သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာလ မီဒီယာေတြ သတင္းယူခြင့္ျပဳဖုိ႔ သတင္းမီဒီယာေကာင္စီေတာင္းဆုိ


ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အဝင္အထြက္ ကန္႔သတ္ပိတ္ဆုိ႔ထားတဲ့ လမ္းတခုအနီး ျဖတ္သြားတဲ့ ေဒသခံတဦး။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာတာေၾကာင့္ အိမ္မွာပဲေနဖုိ႔ အမိန္႔ထုတ္ထားတဲ့အတြက္ မီဒီယာေတြ သတင္းရယူဖုိ႔ အခက္ႀကံဳေနရတဲ့ ကိစၥကုိ ေျဖရွင္းေပးဖုိ႔ သတင္းမီဒီယာေကာင္စီက တုိက္တြန္းလုိက္တဲ့အေၾကာင္း ကို ထက္ေအာင္ခန္႔ေျပာျပမွာပါ။

တေက်ာ့ျပန္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြနဲ႔ ကူးစက္မႈေတြ တုိးလာတာေၾကာင့္ ရန္ကုန္တုိင္းမွာ အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ထားတာေၾကာင့္ သတင္းမီဒီယာလုပ္ငန္းေတြမွာ အခက္အခဲေတြ ႀကံဳေနရတာနဲ႔ ပတ္သက္လုိ႔ ျပန္ၾကားေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြနဲ႔ အဂၤါေန႔မွာ ေဆြးေႏြးခဲ့ၾကတာပါ။ သတင္းမီဒီယာေတြရဲ႕ အခက္အခဲနဲ႔ ပတ္သက္လုိ႔ ျပန္ၾကားေရးနဲ႔ က်န္းမာေရး ၀န္ႀကီးဌာနေတြကုိ အသိေပးအေၾကာင္းၾကားခဲ့ၿပီးေနာက္ ေတြ႔ဆုံခဲ့တာျဖစ္ေၾကာင္း သတင္းမီဒီယာေကာင္စီက တြဲဖက္အတြင္းေရးမွဴး (၁) ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“ျပန္ၾကားေရး ၀န္ႀကီးဌာနက ေကာင္စီက ပို႔တဲ့စာေတြ သတင္းစာတိုက္အခ်ိဳ႕က သတင္းဌာနအေနနဲ႔ အကူအညီ သတင္းရယူခြင့္နဲ႔ ပတ္သက္တာေတြကို အထက္ကို တင္ျပတယ္ေပါ့။ အထက္ဆိုတာ အမ်ိဳးသား ကိုဗစ္ေကာ္မတီ က်န္းမာေရး ၀န္ႀကီးဌာန ဒီဟာအမိန္႔ကို ထုတ္တဲ့ သက္ဆိုင္ရာ ၀န္ႀကီးဌာနေတြကုိ တင္ျပတယ္။ သို႔ေသာ္ လတ္တေလာ အေနအထားအထိ လတ္တေလာ အေျခအေနထိ ခြင့္ျပဳတဲ့ အေန အထားမရွိေသးဘူးေပါ့ေနာ္။ ၀န္ႀကီးကေတာ့ သူတို႔ ၀န္ႀကီးဌာန ဆံုးျဖတ္တဲ့ သူတို႔ ၀န္ႀကီးဌာနက ဆံုးျဖတ္ ပိုင္ခြင့္ ရွိတဲ့ဟာ မဟုတ္ဘူးလို႔ေျပာတယ္။ ဒါေၾကာင့္ ဒီဘက္က အခက္အခဲ အေျခအေနေတြကို သူတို႔ဆီေပးပို႔ရင္ သူတို႔က သက္ဆိုင္တဲ့ ၀န္ႀကီးဌာနကို ဆက္ၿပီး တင္ျပေပးသြားမယ္လို႔ အဲ့လိုေျပာတယ္။”

ရန္ကုန္တုိင္းအတြင္း အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ ျခြင္းခ်က္အျဖစ္ အမ်ားျပည္သူ လိုအပ္ခ်က္ျဖစ္တဲ့ စက္သံုးဆီ ၊ ေဆး၀ါး ၊ ေရသန္႔လုပ္ငန္း၊ ေရေၾကာင္း၊ ေလေၾကာင္း၊ အေကာက္ခြန္နဲ႔ မိုဘိုင္းဖုန္း၀န္ေဆာင္မႈ လုပ္ငန္းေတြကိုေတာ့ ခြင္ျပဳထားပါတယ္။

