သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
ရဲကားပေါ်က နေခုန်ချရင်းသေဆုံးသွားတဲ့ မြန်မာနိုင်ငံသား။ (၀၉၊ ၂၄၊ ၂၀၂၀)
[Zawgyi/Unicode]
ထိုင်းနိုင်ငံမှာ စမုဆာခွန်း ခရိုင် ခုပ်ခံမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ တရားမ၀င် မြန်မာနိုင်ငံသား သုံး ဦးထဲက တစ် ဦးဟာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကားပေါ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းရင်း သေဆုံးသွားတဲ့အကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။ ခုပ်ခံမြို့ ခလောင်လွမ် လမ်းမပေါ်မှာ လက်ထိပ်ကိုဖြည်ပြီး ရဲကားပေါ်က ခုန်ချထွက်ပြေးရာမှာ လမ်းပေါ်ကို ခေါင်းနဲ့ရိုက်မိရာက မတော်တဆ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့က ဒုရဲမှူး စစ်တိဖုန်း စန်စင် ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
တိုက်ရိုက် လင့်ခ်
[Unicode Version]
ထိုင်းရဲ ဖမ်းထားချိန် ထွက်ပြေးတဲ့ မြန်မာနိုင်ငံသားတစ်ဦး သေဆုံး
ကိုဗစ်ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနေပြီး၊ မနေ့တုန်းကတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် မြန်မာနိုင်ငံသားတဦး သေဆုံးသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ စမုဆာခွန်း ခရိုင် ခုပ်ခံမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ တရားမ၀င် မြန်မာနိုင်ငံသား သုံး ဦးထဲက တစ် ဦးဟာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကားပေါ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းရင်း သေဆုံးသွားတဲ့အကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။ ခုပ်ခံမြို့ ခလောင်လွမ် လမ်းမပေါ်မှာ လက်ထိပ်ကိုဖြည်ပြီး ရဲကားပေါ်က ခုန်ချထွက်ပြေးရာမှာ လမ်းပေါ်ကို ခေါင်းနဲ့ရိုက်မိရာက မတော်တဆ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့က ဒုရဲမှူး စစ်တိဖုန်း စန်စင် ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
မြန်မာနိုင်ငံသား အလုပ်သမားတွေကို အကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာဦးခိုင်ကြီးကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဖမ်းဆီးခံရတယ်ဆိုပေမဲ့လည်း ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
"လက်ထိပ်ခတ်ပြီး ကားပေါ်တင်လိုက်တော့ ကောင်လေးက သူဘာ့သာ သူလက်ထိပ်ကိုဖြည်လိုက်တယ်။ ဖြည်ပြီးတော့ ကားပေါ်ကနေ ခုန်ချတာ အဲဒါကြောင့်ပွဲချင်းပြီး သေသွားတယ်။"
ဦးခေါင်းဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားသူ အသက် ၃၅ နှစ်အရွယ် မွန်တိုင်းရင်းသား အပါအဝင် မြန်မာနိုင်ငံသား သုံး ယောက်ကိုတော့ တရားမဝင် အထောက်အထား မပြနိုင်တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာလို့လည်း လုပ်ဖော်ကိုင်ဖက်တယောက်က အခုလို ပြောပါတယ်။
"နာမည်က မွန်ချစ်စိုး၊ ပုံစံက မျက်မှန်တပ်ထားတယ်။ မျက်လုံးအား မကောင်းဘူး။ ဖမ်းတာက သုံး ယောက်ဖမ်းသွားတယ်။ သူတို့က အထောက်အထား မရှိဘူး။ သူလည်းကြောက်ပြီး ပလိပ်ကားပေါ်ကနေ ခုန်ချတာ။ ဆာမွန်ဆာခွန်မဟာချိုင်ခုပ်ခံ ပလိပ်ဖမ်းသွားတာပါ။"
သေဆုံးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ရောဂါပျံ့နှံ့မှာ စိုးရိမ်တဲ့ ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်စောင့်ကြပ်နေတာပါ။ မြန်မာနိုင်ငံသား အများအပြား နေထိုင်နေကြတဲ့ ဆမွတ်ဆာခွန်းခရိုင်မှာလည်း ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရားမဝင်နေထိုင်သူတွေကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေနဲ့ အသွားအလာ ကန့်သတ်မှုတွေလည်း တင်းကြပ်ထားပါတယ်။
XS
SM
MD
LG