သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံက အလုပ္အကုိင္ျပပြဲ ပရိသတ္ေတြမ်ား


ဘန္ေကာက္ၿမိဳ႕ရွိ အထည္ခ်ဳပ္္စက္႐ုံတခုမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းတဦး။ (ေမ ၃၀၊ ၂၀၁၆)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ ဒီသီတင္းပတ္ကုန္ပိုင္းက ဖြင့္ခဲ့တဲ့ အလုပ္အကိုင္ျပပြဲမွာ အလုပ္ေလွ်ာက္သူေတြနဲ႔ ႀကိတ္ႀကိတ္တိုး စည္ကားခဲ့တဲ့အေၾကာင္း Reuters သတင္းတပုဒ္ကို မဆုမြန္ တင္ျပေပးထားပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေဘးအတြင္း အလုပ္ျပဳတ္ကုန္ၾကသူေတြ ေတာင္လိုပံုလာေနတဲ့အေရးကို ေျဖရွင္းတဲ့အေနနဲ႔ အစိုးရက ဒီအလုပ္အကိုင္ျပပြဲကေန လူ ၁ သန္းေက်ာ္ကို အလုပ္ေပးႏိုင္မယ္လို႔ ေျပာထားပါတယ္။

ခ်ာနစၥာရာ ပရြန္မာ့စ္က ၂၃ ႏွစ္အရြယ္ အလုပ္လက္မဲ့ တေယာက္ပါ။

“အရင္တုန္းက ေဟာင္ေကာင္အဲယားလိုင္းမွာ လုပ္ခဲ့တာကေန ကပ္ေရာဂါဆိုက္ေတာ့ က်မ အလုပ္ျပဳတ္သြားပါတယ္။ ကုမၸဏီက ကုန္က်စရိတ္ မတတ္ႏိုင္လို႔ ဝန္ထမ္းေတြကို ေလွ်ာ့ခ်ခဲ့တာပါ။”

ပူတာ့နီးစ္ စစ္ပ္ခ်ဳိင္းကလည္း ၂၅ ႏွစ္အရြယ္ အလုပ္လက္မဲ့ပါပဲ။

“အခု ဒီ အလုပ္ရွာေဖြေရး ေအဂ်င္စီေတြမွာ ေလွ်ာက္ၾကည့္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ အလုပ္ ၈ မ်ဳိး၊ ၉ မ်ဳိးေလာက္ ေလွ်ာက္ခဲ့ပါတယ္။”

အသက္ ၅၀ ရွိၿပီျဖစ္တဲ့ တီးရာ မာဂြမ္ပိုင္ကလည္း ကပ္ေရာဂါေဘးအတြင္း အလုပ္ျပဳတ္ခဲ့သူပါ။

“က်ေနာ့္လိုအရြယ္ေတြေတာင္ အလုပ္လာေလွ်ာက္တာကိုၾကည့္ရင္ အလုပ္လက္မဲ့ ဘယ္ေလာက္ေတာင္မ်ားေနလဲ သိႏုိင္ပါတယ္။ ပထမဆံုး အလုပ္ရွာသူေတြနဲ႔ ၿပိဳင္ၿပီး အလုပ္ေလွ်ာက္ေနရၿပီး ကေလးေတြကို ဦးစားေပးသင့္တယ္လို႔လည္း ေတြးမိပါတယ္။ ဒါေပမယ့္လည္း အလုပ္ျပဳတ္လို႔ အလုပ္သစ္ရွာသူေတြနဲ႔ ပထမဆံုး အလုပ္ေလွ်ာက္တဲ့ လူငယ္ေတြဟာ အေရအတြက္ ဆတူေလာက္ျဖစ္ေနတယ္လို႔ ထင္ပါတယ္။”

ကမၻာလွည့္ခရီးသြားလုပ္ငန္းေတြ ထိခုိက္က်ဆင္းလာတာနဲ႔အမွ် အေရွ႕ေတာင္အာရွရဲ႕ ဒုတိယအႀကီးဆံုး စီးပြားေရးတိုးတက္တဲ့ ထိုင္းႏုိင္ငံဟာ ဒီႏွစ္မွာေတာ့ ၈.၅ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားႏိုင္ေၾကာင္း အစိုးရက ခန္႔မွန္းထားပါတယ္။

ႏိုပ္ပါဝန္ ခ်န္ပရာတတ္ဒ္က ၃၂ ႏွစ္အရြယ္ အလုပ္ရွာေဖြေရးက ဝန္ထမ္းတေယာက္ပါ။

“အသက္အရြယ္အလိုက္ စီထားမယ္ဆို အလုပ္ေလွ်ာက္သူေတြကေတာ့ အမ်ဳိးမ်ဳိးပါပဲ။ ဘြဲ႔ရကာစ လူငယ္ေတြပါသလို လူႀကီးပိုင္းေတြလည္း ပါပါတယ္။”

အစိုးရဌာနေတြ၊ ပုဂၢလိက ကုမၸဏီေတြနဲ႔ ႏိုင္ငံရပ္ျခား အပါအဝင္ အလုပ္အကိုင္ေပါင္း ၁.၂၄ သန္းခန္႔ ေပးႏိုင္မွာျဖစ္ပါတယ္။ ပုဂၢလိက အခန္းက႑မွာ ငွားရမ္းတဲ့ ေက်ာင္းၿပီးစ ဘြဲ႔ရလူငယ္ေပါင္း ၂ သိန္း ၆ ေသာင္းကို တႏွစ္စာ အစိုးရက ပူးတြဲက်ခံေပးတဲ့ အစီအစဥ္အရ အစိုးရက ၅၀ ရာခုိင္ႏႈန္း က်ခံေပးမွာ ျဖစ္ပါတယ္။

ထိုင္းအလုပ္သမားဝန္ႀကီး ဆပ္ခ်ရတ္ ခၽြမ္ကလင္ကလည္း အခုလို ေျပာပါတယ္။

“အခု က်ေနာ္တို႔ စီစဥ္ေပးတဲ့ အလုပ္အကိုင္ျပပြဲက အလုပ္ ေသာင္းဂဏန္းေလာက္အတြက္ မဟုတ္ပါဘူး။ အလုပ္ေပါင္း ၁ သန္းေလာက္အတြက္ပါ။”

အခု အလုပ္အကိုင္ ဖန္တီးေပးတဲ့ အစီအစဥ္ဟာ အဓိက စီးပြားေရးလုပ္ငန္းျဖစ္တဲ့ ကမၻာလွည့္ခရီးသြားလုပ္ငန္း အပါအဝင္ ကပ္ေရာဂါေဘးေၾကာင့္ ထိခိုက္သက္ေရာက္မႈေတြကို သက္သာေျပေလ်ာ့ေစဖို႔ အစိုးရက အေမရိကန္ေဒၚလာ ဘီလီယံ ၆၀ အကုန္အက်ခံတဲ့ အစီအစဥ္ေတြထဲက တခုျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ထုိင္းႏုိင္ငံအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၃,၅၂၂ ေယာက္ ရွိထားၿပီး ကန္႔သတ္ခ်က္အမ်ားစုကို ေျဖေလွ်ာ့ေပးလိုက္ၿပီး ျဖစ္ေပမယ့္ ထိုင္းႏုိင္ငံစီးပြားေရးမွာ အဓိကက်တဲ့ ကမၻာလွည့္ခရီးသြား လုပ္ငန္းကေတာ့ ဆိုးဆိုးဝါးဝါး ထိခုိက္ခဲ့ရတာပါ။ ခရီးသြားလာမႈေတြကို စၿပီး ကန္႔သတ္ပိတ္ပင္ခဲ့တဲ့ ဧၿပီလကတည္းကစၿပီး ႏုိင္ငံျခားခရီးသည္ေတြ ေရာက္မလာခဲ့ေတာ့တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းနိုင်ငံက အလုပ်အကိုင်ပြပွဲ ပရိသတ်တွေများ

ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်ပိုင်းက ဖွင့်ခဲ့တဲ့ အလုပ်အကိုင်ပြပွဲမှာ အလုပ်လျှောက်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့အကြောင်း Reuters သတင်းတပုဒ်ကို မဆုမွန် တင်ပြပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးအတွင်း အလုပ်ပြုတ်ကုန်ကြသူတွေ တောင်လိုပုံလာနေတဲ့အရေးကို ဖြေရှင်းတဲ့အနေနဲ့ အစိုးရက ဒီအလုပ်အကိုင်ပြပွဲကနေ လူ ၁ သန်းကျော်ကို အလုပ်ပေးနိုင်မယ်လို့ ပြောထားပါတယ်။

ချာနစ္စာရာ ပရွန်မာ့စ်က ၂၃ နှစ်အရွယ် အလုပ်လက်မဲ့ တယောက်ပါ။

“အရင်တုန်းက ဟောင်ကောင်အဲယားလိုင်းမှာ လုပ်ခဲ့တာကနေ ကပ်ရောဂါဆိုက်တော့ ကျမ အလုပ်ပြုတ်သွားပါတယ်။ ကုမ္ပဏီက ကုန်ကျစရိတ် မတတ်နိုင်လို့ ဝန်ထမ်းတွေကို လျှော့ချခဲ့တာပါ။”

ပူတာ့နီးစ် စစ်ပ်ချိုင်းကလည်း ၂၅ နှစ်အရွယ် အလုပ်လက်မဲ့ပါပဲ။

“အခု ဒီ အလုပ်ရှာဖွေရေး အေဂျင်စီတွေမှာ လျှောက်ကြည့်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အလုပ် ၈ မျိုး၊ ၉ မျိုးလောက် လျှောက်ခဲ့ပါတယ်။”

အသက် ၅၀ ရှိပြီဖြစ်တဲ့ တီးရာ မာဂွမ်ပိုင်ကလည်း ကပ်ရောဂါဘေးအတွင်း အလုပ်ပြုတ်ခဲ့သူပါ။

“ကျနော့်လိုအရွယ်တွေတောင် အလုပ်လာလျှောက်တာကိုကြည့်ရင် အလုပ်လက်မဲ့ ဘယ်လောက်တောင်များနေလဲ သိနိုင်ပါတယ်။ ပထမဆုံး အလုပ်ရှာသူတွေနဲ့ ပြိုင်ပြီး အလုပ်လျှောက်နေရပြီး ကလေးတွေကို ဦးစားပေးသင့်တယ်လို့လည်း တွေးမိပါတယ်။ ဒါပေမယ့်လည်း အလုပ်ပြုတ်လို့ အလုပ်သစ်ရှာသူတွေနဲ့ ပထမဆုံး အလုပ်လျှောက်တဲ့ လူငယ်တွေဟာ အရေအတွက် ဆတူလောက်ဖြစ်နေတယ်လို့ ထင်ပါတယ်။”

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ထိခိုက်ကျဆင်းလာတာနဲ့အမျှ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံဟာ ဒီနှစ်မှာတော့ ၈.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း အစိုးရက ခန့်မှန်းထားပါတယ်။

နိုပ်ပါဝန် ချန်ပရာတတ်ဒ်က ၃၂ နှစ်အရွယ် အလုပ်ရှာဖွေရေးက ဝန်ထမ်းတယောက်ပါ။

“အသက်အရွယ်အလိုက် စီထားမယ်ဆို အလုပ်လျှောက်သူတွေကတော့ အမျိုးမျိုးပါပဲ။ ဘွဲ့ရကာစ လူငယ်တွေပါသလို လူကြီးပိုင်းတွေလည်း ပါပါတယ်။”

အစိုးရဌာနတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ နိုင်ငံရပ်ခြား အပါအဝင် အလုပ်အကိုင်ပေါင်း ၁.၂၄ သန်းခန့် ပေးနိုင်မှာဖြစ်ပါတယ်။ ပုဂ္ဂလိက အခန်းကဏ္ဍမှာ ငှားရမ်းတဲ့ ကျောင်းပြီးစ ဘွဲ့ရလူငယ်ပေါင်း ၂ သိန်း ၆ သောင်းကို တနှစ်စာ အစိုးရက ပူးတွဲကျခံပေးတဲ့ အစီအစဉ်အရ အစိုးရက ၅၀ ရာခိုင်နှုန်း ကျခံပေးမှာ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီး ဆပ်ချရတ် ချွမ်ကလင်ကလည်း အခုလို ပြောပါတယ်။

“အခု ကျနော်တို့ စီစဉ်ပေးတဲ့ အလုပ်အကိုင်ပြပွဲက အလုပ် သောင်းဂဏန်းလောက်အတွက် မဟုတ်ပါဘူး။ အလုပ်ပေါင်း ၁ သန်းလောက်အတွက်ပါ။”

အခု အလုပ်အကိုင် ဖန်တီးပေးတဲ့ အစီအစဉ်ဟာ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပါအဝင် ကပ်ရောဂါဘေးကြောင့် ထိခိုက်သက်ရောက်မှုတွေကို သက်သာပြေလျော့စေဖို့ အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ အကုန်အကျခံတဲ့ အစီအစဉ်တွေထဲက တခုဖြစ်ပါတယ်။

လောလောဆယ်မှာ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၅၂၂ ယောက် ရှိထားပြီး ကန့်သတ်ချက်အများစုကို ဖြေလျှော့ပေးလိုက်ပြီး ဖြစ်ပေမယ့် ထိုင်းနိုင်ငံစီးပွားရေးမှာ အဓိကကျတဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတာပါ။ ခရီးသွားလာမှုတွေကို စပြီး ကန့်သတ်ပိတ်ပင်ခဲ့တဲ့ ဧပြီလကတည်းကစပြီး နိုင်ငံခြားခရီးသည်တွေ ရောက်မလာခဲ့တော့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG