ရန္ကုန္တိုင္းအတြင္းမွာ ကိုဗစ္ျဖစ္ႏႈန္း ေသာင္းေက်ာ္အဆင့္ေရာက္ရိွလာၿပီး၊ ေသဆုံးႏႈန္းလည္း သံုးရာေက်ာ္အထိ ရိွလာတာကို၊ ျပန္ေလွ်ာ့ခ်ႏိုင္ဖို႔ အေရးႀကီးေနၿပီလို႔ က်န္းမာေရးဝန္ႀကီးက မွာၾကားေျပာဆိုပါတယ္။
တဟုန္းထိုးျမင့္မားလာတဲ့ ကိုဗစ္ ျဖစ္ႏႈန္း ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ျပည္သူေတြက အဓိကျဖစ္ၿပီး၊ အထိေရာက္ဆုံး နည္းဗ်ဴဟာကေတာ့ အိမ္အျပင္ကို မထြက္ၾကဘဲေနေပးကာ၊ မျဖစ္မေနထြက္ရလွ်င္လဲ ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္တာ၊ လက္ေတြကို စနစ္တက်ေဆးေၾကာတာနဲ႔ ခပ္ခြာခြာေနတာ (Social Distancing) ေတြကို ဆက္လက္လုပ္ေပးဖို႔ပါ။ အမ်ားဆုံး အျပင္ထြက္ရတာကလည္း ေစ်းဝယ္သြားရတာျဖစ္ၿပီး၊ အဲဒီေနရာေတြမွာ အမ်ားဆုံး ကူးစက္ေလ့ရွိတာမို႔၊ ေစ်းဝယ္ခ်ိန္ မၾကာရေအာင္ ဝယ္မယ့္ပစၥည္းနဲ႔ ဆိုင္ကို ႀကိဳစဥ္းစားသတ္မွတ္ထားၿပီး၊ အျမန္ဆံုး တစ္ခုစီ အစဥ္လိုက္ဝင္ဝယ္ကာ အျမန္ျပန္ထြက္သင့္ပါတယ္။ အေၾကာင္းက ဟိုရွာ၊ ဒီရွာျဖစ္ကာ အခ်ိန္ၾကာေလ၊ ကူးစက္ခံရဖို႔ မ်ားေလမို႔ပါ။ ဒါ့အျပင္ ေစ်းသူေစ်းသားေတြကလည္း အထူးအေရးႀကီးပါတယ္။ ေစ်းသည္တစ္ဦးမွာ ပိုးရွိေနလွ်င္ အျခားလူအမ်ားႀကီးကို ကူးသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေစ်းသည္ေတြအေနနဲ႔ ပါးစပ္နဲ႔ႏွာေခါင္းစည္းကို အခ်ိန္ျပည့္တပ္ထားတာအျပင္၊ မ်က္ႏွာအကာ (Face Shield) ပါ တြဲတပ္သင့္ပါတယ္။
အျခားကူးစက္မူ မ်ားေစႏိုင္တာေတြကေတာ့ လူစုလူေဝးရိွတဲ့ ေနရာေတြနဲ႔ လူစုလူေဝး သြားလာတဲ့ အခ်ိန္ေတြမွာပါ။ အဓိကကေနရာကေတြတာ့ ေဆး႐ုံေတြ၊ အလုပ္႐ုံ၊ စက္႐ုံေတြ၊ ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းနဲ႔ မယ္သီလရွင္ေက်ာင္းေတြပါ။ ဒီေနရာေတြမွာ အေရးႀကီးဆုံးအခ်ိန္ကေတာ့၊ ထမင္းအတူစားခ်ိန္မွာ ကူးစက္ေလ့ရွိတာပါ။ အေၾကာင္းက ဘုန္းႀကီးေတြ ဆြမ္းဘုန္းေပးခ်ိန္၊ လူေတြစားေသာက္ခ်ိန္မွာ ပါးစပ္နဲ႔ႏွာေခါင္းစည္း မတပ္ထားတာေၾကာင့္၊ စကားေျပာတာ၊ ပါးစပ္ဟတာ၊ ေခ်ာင္းဆိုးတာေတြကတစ္ဆင့္ အလြယ္တကူ ကူးသြားႏိုင္လို႔ပါ။ ဒါေၾကာင့္ ျဖစ္ႏိုင္လွ်င္ တစ္ဦးနဲ႔တစ္ဦး (၆) ေပခြာၿပီး ဆြမ္းဘုန္းေပးသင့္၊ စားသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ ကိုယ့္ဟာကိုယ္တစ္ပါးထဲ ဆြမ္းဘုန္းေပးတာ၊ တစ္ဦးတည္း သီးျခားစားတာပါ။
ေနာက္လူစုေနတဲ့ လူအို႐ုံနဲ႔ ေထာင္ေတြမွာလည္း အထူးသတိထား ကာကြယ္သင့္ပါတယ္။ အထူးသျဖင့္ေတာ့ လူအို႐ုံေတြမွာ အလုပ္လာလုပ္သူေတြက အျပင္ကေန႔စဥ္လာရတာေၾကာင္၊့ သူတို႔မွာ ပိုးပါလာလွ်င္၊ သက္ႀကီးေတြကိုကူးၿပီး ေသဆုံးမူပါ မ်ားသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီလူစုေနတဲ့ေနရာေတြမွာ အဝင္အထြက္ေတြကိုလည္း ႀကီးၾကပ္သင့္ပါတယ္။ ေနာက္ပိုင္း အျမန္စစ္ႏိုင္တဲ့ Antigen Test ေတြရလာလွ်င္၊ ဒီ အဝင္အထြက္ လုပ္ေနရသူေတြကို၊ အထူးသျဖင့္ လူအို႐ုံေတြမွာ၊ စစ္ေဆးေပးႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။
ေသဆုံးႏႈန္း စျမင့္တက္လာတာကို ေလွ်ာ့ခ်ႏိုင္ဖို႔ကေတာ့၊ ေဆး႐ုံအခ်ိန္မီ ေရာက္ဖို႔နဲ႔ ေသဆုံးဖို႔မ်ားတဲ့ ေရာဂါအခံရွိသူနဲ႔ သက္ႀကီးေတြကို အစထဲက မကူးေအာင္ကာကြယ္ဖို႔ပါ။ ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ကိုဗစ္ရဲ ႔ အဓိက သံသယလကၡဏာျဖစ္တဲ့ အနံ႔ေပ်ာက္တာျဖစ္တာနဲ႔ ေစာေစာ ေဆး႐ုံျပသင့္ပါတယ္။ Comorbid (ေခၚ) ေရာဂါအခံရွိထားသူ (အထူးသျဖင့္ ဆီးခ်ိဳရွိသူ) ေတြနဲ႔ သက္ႀကီးေတြအေနနဲ႔လည္း၊ အိမ္ထဲမွာေနတာအျပင္၊ အျပင္ထြက္တဲ့ အျခားအိမ္သူအိမ္သားေတြနဲ႔လည္း၊ သီးျခားခြဲေနထိုင္၊ စားေသာက္တာ (Self-Isolation/ Self-Quarantine) လုပ္သင့္ပါတယ္။ ဒါ့အျပင္ ေရာဂါအခံရွိသူေတြအေနနဲ႔ ပုံမွန္ေသာက္ေနရတဲ့ေဆးေတြ လုံးဝမျပတ္ေအာင္လည္း ႀကိဳတယ္ဝယ္ယူ စုေဆာင္းၿပီး၊ အၿမဲလက္ဝယ္ေဆာင္ထားသင့္ပါတယ္။
အလားတူ ေသဆုံးမူေလွ်ာ့ခ်ႏိုင္ေရးအတြက္ ကုသမူေပးရာမွာလည္း၊ က်န္းမာေရးဝန္ႀကီးဌာနဘက္ကေတာ့ ႏိုင္ငံတကာစံခ်ိန္မီ အေကာင္းဆုံး ေနာက္ဆုံးေပၚေဆးေတြ (ဥပမာ၊ Cytokine Storm အတြက္ Interleukin ၊ Remdesivir ၊ ဂ်ပန္က Avigan၊ ျမန္မာျပည္မွာ ရွိထားတဲ့ Dexamethasone စတာ) ေတြကို သုံးေနပါတယ္။ ဒါ့အျပင္ ပါေမာကၡဌာနမူးေတြ ဦးေဆာင္ကာ အေမရိကန္အပါအဝင္ ႏိုင္ငံတကာမိတ္ေတြမ်ားနဲ႔ Webinar (အင္တာနက္ေဆြးေႏြးပြဲ) ေတြလုပ္ၿပီး၊ ေနာက္ဆုံးေပၚ ထိေရာက္တဲ့ ကုထုံးေတြကို သုံးေနပါတယ္။ ေနာက္အေရးႀကီးတဲ့ စိန္ေခၚမူျဖစ္တဲ့ ျဗဳန္းကနဲမ်ားလာတဲ့ လူနာေတြကို ထားဖို႔ေနရာရွာတာကိုလည္း၊ ရန္ကုန္တိုင္းအစိုးရက အေကာင္းဆုံး ႀကိဳးပမ္းေပးေနပါတယ္။ ဒါ့အျပင္ ျပည္တြင္းအလူရွင္ေတြအေနနဲ႔ ဟိုတယ္ေနရာေပးတာ၊ အေဆာက္အဦးေတြ ေပးသုံးတာအျပင္၊ ယာယီေဆး႐ုံတဲ (Tent Hospital) ထိုးေပးတာေတြကို အခ်ိန္တိုအတြင္း အလုံးအရင္းနဲ႔ ကူညီေနပါတယ္။ ႏိုင္ငံတကာအလူရွင္အဖြဲ႕ေတြကလည္း၊ ICU (အထူးၾကပ္မတ္ကုသေဆာင္) ေတြ၊ အသက္႐ူစက္ (Ventilator) ေတြနဲ႔ အျခားေဆး႐ုံသုံးပစၥည္း ကရိယာေတြကို အမ်ားအျပား ပံ့ပိုးေပးေနကာ၊ အစိုးရဘ႑ာမ်ားစြာလည္း စိုက္ထုတ္ၿပီး လိုအပ္တဲ့ေဆးေတြ ဝယ္ကာ၊ ေဆး႐ုံအဆင့္အတန္းကို ျမႇင့္တင္ထားပါတယ္။ ဒါေၾကာင့္ ဒီေသဆုံးႏႈန္းေတြ မၾကာခင္ ျပန္က်လာဖို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္မွာေတာ့ ပိုးေတြ႕ႏႈန္းက ဆက္တက္ေနႏိုင္ၿပီး၊ စက္႐ုံအလုပ္႐ုံစပိတ္တဲ့ စက္တင္ဘာ (၂၄) ရက္ ေနာက္ပိုင္း (၂) ပတ္ေလာက္မွာ၊ သက္ေရာက္မူကို စေတြ႕ႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။
ဒါ့အျပင္ ေသဆုံးႏႈန္းေတြ တက္မလာဖို႔ ေနာက္အေရးႀကီးတာတစ္ခုက၊ မရွိမျဖစ္ ကုသေပးေနရတဲ့ ေဆး႐ုံဝန္ထမ္းေတြ အမ်ားႀကီး မကူးစက္ခံရဖို႔ပါ။ လက္ရွိမွာ ကူးစက္ခံရတဲ့ ေဆး႐ုံဝန္ထမ္းအမ်ားစုက၊ အေရးေပၚခြဲစိပ္လူနာေတြမွာ ပိုးရွိေနမွန္း မသိဘဲ၊ ခြဲေပးခဲ့ရတာကေန ျဖစ္ခဲ့တာပါ။ အခုေတာ့ အျမန္စစ္ႏိုင္တဲ့ Antigen Test Kit ေတြ (၄) သိန္းေက်ာ္ ေရာက္ရိွလာတာေၾကာင့္၊ မခြဲခင္လူနာေတြ ပိုးရွိ၊ မရွိ နာရီဝက္အတြင္း စစ္ႏိုင္ေတာ့မွာမို႔၊ ဒီကူးစက္မူကို ကာကြယ္ဖို႔ လမ္းစေပၚလာပါၿပီ။ ဒါ့အျပင္ Test Kit ေတြနဲ႔ အျမန္စစ္ႏိုင္တာေၾကာင့္၊ အျခားပိုးရွိသူေတြကိုလည္း ေစာစီးစြာသိႏိုင္ၿပီး၊ ထိေတြ႕မူကြင္းဆက္ (Contact Tracing) ေတြကို အျမန္ဆက္လိုက္ကာ၊ ခြဲထုတ္ထားၿပီး၊ ကူးစက္မူကြင္းဆက္ကို ေလွ်ာ့ခ်ႏိုင္ဖို႔ အလားအလာလည္း ရွိေနပါၿပီ။ ဒါ့အျပင္ ေဆး႐ုံမွာ ေဆးပစၥည္းေတြ (PPE တကိုယ္ေရအကာအကြယ္ဝတ္စုံ၊ N95 ႏွာေခါင္းစည္း၊ စတာ) နဲ႔ ေဆးေတြ မျပတ္လပ္ရေအာင္၊ ကြန္ျပဴတာ Dashboard စနစ္နဲ႔ စီစဥ္ထားၿပီး၊ ဒီေထာက္ပံ့ေရးစနစ္ တြက္ေခ်ကိုက္မူ (Logistic System Efficiency) တက္လာေအာင္ အေလးထားလုပ္ေဆာင္ေနပါတယ္။
ဒီေရာဂါနဲ႔ စီမံလုပ္ေဆာင္မႈေတြကို ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္း က က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးကို ဆက္သြယ္ေမးျမန္းထားပါတယ္။
==Unicode==
ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်ဖြစ်နှုန်း သောင်းကျော်အဆင့်ရောက်ရှိလာပြီး၊ သေဆုံးနှုန်းလည်း သုံးရာကျော်အထိ ရှိလာတာကို၊ ပြန်လျှော့ချနိုင်ဖို့ အရေးကြီးနေပြီလို့ ကျန်းမာရေးဝန်ကြီးက မှာကြားပြောဆိုပါတယ်။
တဟုန်းထိုးမြင့်မားလာတဲ့ ကိုဗစ် ဖြစ်နှုန်း လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေက အဓိကဖြစ်ပြီး၊ အထိရောက်ဆုံး နည်းဗျူဟာကတော့ အိမ်အပြင်ကို မထွက်ကြဘဲနေပေးကာ၊ မဖြစ်မနေထွက်ရလျှင်လဲ ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်တွေကို စနစ်တကျဆေးကြောတာနဲ့ ခပ်ခွာခွာနေတာ (Social Distancing) တွေကို ဆက်လက်လုပ်ပေးဖို့ပါ။ အများဆုံး အပြင်ထွက်ရတာကလည်း ဈေးဝယ်သွားရတာဖြစ်ပြီး၊ အဲဒီနေရာတွေမှာ အများဆုံး ကူးစက်လေ့ရှိတာမို့၊ ဈေးဝယ်ချိန် မကြာရအောင် ဝယ်မယ့်ပစ္စည်းနဲ့ ဆိုင်ကို ကြိုစဉ်းစားသတ်မှတ်ထားပြီး၊ အမြန်ဆုံး တစ်ခုစီ အစဉ်လိုက်ဝင်ဝယ်ကာ အမြန်ပြန်ထွက်သင့်ပါတယ်။ အကြောင်းက ဟိုရှာ၊ ဒီရှာဖြစ်ကာ အချိန်ကြာလေ၊ ကူးစက်ခံရဖို့ များလေမို့ပါ။ ဒါ့အပြင် ဈေးသူဈေးသားတွေကလည်း အထူးအရေးကြီးပါတယ်။ ဈေးသည်တစ်ဦးမှာ ပိုးရှိနေလျှင် အခြားလူအများကြီးကို ကူးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဈေးသည်တွေအနေနဲ့ ပါးစပ်နဲ့နှာခေါင်းစည်းကို အချိန်ပြည့်တပ်ထားတာအပြင်၊ မျက်နှာအကာ (Face Shield) ပါ တွဲတပ်သင့်ပါတယ်။
အခြားကူးစက်မူ များစေနိုင်တာတွေကတော့ လူစုလူဝေးရှိတဲ့ နေရာတွေနဲ့ လူစုလူဝေး သွားလာတဲ့ အချိန်တွေမှာပါ။ အဓိကကနေရာကတွေတာ့ ဆေးရုံတွေ၊ အလုပ်ရုံ၊ စက်ရုံတွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းနဲ့ မယ်သီလရှင်ကျောင်းတွေပါ။ ဒီနေရာတွေမှာ အရေးကြီးဆုံးအချိန်ကတော့၊ ထမင်းအတူစားချိန်မှာ ကူးစက်လေ့ရှိတာပါ။ အကြောင်းက ဘုန်းကြီးတွေ ဆွမ်းဘုန်းပေးချိန်၊ လူတွေစားသောက်ချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်း မတပ်ထားတာကြောင့်၊ စကားပြောတာ၊ ပါးစပ်ဟတာ၊ ချောင်းဆိုးတာတွေကတစ်ဆင့် အလွယ်တကူ ကူးသွားနိုင်လို့ပါ။ ဒါကြောင့် ဖြစ်နိုင်လျှင် တစ်ဦးနဲ့တစ်ဦး (၆) ပေခွာပြီး ဆွမ်းဘုန်းပေးသင့်၊ စားသင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဟာကိုယ်တစ်ပါးထဲ ဆွမ်းဘုန်းပေးတာ၊ တစ်ဦးတည်း သီးခြားစားတာပါ။
နောက်လူစုနေတဲ့ လူအိုရုံနဲ့ ထောင်တွေမှာလည်း အထူးသတိထား ကာကွယ်သင့်ပါတယ်။ အထူးသဖြင့်တော့ လူအိုရုံတွေမှာ အလုပ်လာလုပ်သူတွေက အပြင်ကနေ့စဉ်လာရတာကြောင်၊့ သူတို့မှာ ပိုးပါလာလျှင်၊ သက်ကြီးတွေကိုကူးပြီး သေဆုံးမူပါ များသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလူစုနေတဲ့နေရာတွေမှာ အဝင်အထွက်တွေကိုလည်း ကြီးကြပ်သင့်ပါတယ်။ နောက်ပိုင်း အမြန်စစ်နိုင်တဲ့ Antigen Test တွေရလာလျှင်၊ ဒီ အဝင်အထွက် လုပ်နေရသူတွေကို၊ အထူးသဖြင့် လူအိုရုံတွေမှာ၊ စစ်ဆေးပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။
သေဆုံးနှုန်း စမြင့်တက်လာတာကို လျှော့ချနိုင်ဖို့ကတော့၊ ဆေးရုံအချိန်မီ ရောက်ဖို့နဲ့ သေဆုံးဖို့များတဲ့ ရောဂါအခံရှိသူနဲ့ သက်ကြီးတွေကို အစထဲက မကူးအောင်ကာကွယ်ဖို့ပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်ရဲ့ အဓိက သံသယလက္ခဏာဖြစ်တဲ့ အနံ့ပျောက်တာဖြစ်တာနဲ့ စောစော ဆေးရုံပြသင့်ပါတယ်။ Comorbid (ခေါ်) ရောဂါအခံရှိထားသူ (အထူးသဖြင့် ဆီးချိုရှိသူ) တွေနဲ့ သက်ကြီးတွေအနေနဲ့လည်း၊ အိမ်ထဲမှာနေတာအပြင်၊ အပြင်ထွက်တဲ့ အခြားအိမ်သူအိမ်သားတွေနဲ့လည်း၊ သီးခြားခွဲနေထိုင်၊ စားသောက်တာ (Self-Isolation/ Self-Quarantine) လုပ်သင့်ပါတယ်။ ဒါ့အပြင် ရောဂါအခံရှိသူတွေအနေနဲ့ ပုံမှန်သောက်နေရတဲ့ဆေးတွေ လုံးဝမပြတ်အောင်လည်း ကြိုတယ်ဝယ်ယူ စုဆောင်းပြီး၊ အမြဲလက်ဝယ်ဆောင်ထားသင့်ပါတယ်။
အလားတူ သေဆုံးမူလျှော့ချနိုင်ရေးအတွက် ကုသမူပေးရာမှာလည်း၊ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ နိုင်ငံတကာစံချိန်မီ အကောင်းဆုံး နောက်ဆုံးပေါ်ဆေးတွေ (ဥပမာ၊ Cytokine Storm အတွက် Interleukin ၊ Remdesivir ၊ ဂျပန်က Avigan၊ မြန်မာပြည်မှာ ရှိထားတဲ့ Dexamethasone စတာ) တွေကို သုံးနေပါတယ်။ ဒါ့အပြင် ပါမောက္ခဌာနမူးတွေ ဦးဆောင်ကာ အမေရိကန်အပါအဝင် နိုင်ငံတကာမိတ်တွေများနဲ့ Webinar (အင်တာနက်ဆွေးနွေးပွဲ) တွေလုပ်ပြီး၊ နောက်ဆုံးပေါ် ထိရောက်တဲ့ ကုထုံးတွေကို သုံးနေပါတယ်။ နောက်အရေးကြီးတဲ့ စိန်ခေါ်မူဖြစ်တဲ့ ဗြုန်းကနဲများလာတဲ့ လူနာတွေကို ထားဖို့နေရာရှာတာကိုလည်း၊ ရန်ကုန်တိုင်းအစိုးရက အကောင်းဆုံး ကြိုးပမ်းပေးနေပါတယ်။ ဒါ့အပြင် ပြည်တွင်းအလူရှင်တွေအနေနဲ့ ဟိုတယ်နေရာပေးတာ၊ အဆောက်အဦးတွေ ပေးသုံးတာအပြင်၊ ယာယီဆေးရုံတဲ (Tent Hospital) ထိုးပေးတာတွေကို အချိန်တိုအတွင်း အလုံးအရင်းနဲ့ ကူညီနေပါတယ်။ နိုင်ငံတကာအလူရှင်အဖွဲ့တွေကလည်း၊ ICU (အထူးကြပ်မတ်ကုသဆောင်) တွေ၊ အသက်ရူစက် (Ventilator) တွေနဲ့ အခြားဆေးရုံသုံးပစ္စည်း ကရိယာတွေကို အများအပြား ပံ့ပိုးပေးနေကာ၊ အစိုးရဘဏ္ဍာများစွာလည်း စိုက်ထုတ်ပြီး လိုအပ်တဲ့ဆေးတွေ ဝယ်ကာ၊ ဆေးရုံအဆင့်အတန်းကို မြှင့်တင်ထားပါတယ်။ ဒါကြောင့် ဒီသေဆုံးနှုန်းတွေ မကြာခင် ပြန်ကျလာဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ပိုးတွေ့နှုန်းက ဆက်တက်နေနိုင်ပြီး၊ စက်ရုံအလုပ်ရုံစပိတ်တဲ့ စက်တင်ဘာ (၂၄) ရက် နောက်ပိုင်း (၂) ပတ်လောက်မှာ၊ သက်ရောက်မူကို စတွေ့နိုင်ဖို့ မျှော်မှန်းထားပါတယ်။
ဒါ့အပြင် သေဆုံးနှုန်းတွေ တက်မလာဖို့ နောက်အရေးကြီးတာတစ်ခုက၊ မရှိမဖြစ် ကုသပေးနေရတဲ့ ဆေးရုံဝန်ထမ်းတွေ အများကြီး မကူးစက်ခံရဖို့ပါ။ လက်ရှိမှာ ကူးစက်ခံရတဲ့ ဆေးရုံဝန်ထမ်းအများစုက၊ အရေးပေါ်ခွဲစိပ်လူနာတွေမှာ ပိုးရှိနေမှန်း မသိဘဲ၊ ခွဲပေးခဲ့ရတာကနေ ဖြစ်ခဲ့တာပါ။ အခုတော့ အမြန်စစ်နိုင်တဲ့ Antigen Test Kit တွေ (၄) သိန်းကျော် ရောက်ရှိလာတာကြောင့်၊ မခွဲခင်လူနာတွေ ပိုးရှိ၊ မရှိ နာရီဝက်အတွင်း စစ်နိုင်တော့မှာမို့၊ ဒီကူးစက်မူကို ကာကွယ်ဖို့ လမ်းစပေါ်လာပါပြီ။ ဒါ့အပြင် Test Kit တွေနဲ့ အမြန်စစ်နိုင်တာကြောင့်၊ အခြားပိုးရှိသူတွေကိုလည်း စောစီးစွာသိနိုင်ပြီး၊ ထိတွေ့မူကွင်းဆက် (Contact Tracing) တွေကို အမြန်ဆက်လိုက်ကာ၊ ခွဲထုတ်ထားပြီး၊ ကူးစက်မူကွင်းဆက်ကို လျှော့ချနိုင်ဖို့ အလားအလာလည်း ရှိနေပါပြီ။ ဒါ့အပြင် ဆေးရုံမှာ ဆေးပစ္စည်းတွေ (PPE တကိုယ်ရေအကာအကွယ်ဝတ်စုံ၊ N95 နှာခေါင်းစည်း၊ စတာ) နဲ့ ဆေးတွေ မပြတ်လပ်ရအောင်၊ ကွန်ပြူတာ Dashboard စနစ်နဲ့ စီစဉ်ထားပြီး၊ ဒီထောက်ပံ့ရေးစနစ် တွက်ချေကိုက်မူ (Logistic System Efficiency) တက်လာအောင် အလေးထားလုပ်ဆောင်နေပါတယ်။
ဒီရောဂါနဲ့ စီမံလုပ်ဆောင်မှုတွေကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။