သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

West Point စစ္တကၠသိုလ္ေက်ာင္းဆင္း ျမန္မာလူငယ္နဲ႔ ေမးျမန္းခန္း


တိုက္႐ိုက္ လင့္ခ္

အေမရိကန္ႏိုင္ငံမွာရိွတဲ့ အထင္ကရ West Point စစ္တကၠသိုလ္ကေန အခု ၂၀၂၀ ခုႏွစ္ ဘြဲ႔ရသူ (၁၁၀၇) ေယာက္ထဲမွာ ျမန္မာ-အေမရိကန္ ဒု-ဗိုလ္ေအာင္မုိးလည္း ထူးထူးျခားျခား ပါဝင္ပါတယ္။ ဒုကၡသည္အေနနဲ႔ အိႏိၵယႏိုင္ငံကေန အေမရိကန္ျပည္ေထာင္စုမွာ မိသားစုနဲ႔အတူအေျခခ်လာတဲ့ ကိုေအာင္မုိး ကို အခုလိုမ်ဳိး စစ္တကၠသိုလ္ဘြဲ႔ရတေယာက္ ျဖစ္လာေအာင္ ဘယ္လိုမ်ဳိးႀကိဳးစားခဲ့ရသလဲဆိုတာကို ဆက္သြယ္ေမးျမန္းထားပါတယ္။ VOA ျမန္မာပိုင္းရဲ ႔ ကမာၻ႔ဒုကၡသည္မ်ားအထိမ္းအမွတ္ အထူးအစီအစဥ္အျဖစ္ တင္ဆက္ထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုေအာင္မုိးရွင့္။ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆိုပါတယ္။ ပထမဦးဆံုးေျပာခ်င္တာကေတာ့ Congratulations ပါ။ အခုမွ ေလာေလာလတ္လတ္ အေမရိကန္ West Point စစ္တကၠသိုလ္ကေန ဘြဲ႔ရတေယာက္ျဖစ္တယ္ဆိုေတာ့ အရင္ဆံုး စစ္တကၠသိုလ္က ဘြဲ႔ရတာ ဘယ္လိုခံစားရသလဲဆိုတာကို ဦးစြာေျပာျပေပးပါရွင့္။

ေျဖ ။ ။ မဂၤလာပါ။ (၄) ႏွစ္လံုးလံုးၾကာၿပီးမွ ဘြဲ႔ရေတာ့ ေပ်ာ္ပါတယ္။

ေမး ။ ။ ကိုေအာင္မုိးက မိသားစုနဲ႔အတူ အိႏိၵယကေန ဒုကၡသည္အေနနဲ႔ အေမရိကန္ျပည္ေထာင္စုကို ေျပာင္းေရႊ႔အေျခခ်လာခဲ့တဲ့ အေျခအေနကေန အခုလိုမ်ဳိး စစ္တကၠသိုလ္ဘြဲ႔ရတေယာက္ျဖစ္ေအာင္လို႔ ဘယ္ေလာက္အထိ ႀကိဳးစားခဲ့ရသလဲဆိုတာကို အရင္ဆံုးေျပာျပေပးပါရွင့္။

ေျဖ ။ ။ ႀကိဳးစားတာေတာ့ ႀကိဳးစားရပါတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေမေမနဲ႔ေဖေဖ ေကာင္းလို႔ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအေမရိကကိုေရာက္တာလဲ ကိုယ့္မိဘေတြေၾကာင့္ ေရာက္တာပါ။ အရင္တုန္းက အိႏိၵယမွာေမြးတယ္။ အိႏိၵယမွာပဲ (၁၄) ႏွစ္ေလာက္ ေနခဲ့တယ္။ ဒါေပမဲ့ ဒီကိုေရာက္ဖုိ႔ ေမေမတို႔က ႀကိဳးစားၿပီးမွ UN နဲ႔ဘာနဲ႔ စကားေျပာၿပီးမွ ဒီကိုေရာက္ဖို႔ သူတုိ႔ေခၚခဲ့တယ္ဆိုေတာ့ သူတို႔ေကာင္းလို႔ပါပဲ။

ေမး ။ ။ ဒါေပမဲ့ West Point ဆိုတာက တကယ့္ကို အထင္ကရ စစ္တကၠသိုလ္ႀကီးတခု ျဖစ္ပါတယ္။ အဲဒါကို ဝင္ႏုိင္ဖုိ႔ဆုိတာ ေတာ္ေတာ္ေလးကို မလြယ္ပါဘူး။ ဘယ္ေလာက္ေတာင္ ကိုယ္ကိုယ္တုိင္ ႀကိဳးစားခဲ့ရသလဲ။

ေျဖ ။ ။ ေက်ာင္းမွာေတာ့ အမွတ္ေတြဘာေတြ ေကာင္းေအာင္လို႔ေတာ့ လုပ္ရတယ္။ ေနာက္ၿပီးေတာ့ အားကစားေတြ၊ ဘာေတြ ကစားရတယ္။ ပထမႏွစ္ High School မွာ ေဘာလံုးကန္တယ္။ ေနာက္ဆံုးႏွစ္မွာေတာ့ Track ေျပးခုန္ပစ္လုပ္တယ္။ ေနာက္ၿပီးေတာ့ ေက်ာင္းမွာ အမွတ္ေတြ (၉၀) ရာခိုင္ႏႈန္းေက်ာ္ရင္ေတာ့ ေကာင္းတာေပါ့။ SAT လည္း အမွတ္ေကာင္းဖုိ႔ လိုပါတယ္။

ေမး ။ ။ ေစာေစာကေျပာသလို ကမာၻ႔အထင္ကရ West Point စစ္တကၠသိုလ္ႀကီးမွာ ျမန္မာ-အေမရိကန္တေယာက္အေနနဲ႔ တက္ခြင့္ရတာ ဘယ္ေလာက္ထူးျခားတယ္လို႔ ေျပာႏုိင္ပါလဲရွင့္။

ေျဖ ။ ။ က်ေနာ္ထင္တာကေတာ့ အရင္စဝင္တုန္းကေတာ့ အဲဒါေတြ ဘာမွမၾကည့္ပါဘူး။ သူတုိ႔ၾကည့္တာကေတာ့ အမွတ္ေကာင္းလား၊ မေကာင္းလား။ ဒီႏိုင္ငံကို တကယ္ခ်စ္လား၊ မခ်စ္လား။ အဲဒါေတြကို ၾကည့္ပါတယ္။ အဲဒီေလာက္ပါပဲ။

ေမး ။ ။ ကိုေအာင္မုိးအေနနဲ႔ ဘယ္လိုခံစားရသလဲ။ ကိုယ့္အေနနဲ႔ေကာ ဘယ္လိုခံယူသလဲ။ ကိုယ္က ျမန္မာ-အေမရိကန္တေယာက္အေနနဲ႔ ဒီလိုမ်ဳိး တကၠသိုလ္ႀကီးမွာ တက္ခြင့္ရတာကို ဘယ္လိုမ်ဳိး ကိုယ့္အတြက္ ထူးျခားမႈျဖစ္သလဲ။

ေျဖ ။ ။ အရမ္းေျပာပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူတုိ႔က ပိုက္ဆံလဲမေပးရဘူး။ ဘာမွလဲမလုပ္ရဘူး။ ဒါေပမဲ့ ဒိီေကာလိပ္ၿပီးရင္ စစ္တပ္ထဲမွာ (၅) ႏွစ္ ထမ္းေဆာင္ရမယ္။ အဲဒီဟာကေတာ့ လူတိုင္းလုပ္ရတယ္။ ဒါေပမဲ့ ဗမာအေနနဲ႔ သြားရတာေတာ့ ဂုဏ္ယူပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗမာေတြ အမ်ားႀကီးမရိွဘူး။ က်ေနာ္တေယာ္ထဲပဲ။ အဲဒါၿပီးေတာ့ က်ေနာ့္အထက္တန္းေက်ာင္းကေန သြားတာလဲ က်ေနာ္တေယာက္ထဲပဲ။ အရင္တုန္းကေတာ့ တေယာက္ႏွစ္ေယာက္ ရိွခဲ့ဖူးပါတယ္။ ဒါေပမဲ့ ၾကာခဲ့ပါၿပီ။ အဲဒီအတြက္ ဂုဏ္ယူပါတယ္။

ေမး ။ ။ ဆိုေတာ့ တကၠသိုလ္တက္ေနတဲ့ သင္တန္းမွာေကာ တျခားျမန္မာထဲက ျမန္မာ-အေမရိကန္ေတြပဲျဖစ္ျဖစ္၊ ျမန္မာထဲကျဖစ္ျဖစ္ ေတြ႔ဖူးလား၊ ဆံုဖူးလားရွင့္။

ေျဖ ။ ။ ဆံုဖူးပါတယ္။ ဦးသူရေအာင္ Major သူရေအာင္ သူနဲ႔ေတြ႔ဖူးပါတယ္။ သူက West Point အလုပ္လုပ္ပါတယ္။

ေမး ။ ။ ဒီတကၠသိုလ္ (၄) ႏွစ္ တက္ရတဲ့ ျဖတ္သန္းခဲ့တဲ့ အေတြ႔အႀကံဳေတြကိုလဲ နည္းနည္းေျပာျပေပးပါအံုး။ ဘယ္ေလာက္အထိ သင္ရတဲ့ဟာေတြက ကိုယ့္အတြက္ ဘယ္ေလာက္အထိ ခက္ခဲသလဲ။ ကိုယ္အေနနဲ႔ လိုက္ႏုိင္သလား။ အဲဒီအေျခအေနေတြကို ေျပာျပေပးပါ။

ေျဖ ။ ။ ေတာ္ေတာ္မ်ားမ်ားေတာ့ လိုက္ႏုိင္ပါတယ္။ ဒါေပမဲ့ တခါတေလၾကရင္ေတာ့ တခ်ဳိ ႔ဟာေတြကေတာ့ ခက္တယ္။ တခ်ဳိ ႔စာေတြက ခက္တယ္။ ပထမေႏြရာသီသြားတုန္းက Training လုပ္ရတယ္။ အဲဒီတုန္းကလဲ ခက္ေတာ့ခက္ပါတယ္။ ဒါေပမဲ့ အဲဒီေလာက္ႀကီးလဲ မခက္ပါဘူး။ ကိုယ္က အားကစားေတြ ဘာေတြ လုပ္ဖူးေတာ့ အဲဒီေလာက္ႀကီး မေမာပါဘူး။ တျခားမလုပ္ဘူးတဲ့ လူေတြေလာက္ေတာ့ မေမာပါဘူး။ ဒါေပမဲ့ မုိးရြာတဲ့အခ်ိန္မွာ နည္းနည္းခ်မ္းပါတယ္။ အဲဒီအခါေတာ့ က်ေနာ္က နည္းနည္းပိန္တယ္ဆိုေတာ့ ပိုၿပီးေတာ့ ပိုခ်မ္းတယ္။ အဲဒီတခုတည္းပါပဲ မုိးရြာတာကိုေတာ့ မႀကိဳက္ဘူးေပါ့။ ဒါေပမဲ့ ေက်ာင္းကိစၥမွာေတာ့ ေတာ္ေတာ္မ်ားမ်ား လုိက္ႏုိင္ပါတယ္။ မလိုက္ႏုိင္တာရိွရင္လဲ ဆရာ၊ ဆရာမေတြက ကူေပးတယ္။ ဒီေက်ာင္းက အဲဒီအတြက္ေကာင္းတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္အခန္းထဲမွာ လူက (၁၅) ေယာက္ေလာက္အထိ မေက်ာ္ဘူး။ အဲဒီအတြက္ သူတုိ႔ဘာသာသူတို႔ ေကာင္းေကာင္း တေယာက္နဲ႔တေယာက္ စကားေျပာလို႔ရတယ္။ သူတုိ႔ ကူညီေပးတယ္။ ကိုယ္မသိတာရိွခဲ့ရင္။

ေမး ။ ။ ေနာက္တခုကေတာ့ ကိုယ္က ျမန္မာလူမ်ဳိးျဖစ္ေနတယ္။ ကိုယ့္အသားအေရာင္ေၾကာင့္ သင္တန္းမွာ ခြဲျခားဆက္ဆံခံရတာေတြ ႀကံဳဖူးပါလား။

ေျဖ ။ ။ တခါမွ မႀကံဳဖူးပါဘူး။

ေမး ။ ။ ေနာက္တခုကေတာ့ ဒီသင္တန္းတက္တာ (၄) ႏွစ္ စစ္တကၠသိုလ္ တက္ရတာ - အဲဒီ (၄) ႏွစ္အတြင္းမွာ ကိုယ့္အတြက္ အမွတ္ရစရာ အျဖစ္ဆံုး ေျပာျပခ်င္တာ ဘာရိွပါလဲ။

ေျဖ ။ ။ က်ေနာ့္သူငယ္ခ်င္းေတြပါ။ သူတုိ႔ေၾကာင့္ က်ေနာ္က ဒီေလးႏွစ္လံုးလံုး ေပ်ာ္ေပ်ာ္ပါးပါး သြားခဲ့ရတယ္။ ပထမႏွစ္ေရာက္ၿပီးေတာ့ လက္ေဝွ႔ထိုးတယ္။ လက္ေဝွ႔သင္တန္းမွာ ပါတယ္ဆိုေတာ့ သူတုိ႔နဲ႔ အၿမဲတမ္းေတြ႔ေနရတယ္။ အဲဒါဆို က်ေနာ္တို႔ Boxing လက္ေဝွ႔က တနလၤာေန႔က စေနေန႔အထိ အၿမဲတမ္း ေလ့က်င့္ၾကတယ္ဆိုေတာ့ သူတုိ႔နဲ႔ အၿမဲတမ္းေတြ႔ေနရတယ္။ သူတုိိ႔နဲ႔ အၿမဲတမ္းခင္ေနတယ္။ အဲဒါဆိုေတာ့ အဲဒီအခ်ိန္ေလးမွာပဲ ကိုယ္က ေပ်ာ္စရာရိွတာေပါ့။

ေမး ။ ။ စစ္သင္တန္းတက္တယ္ဆိုတာ မလြယ္ဘူးဆိုေတာ့ ဒီလိုမ်ဳိး အစကေနအဆံုးအထိ ဘြဲ႔ရတဲ့အထိ ကိုယ္က စိတ္ဓါတ္ခိုင္ခို္င္မာမာနဲ႔ ေအာင္ျမင္သြားဖို႔အတြက္ ၿပီးသြားဖို႔အတြက္ ဘာအေရးႀကီးဆံုး လိုအပ္တယ္လို႔ ကိုေအာင္မုိးအေနနဲ႔ ေျပာခ်င္ပါလဲရွင့္။

ေျဖ ။ ။ အဲဒါကေတာ့ ကိုယ့္နဲ႔ပဲဆိုင္တာေပါ့။ က်ေနာ့္အတြက္ကေတာ့ ကိုယ့္မိဘေတြကို စိတ္ခ်မ္းသာေအာင္ ထားခ်င္တယ္။ ၿပီးေတာ့ ကိုယ့္အတြက္ေကာင္းေအာင္ လုပ္ခ်င္တယ္။ အဲဒီအရာေတြနဲ႔ပဲ သြားခဲ့တာပါ။

ေမး ။ ။ ကိုယ္က ဒုကၡသည္ဘဝကေန လာခဲ့တယ္ဆိုတဲ့ background နဲ႔ေကာ ဆိုင္သလား။

ေျဖ ။ ။ ဟုတ္ကဲ့ ဆုိင္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ခဏေလး ေအးတယ္ခ်မ္းတယ္ဆိုတာ ဘာမွမဟုတ္ပါဘူး။ ကိုယ့္ဘဝမွာ တျခားဟာေတြ ျဖစ္ခဲ့ပါတယ္။ အဲဒါေတြ ျဖစ္ခဲ့တာ ငယ္ငယ္ေလးဆိုေတာ့ ဘာမွေၾကာက္ေနစရာ မျဖစ္ခဲ့ပါဘူး။ တခုခု မေကာင္းတာျဖစ္ရင္ ခဏေလးပဲ။ တရက္ႏွစ္ရက္ၿပီးသြားရင္ ၿပီးသြားၿပီ။ The next day is a new day.

ေမး ။ ။ ဒီႏွစ္က ေတာ္ေတာ္ေလး ထူးျခားတဲ့ႏွစ္။ Graduation Ceremony ဘြဲ႔ေပးတဲ့ အခမ္းအနားက Covid ေၾကာင့္မို႔ မိသားစုေတြ မတက္ႏုိင္ခဲ့ဘူးေပါ့။ အကုန္လံုး Online ကေန ၾကည့္ရတယ္။ ကိုေအာင္မုိးတုိ႔ဆုိလဲ အရင္တုန္းကလို တေယာက္နဲ႔တေယာက္ နီးနီးကပ္ကပ္၊ ရင္းရင္းႏီွးႏီွး ဆက္ဆံေနရတာ မဟုတ္ဘူး။ ခံုခြဲထိုင္ရတာအစ ထူးထူးျခားျခား ျဖစ္တယ္ဆိုေတာ့ အဲဒါေကာ ဘယ္ေလာက္ ကိုယ့္အတြက္ အမွတ္ရစရာ ျဖစ္မယ္လို႔ ေျပာခ်င္လဲရွင့္။

ေျဖ ။ ။ ကိုယ့္မိဘေတြ၊ ကိုယ့္ညီမေလးတို႔ မပါေတာ့ နည္းနည္းေတာ့ စိတ္မေကာင္းဘူးေပါ့။ သူတို႔အတြက္ ကိုယ္က လုပ္ခဲ့တာဆုိေတာ့ အဲဒါေတာ့ တခုမေကာင္းဘူးေပါ့။ ဒါေပမဲ့ ဒီလို ေနာက္ဆံုးတေခါက္ ေတြ႔ခြင့္ရတာေတာ့ ေပ်ာ္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးတေခါက္ ေတြ႔ခြင့္ရတယ္ဆိုတာ …

ေျဖ ။ ။ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ေတြ႔ခြင့္ရတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုၿပီးသြားရင္ တခ်ဳိ ႔လူေတြက ဘယ္ေတာ့မွ ေတြ႔ခြင့္ရမွာ မဟုတ္ေတာ့ဘူးေလ။ ကိုယ္နဲ႔ခင္တဲ့လူေတြက Christmas Break တို႔ ဘာတို႔ကို ခ်ိန္းလို႔ရတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ား ကိုယ့္အလုပ္နဲ႔ကိုယ္ အလုပ္ရႈပ္ေနမွာဆုိေတာ့ တခါတေလၾကရင္ မေတြ႔ေတာ့ဘူးေပါ့။

ေမး ။ ။ ဘြဲ႔ယူတဲ့အခမ္းအနားမွာ သမၼတေဒၚနယ္ထရမ့္က သူမိန္႔ခြန္းေျပာပါတယ္။ သူမိန္္႔ခြန္းေျပာသြားတဲ့အထဲမွာ ကိုယ့္အတြက္ မွတ္မွတ္ထင္ထင္ က်န္ေနတဲ့ စကား ဘာရိွတယ္လို႔ ေျပာႏိုင္ပါလဲရွင့္။

ေျဖ ။ ။ အေမရိကန္စစ္သားက ပထမကမာၻစစ္၊ ဒုတိယကမာၻစစ္ေတြမွာ တကယ္ပါခဲ့တယ္။ The American soldiers have been central to most of the wars. They have been fighting for a long time. အေမရိကန္စစ္သားေတြက ၾကာခဲ့ၿပီး စစ္တိုက္လာခဲ့တာ။ က်ေနာ္တို႔က မ်ဳိးဆက္သစ္ေတြ new blood ဆိုေတာ့ သူတုိ႔ေရွ ႔က ေကာင္းတာလုပ္ခဲ့တာေတြကို ကိုယ္က ပိုေကာင္းေအာင္ဆက္ၿပီးေတာ့ လက္ဆင့္ကမ္းယူသြားရမယ္။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာက ကိုေအာင္မုိးအေနနဲ႔ စစ္သားေကာင္းတေယာက္၊ စစ္မႈထမ္းေကာင္းတေယာက္ျဖစ္ဖုိ႔ အတြက္က ဘယ္လုိမ်ဳိး က်င့္ဝတ္ေတြကို က်င့္သံုးရမယ္လို႔ ခံယူထားပါလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ ေက်ာင္းကဆရာေတြ သင္ေပးတာေတြက ပထမဦးဆံုး Infantry Officer တေယာက္အေနနဲ႔ ပထမဦးဆံုး လိုတာကေတာ့ Fitness ႀကံ့ခိုင္ရမယ္။ ကိုယ္ခႏၶာ ႀကံ့ခိုင္ရမယ္။ စိတ္ဓါတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္ရမယ္။ အားကစားေတြ ဘာေတြကေတာ့ အၿမဲလုပ္ေနရမွာေပါ့။ ေျပးတာေတြ အၿမဲေျပးေနရမယ္။ ဝိတ္မတာေတြ အၿမဲတမ္း လုပ္ေနရမယ္။ ဒါေပမဲ့ the most important thing အေရးအႀကီးဆံုးက ကိုယ့္ရဲ ႔ေအာက္က ကိုယ္နဲ႔အတူတူ လုပ္ေနတဲ့ လူေတြအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ကိုယ္ကၾကည့္ေနရမယ္။ တေနရာသြားရင္ သူတုိ႔အတြက္ ထမင္းစားစရာ ရိွလား၊ မရိွလား၊ အဝတ္အစားေတြ၊ အိပ္ဖုိ႔ေခါင္းအံုပါလား မပါလား။ အကုန္လံုး စစ္ေနရမယ္။ သူတုိ႔အတြက္ပဲ ကိုယ္က လုပ္ေနရမယ္၊ ကိုယ့္အတြက္ ဘာမွမပါပါဘူး။

ေမး ။ ။ ဆိုေတာ့ ေခါင္းေဆာင္ေကာင္းတေယာက္အေနနဲ႔ ေရွ ႔ကေန ဦးေဆာင္ေပးဖို႔က အေရးႀကီးတယ္လို႔ ေျပာခ်င္တာေပါ့။

ေျဖ ။ ။ ဟုတ္ကဲ့။

ေမး ။ ။ ေက်းဇူးတင္ပါတယ္။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္။

ေျဖ ။ ။ ဟုတ္ကဲ့ ေက်းဇူးပါ။


==Unicode==

အမေရိကန်နိုင်ငံမှာရှိတဲ့ အထင်ကရ West Point စစ်တက္ကသိုလ်ကနေ အခု ၂၀၂၀ ခုနှစ် ဘွဲ့ရသူ (၁၁၀၇) ယောက်ထဲမှာ မြန်မာ-အမေရိကန် ဒု-ဗိုလ်အောင်မိုးလည်း ထူးထူးခြားခြား ပါဝင်ပါတယ်။ ဒုက္ခသည်အနေနဲ့ အိန္ဒိယနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုမှာ မိသားစုနဲ့အတူအခြေချလာတဲ့ ကိုအောင်မိုး ကို အခုလိုမျိုး စစ်တက္ကသိုလ်ဘွဲ့ရတယောက် ဖြစ်လာအောင် ဘယ်လိုမျိုးကြိုးစားခဲ့ရသလဲဆိုတာကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOA မြန်မာပိုင်းရဲ့ ကမ္ဘာ့ဒုက္ခသည်များအထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုအောင်မိုးရှင့်။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်။ ပထမဦးဆုံးပြောချင်တာကတော့ Congratulations ပါ။ အခုမှ လောလောလတ်လတ် အမေရိကန် West Point စစ်တက္ကသိုလ်ကနေ ဘွဲ့ရတယောက်ဖြစ်တယ်ဆိုတော့ အရင်ဆုံး စစ်တက္ကသိုလ်က ဘွဲ့ရတာ ဘယ်လိုခံစားရသလဲဆိုတာကို ဦးစွာပြောပြပေးပါရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ (၄) နှစ်လုံးလုံးကြာပြီးမှ ဘွဲ့ရတော့ ပျော်ပါတယ်။

မေး ။ ။ ကိုအောင်မိုးက မိသားစုနဲ့အတူ အိန္ဒိယကနေ ဒုက္ခသည်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချလာခဲ့တဲ့ အခြေအနေကနေ အခုလိုမျိုး စစ်တက္ကသိုလ်ဘွဲ့ရတယောက်ဖြစ်အောင်လို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရသလဲဆိုတာကို အရင်ဆုံးပြောပြပေးပါရှင့်။

ဖြေ ။ ။ ကြိုးစားတာတော့ ကြိုးစားရပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ မေမေနဲ့ဖေဖေ ကောင်းလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမေရိကကိုရောက်တာလဲ ကိုယ့်မိဘတွေကြောင့် ရောက်တာပါ။ အရင်တုန်းက အိန္ဒိယမှာမွေးတယ်။ အိန္ဒိယမှာပဲ (၁၄) နှစ်လောက် နေခဲ့တယ်။ ဒါပေမဲ့ ဒီကိုရောက်ဖို့ မေမေတို့က ကြိုးစားပြီးမှ UN နဲ့ဘာနဲ့ စကားပြောပြီးမှ ဒီကိုရောက်ဖို့ သူတို့ခေါ်ခဲ့တယ်ဆိုတော့ သူတို့ကောင်းလို့ပါပဲ။

မေး ။ ။ ဒါပေမဲ့ West Point ဆိုတာက တကယ့်ကို အထင်ကရ စစ်တက္ကသိုလ်ကြီးတခု ဖြစ်ပါတယ်။ အဲဒါကို ဝင်နိုင်ဖို့ဆိုတာ တော်တော်လေးကို မလွယ်ပါဘူး။ ဘယ်လောက်တောင် ကိုယ်ကိုယ်တိုင် ကြိုးစားခဲ့ရသလဲ။

