ျမန္မာႏိုင္ငံမွာ မၾကာခင္ရက္ပိုင္းအတြင္း ကိုဗစ္ေရာဂါ ျဖစ္ႏႈန္း၊ ေသႏႈန္း ဆက္တိုက္ျမင့္တက္သြားတာေၾကာင့္၊ ပိုမိုမဆိုးလာေအာင္ တစ္ဦးခ်င္း ကာကြယ္မႈေတြ ပိုလုပ္ၿပီး၊ ေရာဂါလကၡဏာအေျခအေနကို အထူးဂရုစိုက္ေစာင့္ၾကည့္ဖို ႔လိုေနပါၿပီ။
ျမန္မာႏိုင္ငံမွာ လက္ရွိ ကိုဗစ္ျဖစ္ႏႈန္း ထိုးတက္သြားတာက၊ အရင္ မတ္၊ ဧၿပီနဲ႔ ေမလေတြ အစပိုင္းတုန္းက လုပ္ခဲ့တဲ့ ကာကြယ္ေရးေတြကို၊ ေနာက္ပိုင္းပိုးေတြ႕နည္းလာခ်ိန္မွာ ဆက္မလုပ္ျဖစ္ခဲ့တာေၾကာင့္ျဖစ္ၿပီး၊ အခုလဲ တစ္ဦးခ်င္း စမလုပ္ႏိုင္လွ်င္၊ အခု ႏွစ္ဆကေန၊ သံုးဆ၊ ေလးဆ ထပ္ထိုးတက္ကာ၊ မႏိုင္မနင္းျဖစ္တာအျပင္၊ ေနာက္ဆုံးမိမိကိုယ္တိုင္ပါ ကူးစက္ခံရကာ၊ အနီးကလူေတြကိုပါ ဆက္ကူးေစႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။ ဒါေပမဲ့ အရင္လုပ္ခဲ့တဲ့ ကာကြယ္နည္းေတြျဖစ္တဲ့ အိမ္မွာေနတာ (Home Stay)၊ အျပင္ထြက္ရလွ်င္လည္း ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) စနစ္တက်တပ္တာ၊ အျပင္ကပစၥည္းေတြကိုင္ၿပီးတိုင္း၊ လက္ကို စကၠန႔္ (၂၀) ၾကာ ေရနဲ႔ဆပ္ျပာသုံး (သို႔မဟုတ္) လက္သန႔္ေဆးရည္သုံးေဆးတာ၊ လက္နဲ႔မ်က္ႏွာတဝိုက္ မထိတဲ့အက်င့္ လုပ္ေဆာင္တာနဲ႔၊ တစ္ဦးနဲ႔တစ္ဦး (၆) ေပအကြာကေန ႏွာေခါင္းစည္းတပ္လွ်က္ စကားေျပာဆက္ဆံတာ (Social Distancing) ေတြကို တစ္ဦးခ်င္း အတိအက်လုပ္ေပးလွ်င္ေတာ့၊ မၾကာခင္ သတင္းပတ္ ၂ ပတ္ (သို႔မဟုတ္) တစ္လအတြင္း ဒီျဖစ္ႏႈန္းေသႏႈန္းေတြ ျပန္က်သြားႏိုင္ပါတယ္။
ကိုဗစ္ေရာဂါ အခု ဒုတိယတေက်ာ့ျပန္ ျဖစ္ျဖစ္လာခ်ိန္ ေသဆုံးမူ ျမင့္မားလာရာမွာ၊ သက္ႀကီးေတြအျပင္၊ အသက္ ၅၀၊ ၆၀ ႏွစ္အ႐ြယ္ သက္လတ္ေတြလည္း ပါလာေပမယ့္ အမ်ားစုကေတာ့၊ ျဖစ္ေလ့ရွိတဲ့အတိုင္း ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါနဲ႔ အျခားေရာဂါအခံ ရွိထားသူေတြျဖစ္ၿပီး၊ ျပႆနာက ေနာက္ထပ္ ဒီလူတခ်ဳိ ႔ ICU အထူးၾကပ္မတ္ကုသေဆာင္ ေရာက္တာမ်ားလာေနတာေၾကာင့္ ေနာက္ထပ္ေသဆုံးမူ တိုးလာႏိုင္ပါတယ္။ ဒါ့အျပင္ ထူးျခားလာတာက၊ လူနာအနည္းငယ္ဟာ မၾကာခင္ရက္ပိုင္းတြင္း ေဆး႐ုံမေရာက္ခင္ ေသဆုံးခဲ့ရၿပီး (Brought Death)၊ ေနာက္မွ ပိုးရွိေၾကာင္းသိရတဲ့၊ ေဆး႐ုံအေရာက္ေနာက္က်မူ စျဖစ္လာတာပါ။ ဒီအတြက္ ေရာဂါလကၡဏာေတြကို ႀကိဳသိထား၊ ေစာင့္ၾကည့္ျခင္းျဖင့္ ေရာဂါကိုေစာစာသိႏိုင္ကာ၊ အခ်ိန္မီေဆး႐ုံ၊ေဆးခန္းကို ဆက္သြယ္ျခင္းျဖင့္လည္း၊ အခုလို ေဆး႐ုံအေရာက္ေနာက္က်ၿပီး ေသဆုံးရမူကေန ကာကြယ္ႏိုင္ပါတယ္။
အဓိကေရာဂါလကၡဏာေတြကေတာ့ ဖ်ားတာ၊ အသက္႐ူလမ္းေၾကာင္း ျပႆနာေတြျဖစ္တဲ့ ႏွာေစး၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာတာနဲ႔ ေနာက္ပိုင္းအျဖစ္မ်ားလာတဲ့ ႐ုတ္တရက္ အန႔ံ့ေပ်ာက္ (စူးရွတဲ့အနံ႔ကိုခံၾကည့္လွ်င္ အရင္လိုမသိေတာ့) တာေတြပါ။ ဒီလကၡဏာေတြ ေပၚလာလွ်င္ ေဆး႐ုံ၊ေဆးခန္းကို မဆက္သြယ္ခင္မွာကို၊ စျဖစ္ျဖစ္ခ်င္း မိသားစုနဲ႔ အိမ္တြင္းကလူေတြကို မကူးမိေစဖို႔ သီးသန႔္ခြဲေန၊ သီးသန္အသုံးအေဆာင္ (စားေသာက္တဲ့ ခြက္ေယာက္နဲ႔ ဇြန္းအပါအဝင္) သုံးၿပီး၊ ေရခ်ိဳးသန႔္စင္ရာမွာလည္း အမ်ားသုံး (သို႔မဟုတ္) အျခားမိသားစုင္ေတြသုံးတဲ့ အခန္းကို မသုံးဖို႔ပါ။ ျဖစ္ႏိုင္လွ်င္ မိမိအခန္းျပင္ (သို႔မဟုတ္) အျခားေနရာေတြကို ကိုင္တြယ္ရာမွာ လက္အိပ္ဝတ္ထားျခင္းျဖင့္လည္း၊ အိမ္ထဲက အျခားသူေတြကို မကူးေစႏိုင္ပါဘူး။ ဒါ့အျပင္ မိမိအခန္းျပင္ထြက္တာ (သိူ႔မဟုတ္) အျခားေနရာကိုသြားတာနဲ႔ ပါးစပ္နဲ႔ ႏွာေခါင္းစည္းပါ အိမ္ထဲမွကို တပ္ထားသင့္ပါတယ္။
ဒီအခ်ိန္မွာ ဧည့္ခန္းထဲ ႐ုပ္ျမင္သံၾကား အတူတူၾကည့္တာ၊ စကားေျပာတာေတြ မလုပ္သင့္ေတာ့ပါဘူး။ ၿပီးတာနဲ႔ ခ်က္ခ်င္း ေဆး႐ုံးေဆးခန္းကို အေၾကာင္းၾကားတာ (သို႔မဟုတ္) ကိုယ္တိုင္သြားရာမွာလည္း မိမိတစ္ဦးတည္းသာ သြားသင့္ပါတယ္။ အေၾကာင္းက မိမိကိုလိုက္ပို႔သူေတြ လမ္းမွာ၊ ကားထဲမွာ ကူးကုန္ႏိုင္လို႔ပါ။ ဒါ့အျပင္ အခုလို သြားရာမွာလည္း၊ အျပင္ကလူေတြကို မကူးေစဖို႔၊ ပါးစပ္နဲ႔ႏွာေခါင္းစည္းအျပင္ မ်က္ႏွာအကာ (သို႔မဟုတ္) မ်က္စိအကာ (Eye Shield) ေတြပါတပ္ၿပီး၊ လက္အိပ္ပါစြပ္ထားႏိုင္လွ်င္ ပိုေကာင္းပါတယ္။ အေၾကာင္းက ေဆး႐ုံ၊ ေဆးခန္းမွာ အနားကလူေတြကို ဆက္မကူးေစဖို႔ပါ။
အကယ္၍ လကၡဏာမရွိဘဲ အိမ္မွာေနတဲ့ (Stay Home) ကာလမွာလည္း၊ အျပင္ထြက္ရသူ (မျဖစ္မေန အလုပ္သြားရသူ၊ ေစ်းထြက္ဝယ္သူ) ေတြအေနနဲ႔ေတာ့၊ အထူးသတိျပဳကာကြယ္ေနထိုင္သင့္တာေတြ ရွိပါတယ္။ အေၾကာင္းက လကၡဏာမျပဘဲ ပိုးရွိၿပီး၊ အျခားလူေတြကို ကူးစက္တာေတြ ေတြ႕ေနရလို႔ပါ။ အကာအကြယ္ရၿပီးသား အိမ္မွာအၿမဲေနသူေတြကို၊ ဒီအျပင္ထြက္ လကၡဏာမရွိသူေတြက၊ ကူးစက္ေစႏိုင္တာကို ကာကြယ္ဖို႔အတြက္၊ အျပင္ကျပန္လာလွ်င္၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask) ကို အျပင္မွာပဲ၊ အဖုံးပါတဲ့အမႈိက္ပုံး (သို႔မဟုတ္) ပလပ္စတစ္အိပ္ထဲ လုံေအာင္ထည့္ၿပီး အမႈိက္ပုံးထဲမွာ အေသအခ်ာစြန႔္ပစ္ခဲ့သင့္ပါတယ္။ ၿပီးလွ်င္ အိမ္ထဲဝင္ရာမွာ၊ ပါးစပ္နဲ႔ႏွာေခါင္းစည္း အသစ္လဲၿပီး၊ ဘာမွမထိခင္ လက္အရင္ေဆးကာ အဝတ္ေတြကိုသီးသန႔္ခြၽတ္ၿပီး ေရခ်ိဳးလိုက္သင့္ပါတယ္။ ဒီနည္းနဲ႔ အျပင္က ပါေကာင္းပါလာႏိုင္တဲ့ ပိုးေတြကို ခြာခ်ၿပီးသားျဖစ္သြားလို႔ပါ။ ဒါ့အျပင္ အိမ္တြင္းမွာလည္း အျခားသူေတြနဲ႔ ခပ္ခြာခြာေနျခင္းျဖင့္၊ အိမ္တြင္းကလူအားလုံးကို ကာကြယ္ေပးႏိုင္ပါတယ္။
ဒီေရာဂါအေျခအေနအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ရန္ကုန္ ေဆး႐ုံႀကီးအေရးေပၚဌာနရဲ႕ ပါေမာကၡဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦးကို ဆက္သြယ္ေမးျမန္းထားပါတယ္။
===Unicode==
မြန်မာနိုင်ငံမှာ မကြာခင်ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါ ဖြစ်နှုန်း၊ သေနှုန်း ဆက်တိုက်မြင့်တက်သွားတာကြောင့်၊ ပိုမိုမဆိုးလာအောင် တစ်ဦးချင်း ကာကွယ်မှုတွေ ပိုလုပ်ပြီး၊ ရောဂါလက္ခဏာအခြေအနေကို အထူးဂရုစိုက်စောင့်ကြည့်ဖို့လိုနေပါပြီ။
မြန်မာနိုင်ငံမှာ လက်ရှိ ကိုဗစ်ဖြစ်နှုန်း ထိုးတက်သွားတာက၊ အရင် မတ်၊ ဧပြီနဲ့ မေလတွေ အစပိုင်းတုန်းက လုပ်ခဲ့တဲ့ ကာကွယ်ရေးတွေကို၊ နောက်ပိုင်းပိုးတွေ့နည်းလာချိန်မှာ ဆက်မလုပ်ဖြစ်ခဲ့တာကြောင့်ဖြစ်ပြီး၊ အခုလဲ တစ်ဦးချင်း စမလုပ်နိုင်လျှင်၊ အခု နှစ်ဆကနေ၊ သုံးဆ၊ လေးဆ ထပ်ထိုးတက်ကာ၊ မနိုင်မနင်းဖြစ်တာအပြင်၊ နောက်ဆုံးမိမိကိုယ်တိုင်ပါ ကူးစက်ခံရကာ၊ အနီးကလူတွေကိုပါ ဆက်ကူးစေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဒါပေမဲ့ အရင်လုပ်ခဲ့တဲ့ ကာကွယ်နည်းတွေဖြစ်တဲ့ အိမ်မှာနေတာ (Home Stay)၊ အပြင်ထွက်ရလျှင်လည်း ပါးစပ်နဲ့နှာခေါင်းစည်း (Mask) စနစ်တကျတပ်တာ၊ အပြင်ကပစ္စည်းတွေကိုင်ပြီးတိုင်း၊ လက်ကို စက္ကန့် (၂၀) ကြာ ရေနဲ့ဆပ်ပြာသုံး (သို့မဟုတ်) လက်သန့်ဆေးရည်သုံးဆေးတာ၊ လက်နဲ့မျက်နှာတဝိုက် မထိတဲ့အကျင့် လုပ်ဆောင်တာနဲ့၊ တစ်ဦးနဲ့တစ်ဦး (၆) ပေအကွာကနေ နှာခေါင်းစည်းတပ်လျှက် စကားပြောဆက်ဆံတာ (Social Distancing) တွေကို တစ်ဦးချင်း အတိအကျလုပ်ပေးလျှင်တော့၊ မကြာခင် သတင်းပတ် ၂ ပတ် (သို့မဟုတ်) တစ်လအတွင်း ဒီဖြစ်နှုန်းသေနှုန်းတွေ ပြန်ကျသွားနိုင်ပါတယ်။
ကိုဗစ်ရောဂါ အခု ဒုတိယတကျော့ပြန် ဖြစ်ဖြစ်လာချိန် သေဆုံးမူ မြင့်မားလာရာမှာ၊ သက်ကြီးတွေအပြင်၊ အသက် ၅၀၊ ၆၀ နှစ်အရွယ် သက်လတ်တွေလည်း ပါလာပေမယ့် အများစုကတော့၊ ဖြစ်လေ့ရှိတဲ့အတိုင်း ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ အခြားရောဂါအခံ ရှိထားသူတွေဖြစ်ပြီး၊ ပြဿနာက နောက်ထပ် ဒီလူတချို့ ICU အထူးကြပ်မတ်ကုသဆောင် ရောက်တာများလာနေတာကြောင့် နောက်ထပ်သေဆုံးမူ တိုးလာနိုင်ပါတယ်။ ဒါ့အပြင် ထူးခြားလာတာက၊ လူနာအနည်းငယ်ဟာ မကြာခင်ရက်ပိုင်းတွင်း ဆေးရုံမရောက်ခင် သေဆုံးခဲ့ရပြီး (Brought Death)၊ နောက်မှ ပိုးရှိကြောင်းသိရတဲ့၊ ဆေးရုံအရောက်နောက်ကျမူ စဖြစ်လာတာပါ။ ဒီအတွက် ရောဂါလက္ခဏာတွေကို ကြိုသိထား၊ စောင့်ကြည့်ခြင်းဖြင့် ရောဂါကိုစောစာသိနိုင်ကာ၊ အချိန်မီဆေးရုံ၊ဆေးခန်းကို ဆက်သွယ်ခြင်းဖြင့်လည်း၊ အခုလို ဆေးရုံအရောက်နောက်ကျပြီး သေဆုံးရမူကနေ ကာကွယ်နိုင်ပါတယ်။
အဓိကရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ အသက်ရူလမ်းကြောင်း ပြဿနာတွေဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတာနဲ့ နောက်ပိုင်းအဖြစ်များလာတဲ့ ရုတ်တရက် အနံ့ပျောက် (စူးရှတဲ့အနံ့ကိုခံကြည့်လျှင် အရင်လိုမသိတော့) တာတွေပါ။ ဒီလက္ခဏာတွေ ပေါ်လာလျှင် ဆေးရုံ၊ဆေးခန်းကို မဆက်သွယ်ခင်မှာကို၊ စဖြစ်ဖြစ်ချင်း မိသားစုနဲ့ အိမ်တွင်းကလူတွေကို မကူးမိစေဖို့ သီးသန့်ခွဲနေ၊ သီးသန်အသုံးအဆောင် (စားသောက်တဲ့ ခွက်ယောက်နဲ့ ဇွန်းအပါအဝင်) သုံးပြီး၊ ရေချိုးသန့်စင်ရာမှာလည်း အများသုံး (သို့မဟုတ်) အခြားမိသားစုင်တွေသုံးတဲ့ အခန်းကို မသုံးဖို့ပါ။ ဖြစ်နိုင်လျှင် မိမိအခန်းပြင် (သို့မဟုတ်) အခြားနေရာတွေကို ကိုင်တွယ်ရာမှာ လက်အိပ်ဝတ်ထားခြင်းဖြင့်လည်း၊ အိမ်ထဲက အခြားသူတွေကို မကူးစေနိုင်ပါဘူး။ ဒါ့အပြင် မိမိအခန်းပြင်ထွက်တာ (သိူ့မဟုတ်) အခြားနေရာကိုသွားတာနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းပါ အိမ်ထဲမှကို တပ်ထားသင့်ပါတယ်။
ဒီအချိန်မှာ ဧည့်ခန်းထဲ ရုပ်မြင်သံကြား အတူတူကြည့်တာ၊ စကားပြောတာတွေ မလုပ်သင့်တော့ပါဘူး။ ပြီးတာနဲ့ ချက်ချင်း ဆေးရုံးဆေးခန်းကို အကြောင်းကြားတာ (သို့မဟုတ်) ကိုယ်တိုင်သွားရာမှာလည်း မိမိတစ်ဦးတည်းသာ သွားသင့်ပါတယ်။ အကြောင်းက မိမိကိုလိုက်ပို့သူတွေ လမ်းမှာ၊ ကားထဲမှာ ကူးကုန်နိုင်လို့ပါ။ ဒါ့အပြင် အခုလို သွားရာမှာလည်း၊ အပြင်ကလူတွေကို မကူးစေဖို့၊ ပါးစပ်နဲ့နှာခေါင်းစည်းအပြင် မျက်နှာအကာ (သို့မဟုတ်) မျက်စိအကာ (Eye Shield) တွေပါတပ်ပြီး၊ လက်အိပ်ပါစွပ်ထားနိုင်လျှင် ပိုကောင်းပါတယ်။ အကြောင်းက ဆေးရုံ၊ ဆေးခန်းမှာ အနားကလူတွေကို ဆက်မကူးစေဖို့ပါ။
အကယ်၍ လက္ခဏာမရှိဘဲ အိမ်မှာနေတဲ့ (Stay Home) ကာလမှာလည်း၊ အပြင်ထွက်ရသူ (မဖြစ်မနေ အလုပ်သွားရသူ၊ ဈေးထွက်ဝယ်သူ) တွေအနေနဲ့တော့၊ အထူးသတိပြုကာကွယ်နေထိုင်သင့်တာတွေ ရှိပါတယ်။ အကြောင်းက လက္ခဏာမပြဘဲ ပိုးရှိပြီး၊ အခြားလူတွေကို ကူးစက်တာတွေ တွေ့နေရလို့ပါ။ အကာအကွယ်ရပြီးသား အိမ်မှာအမြဲနေသူတွေကို၊ ဒီအပြင်ထွက် လက္ခဏာမရှိသူတွေက၊ ကူးစက်စေနိုင်တာကို ကာကွယ်ဖို့အတွက်၊ အပြင်ကပြန်လာလျှင်၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကို အပြင်မှာပဲ၊ အဖုံးပါတဲ့အမှိုက်ပုံး (သို့မဟုတ်) ပလပ်စတစ်အိပ်ထဲ လုံအောင်ထည့်ပြီး အမှိုက်ပုံးထဲမှာ အသေအချာစွန့်ပစ်ခဲ့သင့်ပါတယ်။ ပြီးလျှင် အိမ်ထဲဝင်ရာမှာ၊ ပါးစပ်နဲ့နှာခေါင်းစည်း အသစ်လဲပြီး၊ ဘာမှမထိခင် လက်အရင်ဆေးကာ အဝတ်တွေကိုသီးသန့်ချွတ်ပြီး ရေချိုးလိုက်သင့်ပါတယ်။ ဒီနည်းနဲ့ အပြင်က ပါကောင်းပါလာနိုင်တဲ့ ပိုးတွေကို ခွာချပြီးသားဖြစ်သွားလို့ပါ။ ဒါ့အပြင် အိမ်တွင်းမှာလည်း အခြားသူတွေနဲ့ ခပ်ခွာခွာနေခြင်းဖြင့်၊ အိမ်တွင်းကလူအားလုံးကို ကာကွယ်ပေးနိုင်ပါတယ်။
ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။