သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ၊ ထုိင္း၊ လာအုိ ၃ ႏုိင္ငံ မူးယစ္တုိက္ဖ်က္ေရး ပူးတဲြေဆာင္ရြက္ေန


ေရႊႀတိဂံေဒသမွာ ျမန္မာ၊ ထိုင္းနဲ႔ လာအို ၃ ႏုိင္ငံ မူးယစ္ေဆး၀ါး ပူးတဲြတုိက္ဖ်က္ေန (credit-police )

(Zawgyi/Unicode)

ေရႊႀတိဂံေဒသမွာ ျမန္မာ၊ ထိုင္းနဲ႔ လာအို ၃ ႏုိင္ငံ မူးယစ္ေဆး၀ါး ပူးတဲြတုိက္ဖ်က္ေနတာမွာ ဒီရက္ပုိင္းအတြင္း ထုိင္းႏုိင္ငံ တႏုိင္ငံတည္းမွာတင္ စိတ္ၾကြေဆးျပား သန္း ၂၀ ေလာက္ ဖမ္းဆီးရမိတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ဒီရက္ပုိင္းအတြင္း မူးယစ္ေဆး၀ါးေတြ အေျမာက္အမ်ားဖမ္းဆီးမိေနတဲ့ ထုိင္းႏုိင္ငံမွာ မေန႔တုန္းကလည္း စိတ္ၾကြေဆးျပား သန္းနဲ႔ခ်ီ ဖမ္းဆီးမိခဲ့တာ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံ အယုဒၵယခ႐ုိင္ အာရွအေ၀းေျပးလမ္းေပၚမွာ ကားတစင္းကုိ ရဲတပ္ဖဲြ႔က မသကၤာတဲ့အတြက္ လုိက္လံဖမ္းဆီးရာမွာ ကားသမားက ထြက္ေျပးဖုိ႔ ႀကိဳးစားရင္း လမ္းေဘးထုိးက်ခဲ့ၿပီး၊ ကားထဲမွာ လူ ၂ ေယာက္နဲ႔အတူ စိတ္ၾကြေဆးျပား ၆ သန္းကို ဖမ္းဆီးရမိခဲ့တာပါ။

မေန႔ညပုိင္းမွာေတာ့ လာအုိႏုိင္ငံနဲ႔နယ္စပ္ ခ်င္းေခါင္ေဒသမွာလည္း ေနာက္ထပ္ စိတ္ၾကြေဆး ၇ သန္းကုိ ထုိင္းအာဏာပုိင္ေတြ ဖမ္းဆီးမိပါတယ္။ လာအုိႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံမုဒဟန္ ခရိုင္က ရဲတပ္ဖြဲ ့မွဴး Orakpong Piml Siri အိုရပ္ဖုန္း ပင္စီရီ ကေတာ့ ျမန္မာ၊ ထုိင္း၊ လာအုိ ေရႊႀတိဂံေဒသ ၃ ႏို္င္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈေတြေၾကာင့္ မူးယစ္ေဆး၀ါး အေျမာက္အမ်ား ဖမ္းဆီးရမိခဲ့တာျဖစ္ေၾကာင္း ေျပာဆုိလုိက္ပါတယ္။

“အခုလို စိတ္ၾကြေဆး၀ါးေတြကို ေဖၚထုတ္ဖမ္းဆီးနိုင္ခဲ့တာဟာ ထိုင္း၊ျမန္မာ ၊လာအို မူးယစ္ေဆး ၀ါး နိမ္နင္းေရး ပူးေပါင္း သတင္းဖလွယ္ လုပ္ေဆာင္မွုေတြရဲ ့ အက်ိဳးဆက္ေတြျဖစ္ေၾကာင္းနဲ႔ ၃ ႏိုင္ငံ မူးယစ္ေဆး၀ါး ပူးတြဲတိုက္ဖ်က္ေနတဲ့ စစ္ဆင္ေရးေတြေႀကာင့္ ေရႊႀတိဂံေဒသထုတ္ မူးယစ္ေဆး၀ါး အေျမာက္အမ်ား ဆက္တိုက္ဖမ္းမိေနတာျဖစ္ေၾကာင္း” ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ဒီမတုိင္ခင္တုန္းကလည္း လာအုိႏုိင္ငံနဲ႔ နယ္စပ္အနီးမွာပဲ စိတ္ၾကြေဆးျပား ၄ သန္းနဲ Ice လို႔ေခၚတဲ့ မူးယစ္ေဆး ၅၀၀ ကီလို ဖမ္းဆီမိခဲ့ၿပီး၊ ေရႊႀတိဂံေဒသမွာ ထုတ္လုပ္ၿပီး ေမွာင္ခုိတင္သြင္းလာတဲ့ မူးယစ္ေဆး၀ါးေတြ ျဖစ္ေၾကာင္းလည္း ထိုင္းအာဏာပိုင္ေတြက ေျပာဆုိခဲ့ပါတယ္။

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံမဲဆိုင္ျမိဳ႔မွာလည္း မူးယစ္ေဆး၀ါး ေမွာင္ခုိမႈေတြကုိ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနၿပီး၊ မၾကာေသးခင္ကပဲ စိတ္ၾကြေဆးေတြနဲ႔ Ice မူးယစ္ေဆးေတြကုိ ဖမ္းဆီးမိခဲ့တာေတြ ရွိတယ္လုိ႔လည္း ေျပာပါတယ္။

ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ မူးယစ္ေဆး၀ါးေတြကုိ နည္းအမ်ဳိးမ်ဳိးနဲ႔ တင္သြင္းဖုိ႔ႀကိဳးစားျဖန္႔ျဖဴးတဲ့ လုပ္ရပ္ေတြ ရွိေနေၾကာင္းလည္း ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိမ္းခ်ဳပ္ေရးဗ်ဳ႐ုိမွာလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိခဲ့ၾကတာပါ။

ျမန္မာႏုိင္ငံအပါအ၀င္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွ ေဒသမွာ ၿပီးခဲ့တဲ့ႏွစ္ထဲ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈပမာဏဟာ ေဒၚလာ ၇၁ ဘီလီယံထက္မနည္း ရွိမယ္လုိ႔ ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က ခန္႔မွန္းထားၿပီး၊ ဒီအထဲမွာ Methamphetamine စိတ္ၾကြေဆး ေမွာင္ခုိမႈက ၆၁ ဘီလီယံအထိ ရွိတယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။ ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀န္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း UNODC က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

ရွှေတြိဂံဒေသမှာ မြန်မာ၊ ထိုင်းနဲ့ လာအို ၃ နိုင်ငံ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်နေတာမှာ ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ တနိုင်ငံတည်းမှာတင် စိတ်ကြွဆေးပြား သန်း ၂၀ လောက် ဖမ်းဆီးရမိတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးတွေ အမြောက်အများဖမ်းဆီးမိနေတဲ့ ထိုင်းနိုင်ငံမှာ မနေ့တုန်းကလည်း စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အယုဒ္ဒယခရိုင် အာရှအဝေးပြေးလမ်းပေါ်မှာ ကားတစင်းကို ရဲတပ်ဖွဲ့က မသင်္ကာတဲ့အတွက် လိုက်လံဖမ်းဆီးရာမှာ ကားသမားက ထွက်ပြေးဖို့ ကြိုးစားရင်း လမ်းဘေးထိုးကျခဲ့ပြီး၊ ကားထဲမှာ လူ ၂ ယောက်နဲ့အတူ စိတ်ကြွဆေးပြား ၆ သန်းကို ဖမ်းဆီးရမိခဲ့တာပါ။

မနေ့ညပိုင်းမှာတော့ လာအိုနိုင်ငံနဲ့နယ်စပ် ချင်းခေါင်ဒေသမှာလည်း နောက်ထပ် စိတ်ကြွဆေး ၇ သန်းကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးမိပါတယ်။ လာအိုနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံမုဒဟန် ခရိုင်က ရဲတပ်ဖွဲ့မှူး Orakpong Piml Siri အိုရပ်ဖုန်း ပင်စီရီ ကတော့ မြန်မာ၊ ထိုင်း၊ လာအို ရွှေတြိဂံဒေသ ၃ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“အခုလို စိတ်ကြွဆေးဝါးတွေကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဟာ ထိုင်း၊မြန်မာ ၊လာအို မူးယစ်ဆေး ဝါး နိမ်နင်းရေး ပူးပေါင်း သတင်းဖလှယ် လုပ်ဆောင်မှုတွေရဲ့ အကျိုးဆက်တွေဖြစ်ကြောင်းနဲ့ ၃ နိုင်ငံ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါး အမြောက်အများ ဆက်တိုက်ဖမ်းမိနေတာဖြစ်ကြောင်း” ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ဒီမတိုင်ခင်တုန်းကလည်း လာအိုနိုင်ငံနဲ့ နယ်စပ်အနီးမှာပဲ စိတ်ကြွဆေးပြား ၄ သန်းနဲ Ice လို့ခေါ်တဲ့ မူးယစ်ဆေး ၅၀၀ ကီလို ဖမ်းဆီမိခဲ့ပြီး၊ ရွှေတြိဂံဒေသမှာ ထုတ်လုပ်ပြီး မှောင်ခိုတင်သွင်းလာတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံမဲဆိုင်မြို့မှာလည်း မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး၊ မကြာသေးခင်ကပဲ စိတ်ကြွဆေးတွေနဲ့ Ice မူးယစ်ဆေးတွေကို ဖမ်းဆီးမိခဲ့တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ မူးယစ်ဆေးဝါးတွေကို နည်းအမျိုးမျိုးနဲ့ တင်သွင်းဖို့ကြိုးစားဖြန့်ဖြူးတဲ့ လုပ်ရပ်တွေ ရှိနေကြောင်းလည်း ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိမ်းချုပ်ရေးဗျုရိုမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြတာပါ။

မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသမှာ ပြီးခဲ့တဲ့နှစ်ထဲ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိမယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ခန့်မှန်းထားပြီး၊ ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

XS
SM
MD
LG