သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ေက်ာင္းေတြျပန္ဖြင့္ေရး ပညာေရး၀န္ႀကီး တြန္းအားေပး


အေမရိကန္ ပညာေရးဝန္ႀကီး Betsy DeVos. (မတ္ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ထပ္မံ တိုးပြားလာေနေပမယ့္ လာမယ့္ သီတင္းပတ္ေတြအတြင္း ေက်ာင္းေတြကို တပတ္ ၅ ရက္လံုး ဖြင့္ၿပီး ဆရာနဲ႔သင္ၾကားဖို႔နဲ႔ ေက်ာင္းေတြဖြင့္ေပမယ့္လည္း ကူးစက္မႈ အႏၱရာယ္အတြက္ လံုၿခံဳမႈရွိေၾကာင္း ပညာေရး၀န္ႀကီး Betsy DeVos က တနဂၤေႏြေန႔က ျပည္နယ္ေတြကို ဖိအားေပး ေျပာဆိုခဲ့ပါတယ္။

Fox, CNN စတဲ့ သတင္းဌာနေတြနဲ႔ ေမးျမန္းခန္းေတြမွာ Betsy DeVos က ေျပာခဲ့တာျဖစ္ပါတယ္။ ဒါဟာ မတ္လကတည္းက အေမရိကန္တႏိုင္ငံလံုး ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားခဲ့တဲ့ ေက်ာင္းေတြကို အျပည့္အ၀ ျပန္ဖြင့္ဖို႔ဆိုတာကို ကန္႔ကြက္ထားတဲ့ က်န္းမာေရး ကြ်မ္းက်င္သူေတြ၊ ျပည္နယ္နဲ႔ ေဒသဆိုင္ရာ အစိုးရအရာရွိေတြရဲ႕ အႀကံေပးခ်က္ေတြနဲ႔ အျငင္းပြားစရာ ျဖစ္ခဲ့ပါတယ္။

အေမရိကန္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကစၿပီး တေန႔ကို ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၆၀,၀၀၀ ဒါမွမဟုတ္ ၆၀,၀၀၀ ထက္မက စံခ်ိန္သစ္ႏႈန္းနဲ႔ ျဖစ္လာေနတာပါ။

စာသင္ခန္းေတြမွာ ျပန္ၿပီးသင္ယူတာဟာ အလြန္အေရးႀကီးတယ္လို႔ DeVos က Fox News Sunday မွာ ေျပာခဲ့ပါတယ္။

ကေလးေတြမွာ လူႀကီးေတြလိုမ်ဳိး ဗိုင္းရပ္စ္ကူးစက္မႈ ျဖစ္ေစတာမ်ဳိး မရွိဘူးဆိုတဲ့ သိပၸံပညာရွင္ေတြရဲ႕ မွတ္ခ်က္ကို ကိုးကားၿပီး ကေလးေတြ ေက်ာင္းျပန္တက္ရင္ အႏၱရာယ္ရွိမွာ မဟုတ္ဘူးလို႔လည္း DeVos က ေျပာပါတယ္။

ေက်ာင္းေတြမွာ ကေလးေတြရွိဖို႔ လိုအပ္ၿပီး ေက်ာင္းေတြဖြင့္ဖို႔ လိုအပ္ေက်ာင္း CNN သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ DeVos က ေျပာပါတယ္။ ဒါေပမယ့္ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့ ေနရာေတြမွာေတာ့ Virtual Online ကေန ဗီြဒီယိုနဲ႔ ရက္အနည္းငယ္ သင္ၾကားတာမ်ဳိးေတာ့ သူ႔အေနနဲ႔ ခြင့္ျပဳမွာျဖစ္တယ္လို႔ ဆိုပါတယ္။

က်န္းမာေရးေစာင့္ေရွာက္မႈ သုေတသနအဖဲြ႔ျဖစ္တဲ့ Kaiser မိသားစုေဖာင္ေဒးရွင္းကေတာ့ စာသင္ခန္းေတြ ျပန္ဖြင့္ရင္ ဆရာ ဆရာမေတြအတြက္ အႏၱရာယ္ရွိမွာျဖစ္တယ္လို႔ သတိေပးထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ဆရာ ဆရာမဦးေရ စုစုေပါင္း ေလးပံုတပံုျဖစ္တဲ့ ၁.၅ သန္းေလာက္ဟာ အသက္အရြယ္နဲ႔ ကိုယ္ပိုင္က်န္းမာေရး အေျခအေနေတြေၾကာင့္ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမယ္ဆိုရင္ နာမက်န္းျဖစ္မႈကို ျပင္းျပင္းထန္ထန္ ခံစားရမယ့္အႏၱရာယ္ ရွိေနတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

အမေရိကန်မှာ ကျောင်းတွေပြန်ဖွင့်ရေး ပညာရေးဝန်ကြီး တွန်းအားပေး

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ထပ်မံ တိုးပွားလာနေပေမယ့် လာမယ့် သီတင်းပတ်တွေအတွင်း ကျောင်းတွေကို တပတ် ၅ ရက်လုံး ဖွင့်ပြီး ဆရာနဲ့သင်ကြားဖို့နဲ့ ကျောင်းတွေဖွင့်ပေမယ့်လည်း ကူးစက်မှု အန္တရာယ်အတွက် လုံခြုံမှုရှိကြောင်း ပညာရေးဝန်ကြီး Betsy DeVos က တနင်္ဂနွေနေ့က ပြည်နယ်တွေကို ဖိအားပေး ပြောဆိုခဲ့ပါတယ်။

Fox, CNN စတဲ့ သတင်းဌာနတွေနဲ့ မေးမြန်းခန်းတွေမှာ Betsy DeVos က ပြောခဲ့တာဖြစ်ပါတယ်။ ဒါဟာ မတ်လကတည်းက အမေရိကန်တနိုင်ငံလုံး ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့တဲ့ ကျောင်းတွေကို အပြည့်အ၀ ပြန်ဖွင့်ဖို့ဆိုတာကို ကန့်ကွက်ထားတဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရအရာရှိတွေရဲ့ အကြံပေးချက်တွေနဲ့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တနေ့ကို ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၀,၀၀၀ ဒါမှမဟုတ် ၆၀,၀၀၀ ထက်မက စံချိန်သစ်နှုန်းနဲ့ ဖြစ်လာနေတာပါ။

စာသင်ခန်းတွေမှာ ပြန်ပြီးသင်ယူတာဟာ အလွန်အရေးကြီးတယ်လို့ DeVos က Fox News Sunday မှာ ပြောခဲ့ပါတယ်။

ကလေးတွေမှာ လူကြီးတွေလိုမျိုး ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စေတာမျိုး မရှိဘူးဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့ မှတ်ချက်ကို ကိုးကားပြီး ကလေးတွေ ကျောင်းပြန်တက်ရင် အန္တရာယ်ရှိမှာ မဟုတ်ဘူးလို့လည်း DeVos က ပြောပါတယ်။

ကျောင်းတွေမှာ ကလေးတွေရှိဖို့ လိုအပ်ပြီး ကျောင်းတွေဖွင့်ဖို့ လိုအပ်ကျောင်း CNN သတင်းဌာနနဲ့ မေးမြန်းခန်းမှာ DeVos က ပြောပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နေရာတွေမှာတော့ Virtual Online ကနေ ဗွီဒီယိုနဲ့ ရက်အနည်းငယ် သင်ကြားတာမျိုးတော့ သူ့အနေနဲ့ ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု သုတေသနအဖွဲ့ဖြစ်တဲ့ Kaiser မိသားစုဖောင်ဒေးရှင်းကတော့ စာသင်ခန်းတွေ ပြန်ဖွင့်ရင် ဆရာ ဆရာမတွေအတွက် အန္တရာယ်ရှိမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဆရာ ဆရာမဦးရေ စုစုပေါင်း လေးပုံတပုံဖြစ်တဲ့ ၁.၅ သန်းလောက်ဟာ အသက်အရွယ်နဲ့ ကိုယ်ပိုင်ကျန်းမာရေး အခြေအနေတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင် နာမကျန်းဖြစ်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ့်အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG