သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ နယ္စပ္ျဖတ္ျပန္၀င္တဲ့ ထိုင္း ၁၉ ဦးဖမ္းခံရ


စက္တင္ဘာလ ၂၈ ရက္ေန႔ညက ျမ၀တီဘက္ကေန တရားမ၀င္၀င္လာတဲ့ ထုိင္းႏိုင္ငံသား ၁၉ ဦးကုိ ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - စက္တင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံက နယ္စပ္လုံၿခံဳေရး တင္းၾကပ္ထားခ်ိန္မွာပဲ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္သူ ထုိင္းႏုိင္ငံသား ၁၉ ဦးကုိ ဖမ္းဆီးမိခဲ့ၿပီး၊ ေရာဂါေစာင့္ၾကည့္ေရးစင္တာကုိ ပုိ႔လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ နယ္စပ္ေဒသ ခ႐ုိင္ ၁၀ ခုမွာ လုံၿခံဳေရးတင္းၾကပ္ထားၿပီး ေစာင့္ၾကည့္စစ္ေဆးေနခ်ိန္မွာပဲ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ျပန္၀င္လာသူ ထုိင္းႏုိင္ငံသားေတြကုိ ဖမ္းဆီးမိခဲ့တာပါ။ ထုိင္းႏုိင္ငံမဲေဆာက္ၿမိဳ႕က ေသာင္ရင္းျမစ္အနီး တရားမ၀င္ ျပန္၀င္လာတဲ့ အမ်ဳိးသမီး ၉ ဦး၊ အမ်ဳိးသား ၁၀ ဦးကုိ အမွတ္ (၄) နယ္ျခားေစာင့္တပ္ရင္းက ဖမ္းဆီးမိခ့ဲၿပီး ကုိဗစ္ေရာဂါေစာင့္ၾကည့္ေရး စင္တာကို ပိုေဆာင္ခဲ့ပါတယ္။ တရားမ၀င္ နယ္စပ္ကေန ျပန္လာသူေတြဟာ ျမန္မာႏုိင္ငံ ျမ၀တီဘက္က ကာစီႏိုေလာင္းကစားရံုေတြမွာ အလုပ္လုပ္ေနႀကသူေတြျဖစ္ျပီး ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံကုိ ျပန္လာၾကတာလုိ႔လည္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ထုိင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ တိုက္ဖ်က္ကာကြယ္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ (CCSA) ေျပာခြင့္ရ Dr. Taweesilp Visanuyothin ကေတာ့ နယ္စပ္ေဒသေတြမွာ ေရာဂါကာကြယ္ေရးကုိ အထူးဂ႐ုျပဳဖုိ႔ မေန႔တုန္းကပဲ သတင္းစာရွင္းလင္းပဲြမွာ သတိေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္က ကပ္ေရာဂါျပန္႔ပြားမႈေတြ တိုးျမင့္လာတာေၾကာင့္ ႏွစ္ႏုိင္ငံနယ္စပ္ေတြျဖစ္တဲ့ ခ်င္းမိုင္-ခ်င္းရိုင္ မဲေဟာင္ေဆာင္ တာ့ခ္- ကမ္ခ်နဘူရီ ရေနာင္းစတဲ့ ခရိုင္ ၁၀ ခုမွာ ေနထိုင္ေနတဲ့ ထိုင္းနိုင္ငံသားေတြကိုလည္း ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရး စင္တာရဲ ့ လမ္းညြန္ခ်က္ေတြအတိုင္း လိုက္နာ လုပ္ေဆာင္ၾကဖို႔ ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၅၀၀ ေက်ာ္ ရွိခဲ့တဲ့ ထိုင္းႏိုင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ ေလ်ာ့က်လာေပမဲ့ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာ ကူးစက္မႈေတြ တေက်ာ့ျပန္မ်ားလာတဲ့အတြက္ ပ်ံ႕ႏွံ႔လာမွာ စုိးရိမ္တာေၾကာင့္ နယ္စပ္ေဒသေတြမွာ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္စစ္ေဆးေနတာပါ။ ျမန္မာႏုိင္ငံနဲ ့နယ္စပ္ ထုိင္းႏုိင္ငံ မဲဆိုင္နဲ ့ ကမ္ခ်ဘူရီ နယ္စပ္ဂိတ္ေတြမွာ ျဖတ္သန္းသြားလာမႈေတြနဲ႔ ကုန္စည္ပို႔ေဆာင္မႈေတြကုိ ရပ္ဆုိင္းထားသလုိ ထုိင္းႏုိင္ငံဘက္က နယ္စပ္ေဒသေတြမွာ ရွိတဲ့ စီးပြားေရးလုပ္ငန္းေတြ ေစ်းဆိုင္ေတြလည္း ပိတ္ထားရပါတယ္။

ထုိင္းႏုိင္ငံ မဲဆုိင္နဲ႔ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၾကား နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ေရး နယ္စပ္ေကာ္မတီအစည္းေ၀း က်င္းပခဲ့ေပမယ့္ ျပန္ဖြင့္မယ့္ ေန႔ရက္ အတိအက်ေတာ့ မသတ္မွတ္ႏုိင္ေသးပါဘူး။ ထုိင္းႏုိင္ငံနဲ႔ နယ္စပ္ ျမန္မာႏုိင္ငံ ျမ၀တီၿမိဳ႕မွာ ကုိဗစ္လူနာ ၃ ဦး ေတြ႔ရွိေၾကာင္း သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ ျမန္မာႏုိင္ငံသားေတြ အမ်ားအျပား ၀င္ထြက္ေနတဲ့ ထုိင္းႏုိင္ငံ မဲေဆာက္ျမိဳ႕မွာလည္း က်န္းမာေရးအတြက္ ပုိမုိတင္းၾကပ္လာေနပါတယ္။ လုံၿခံဳေရး တင္းၾကပ္ထားခ်ိန္မွာပဲ တ႐ုတ္ႏုိင္ငံကေန ျမန္မာႏုိင္ငံကုိ တင္သြင္းဖုိ႔ တရားမ၀င္သယ္ယူလာတဲ့ ႏွာေခါင္းစည္း ၇၀,၀၀၀ ကုိ မဲေဆာက္မွာ တနဂၤေႏြေန႔တုန္းက ဖမ္းဆီးမိခဲ့ေၾကာင္းလည္း ထုိင္းႏုိင္ငံက သတင္းေတြမွာ ေဖာ္ျပခဲ့ၾကတာပါ။ ထုိင္းႏုိင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္လည္းျဖစ္ ႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ Don Pramudwinai ကလည္း နယ္စပ္ေဒသမွာ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ျမန္မာႏုိင္ငံနဲ႔ ေဆြးေႏြးဖုိ႔ရွိေၾကာင္း မေန႔တုန္းကပဲ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပြည် နယ်စပ်ဖြတ်ပြန်ဝင်တဲ့ ထိုင်း ၁၉ ဦးဖမ်းခံရ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး တင်းကြပ်ထားချိန်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်သူ ထိုင်းနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးမိခဲ့ပြီး၊ ရောဂါစောင့်ကြည့်ရေးစင်တာကို ပို့လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်ဒေသ ခရိုင် ၁၀ ခုမှာ လုံခြုံရေးတင်းကြပ်ထားပြီး စောင့်ကြည့်စစ်ဆေးနေချိန်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြန်ဝင်လာသူ ထိုင်းနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာပါ။ ထိုင်းနိုင်ငံမဲဆောက်မြို့က သောင်ရင်းမြစ်အနီး တရားမဝင် ပြန်ဝင်လာတဲ့ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၁၀ ဦးကို အမှတ်(၄) နယ်ခြားစောင့်တပ်ရင်းက ဖမ်းဆီးမိခဲ့ပြီး ကိုဗစ်ရောဂါစောင့်ကြည့်ရေး စင်တာကို ပိုဆောင်ခဲ့ပါတယ်။ တရားမဝင် နယ်စပ်ကနေ ပြန်လာသူတွေဟာ မြန်မာနိုင်ငံ မြဝတီဘက်က ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံကို ပြန်လာကြတာလို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) ပြောခွင့်ရ Dr. Taweesilp Visanuyothin ကတော့ နယ်စပ်ဒေသတွေမှာ ရောဂါကာကွယ်ရေးကို အထူးဂရုပြုဖို့ မနေ့တုန်းကပဲ သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်က ကပ်ရောဂါပြန့်ပွားမှုတွေ တိုးမြင့်လာတာကြောင့် နှစ်နိုင်ငံနယ်စပ်တွေဖြစ်တဲ့ ချင်းမိုင်-ချင်းရိုင် မဲဟောင်ဆောင် တာ့ခ်- ကမ်ချနဘူရီ ရနောင်းစတဲ့ ခရိုင် ၁၀ ခုမှာ နေထိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စင်တာရဲ့ လမ်းညွန်ချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်ကြဖို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၅၀၀ ကျော် ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ လျော့ကျလာပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ တကျော့ပြန်များလာတဲ့အတွက် ပျံ့နှံ့လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ဒေသတွေမှာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးနေတာပါ။ မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆိုင်နဲ့ ကမ်ချဘူရီ နယ်စပ်ဂိတ်တွေမှာ ဖြတ်သန်းသွားလာမှုတွေနဲ့ ကုန်စည်ပို့ဆောင်မှုတွေကို ရပ်ဆိုင်းထားသလို ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသတွေမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဈေးဆိုင်တွေလည်း ပိတ်ထားရပါတယ်။

ထိုင်းနိုင်ငံ မဲဆိုင်နဲ့ မြန်မာနိုင်ငံ တာချီလိတ်ကြား နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေး နယ်စပ်ကော်မတီအစည်းဝေး ကျင်းပခဲ့ပေမယ့် ပြန်ဖွင့်မယ့် နေ့ရက် အတိအကျတော့ မသတ်မှတ်နိုင်သေးပါဘူး။ ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့မှာ ကိုဗစ်လူနာ ၃ ဦး တွေ့ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသားတွေ အများအပြား ဝင်ထွက်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း ကျန်းမာရေးအတွက် ပိုမိုတင်းကြပ်လာနေပါတယ်။ လုံခြုံရေး တင်းကြပ်ထားချိန်မှာပဲ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်သွင်းဖို့ တရားမဝင်သယ်ယူလာတဲ့ နှာခေါင်းစည်း ၇၀,၀၀၀ ကို မဲဆောက်မှာ တနင်္ဂနွေနေ့တုန်းက ဖမ်းဆီးမိခဲ့ကြောင်းလည်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai ကလည်း နယ်စပ်ဒေသမှာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး မြန်မာနိုင်ငံနဲ့ ဆွေးနွေးဖို့ရှိကြောင်း မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

XS
SM
MD
LG