ဖြေ ။ ။ ကျောင်းမှာတော့ အမှတ်တွေဘာတွေ ကောင်းအောင်လို့တော့ လုပ်ရတယ်။ နောက်ပြီးတော့ အားကစားတွေ၊ ဘာတွေ ကစားရတယ်။ ပထမနှစ် High School မှာ ဘောလုံးကန်တယ်။ နောက်ဆုံးနှစ်မှာတော့ Track ပြေးခုန်ပစ်လုပ်တယ်။ နောက်ပြီးတော့ ကျောင်းမှာ အမှတ်တွေ (၉၀) ရာခိုင်နှုန်းကျော်ရင်တော့ ကောင်းတာပေါ့။ SAT လည်း အမှတ်ကောင်းဖို့ လိုပါတယ်။

မေး ။ ။ စောစောကပြောသလို ကမ္ဘာ့အထင်ကရ West Point စစ်တက္ကသိုလ်ကြီးမှာ မြန်မာ-အမေရိကန်တယောက်အနေနဲ့ တက်ခွင့်ရတာ ဘယ်လောက်ထူးခြားတယ်လို့ ပြောနိုင်ပါလဲရှင့်။

ဖြေ ။ ။ ကျနော်ထင်တာကတော့ အရင်စဝင်တုန်းကတော့ အဲဒါတွေ ဘာမှမကြည့်ပါဘူး။ သူတို့ကြည့်တာကတော့ အမှတ်ကောင်းလား၊ မကောင်းလား။ ဒီနိုင်ငံကို တကယ်ချစ်လား၊ မချစ်လား။ အဲဒါတွေကို ကြည့်ပါတယ်။ အဲဒီလောက်ပါပဲ။

မေး ။ ။ ကိုအောင်မိုးအနေနဲ့ ဘယ်လိုခံစားရသလဲ။ ကိုယ့်အနေနဲ့ကော ဘယ်လိုခံယူသလဲ။ ကိုယ်က မြန်မာ-အမေရိကန်တယောက်အနေနဲ့ ဒီလိုမျိုး တက္ကသိုလ်ကြီးမှာ တက်ခွင့်ရတာကို ဘယ်လိုမျိုး ကိုယ့်အတွက် ထူးခြားမှုဖြစ်သလဲ။

ဖြေ ။ ။ အရမ်းပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပိုက်ဆံလဲမပေးရဘူး။ ဘာမှလဲမလုပ်ရဘူး။ ဒါပေမဲ့ ဒီကောလိပ်ပြီးရင် စစ်တပ်ထဲမှာ (၅) နှစ် ထမ်းဆောင်ရမယ်။ အဲဒီဟာကတော့ လူတိုင်းလုပ်ရတယ်။ ဒါပေမဲ့ ဗမာအနေနဲ့ သွားရတာတော့ ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာတွေ အများကြီးမရှိဘူး။ ကျနော်တယော်ထဲပဲ။ အဲဒါပြီးတော့ ကျနော့်အထက်တန်းကျောင်းကနေ သွားတာလဲ ကျနော်တယောက်ထဲပဲ။ အရင်တုန်းကတော့ တယောက်နှစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြာခဲ့ပါပြီ။ အဲဒီအတွက် ဂုဏ်ယူပါတယ်။

မေး ။ ။ ဆိုတော့ တက္ကသိုလ်တက်နေတဲ့ သင်တန်းမှာကော တခြားမြန်မာထဲက မြန်မာ-အမေရိကန်တွေပဲဖြစ်ဖြစ်၊ မြန်မာထဲကဖြစ်ဖြစ် တွေ့ဖူးလား၊ ဆုံဖူးလားရှင့်။

ဖြေ ။ ။ ဆုံဖူးပါတယ်။ ဦးသူရအောင် Major သူရအောင် သူနဲ့တွေ့ဖူးပါတယ်။ သူက West Point အလုပ်လုပ်ပါတယ်။

မေး ။ ။ ဒီတက္ကသိုလ် (၄) နှစ် တက်ရတဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကိုလဲ နည်းနည်းပြောပြပေးပါအုံး။ ဘယ်လောက်အထိ သင်ရတဲ့ဟာတွေက ကိုယ့်အတွက် ဘယ်လောက်အထိ ခက်ခဲသလဲ။ ကိုယ်အနေနဲ့ လိုက်နိုင်သလား။ အဲဒီအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ ။ ။ တော်တော်များများတော့ လိုက်နိုင်ပါတယ်။ ဒါပေမဲ့ တခါတလေကြရင်တော့ တချို့ဟာတွေကတော့ ခက်တယ်။ တချို့စာတွေက ခက်တယ်။ ပထမနွေရာသီသွားတုန်းက Training လုပ်ရတယ်။ အဲဒီတုန်းကလဲ ခက်တော့ခက်ပါတယ်။ ဒါပေမဲ့ အဲဒီလောက်ကြီးလဲ မခက်ပါဘူး။ ကိုယ်က အားကစားတွေ ဘာတွေ လုပ်ဖူးတော့ အဲဒီလောက်ကြီး မမောပါဘူး။ တခြားမလုပ်ဘူးတဲ့ လူတွေလောက်တော့ မမောပါဘူး။ ဒါပေမဲ့ မိုးရွာတဲ့အချိန်မှာ နည်းနည်းချမ်းပါတယ်။ အဲဒီအခါတော့ ကျနော်က နည်းနည်းပိန်တယ်ဆိုတော့ ပိုပြီးတော့ ပိုချမ်းတယ်။ အဲဒီတခုတည်းပါပဲ မိုးရွာတာကိုတော့ မကြိုက်ဘူးပေါ့။ ဒါပေမဲ့ ကျောင်းကိစ္စမှာတော့ တော်တော်များများ လိုက်နိုင်ပါတယ်။ မလိုက်နိုင်တာရှိရင်လဲ ဆရာ၊ ဆရာမတွေက ကူပေးတယ်။ ဒီကျောင်းက အဲဒီအတွက်ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အခန်းထဲမှာ လူက (၁၅) ယောက်လောက်အထိ မကျော်ဘူး။ အဲဒီအတွက် သူတို့ဘာသာသူတို့ ကောင်းကောင်း တယောက်နဲ့တယောက် စကားပြောလို့ရတယ်။ သူတို့ ကူညီပေးတယ်။ ကိုယ်မသိတာရှိခဲ့ရင်။

မေး ။ ။ နောက်တခုကတော့ ကိုယ်က မြန်မာလူမျိုးဖြစ်နေတယ်။ ကိုယ့်အသားအရောင်ကြောင့် သင်တန်းမှာ ခွဲခြားဆက်ဆံခံရတာတွေ ကြုံဖူးပါလား။

ဖြေ ။ ။ တခါမှ မကြုံဖူးပါဘူး။

မေး ။ ။ နောက်တခုကတော့ ဒီသင်တန်းတက်တာ (၄) နှစ် စစ်တက္ကသိုလ် တက်ရတာ - အဲဒီ (၄) နှစ်အတွင်းမှာ ကိုယ့်အတွက် အမှတ်ရစရာ အဖြစ်ဆုံး ပြောပြချင်တာ ဘာရှိပါလဲ။

ဖြေ ။ ။ ကျနော့်သူငယ်ချင်းတွေပါ။ သူတို့ကြောင့် ကျနော်က ဒီလေးနှစ်လုံးလုံး ပျော်ပျော်ပါးပါး သွားခဲ့ရတယ်။ ပထမနှစ်ရောက်ပြီးတော့ လက်ဝှေ့ထိုးတယ်။ လက်ဝှေ့သင်တန်းမှာ ပါတယ်ဆိုတော့ သူတို့နဲ့ အမြဲတမ်းတွေ့နေရတယ်။ အဲဒါဆို ကျနော်တို့ Boxing လက်ဝှေ့က တနင်္လာနေ့က စနေနေ့အထိ အမြဲတမ်း လေ့ကျင့်ကြတယ်ဆိုတော့ သူတို့နဲ့ အမြဲတမ်းတွေ့နေရတယ်။ သူတို့နဲ့ အမြဲတမ်းခင်နေတယ်။ အဲဒါဆိုတော့ အဲဒီအချိန်လေးမှာပဲ ကိုယ်က ပျော်စရာရှိတာပေါ့။

မေး ။ ။ စစ်သင်တန်းတက်တယ်ဆိုတာ မလွယ်ဘူးဆိုတော့ ဒီလိုမျိုး အစကနေအဆုံးအထိ ဘွဲ့ရတဲ့အထိ ကိုယ်က စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ အောင်မြင်သွားဖို့အတွက် ပြီးသွားဖို့အတွက် ဘာအရေးကြီးဆုံး လိုအပ်တယ်လို့ ကိုအောင်မိုးအနေနဲ့ ပြောချင်ပါလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ ကိုယ့်နဲ့ပဲဆိုင်တာပေါ့။ ကျနော့်အတွက်ကတော့ ကိုယ့်မိဘတွေကို စိတ်ချမ်းသာအောင် ထားချင်တယ်။ ပြီးတော့ ကိုယ့်အတွက်ကောင်းအောင် လုပ်ချင်တယ်။ အဲဒီအရာတွေနဲ့ပဲ သွားခဲ့တာပါ။

မေး ။ ။ ကိုယ်က ဒုက္ခသည်ဘဝကနေ လာခဲ့တယ်ဆိုတဲ့ background နဲ့ကော ဆိုင်သလား။

ဖြေ ။ ။ ဟုတ်ကဲ့ ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခဏလေး အေးတယ်ချမ်းတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ တခြားဟာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒါတွေ ဖြစ်ခဲ့တာ ငယ်ငယ်လေးဆိုတော့ ဘာမှကြောက်နေစရာ မဖြစ်ခဲ့ပါဘူး။ တခုခု မကောင်းတာဖြစ်ရင် ခဏလေးပဲ။ တရက်နှစ်ရက်ပြီးသွားရင် ပြီးသွားပြီ။ The next day is a new day.

မေး ။ ။ ဒီနှစ်က တော်တော်လေး ထူးခြားတဲ့နှစ်။ Graduation Ceremony ဘွဲ့ပေးတဲ့ အခမ်းအနားက Covid ကြောင့်မို့ မိသားစုတွေ မတက်နိုင်ခဲ့ဘူးပေါ့။ အကုန်လုံး Online ကနေ ကြည့်ရတယ်။ ကိုအောင်မိုးတို့ဆိုလဲ အရင်တုန်းကလို တယောက်နဲ့တယောက် နီးနီးကပ်ကပ်၊ ရင်းရင်းနှီးနှီး ဆက်ဆံနေရတာ မဟုတ်ဘူး။ ခုံခွဲထိုင်ရတာအစ ထူးထူးခြားခြား ဖြစ်တယ်ဆိုတော့ အဲဒါကော ဘယ်လောက် ကိုယ့်အတွက် အမှတ်ရစရာ ဖြစ်မယ်လို့ ပြောချင်လဲရှင့်။

ဖြေ ။ ။ ကိုယ့်မိဘတွေ၊ ကိုယ့်ညီမလေးတို့ မပါတော့ နည်းနည်းတော့ စိတ်မကောင်းဘူးပေါ့။ သူတို့အတွက် ကိုယ်က လုပ်ခဲ့တာဆိုတော့ အဲဒါတော့ တခုမကောင်းဘူးပေါ့။ ဒါပေမဲ့ ဒီလို နောက်ဆုံးတခေါက် တွေ့ခွင့်ရတာတော့ ပျော်ပါတယ်။

မေး ။ ။ နောက်ဆုံးတခေါက် တွေ့ခွင့်ရတယ်ဆိုတာ …

ဖြေ ။ ။ ကိုယ့်သူငယ်ချင်းတွေနဲ့ တွေ့ခွင့်ရတာ။ ဘာဖြစ်လို့လဲဆိုတော့ အခုပြီးသွားရင် တချို့လူတွေက ဘယ်တော့မှ တွေ့ခွင့်ရမှာ မဟုတ်တော့ဘူးလေ။ ကိုယ်နဲ့ခင်တဲ့လူတွေက Christmas Break တို့ ဘာတို့ကို ချိန်းလို့ရတယ်။ ဒါပေမဲ့ တော်တော်များများ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေမှာဆိုတော့ တခါတလေကြရင် မတွေ့တော့ဘူးပေါ့။

မေး ။ ။ ဘွဲ့ယူတဲ့အခမ်းအနားမှာ သမ္မတဒေါ်နယ်ထရမ့်က သူမိန့်ခွန်းပြောပါတယ်။ သူမိန့််ခွန်းပြောသွားတဲ့အထဲမှာ ကိုယ့်အတွက် မှတ်မှတ်ထင်ထင် ကျန်နေတဲ့ စကား ဘာရှိတယ်လို့ ပြောနိုင်ပါလဲရှင့်။

ဖြေ ။ ။ အမေရိကန်စစ်သားက ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေမှာ တကယ်ပါခဲ့တယ်။ The American soldiers have been central to most of the wars. They have been fighting for a long time. အမေရိကန်စစ်သားတွေက ကြာခဲ့ပြီး စစ်တိုက်လာခဲ့တာ။ ကျနော်တို့က မျိုးဆက်သစ်တွေ new blood ဆိုတော့ သူတို့ရှေ့က ကောင်းတာလုပ်ခဲ့တာတွေကို ကိုယ်က ပိုကောင်းအောင်ဆက်ပြီးတော့ လက်ဆင့်ကမ်းယူသွားရမယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာက ကိုအောင်မိုးအနေနဲ့ စစ်သားကောင်းတယောက်၊ စစ်မှုထမ်းကောင်းတယောက်ဖြစ်ဖို့ အတွက်က ဘယ်လိုမျိုး ကျင့်ဝတ်တွေကို ကျင့်သုံးရမယ်လို့ ခံယူထားပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ကျောင်းကဆရာတွေ သင်ပေးတာတွေက ပထမဦးဆုံး Infantry Officer တယောက်အနေနဲ့ ပထမဦးဆုံး လိုတာကတော့ Fitness ကြံ့ခိုင်ရမယ်။ ကိုယ်ခန္ဓာ ကြံ့ခိုင်ရမယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရမယ်။ အားကစားတွေ ဘာတွေကတော့ အမြဲလုပ်နေရမှာပေါ့။ ပြေးတာတွေ အမြဲပြေးနေရမယ်။ ဝိတ်မတာတွေ အမြဲတမ်း လုပ်နေရမယ်။ ဒါပေမဲ့ the most important thing အရေးအကြီးဆုံးက ကိုယ့်ရဲ့အောက်က ကိုယ်နဲ့အတူတူ လုပ်နေတဲ့ လူတွေအတွက် အကောင်းဆုံးဖြစ်အောင် ကိုယ်ကကြည့်နေရမယ်။ တနေရာသွားရင် သူတို့အတွက် ထမင်းစားစရာ ရှိလား၊ မရှိလား၊ အဝတ်အစားတွေ၊ အိပ်ဖို့ခေါင်းအုံပါလား မပါလား။ အကုန်လုံး စစ်နေရမယ်။ သူတို့အတွက်ပဲ ကိုယ်က လုပ်နေရမယ်၊ ကိုယ့်အတွက် ဘာမှမပါပါဘူး။

မေး ။ ။ ဆိုတော့ ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ ရှေ့ကနေ ဦးဆောင်ပေးဖို့က အရေးကြီးတယ်လို့ ပြောချင်တာပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့။

မေး ။ ။ ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။

ဖြေ ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။

XS
SM
MD
LG