က်န္းမာေရး၀န္ႀကီးဌာန ကူးစက္ ေရာဂါ တိုက္ဖ်က္ေရး ဌာနခြဲက ညႊန္ၾကားေရးမွဴး ေဒါက္တာ ခင္ခင္ႀကီးကေတာ့ သတင္းသမားေတြအေနနဲ႔ လိုအပ္လို႔ သတင္းရယူတဲ့အခါမွာ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရး အာဏာပိုင္ေတြဆီက ခြင့္ျပဳမိန္႔ ေတာင္းၿပီး သတင္းရယူႏုိင္တယ္လို႔ အခုလို ေျပာပါတယ္။

“ သတင္းရယူတဲ့အခါမွာ သတင္းရယူတဲ့ ကိစၥရပ္ေတြ ဒါမ်ိဳးေတြက လိုအပ္တဲ့ ကိစၥ အဲ့မွာလည္း ထုတ္ျပန္တဲ့ Stay At Home မွာ ပါပါတယ္။ လိုအပ္တဲ့ ကိစၥရပ္ေတြဆိုရင္ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးဆီမွာ တင္ျပ ၊ ကိုယ့္ၿမိဳ႕နယ္မွာ တင္ျပေတာင္းခံၿပီးေတာ့ ေဆာင္ရြက္ႏိုင္တယ္ဆိုတဲ့ ကိစၥေတြရွိပါတယ္။ ဒါေတြက ခုနက ေျပာသလို Stay At Home မွာ အေသးစိတ္ ကႀကီးကေန အ အထိ မေဖာ္ျပႏိုင္ဘူး။ အေသးစိတ္ ေဖာ္ျပဖို႔ လည္းမလိုပါဘူး။ ေဖာ္ျပႏိုင္စြမ္းလည္း မရွိပါဘူး။ အမိန္႔ဆိုတာ တိုတိုတုတ္တုတ္နဲ႔ ျပည္သူနားလည္ႏိုင္ဖို႔ အဓိက ျဖစ္ပါတယ္။ ကိုယ့္ရဲ႕လုပ္ငန္း လိုအပ္ခ်က္အရ လိုအပ္တယ္ဆိုရင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး အာဏာပိုင္ေတြဆီမွာ ခြင့္ျပဳခ်က္ေတာင္းၿပီး လုပ္ရမွာ ျဖစ္ပါတယ္။”

ကပ္ေရာဂါကာလ အခက္အခဲႀကံဳေနရသူေတြကုိ အစုိးရက အေထာက္အပံ့ေပးေနတဲ့အထဲမွာ သတင္းမီဒီယာေတြကုိလည္း စတင္ေထာက္ပံ့ဖုိ႔ စီစဥ္ေနပါတယ္။ သတင္း၊ ႐ုပ္ရွင္၊ ဂီတ၊သဘင္ စာေပ နယ္ပယ္ ၅ ခုမွာ တခုစီအတြက္ က်ပ္ေငြသိန္း ၃၀၀ စုစုေပါင္း သိန္း ၁၅၀၀ ေထာက္ပံ့သြားမွာျဖစ္ေၾကာင္းလည္း ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“လူတိုင္းေတာ့မဟုတ္ဘူး သူတို႔နယ္ပယ္ သတင္းေကာ ရုပ္ရွင္ေကာ ဂီတေကာ သဘင္ေကာ စာေရးဆရာ ေကာေပါ့ေနာ္။ အဲ့နယ္ပယ္ ၅ ခုအတြက္ကို သူတို႔က နယ္ပယ္ တခုစုအတြက္ကုိ သိန္း ၃၀၀။ သိန္း ၃၀၀ ဆိုေတာ့ နယ္ပယ္ ၅ ခုအတြက္ အားလံုးေပါင္း သိန္း ၁၅၀၀ အဲ့ဒါက မေန႔က ဘတ္ဂ်က္အရ အတည္ျပဳတယ္။ ကိုဗစ္နဲ႔ ပတ္သက္သတ္တဲ့ဟာ ခက္ခဲတာ ကူညီေပးဖို႔ဆိုၿပီး။ သတင္းမီဒီယာသတင္းေတြအတြက္ သိန္း ၃၀၀ ဆိုေတာ့ သတင္းမီဒီယာအဖြဲ႕အစည္းေတြ ဘက္က တိုင္ပင္ၿပီးေတာ့ စီမံခန္႔ခြဲၾကရမွာေပါ့။ ဆိုေတာ့ ေကာင္စီကို မနက္ျဖန္ လႊဲေပးမယ္။ ေကာင္စီကတဆင့္ မီဒီယာ အဖြဲ႕အစည္းေတြ သတင္းသမား အဖြဲ႕အစည္းေတြ အႀကံ ဥာဏ္ျပဳၾကၿပီး ဘယ္လို သတင္းသမားေတြ ခြဲေ၀ေပးမလဲလို႔ေပါ့ေနာ္။ ဆိုလိုခ်င္တာေတာ့ အကယ္၍ တေယာက္ကို ၃ ေသာင္းလို႔ ေယဘုယ် သတ္မွတ္မယ္ဆိုရင္ လူ ၁ ေထာင္စာ သတင္းသမား ၁ ေထာင္စာ ရမွာ ေပါ့ေနာ္။”

ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြေၾကာင့္ လပုိင္းအတြင္း ကူးစက္သူ ၁ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ၂၀၀ ေက်ာ္ တုိးလာခဲ့ၿပီးေနာက္ အစုိးရက ကပ္ေရာဂါအေရးေပၚကာလ ကန္႔သတ္ခ်က္ေတြကုိလည္း ေနာက္ထပ္ ၁ လ တုိးျမွင့္ထားပါတယ္။ COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအမ်ဳိးသားအဆင့္ ဗဟုိေကာ္မတီဥကၠ႒ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ၾကဖုိ႔နဲ႔ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကုိ လုိက္နာၾကဖုိ႔လည္း တနလၤာေန႔တုန္း က အြန္လုိင္းက ေျပာၾကားတဲ့ မိန္႔ခြန္းမွာ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကပ်ရောဂါကာလ မီဒီယာတွေ သတင်းယူခွင့်ပြုဖို့ သတင်းမီဒီယာကောင်စီတောင်းဆို

(Unicode)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာကြောင့် အိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားတဲ့အတွက် မီဒီယာတွေ သတင်းရယူဖို့ အခက်ကြုံနေရတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ သတင်းမီဒီယာကောင်စီက တိုက်တွန်းလိုက်တဲ့အကြောင်း ကို ထက်အောင်ခန့်ပြောပြမှာပါ။

တကျော့ပြန်ကပ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်မှုတွေ တိုးလာတာကြောင့် ရန်ကုန်တိုင်းမှာ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကြောင့် သတင်းမီဒီယာလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ကြတာပါ။ သတင်းမီဒီယာတွေရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေကို အသိပေးအကြောင်းကြားခဲ့ပြီးနောက် တွေ့ဆုံခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီက တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြောပါတယ်။

“ပြန်ကြားရေး ဝန်ကြီးဌာနက ကောင်စီက ပို့တဲ့စာတွေ သတင်းစာတိုက်အချို့က သတင်းဌာနအနေနဲ့ အကူအညီ သတင်းရယူခွင့်နဲ့ ပတ်သက်တာတွေကို အထက်ကို တင်ပြတယ်ပေါ့။ အထက်ဆိုတာ အမျိုးသား ကိုဗစ်ကော်မတီ ကျန်းမာရေး ဝန်ကြီးဌာန ဒီဟာအမိန့်ကို ထုတ်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြတယ်။ သို့သော် လတ်တလော အနေအထားအထိ လတ်တလော အခြေအနေထိ ခွင့်ပြုတဲ့ အနေ အထားမရှိသေးဘူးပေါ့နော်။ ဝန်ကြီးကတော့ သူတို့ ဝန်ကြီးဌာန ဆုံးဖြတ်တဲ့ သူတို့ ဝန်ကြီးဌာနက ဆုံးဖြတ် ပိုင်ခွင့် ရှိတဲ့ဟာ မဟုတ်ဘူးလို့ပြောတယ်။ ဒါကြောင့် ဒီဘက်က အခက်အခဲ အခြေအနေတွေကို သူတို့ဆီပေးပို့ရင် သူတို့က သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို ဆက်ပြီး တင်ပြပေးသွားမယ်လို့ အဲ့လိုပြောတယ်။”

ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ခြွင်းချက်အဖြစ် အများပြည်သူ လိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီ ၊ ဆေးဝါး ၊ ရေသန့်လုပ်ငန်း၊ ရေကြောင်း၊ လေကြောင်း၊ အကောက်ခွန်နဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှု လုပ်ငန်းတွေကိုတော့ ခွင်ပြုထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကတော့ သတင်းသမားတွေအနေနဲ့ လိုအပ်လို့ သတင်းရယူတဲ့အခါမှာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး အာဏာပိုင်တွေဆီက ခွင့်ပြုမိန့် တောင်းပြီး သတင်းရယူနိုင်တယ်လို့ အခုလို ပြောပါတယ်။

