သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္၀င္ခြင့္ဗီဇာကန္႔သတ္တဲ့ အစုိးရအေပၚ တရားစြဲဆုိမႈ ကန္ တကၠသုိလ္ ၂၀၀ ေက်ာ္ ေထာက္ခံ


Harvard တကၠသိုလ္

Zawgyi/Unicode

အေမရိကန္ ျပည္ေထာင္စုမွာ အင္တာနက္ အြန္လုိင္းကေန ေက်ာင္းတက္မယ့္ ႏုိင္ငံတကာ ေက်ာင္းသားေတြကို ေနထိုင္ခြင့္ ဗီဇာ ထုတ္မေပးေရး အေမရိကန္ အစိုးရရဲ႕ ညႊန္ၾကားခ်က္ကို Harvard နဲ႔ MIT တကၠသိုလ္ေတြရဲ႕ အမႈဖြင့္ တိုင္ၾကားခ်က္မွာ တကၠသိုလ္ေပါင္း ၂၀၀ ေက်ာ္က လက္မွတ္ထုိး ေထာက္ခံခ်က္ တင္သြင္းခဲ႔ၾကပါတယ္။

Stanford နဲ႔ Duke တကၠသိုလ္ အပါအ၀င္ တကၠသိုလ္ ၅၉ ခုကေတာ့ တနလာၤေန႔မွာဘဲ အမႈ အတြက္ ေထာက္ခံလႊာကို တင္သြင္းခဲ႔ၾကတာပါ။ အစိုးရရဲ႕ အခု ညႊန္ၾကားခ်က္ သစ္ေတြဟာဆိုရင္ တကၠသိုလ္ေတြ အေနနဲ႔ အမ်ားျပည္သူ က်န္းမာေရး အႏၱရာယ္ကို ထည့္သြင္း မစဥ္းစားဘဲ အတန္းေတြ ျပန္ဖြင့္မလား ဒါမွမဟုတ္လည္း တက္ေရာက္ေနတဲ႔ ႏိုင္ငံတကာ ေက်ာင္းသားေတြကို ႏုိင္ငံကေန ထြက္ခြာခိုင္းမလား ဆိုတာကို မျဖစ္မေန ေရြးခ်ယ္ခိုင္းေနတာ ျဖစ္တယ္လို႔ ဒီေလွ်ာက္ထားလႊာမွာ ေျပာဆိုထားေၾကာင္း AP သတင္းက ေဖာ္ျပပါတယ္။

အေမရိကန္ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္ဌာနက ၿပီးခဲ႔တဲ႔ သီတင္းပတ္ထဲ ထုတ္ျပန္လိုက္တဲ႔ ညႊန္ၾကားခ်က္သစ္ေတြကို တရားရံုးမွာ ဦးတိုက္ ေလွ်ာက္ထားမယ့္ အေၾကာင္း Harvard နဲ႔ MIT တကၠသိုလ္ေတြက ပထမဆံုး ေၾကညာခဲ႔တာပါ။ ဇူလိုင္လ ၁၀ ရက္ေန႔မွာေတာ့ တကၠသိုလ္နဲ႔ ေကာလိပ္ ေခါင္းေဆာင္ေတြရဲ႕ မဟာမိတ္ အဖြဲ႔လို႔ သိၾကတဲ႔ တကၠသိုလ္ ၁၈၀ ပါတဲ႔ အဖြဲ႔က အမႈဖြင့္ တိုင္ၾကားခ်က္ကို ေထာက္ခံလႊာ တင္သြင္းခဲ႔ၾကတာ ျဖစ္ပါတယ္။

အြန္လိုင္းကေနသာ ေက်ာင္းတက္မယ့္ ေက်ာင္းသားေတြကို ေနထိုင္ခြင့္ ဗီဇာ ထုတ္မေပးဘူးလို႔ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္ ဌာနက ေျပာဆိုထားတာပါ။ အြန္လိုင္းကေနဘဲ ပို႔ခ်မယ့္ တကၠသိုလ္ေတြမွာ တက္ေရာက္ၾကမယ့္ ဗီဇာရထားၾကတဲ႔ ျပည္ပ ေက်ာင္းသားေတြကိုလည္း ျပည္၀င္ခြင့္ ေပးမွာ မဟုတ္ပါဘူး။ တကၠသိုလ္ေတြရဲ႕ ေလွ်ာက္ထားခ်က္ကို အဂၤါေန႔မွာ ၾကားနာဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

အမေရိကန် ပြည်ထောင်စုမှာ အင်တာနက် အွန်လိုင်းကနေ ကျောင်းတက်မယ့် နိုင်ငံတကာ ကျောင်းသားတွေကို နေထိုင်ခွင့် ဗီဇာ ထုတ်မပေးရေးအမေရိကန် အစိုးရရဲ့ ညွှန်ကြားချက်ကို Harvard နဲ့ MIT တက္ကသိုလ်တွေရဲ့ အမှုဖွင့် တိုင်ကြားချက်မှာ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်က လက်မှတ်ထိုး ထောက်ခံချက် တင်သွင်းခဲ့ကြပါတယ်။


Stanford နဲ့ Duke တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၅၉ ခုကတော့ တနလာၤနေ့မှာဘဲ အမှု အတွက် ထောက်ခံလွှာကို တင်သွင်းခဲ့ကြတာပါ။အစိုးရရဲ့ အခု ညွှန်ကြားချက် သစ်တွေဟာဆိုရင် တက္ကသိုလ်တွေ အနေနဲ့ အများပြည်သူ ကျန်းမာရေး အန္တရာယ်ကို ထည့်သွင်း မစဉ်းစားဘဲ အတန်းတွေ ပြန်ဖွင့်မလား ဒါမှမဟုတ်လည်း တက်ရောက်နေတဲ့ နိုင်ငံတကာ ကျောင်းသားတွေကို နိုင်ငံကနေ ထွက်ခွာခိုင်းမလား ဆိုတာကို မဖြစ်မနေ ရွေးချယ်ခိုင်းနေတာ ဖြစ်တယ်လို့ ဒီလျှောက်ထားလွှာမှာ ပြောဆိုထားကြောင်း AP သတင်းက ဖော်ပြပါတယ်။


အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်သစ်တွေကို တရားရုံးမှာ ဦးတိုက် လျှောက်ထားမယ့် အကြောင်း Harvard နဲ့ MIT တက္ကသိုလ်တွေက ပထမဆုံး ကြေညာခဲ့တာပါ။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ တက္ကသိုလ်နဲ့ ကောလိပ် ခေါင်းဆောင်တွေရဲ့ မဟာမိတ် အဖွဲ့လို့ သိကြတဲ့ တက္ကသိုလ် ၁၈၀ ပါတဲ့ အဖွဲ့က အမှုဖွင့် တိုင်ကြားချက်ကို ထောက်ခံလွှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။


အွန်လိုင်းကနေသာ ကျောင်းတက်မယ့် ကျောင်းသားတွေကို နေထိုင်ခွင့် ဗီဇာ ထုတ်မပေးဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာနက ပြောဆိုထားတာပါ။ အွန်လိုင်းကနေဘဲ ပို့ချမယ့် တက္ကသိုလ်တွေမှာ တက်ရောက်ကြမယ့် ဗီဇာရထားကြတဲ့ ပြည်ပ ကျောင်းသားတွေကိုလည်း ပြည်ဝင်ခွင့် ပေးမှာ မဟုတ်ပါဘူး။ တက္ကသိုလ်တွေရဲ့ လျှောက်ထားချက်ကို အင်္ဂါနေ့မှာ ကြားနာဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG