[Zawgyi/Unicode]
ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကာလ ဆက္လက္ေနထိုင္ခြင့္ျပဳထားတဲ့ သက္တမ္းလြန္ ျပည္၀င္ခြင့္ဗီဇာ ကိုင္ေဆာင္ထားသူေတြ ေနာက္ထပ္ သက္တမ္းတုိးဖုိ႔ သတိေပးထားတဲ့အတြက္ ျမန္မာႏုိင္ငံသားေတြ လုိက္နာၾကဖုိ႔ ျမန္မာသံ႐ုံးက သတိေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။
အလည္အပတ္လာသူေတြနဲ႔ သံတမန္ေတြ ျပည္၀င္ခြင့္ အပါအဝင္ ဗီဇာ အမ်ိဳးအစား ေျခာက္ မ်ိဳးနဲ႔ ထုိင္းႏုိင္ငံမွာ ေရာက္ရွိေနသူေတြကို ကပ္ေရာဂါ အေရးေပၚကာလမွာ ဆက္လက္ ေနထုိင္ခြင့္ျပဳထားေပမဲ့ စက္တင္ဘာ ၂၆ ရက္ေန႔ ေနာက္ဆုံးထားၿပီး ထပ္မံသက္တမ္းတိုးဖုိ႔ ထုိင္းႏုိင္ငံက ေၾကညာထားတဲ့အတြက္ ျမန္မာသံ႐ုံးကလည္း ထပ္ဆင့္ သတိေပးလိုက္တာျဖစ္ပါတယ္။
ကိုဗစ္ကပ္ေရာဂါမစခင္ ထိုင္းႏိုင္ငံကို ဗီဇာကိုင္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ေရာက္လာၿပီး ပိတ္မိေနတဲ့သူေတြကို တရားဝင္ျဖစ္ေအာင္ ထိုင္းအစိုးရက ေနာက္ဆုံးအႀကိမ္ အသိေပးတာျဖစ္ေၾကာင္းလည္း ထိုင္းႏိုင္ငံ ျမန္မာသံ႐ုံး အလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီဝင္ AAC အဖဲြ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးခိုင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။ ပိတ္မိေနတဲ့ အလုပ္သမားေတြနဲ႔ အလည္အပတ္လာသူေတြကို ထိုင္းအစိုးရက ေလယာဥ္နဲ႔ ျပန္ပို႔ခဲ့ေပမဲ့ က်န္ေနတဲ့သူေတြလည္း ရွိေနေၾကာင္း သူကေျပာပါတယ္။
“က်န္ခဲ့တာကို သူက (ထိုင္းအစိုးရက) extension သက္တမ္း ထပ္တိုးေပးတာေပါ့။ အခုေနာက္ဆုံး သတ္မွတ္ၿပီးေတာ့မွ သက္တမ္းတိုးေပးမယ့္ ပုံစံမ်ိဳးေပါ့၊ သူတို႔က ထပ္ၿပီး ေၾကညာလိုက္တာေပါ့။ က်န္းမာေရးေၾကာင့္ေနမွာလား၊ လုပ္ငန္းကိစၥေၾကာင့္ေနမွာလား၊ စီးပြားေရး လုပ္ငန္းရွင္လားဆိုတာ စစ္ထုတ္ၿပီးေတာ့မွ အလည္သက္သက္ လာရင္ေတာ့ သူတို႔က ထားမွာမဟုတ္ေတာ့ဘူး၊ ျပန္ပို႔မွာ။”
ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၅၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ ကူးစက္မႈေတြ ေလ်ာ့က်လာတဲ့အတြက္ ကန္႔သတ္ခ်က္ေတြကုိ ေလွ်ာ့ေပါ့လာေနတာပါ။ ဒီအတြက္လည္း လူ၀င္မႈႀကီးၾကပ္ေရး လုပ္ငန္းေတြမွာပါ ပုံမွန္အေျခအေနအတုိင္း ျဖစ္လာေအာင္ ျပင္ဆင္တာ ျဖစ္ႏိုင္တယ္လို႔ ေ႐ႊ႕ေျပာင္းလုပ္သားအေရး အဓိကလုပ္ေဆာင္တဲ့ ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း MRC ႐ုံးတာဝန္ခံ ဦးမိုးေဝက ဗြီအိုေအကို ေျပာပါတယ္။
“အခုကေတာ့ နည္းနည္းၿငိမ္သြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ ထိုင္းမွာ ကူးစက္မႈႏႈန္းက မရွိဘူး၊ ၿပီးေတာ့ ေသႏႈန္းလည္း ၿငိမ္ေနတယ္၊ လနဲ႔ခ်ီ ျဖစ္သြားၿပီဆိုေတာ့ သူတို႔ကအဲဒါကို စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ဖို႔ စီးပြားေရး ျပန္လည္ပတ္ဖို႔ကိစၥ ျပင္ဆင္ေနတဲ့အတြက္ တခ်ိဳ႕ အစိုးရ႐ုံးေတြ ျပန္ဖြင့္ၿပီ၊ ျပန္ဖြင့္တဲ့အတြက္ လူေတြဘာေတြသြားၿပီး အဲဒါကို သက္တမ္းကို ေနာက္ဆုံးအေနနဲ႔ တိုးေပးဖို႔ေပါ့ေနာ္ လူကိုယ္တိုင္ စာအုပ္နဲ႔တကြ၊ လက္ေတြ႕ လုပ္ေဆာင္ေတာ့မွာ။ ဒါၿပီးရင္ေတာ့ သူတို႔က အဲဒါကို ၾကပ္မတ္ေတာ့မွာေပါ့။”
ကိုဗစ္ေရာဂါကူးစက္ႏႈန္း ထိုင္းဘက္မွာ လုံးဝရပ္တန႔္သေလာက္ျဖစ္သြားေပမဲ့ ျမန္မာႏိုင္ငံကေတာ့ စက္တင္ဘာ ၂၅ ရက္ မနက္ပိုင္းအထိ ေသဆုံးသူ ၁၅၅ ေယာက္၊ အတည္ျပဳလူနာ အေယာက္ ၈,၅၀၀ နဲ႔ အာဆီယံ ၁၀ႏိုင္ငံမွာ တတိယေျမာက္ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတာပါ။ ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္တုိးလာရာက အိမ္နီးခ်င္းထုိင္းႏုိင္ငံကလည္း ကူးစက္မႈေတြ ပ်ံ႕ႏွံ႔မလာေအာင္ ထိန္းခ်ဳပ္တဲ့ အေနနဲ႔ နယ္စပ္ေဒသေတြမွာ အ၀င္အထြက္ေတြနဲ႔ လုံၿခံဳေရးေတြကုိလည္း တုိးျမွင့္ထားပါတယ္။
[Unicode Version]
ထိုင်းရောက်မြန်မာတွေ ဗီဇာသက်တမ်းတိုးရေး မြန်မာသံရုံးနှိုးဆော်ထား
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ဆက်လက်နေထိုင်ခွင့်ပြုထားတဲ့ သက်တမ်းလွန် ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်ထားသူတွေ နောက်ထပ် သက်တမ်းတိုးဖို့ သတိပေးထားတဲ့အတွက် မြန်မာနိုင်ငံသားတွေ လိုက်နာကြဖို့ မြန်မာသံရုံးက သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။
အလည်အပတ်လာသူတွေနဲ့ သံတမန်တွေ ပြည်ဝင်ခွင့် အပါအဝင် ဗီဇာ အမျိုးအစား ခြောက် မျိုးနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတွေကို ကပ်ရောဂါ အရေးပေါ်ကာလမှာ ဆက်လက် နေထိုင်ခွင့်ပြုထားပေမဲ့ စက်တင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံသက်တမ်းတိုးဖို့ ထိုင်းနိုင်ငံက ကြေညာထားတဲ့အတွက် မြန်မာသံရုံးကလည်း ထပ်ဆင့် သတိပေးလိုက်တာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါမစခင် ထိုင်းနိုင်ငံကို ဗီဇာကိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး ပိတ်မိနေတဲ့သူတွေကို တရားဝင်ဖြစ်အောင် ထိုင်းအစိုးရက နောက်ဆုံးအကြိမ် အသိပေးတာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင် AAC အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အလည်အပတ်လာသူတွေကို ထိုင်းအစိုးရက လေယာဉ်နဲ့ ပြန်ပို့ခဲ့ပေမဲ့ ကျန်နေတဲ့သူတွေလည်း ရှိနေကြောင်း သူကပြောပါတယ်။
“ကျန်ခဲ့တာကို သူက (ထိုင်းအစိုးရက) extension သက်တမ်း ထပ်တိုးပေးတာပေါ့။ အခုနောက်ဆုံး သတ်မှတ်ပြီးတော့မှ သက်တမ်းတိုးပေးမယ့် ပုံစံမျိုးပေါ့၊ သူတို့က ထပ်ပြီး ကြေညာလိုက်တာပေါ့။ ကျန်းမာရေးကြောင့်နေမှာလား၊ လုပ်ငန်းကိစ္စကြောင့်နေမှာလား၊ စီးပွားရေး လုပ်ငန်းရှင်လားဆိုတာ စစ်ထုတ်ပြီးတော့မှ အလည်သက်သက် လာရင်တော့ သူတို့က ထားမှာမဟုတ်တော့ဘူး၊ ပြန်ပို့မှာ။”
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၅၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ကူးစက်မှုတွေ လျော့ကျလာတဲ့အတွက် ကန့်သတ်ချက်တွေကို လျှော့ပေါ့လာနေတာပါ။ ဒီအတွက်လည်း လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေမှာပါ ပုံမှန်အခြေအနေအတိုင်း ဖြစ်လာအောင် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး အဓိကလုပ်ဆောင်တဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း MRC ရုံးတာဝန်ခံ ဦးမိုးဝေက ဗွီအိုအေကို ပြောပါတယ်။
“အခုကတော့ နည်းနည်းငြိမ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာ ကူးစက်မှုနှုန်းက မရှိဘူး၊ ပြီးတော့ သေနှုန်းလည်း ငြိမ်နေတယ်၊ လနဲ့ချီ ဖြစ်သွားပြီဆိုတော့ သူတို့ကအဲဒါကို စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ စီးပွားရေး ပြန်လည်ပတ်ဖို့ကိစ္စ ပြင်ဆင်နေတဲ့အတွက် တချို့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီ၊ ပြန်ဖွင့်တဲ့အတွက် လူတွေဘာတွေသွားပြီး အဲဒါကို သက်တမ်းကို နောက်ဆုံးအနေနဲ့ တိုးပေးဖို့ပေါ့နော် လူကိုယ်တိုင် စာအုပ်နဲ့တကွ၊ လက်တွေ့ လုပ်ဆောင်တော့မှာ။ ဒါပြီးရင်တော့ သူတို့က အဲဒါကို ကြပ်မတ်တော့မှာပေါ့။”
ကိုဗစ်ရောဂါကူးစက်နှုန်း ထိုင်းဘက်မှာ လုံးဝရပ်တန့်သလောက်ဖြစ်သွားပေမဲ့ မြန်မာနိုင်ငံကတော့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၁၅၅ ယောက်၊ အတည်ပြုလူနာ အယောက် ၈,၅၀၀ နဲ့ အာဆီယံ ၁၀နိုင်ငံမှာ တတိယမြောက် ကူးစက်မှု အများဆုံးဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန်တိုးလာရာက အိမ်နီးချင်းထိုင်းနိုင်ငံကလည်း ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် ထိန်းချုပ်တဲ့ အနေနဲ့ နယ်စပ်ဒေသတွေမှာ အဝင်အထွက်တွေနဲ့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ထားပါတယ်။