[Zawgyi/Unicode]
ကုိဗစ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံကုိ ထုိင္းႏုိင္ငံနယ္စပ္ မဲေဆာက္ၿမိဳ႕တာ၀န္ရွိသူေတြနဲ႔ ကုန္သည္ေတြက ေဆးဘက္ဆုိင္ရာပစၥည္း အကူအညီေတြ ေပးအပ္ခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။
ထိုင္းျမန္မာနယ္စပ္ တာ့ခ္ ခရိုင္ မဲေဆာက္ၿမိဳ႕ပိုင္နဲ ့ ကုန္သည္ၾကီးမ်ားအသင္း ထိုင္းက်န္းမာေရးဆိုင္ရာ အဖြဲ႔အစည္းေတြက ျမန္မာႏုိင္ငံ နယ္စပ္ျမိဳ႕ျဖစ္တဲ့ ျမ၀တီျမိဳ႕အတြက္ ကိုဗစ္-၁၉ ကာကြယ္ကုသေရး ေဆးဘက္ဆိုင္ရာပစၥည္း ၅ တန္ေလာက္ကုိ ကုန္တင္ကား ၂ စီးနဲ႔ လဲႊေျပာင္းေပးလုိက္တာပါ။ ထုိင္းႏုိင္ငံက ေပးပုိ႔တဲ့ အကူအညီေတြကုိေတာ့ ျမ၀တီခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က လက္ခံရယူခဲ့ပါတယ္။
တာ့ခ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး Mr. Orrasit Samphantharat ကေတာ့ ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတဲ့ ျမန္မာႏုိင္ငံကုိ ေဆးဘက္ဆိုင္ရာ အကူအညီေတြ ေပးအပ္ရတဲ့အေၾကာင္းကုိ မေန႔တုန္းက အခုလုိ ရွင္းျပသြားပါတယ္။
ျမ၀တီမွာ ကိုဗစ္ေရာဂါကူးဆက္ျပန္ ့ပြားေနတဲ့ ေနတာကေတာ့ ေလာေလာဆယ္ ျမ၀တီအုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြရဲ႕ အတည္ျပဳခ်က္အရ ကိုဗစ္လူနာ ငါး ဦးရွိျပီး ႏွစ္ဦးဟာ ေရာဂါေပ်ာက္ကင္းသြားျပီ ျဖစ္ေၾကာင္းနဲ႔ ကူးစက္ခံရသူေတြဟာ ရန္ကုန္ကေန လာတဲ့သူေတြျဖစ္ျပီး အိႏိၵယနဲ ့ ဘဂၤလားေဒ့ရွ္နယ္စပ္က ကူးစက္တာလုိ႔ သိရွိရေၾကာင္း တာ့ခ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ထုိင္းဘာသာနဲ႔ ေျပာဆိုခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ နယ္စပ္ေဒသ အ၀င္အထြက္ေတြ တင္းၾကပ္ထားတဲ့ ထုိင္းႏုိငံကေတာ့ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္သူေတြကုိ ဆက္တုိက္ဆုိသလုိ ဖမ္းဆီးၿပီး ေစာင့္ၾကည့္ေရးစင္တာေတြကို ပုိ႔ေနပါတယ္။
ထုိင္း ဒု၀န္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရး၀န္ၾကီးလည္းျဖစ္တဲ့ Don Pramudwinai က ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ ျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံကို ကူညီမယ့္အေၾကာင္း ဒီသီတင္းပတ္ထဲ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ (CCSA) အစည္းအေ၀းအျပီးမွာ ေျပာဆုိခဲ့ၿပီးေနာက္ အခုလုိ ေထာက္ပံ့လုိက္တာလည္း ျဖစ္ပါတယ္။
ထိုင္းႏိုင္ငံဘက္ကေတာ့ ကိုဗစ္ေရာဂါ နယ္စပ္ေဒသေတြဆီ ပ်ံ႕ႏွံ႔လာေနမႈကို တားဆီးကာကြယ္နိုင္ဖို႔အေရး ေဆး၀ါးနဲ႔ ကာကြယ္ေရး ကုသေရး အေတြ႔အႀကံဳေတြ ဖလွယ္ ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔လည္း ေျပာဆိုထားပါတယ္။
[Unicode Version]
ထိုင်းမဲဆောက်မြို့မှ မြန်မာမြဝတီမြို့အတွက် ဆေးအကူအညီပေး
ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ် ခရိုင် မဲဆောက်မြို့ပိုင်နဲ့ ကုန်သည်ကြီးများအသင်း ထိုင်းကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အတွက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ၅ တန်လောက်ကို ကုန်တင်ကား ၂ စီးနဲ့ လွဲှပြောင်းပေးလိုက်တာပါ။ ထိုင်းနိုင်ငံက ပေးပို့တဲ့ အကူအညီတွေကိုတော့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က လက်ခံရယူခဲ့ပါတယ်။
တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Orrasit Samphantharat ကတော့ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ရတဲ့အကြောင်းကို မနေ့တုန်းက အခုလို ရှင်းပြသွားပါတယ်။
မြဝတီမှာ ကိုဗစ်ရောဂါကူးဆက်ပြန့်ပွားနေတဲ့ နေတာကတော့ လောလောဆယ် မြဝတီအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ အတည်ပြုချက်အရ ကိုဗစ်လူနာ ငါး ဦးရှိပြီး နှစ်ဦးဟာ ရောဂါပျောက်ကင်းသွားပြီ ဖြစ်ကြောင်းနဲ့ ကူးစက်ခံရသူတွေဟာ ရန်ကုန်ကနေ လာတဲ့သူတွေဖြစ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကူးစက်တာလို့ သိရှိရကြောင်း တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ထိုင်းဘာသာနဲ့ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်ဒေသ အဝင်အထွက်တွေ တင်းကြပ်ထားတဲ့ ထိုင်းနိုငံကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးပြီး စောင့်ကြည့်ရေးစင်တာတွေကို ပို့နေပါတယ်။
ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ရောဂါကူးစက်မှုတွေ တကျော့ပြန် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို ကူညီမယ့်အကြောင်း ဒီသီတင်းပတ်ထဲ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့ပြီးနောက် အခုလို ထောက်ပံ့လိုက်တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကတော့ ကိုဗစ်ရောဂါ နယ်စပ်ဒေသတွေဆီ ပျံ့နှံ့လာနေမှုကို တားဆီးကာကွယ်နိုင်ဖို့အရေး ဆေးဝါးနဲ့ ကာကွယ်ရေး ကုသရေး အတွေ့အကြုံတွေ ဖလှယ် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။