘေးအန္တရာယ်တွေက သတိဝီရိယလေးနဲ့ဆောင်ရန် ရှောင်ရန်တွေကို လုပ်ကိုင်ကြစေချင်ပါတယ်။ အဲ့ဒီလို လုပ်ကိုင်ရင်တော့ ကိုယ့်အသက် ဘေးအန္တရာယ်လည်း မိုးတွင်းကာလမှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ကြမယ်လို့ အဲ့ဒါလေး သတိပေး ပြောချင်ပါတယ်ခင်ဗျာ။”

နိုင်ငံတကာ သဘာဝသယံဇာတ စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ Global Witness က ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပျက်ကွက်နေတာကြောင့် ဖားကန့်ဒေသမှာ အခုလို ထိခိုက်သေဆုံးမှုတွေ ကြုံနေရတာလို့ ပြောဆိုထားပါတယ်။ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံနဲ့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးတို့ကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပြောဆိုခဲ့ကြတာပါ။

မြန်မာစစ်တပ်ကတော့ လူ ၁၇၂ ယောက် သေဆုံးပြီး ၅၄ ယောက် ဒဏ်ရာရခဲ့တဲ့ ဒီလဆန်းက မြေပြိုကျမှုနဲ့ ဆက်နွှယ်ပြီး တပ်မတော် အဆင့်မြင့်အရာရှိ ၂ ဦးကို အရေးယူလိုက်ကြောင်း ကြေညာခဲ့သလို မြန်မာအစိုးရကလည်း အဆင့်မြင့်အရာရှိတွေ ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့တခု ဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးတာတွေလည်း ရှိခဲ့ပေမယ့် စစ်ဆေးတွေ့ရှိချက်တွေကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG