သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္ခံရတဲ့ ျမန္မာ က်န္းမာေရး၀န္ထမ္းေတြကုိ သီးျခားကုသေပးဖုိ႔ စီစဥ္ေန


ရန္ကုန္ၿမိဳ႕ Quaratine Center တခုတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ PPE ဝတ္စံုႏွင့္ လုပ္အားေပးမ်ား။ (စက္တင္ဘာ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ေရာဂါကူးစက္မႈေတြ အဓိက ႀကဳံေနရတဲ့ ရန္ကုန္တိုင္းအတြင္း က်န္းမာေရးဝန္ထမ္းေတြ အပါအဝင္ ေရာဂါကူးစက္သူေတြနဲ႔ ေစာင့္ၾကည့္စစ္ေဆးမယ့္ ေနရာေတြ တိုးခ်ဲ႕ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း မေမခ ေျပာျပပါမယ္။

ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တိုးလာေနခ်ိန္မွာပဲ က်န္းမာေရးဝန္ေဆာင္မႈေပးေနတဲ့ ဝန္ထမ္းေတြပါ ကူးစက္လာေနတာေၾကာင့္ သီးသန႔္ေစာင့္ေရွာက္ ကုသဖို႔ျပင္ဆင္ေနတာပါ။ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာပဲ က်န္းမာေရးဝန္ထမ္း ၁၀၀ ေက်ာ္ပါ ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ သီးသန႔္ျပဳစုေစာင့္ေရွာက္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္း ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ေတြကို က်မတို႔သီးျခားထားမယ္။ သီးျခားဖို႔အတြက္လည္းရန္ကုန္မွာ ရွိတဲ့ ရန္ကုန္ေဆး႐ုံသစ္ႀကီးမွာ သီးျခားထားဖို႔ က်မတို႔ျပင္ဆင္တဲ့ကိစၥေတြလည္း ေဆာင္ရြက္ေနပါတယ္။ ဒီလိုထားလိုက္ျခင္းအားျဖင့္ ေရာဂါလကၡဏာသိပ္ဆိုးဆိုး႐ြား႐ြားႀကီး မရွိေပမယ့္ သူတို႔ေတြရဲ႕ က်န္းမာေရးကို ဂ႐ုတစိုက္ေစာင့္ၾကည့္ဖို႔လိုပါတယ္။ ဘာလို႔လဲဆိုရင္ သူတို႔ဟာ COVID 19 ေရာဂါ ကာကြယ္တိုက္ဖ်က္တဲ့အခါမွာ ေရွ႕တန္းကေနၿပီးေတာ့ တကယ့္ကို သူတို႔ မိသားစုေတြကို မျပန္ပဲနဲ႔ တကယ့္ကို အားသြန္ခြန္စိုက္အသက္စြန္႔ၿပီးေတာ့ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ သူတို႔ရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈ က႑က က်မတို႔ရဲ႕ ပထမဦးစားေပးလုပ္ငန္းတခုပါ”

ကပ္ေရာဂါ ကူးစက္မႈဒဏ္ အဓိကခံေနရတဲ့ ရန္ကုန္တိုင္းမွာ အတည္ျပဳလူနာေတြအတြက္ ျပဳစုေစာင့္ေရွာက္ဖို႔နဲ႔ အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႕ခဲ့သူေတြ၊ ေရာဂါလကၡဏာရွိသူေတြကိုပါ သီးသန႔္ထားႏိုင္မယ့္ ေနရာေတြကိုလည္း စီစဥ္ေနၾကပါတယ္။

ဗိုလ္တေထာင္ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမစိုးေကတာ့ ဗိုလ္တေထာင္ၿမိဳ႕နယ္မွာ အတည္ျပဳလူနာ (၅၀၀) ထားႏိုင္မယ့္ ေနရာတခုကို စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

“အခုကေတာ့ ေပါ့စတစ္လူနာေတြကို ထားမွာေပါ့၊ ဗိုလ္တေထာင္ေစ်းလမ္းအရင္ကေတာ့ စည္ပင္လမ္းေခၚတာေပါ့ေနာ္။ ပုံစံကေတာ့ေဆး႐ုံပုံစံထက္ သုဝဏၠ ပုံစံလိုပါပဲ။ Positive လူနာေတြကို ဂ႐ုစိုက္တာမ်ိဳးလုပ္မွာေပါ့။ လူနာကေတာ့ ဒီတပတ္ထဲထားဖို႔ ဝန္ႀကီးခ်ဳပ္က ၫႊန္ၾကားပါတယ္။ ဝန္ႀကီးခ်ဳပ္က ဒီၾကာသပေတး၊ ေသာၾကာ စထားခ်င္တယ္ေျပာ ပါတယ္။ ပထမကေတာ့ အေဆာင္ ၁၊၂၊ ၃ LC မွာ ၂၀၀ေလာက္ထားႏိုင္တယ္လို႔ ေမွ်ာ္လင့္ပါတယ္ရွင့္။ အရင္ကေတာ့ သတ္မွတ္ထထားတဲ့ ကြာရန္တင္းစင္တာေတြ ပိုု႔တယ္ေပါ့ေနာ္ ။ အခုကေတာ့ မလံုေလာက္တဲ့အတြက္ ကိုယ့္ၿမိဳ႕နယ္မွာပဲ စီစဥ္ပါဆိုေတာ့ အခုလို စီစဥ္ရတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ၿပီးခဲ့တဲ့ပတ္က ၆ မိုင္ခြဲမွာ ကြာရန္တင္းစင္တာစထားတယ္ေပါ့ေနာ္။ အားလံုး ဒီမွာ စၿပီးေတာ့ ဖြင့္တာ ၁၂ ရက္ရွိၿပီေပါ့ေနာ္။ က်မတို႔ ဒီေန႔မနက္ပဲ swab ကို ၈၆ ေယာက္ စစ္ပါတယ္ရွင့္။”

တာေမြၿမိဳ႕နယ္မွာလည္း ပိုးေတြ႕လူနာေတြနဲ႔ ထိေတြ႕တဲ့ လူေတြကိုထားဖို႔ သီးသန႔္ေနရာေတြကိုလည္း စတင္ ျပင္ဆင္ေနၿပီး တာေမြ ၿမိဳ႕နယ္က မဟာသႏၲိသုခ ဘုန္းေတာ္ႀကီးေက်ာင္းဝင္းထဲက အေဆာင္အခ်ိဳ႕မွာလည္း ကိုဗစ္ ကူးစက္ခံ ရတဲ့ ရဟန္းသံဃာေတြ ရွိလာရင္ထားႏိုင္ဖို႔ အတြက္ ျပင္ဆင္ေနတယ္လို႔ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ ေရးမႈး ဦးေအာင္ေက်ာ္ေအးက ဗြီအိုေအကိုေျပာပါတယ္။

“အခုဒီဘက္က ၿမိဳ႕နယ္တိုင္းကို ကြာရန္တင္းစင္တာထားဖို႔အတြက္ ညႊန္ၾကားခ်က္ရလို႔ က်ေနာ္တို႔ တာေမြ အထက (၁)၊ တာေမြ အထက (၃)၊ေနရာေတြကို ထိေတြ႕လူနာေတြထားဖို႔ဒီေနရာေတြမွာျပင္ထားတယ္။ အနံေပ်ာက္ ေစာင့္ၾကည့္လူနာ ထားဖုိ႔အတြက္ကေတာ့ အထက (၅)မွာ ျပင္ထားပါတယ္။ လူဦးေရ က အထက( ၁)က ၇၃ ပါ။ အထက (၃) က ၁၂၆ေယာက္ ပါ။ အထက (၅) အနံေပ်ာက္က ၂၀ပါ။

ေရာဂါပိုးကူးစက္သူေတြကို ရွာေဖြစစ္ေဆးတဲ့ အစီအစဥ္ေတြကို တိုးျမႇင့္ေဆာင္႐ြက္လာေနတာေၾကာင့္ အတည္ျပဳလူနာေတြ ထပ္တိုးလာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားတဲ့အတြက္ ေနရာေတြကို တိုးခ်ဲ႕စီစဥ္ေနတာပါ။ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ မွာလည္း ထိေတြ႕လူနာေတြကို အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္မယ့္ ေနရာေတြကို စီစဥ္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

လူနာ ၇၀၀ ဆန႔္တဲ့ ေဆး႐ုံတစ္႐ုံကို အင္းလ်ားလိတ္ ဟိုတယ္ဝင္းထဲမွာ ဖြင့္ဖို႔ ျပင္ဆင္ေနၿပီး၊ သာေကတ ၿမိဳ႕နယ္ထဲမွာရွိတဲ့ Fortune Plaza Expo ခန္းမကို ကိုဗစ္လူနာ ၁၀၀၀ ထိကုသႏိုင္မယ့္ ေဆး႐ုံအျဖစ္ ေဆာင္႐ြက္သြား ဖို႔ရွိတယ္လို႔ ရန္ကုန္တိုင္းအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။ အင္းလ်ားလိတ္ဟိုတယ္ဝင္းထဲက အေဆာက္အအုံကို ကိုဗစ္လူနာ ကုသတဲ့ ခုတင္ ၁၀၀၀ ေဆး႐ုံ အျဖစ္ ႏိုင္ငံတကာ စံႏႈန္းနဲ႔ အညီ ၁၀ ရက္အတြင္း တည္ေဆာက္ဖို႔ စီစဥ္ထားပါတယ္။ ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာခ်ိန္ကစလို႔ ေဆး႐ုံနဲ႔ ေစာင့္ၾကည့္ေရးစခန္းေတြအျဖစ္ ေဖာင္ႀကီး၊ လႈိင္၊ သုဝဏၰအားကစားကြင္း၊ ႐ိုးမရိပ္သာ အိမ္ရာ ၊ေအာင္ျမင့္မိုရ္ အိမ္ရာတို႔လည္း ဖြင့္လွစ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

ကိုဗစ်ကူးစက်ခံရတဲ့ မြန်မာ ကျန်းမာရေးဝန်ထမ်းတွေကို သီးခြားကုသပေးဖို့ စီစဉ်နေ
(Unicode)

ကိုဗစ်ရောဂါကူးစက်မှုတွေ အဓိက ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ရောဂါကူးစက်သူတွေနဲ့ စောင့်ကြည့်စစ်ဆေးမယ့် နေရာတွေ တိုးချဲ့ဖို့ ပြင်ဆင်နေတဲ့အကြောင်း မမေခ ပြောပြပါမယ်။

ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေချိန်မှာပဲ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေပါ ကူးစက်လာနေတာကြောင့် သီးသန့်စောင့်ရှောက် ကုသဖို့ပြင်ဆင်နေတာပါ။ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်ပါ ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် သီးသန့်ပြုစုစောင့်ရှောက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့တွေကို ကျမတို့သီးခြားထားမယ်။ သီးခြားဖို့အတွက်လည်းရန်ကုန်မှာ ရှိတဲ့ ရန်ကုန်ဆေးရုံသစ်ကြီးမှာ သီးခြားထားဖို့ ကျမတို့ပြင်ဆင်တဲ့ကိစ္စတွေလည်း ဆောင်ရွက်နေပါတယ်။ ဒီလိုထားလိုက်ခြင်းအားဖြင့် ရောဂါလက္ခဏာသိပ်ဆိုးဆိုးရွားရွားကြီး မရှိပေမယ့် သူတို့တွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်စောင့်ကြည့်ဖို့လိုပါတယ်။ ဘာလို့လဲဆိုရင် သူတို့ဟာ COVID 19 ရောဂါ ကာကွယ်တိုက်ဖျက်တဲ့အခါမှာ ရှေ့တန်းကနေပြီးတော့ တကယ့်ကို သူတို့ မိသားစုတွေကို မပြန်ပဲနဲ့ တကယ့်ကို အားသွန်ခွန်စိုက်အသက်စွန့်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍက ကျမတို့ရဲ့ ပထမဦးစားပေးလုပ်ငန်းတခုပါ”

ကပ်ရောဂါ ကူးစက်မှုဒဏ် အဓိကခံနေရတဲ့ ရန်ကုန်တိုင်းမှာ အတည်ပြုလူနာတွေအတွက် ပြုစုစောင့်ရှောက်ဖို့နဲ့ အတည်ပြု လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေ၊ ရောဂါလက္ခဏာရှိသူတွေကိုပါ သီးသန့်ထားနိုင်မယ့် နေရာတွေကိုလည်း စီစဉ်နေကြပါတယ်။


ဗိုလ်တထောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကေတာ့ ဗိုလ်တထောင်မြို့နယ်မှာ အတည်ပြုလူနာ (၅၀၀) ထားနိုင်မယ့် နေရာတခုကို စီစဉ်နေတယ်လို့ ပြောပါတယ်။

“အခုကတော့ ပေါ့စတစ်လူနာတွေကို ထားမှာပေါ့၊ ဗိုလ်တထောင်ဈေးလမ်းအရင်ကတော့ စည်ပင်လမ်းခေါ်တာပေါ့နော်။ ပုံစံကတော့ဆေးရုံပုံစံထက် သုဝဏ္က ပုံစံလိုပါပဲ။ Positive လူနာတွေကို ဂရုစိုက်တာမျိုးလုပ်မှာပေါ့။ လူနာကတော့ ဒီတပတ်ထဲထားဖို့ ဝန်ကြီးချုပ်က ညွှန်ကြားပါတယ်။ ဝန်ကြီးချုပ်က ဒီကြာသပတေး၊ သောကြာ စထားချင်တယ်ပြော ပါတယ်။ ပထမကတော့ အဆောင် ၁၊၂၊ ၃ LC မှာ ၂၀၀လောက်ထားနိုင်တယ်လို့ မျှော်လင့်ပါတယ်ရှင့်။ အရင်ကတော့ သတ်မှတ်ထထားတဲ့ ကွာရန်တင်းစင်တာတွေ ပို့တယ်ပေါ့နော် ။ အခုကတော့ မလုံလောက်တဲ့အတွက် ကိုယ့်မြို့နယ်မှာပဲ စီစဉ်ပါဆိုတော့ အခုလို စီစဉ်ရတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ပတ်က ၆ မိုင်ခွဲမှာ ကွာရန်တင်းစင်တာစထားတယ်ပေါ့နော်။ အားလုံး ဒီမှာ စပြီးတော့ ဖွင့်တာ ၁၂ ရက်ရှိပြီပေါ့နော်။ ကျမတို့ ဒီနေ့မနက်ပဲ swab ကို ၈၆ ယောက် စစ်ပါတယ်ရှင့်။”

တာမွေမြို့နယ်မှာလည်း ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တဲ့ လူတွေကိုထားဖို့ သီးသန့်နေရာတွေကိုလည်း စတင် ပြင်ဆင်နေပြီး တာမွေ မြို့နယ်က မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းဝင်းထဲက အဆောင်အချို့မှာလည်း ကိုဗစ် ကူးစက်ခံ ရတဲ့ ရဟန်းသံဃာတွေ ရှိလာရင်ထားနိုင်ဖို့ အတွက် ပြင်ဆင်နေတယ်လို့ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှုး ဦးအောင်ကျော်အေးက ဗွီအိုအေကိုပြောပါတယ်။

“အခုဒီဘက်က မြို့နယ်တိုင်းကို ကွာရန်တင်းစင်တာထားဖို့အတွက် ညွှန်ကြားချက်ရလို့ ကျနော်တို့ တာမွေ အထက (၁)၊ တာမွေ အထက (၃)၊နေရာတွေကို ထိတွေ့လူနာတွေထားဖို့ဒီနေရာတွေမှာပြင်ထားတယ်။ အနံပျောက် စောင့်ကြည့်လူနာ ထားဖို့အတွက်ကတော့ အထက (၅)မှာ ပြင်ထားပါတယ်။ လူဦးရေ က အထက( ၁)က ၇၃ ပါ။ အထက (၃) က ၁၂၆ယောက် ပါ။ အထက (၅) အနံပျောက်က ၂၀ပါ။

ရောဂါပိုးကူးစက်သူတွေကို ရှာဖွေစစ်ဆေးတဲ့ အစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်လာနေတာကြောင့် အတည်ပြုလူနာတွေ ထပ်တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားတဲ့အတွက် နေရာတွေကို တိုးချဲ့စီစဉ်နေတာပါ။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မှာလည်း ထိတွေ့လူနာတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်မယ့် နေရာတွေကို စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူနာ ၇၀၀ ဆန့်တဲ့ ဆေးရုံတစ်ရုံကို အင်းလျားလိတ် ဟိုတယ်ဝင်းထဲမှာ ဖွင့်ဖို့ ပြင်ဆင်နေပြီး၊ သာကေတ မြို့နယ်ထဲမှာရှိတဲ့ Fortune Plaza Expo ခန်းမကို ကိုဗစ်လူနာ ၁၀၀၀ ထိကုသနိုင်မယ့် ဆေးရုံအဖြစ် ဆောင်ရွက်သွား ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အင်းလျားလိတ်ဟိုတယ်ဝင်းထဲက အဆောက်အအုံကို ကိုဗစ်လူနာ ကုသတဲ့ ခုတင် ၁၀၀၀ ဆေးရုံ အဖြစ် နိုင်ငံတကာ စံနှုန်းနဲ့ အညီ ၁၀ ရက်အတွင်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာချိန်ကစလို့ ဆေးရုံနဲ့ စောင့်ကြည့်ရေးစခန်းတွေအဖြစ် ဖောင်ကြီး၊ လှိုင်၊ သုဝဏ္ဏအားကစားကွင်း၊ ရိုးမရိပ်သာ အိမ်ရာ ၊အောင်မြင့်မိုရ် အိမ်ရာတို့လည်း ဖွင့်လှစ်ထားပါတယ်။

XS
SM
MD
LG