သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ဓါတ်ခွဲအတည်ပြု ၁၃,၃၇၃ဦး၊ သေဆုံး ၃၁၀ ဦး


ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၂၀)
ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးထပ်တိုးပြီး စုစုပေါင်းသေဆုံးသူ ၃၁၀ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၆,၂၆၂ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၉၄၆ ဦး ထပ်တွေ့ပါတယ်။ ဒါကြောင့် အခုဆိုရင် ရောဂါပိုး ကူးစက်ထားသူပေါင်း ၁၃,၃၇၃ ဦး ရှိသွားပါပြီ။

ဆေးရုံကဆင်းခွင့်ရသူ ၃၆၄ ဦး ထပ်တိုးပြီး ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၃,၇၅၅ ဦး ရှိပါပြီ။

နေ့စဉ် ဓာတ်ခွဲစစ်ဆေးသူအရေအတွက် တိုးလာတာနဲ့အမ ျှ ရောဂါပိုး ကူးစက်သူတွေ ပိုတွေ့လာရတာဖြစ်ပြီး ၂၄ နာရီအတွင်း ၁,၀၀၀ နီးပါးအရေအတွက်ထိ ရောက်လာနေတာပါ။

အခုနောက်ဆုံး ထုတ်ပြန်ချိန်ထိဆိုရင် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းက ၂၉၆,၀၄၁ ခု ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ မြို့နယ်အလိုက် ရောဂါပိုးကူးစက်သူအရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်ခံရသူအရေအတွက်ဟာ နေ့စဉ် အများဆုံးဖြစ်နေဆဲပါပဲ။

လူထုကြားမှာလည်း ရောဂါပိုးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုတိုးလာနေပြီး COVID-19 ရောဂါနဲ့ ပတ်သက်လို့၊ ရောဂါပိုးကူးစက်ပုံ၊ ကုသပုံ စတာတွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်မျိုးစုံ ပျံ့နှံ့နေပါတယ်။

အခုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ "COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်" တစ်ခုကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ စတင်ထုတ်လွှင့်ပေးနေပြီဖြစ်ပြီး ဒီရောဂါအကြောင်း မေးမြန်းထားတာတွေကို ကျန်းမာရေးပညာရှင်တွေက ဖြေဆိုပေးနေပါတယ်။

လူထုအနေနဲ့ COVID-19 ရောဂါအကြောင်း သိလိုတာတွေကို မေးမြန်းနိုင်ပြီး တူရာမေးခွန်းတွေကို စုပေါင်းဖြေဆိုပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါတယ်။

မြန်မာ ကိုဗစ်ဓါတ်ခွဲအတည်ပြု ၁၃,၃၇၃ဦး၊ သေဆုံး ၃၁၀ ဦး
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG