သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ေသဆံုးသူ ေလ်ာ့က်ေရးနဲ႔ အေျခအေနအရပ္ရပ္ (အဂၤါည ေဆြးေႏြးခန္း)


ရန္ကုန္ၿမိဳ႕ Quaratine Center တခုတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ PPE ဝတ္စံုႏွင့္ လုပ္အားေပးမ်ား။ (စက္တင္ဘာ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

ဒီကေန႔အစီအစဥ္မွာေတာ့ ျမန္မာႏိုင္ငံတြင္း လက္ရွိ COVID-19 ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္မႈနဲ႔စပ္လ်ဥ္းတဲ့ အေျခအေနအရပ္ရပ္ကို သီးျခား ဆက္သြယ္ေမးျမန္းထားတာ ထုတ္လႊင့္ေပးမွာပါ။

ျမန္မာႏိုင္ငံတြင္းမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးမႈႏႈန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုရင္ အိမ္မွာေနၿပီးေတာ့ ေဆးၿမီးတိုနဲ႔ ကုေနတာမ်ိဳးမလုပ္ဘဲ ေဆး႐ုံကိုေစာေစာပို႔ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္၊ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက အႀကံေပးပါတယ္။ ေသြးထဲမွာ ေအာက္ဆီဂ်င္ က်လာတာမ်ိဳး၊ အဆုတ္ထဲမွာ အဆုတ္ေယာင္လကၡဏာ စ ေနတာမ်ိဳးေတြကို စစ္ေဆး ဓာတ္မွန္႐ိုက္ၾကည့္မွသာ သိႏိုင္မွာျဖစ္တာေၾကာင့္ ေဆး႐ုံကို ေစာေစာေရာက္တယ္ဆိုရင္ အသက္ကယ္ဖို႔ အခ်ိန္မီႏိုင္မွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ကိုဗစ္ေရာဂါ ရွိမရွိ အလ်င္အျမန္စစ္ေဆးႏိုင္မယ့္ ပစၥည္း (Antigen Test Kit) ေတြကို ခ႐ိုင္ေဆး႐ုံႀကီးေတြကို ျဖန႔္ေဝေပးၿပီး ကိုဗစ္ေရာဂါနဲ႔ ထိပ္တိုက္ရင္ဆိုင္ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေရာဂါပိုး ကူးစက္မႈသံသယနဲ႔ ေစာင့္ၾကည့္ခံေနရသူေတြ၊ ေရာဂါပိုး ကူးစက္တယ္လို႔ ဓာတ္ခြဲအတည္ျပဳထားသူေတြနဲ႔ တိုက္႐ိုက္ ထိစပ္မႈရွိထားသူေတြကို ဦးစားေပးၿပီး စစ္ေဆးသြားမယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

မ်ားမ်ားနဲ႔ ျမန္ျမန္စစ္ႏိုင္မယ္ဆိုရင္ ကိုဗစ္ေရာဂါ ပ်ံ႕နံွံ႔ကူးစက္မႈ ထိန္းခ်ဳပ္ေရးမွာ အမ်ားႀကီး အေထာက္အကူ ျဖစ္လာလိမ့္မယ္လို႔လည္း ေဒါက္တာသန္းႏိုင္စိုးကဆိုပါတယ္။ ဆက္သြယ္ေမးျမန္းခ်က္ အျပည့္အစုံမွာ နားဆင္ႏိုင္ပါတယ္။

-------------------------

(Unicode)

ကိုဗစ်ကြောင့်သေဆုံးသူ လျော့ကျရေးနဲ့ အခြေအနေအရပ်ရပ် (အင်္ဂါည ဆွေးနွေးခန်း)

ဒီကနေ့အစီအစဉ်မှာတော့ မြန်မာနိုင်ငံတွင်း လက်ရှိ COVID-19 ရောဂါ ပျံ့နှံ့ကူးစက်မှုနဲ့စပ်လျဉ်းတဲ့ အခြေအနေအရပ်ရပ်ကို သီးခြား ဆက်သွယ်မေးမြန်းထားတာ ထုတ်လွှင့်ပေးမှာပါ။

မြန်မာနိုင်ငံတွင်းမှာ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အိမ်မှာနေပြီးတော့ ဆေးမြီးတိုနဲ့ ကုနေတာမျိုးမလုပ်ဘဲ ဆေးရုံကိုစောစောပို့ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက အကြံပေးပါတယ်။ သွေးထဲမှာ အောက်ဆီဂျင် ကျလာတာမျိုး၊ အဆုတ်ထဲမှာ အဆုတ်ယောင်လက္ခဏာ စ နေတာမျိုးတွေကို စစ်ဆေး ဓာတ်မှန်ရိုက်ကြည့်မှသာ သိနိုင်မှာဖြစ်တာကြောင့် ဆေးရုံကို စောစောရောက်တယ်ဆိုရင် အသက်ကယ်ဖို့ အချိန်မီနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ရောဂါ ရှိမရှိ အလျင်အမြန်စစ်ဆေးနိုင်မယ့် ပစ္စည်း (Antigen Test Kit) တွေကို ခရိုင်ဆေးရုံကြီးတွေကို ဖြန့်ဝေပေးပြီး ကိုဗစ်ရောဂါနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါပိုး ကူးစက်မှုသံသယနဲ့ စောင့်ကြည့်ခံနေရသူတွေ၊ ရောဂါပိုး ကူးစက်တယ်လို့ ဓာတ်ခွဲအတည်ပြုထားသူတွေနဲ့ တိုက်ရိုက် ထိစပ်မှုရှိထားသူတွေကို ဦးစားပေးပြီး စစ်ဆေးသွားမယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

များများနဲ့ မြန်မြန်စစ်နိုင်မယ်ဆိုရင် ကိုဗစ်ရောဂါ ပျံ့နံှံ့ကူးစက်မှု ထိန်းချုပ်ရေးမှာ အများကြီး အထောက်အကူ ဖြစ်လာလိမ့်မယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံမှာ နားဆင်နိုင်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG