[Zawgyi/Unicode]
အမေရိကန်တက္ကသိုလ်တွေမှာ လူကိုယ်တိုင်တက်နိုင်တဲ့ အတန်းတွေ မရှိရင် ဒီမှာ ပညာသင်ကြားနေတဲ့ နိုင်ငံတကာကျောင်းသားတွေနိုင်ငံက ထွက်ခွါရမယ်ဆိုတဲ့ အမိန့်ကြောင့် ပြည်ထောင်စုအစိုးရကို တရာစွဲထားတဲ့ နာမည်ကြီး တက္ကသိုလ် ၂ ခုကို တက္ကသိုလ်ပေါင်း ၆၀ လောက်က တနင်္ဂနွေနေ့က ထောက်ခံခဲ့ကြပါတယ်။
[Unicode Version]
ဟားဗတ်နဲ့ MIT တရားစွဲမှု တက္ကသိုလ် ၆၀ နီးပါးထောက်ခံ
အမေရိကန်တက္ကသိုလ်တွေမှာ လူကိုယ်တိုင်တက်နိုင်တဲ့ အတန်းတွေ မရှိရင် ဒီမှာ ပညာသင်ကြားနေတဲ့ နို်င်ငံတကာကျောင်းသားတွေနိုင်ငံက ထွက်ခွါရမယ်ဆိုတဲ့ အမိန့်ကြောင့် ပြည်ထောင်စုအစိုးရကို တရာစွဲထားတဲ့ နာမည်ကြီးတက္ကသိုလ် ၂ ခုကို တက္ကသိုလ်ပေါင်း ၆၀ လောက်က တနင်္ဂနွေနေ့က ထောက်ခံခဲ့ကြပါတယ်။
ဟားဗတ်နဲ့ MIT နည်းပညာတက္ကသိုလ်တို့က ဇူလိုင်လ ၈ ရက်နေ့မှာ မက်ဆာချူးဆက်ပြည်နယ်၊ ဘောစတွန်မြို့ ဗဟိုတရားရုံးကို ဦးတိုက်လေ ျှာက်ထားခဲ့တာဖြစ်ပါတယ်။ Amicus Brief လို့ခေါ်တဲ့ အဲဒီထောက်ခံလွှာကို အမေရိကန်တက္ကသိုလ် ၅၉ ခုနဲ့ Ivy League ကျောင်းတို့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
ကပ်ရောဂါအရေးပေါ်ကာလတလေ ျှ ာက် နိုင်ငံတကာကျောင်းသားတွေအနေနဲ့ အမေရိကန်မှာဆက်နေပြီး အွန်လိုင်းအတန်းတွေ ဆက်တက်ခွင့်ပြုဖို့လည်း ထောက်ခံလွှာမှာဖော်ပြထားတာပါ။ ကပ်ရောဂါကာလမှာ အစိုးရရဲ့ မူဝါဒတွေ ရုတ်တရက်အကြီးအကျယ်ပြောင်းလဲခဲ့တာကြောင့် အခြေအနေတွေ ကမောက်ကမ ဖြစ်သွားစေတယ်လို့လည်း ပြောပါတယ်။
၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း အမေရိကန်မှာကျောင်းတက်နေတဲ့ နိုင်ငံတကာကျောင်းသူကျောင်းသား ၁.၁ သန်းဝန်းကျင်ရှိတယ်ပြီး အမေရိကန်တနိုင်ငံလုံးရဲ့ အဆင့်မြင့်ပညာသင်နေသူရဲ့ ၅.၅ ရာခိုင်နှုန်း ရှိတယ်လို့ အစိုးရရဲ့ (IIE) ပညာရေး အစီရင်ခံစာကဖော်ပြပါတယ်။