“ သတင်းရယူတဲ့အခါမှာ သတင်းရယူတဲ့ ကိစ္စရပ်တွေ ဒါမျိုးတွေက လိုအပ်တဲ့ ကိစ္စ အဲ့မှာလည်း ထုတ်ပြန်တဲ့ Stay At Home မှာ ပါပါတယ်။ လိုအပ်တဲ့ ကိစ္စရပ်တွေဆိုရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြ ၊ ကိုယ့်မြို့နယ်မှာ တင်ပြတောင်းခံပြီးတော့ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ ကိစ္စတွေရှိပါတယ်။ ဒါတွေက ခုနက ပြောသလို Stay At Home မှာ အသေးစိတ် ကကြီးကနေ အ အထိ မဖော်ပြနိုင်ဘူး။ အသေးစိတ် ဖော်ပြဖို့ လည်းမလိုပါဘူး။ ဖော်ပြနိုင်စွမ်းလည်း မရှိပါဘူး။ အမိန့်ဆိုတာ တိုတိုတုတ်တုတ်နဲ့ ပြည်သူနားလည်နိုင်ဖို့ အဓိက ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်း လိုအပ်ချက်အရ လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်တောင်းပြီး လုပ်ရမှာ ဖြစ်ပါတယ်။”

ကပ်ရောဂါကာလ အခက်အခဲကြုံနေရသူတွေကို အစိုးရက အထောက်အပံ့ပေးနေတဲ့အထဲမှာ သတင်းမီဒီယာတွေကိုလည်း စတင်ထောက်ပံ့ဖို့ စီစဉ်နေပါတယ်။ သတင်း၊ ရုပ်ရှင်၊ ဂီတ၊သဘင် စာပေ နယ်ပယ် ၅ ခုမှာ တခုစီအတွက် ကျပ်ငွေသိန်း ၃၀၀ စုစုပေါင်း သိန်း ၁၅၀၀ ထောက်ပံ့သွားမှာဖြစ်ကြောင်းလည်း ဦးမြင့်ကျော်က ပြောပါတယ်။

“လူတိုင်းတော့မဟုတ်ဘူး သူတို့နယ်ပယ် သတင်းကော ရုပ်ရှင်ကော ဂီတကော သဘင်ကော စာရေးဆရာ ကောပေါ့နော်။ အဲ့နယ်ပယ် ၅ ခုအတွက်ကို သူတို့က နယ်ပယ် တခုစုအတွက်ကို သိန်း ၃၀၀။ သိန်း ၃၀၀ ဆိုတော့ နယ်ပယ် ၅ ခုအတွက် အားလုံးပေါင်း သိန်း ၁၅၀၀ အဲ့ဒါက မနေ့က ဘတ်ဂျက်အရ အတည်ပြုတယ်။ ကိုဗစ်နဲ့ ပတ်သက်သတ်တဲ့ဟာ ခက်ခဲတာ ကူညီပေးဖို့ဆိုပြီး။ သတင်းမီဒီယာသတင်းတွေအတွက် သိန်း ၃၀၀ ဆိုတော့ သတင်းမီဒီယာအဖွဲ့အစည်းတွေ ဘက်က တိုင်ပင်ပြီးတော့ စီမံခန့်ခွဲကြရမှာပေါ့။ ဆိုတော့ ကောင်စီကို မနက်ဖြန် လွှဲပေးမယ်။ ကောင်စီကတဆင့် မီဒီယာ အဖွဲ့အစည်းတွေ သတင်းသမား အဖွဲ့အစည်းတွေ အကြံ ဉာဏ်ပြုကြပြီး ဘယ်လို သတင်းသမားတွေ ခွဲဝေပေးမလဲလို့ပေါ့နော်။ ဆိုလိုချင်တာတော့ အကယ်၍ တယောက်ကို ၃ သောင်းလို့ ယေဘုယျ သတ်မှတ်မယ်ဆိုရင် လူ ၁ ထောင်စာ သတင်းသမား ၁ ထောင်စာ ရမှာ ပေါ့နော်။”

ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေကြောင့် လပိုင်းအတွင်း ကူးစက်သူ ၁ သောင်းကျော်နဲ့ သေဆုံးသူ ၂၀၀ ကျော် တိုးလာခဲ့ပြီးနောက် အစိုးရက ကပ်ရောဂါအရေးပေါ်ကာလ ကန့်သတ်ချက်တွေကိုလည်း နောက်ထပ် ၁ လ တိုးမြှင့်ထားပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့လည်း တနင်္လာနေ့တုန်း က အွန်လိုင်းက ပြောကြားတဲ့ မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG