သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ကန႔္သတ္ပိတ္ဆို႔မူ တိုးျမင့္ ကာကြယ္ေရး


ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အသြားအလာ ကန္႔သတ္ပိတ္ဆုိ႔ထားတဲ့ လမ္းတခု။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

ရန္ကုန္ၿမိဳ႔မွာ ကိုဗစ္ ျဖစ္ႏႈန္းနဲ႔ ေသဆုံးမူႏႈန္း အရွိန္တက္လာတာေၾကာင့္၊ အေျခအေန ပိုၿပီးမဆိုးလာေအာင္ Semi-Lockdown သေဘာ၊ အလုပ္အကိုင္သြားလာမူေတြပါ၊ တစ္ဆင့္တိုးၿပီး တင္းၾကပ္လိုက္ပါၿပီ။

လူစုလူေဝးနဲ ႔လုပ္ကိုင္ေနၾကတဲ့ စက္႐ုံေတြကို ေခတၱပိတ္လိုက္တဲ့အျပင္၊ မရွိမျဖစ္ လိုအပ္တဲ့လုပ္ငန္းေတြျဖစ္တဲ့ (ေငြေၾကး၊ အစားအေသာက္၊ ေဆး၊ စက္ဆီ) လုပ္ငန္းေတြမွအပ၊ က်န္လုပ္ငန္းမ်ားအားလုံးကို ပိတ္ပင္လိုက္တာေၾကာင့္၊ ဒီေရာဂါျဖစ္ႏႈန္း ဘယ္ေလာက္ထိ အႏၲရာယ္ႀကီးလာတာကို ေပၚလြင္ေစကာ၊ ဒီကူးစက္မူကို တားဆီးထိန္းခ်ဳပ္ဖို႔ လိုလာပါတယ္။

ဒါေၾကာင့္ ကူးစက္မူေတြ တိုးပြားဆက္မျဖစ္ေစဖို႔နဲ႔၊ မိမိကိုယ္တိုင္ အကူးမခံရဖို႔၊ အခုလို Home Stay အိမ္မွာေနၿပီး၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အေသးစိတ္ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို အမွန္တကယ္လိုက္နာဖို႔ အထူးအေရးႀကီးေနပါၿပီ။ ဒီစည္းကမ္းေတြထဲမွာ မျဖစ္မေန ေစ်းသြားခ်ိန္ (တစ္ဦးသာ) နဲ႔၊ ေဆး႐ုံ၊ေဆးခန္းသြားခ်ိန္ (ႏွစ္ဦးသာ) သတ္မွတ္ခ်က္ေတြအျပင္၊ မျဖစ္မေန အေရးေပၚ အျပင္ထြက္ခ်ိန္မွာ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္တာေတြ ပါရိွပါတယ္။ ဒါ့အျပင္ ျဖစ္ႏိုင္လွ်င္ ပါးစပ္နဲ႔ႏွာေခါင္းစည္းအေပၚမွာထပ္ၿပီး၊ မ်က္ႏွာအကာ (Face Shield/ Eye Shield) တပ္တာ၊ ခပ္ခြာခြာသြားလာတာ (Social Distancing) နဲ႔၊ အျခားပစၥည္းေတြ ထိမိတိုင္း လက္ျပန္ေဆးတာေတြ အၿမဲလုပ္ေပးသင့္ပါတယ္။

အခုလို ပိုးေတြ႕သူမ်ားလာခ်ိန္မွာ အရင္ထက္ပိုေစာၿပီး ေဆး႐ုံဆင္းလာသူနဲ႔ Quarantine ျပန္ထြက္လာေတြသူလည္း မ်ားလာတာအတြက္၊ တခ်ိဳ ႔ျပန္ကူးခံရမွာ စိုးရိမ္လြန္တာ ေတြရွိေနပါတယ္။ လက္ရွိ ေဆး႐ုံေတြမွာ မလိုအပ္ဘဲ၊ ဝန္မပိုဖို႔နဲ႔၊ တိုးလာတဲ့ လူနာေတြကို လက္ခံႏိုင္ဖို႔၊ ေဆး႐ုံဆင္းခ်ိန္ကို (၁၁) ရက္အတြင္းနဲ႔၊ Quarantine သြားလာကန႔္သတ္စခန္းေတြမွာ ေနခ်ိန္ကိုလည္း တစ္ပတ္ေလွ်ာ့ခ်လိုက္တာက၊ ႏိုင္ငံတကာသုေတသန ေတြ႕ရွိခ်က္ေတြအရ လုပ္တာျဖစ္ၿပီး ျပန္ကူးဖို႔ အႏၲရာယ္မရွိပါဘူး။ အခုလို ျပည္ပနဲ႔ တနယ္တေက်းမွ ျပန္လာသူေတြအေနနဲ႔ တစ္ပတ္ Home Quarantine အိမ္မွာခြဲသီးသန႔္ေနဖို႔ (သို႔မဟုတ္) Home Stay အိမ္မွာေနဖို႔ ေျပာတာကလည္း၊ အျခားသူကို ကူးစက္ေစႏိုင္တာအတြက္ မဟုတ္ဘဲ၊ သူကိုယ္တိုင္ အနားရ၊ နလန္ထူႏိုင္ဖို႔ပါ။ Home Quarantine အိမ္မွာသီးသန႔္ခြဲေနဖို႔ မွာထားသူေတြအတြက္၊ ၿပီးခဲ့တဲ့အပတ္က ေျပာခဲ့တဲ့အတိုင္း (သီးသန႔္ခြဲေန၊ သီးသန႔္အသုံးအေဆာင္သုံး၊ ေရခ်ိဳးသန႔္စင္ရာမွာ အမ်ားသုံးအခန္းကို မသုံးဘဲ၊ မိမိသီးသန႔္ေနရာမွအပ ပါးစပ္နဲ႔ႏွာေခါင္းစည္းနဲ႔ လက္အိပ္ဝတ္၊ ဧည့္ခန္းထဲ အျခားသူေတြနဲ႔ အတူတူမေရာတာေတြ) လုပ္ေဆာင္သင့္ပါတယ္။

အခုလိုအခ်ိန္မွာ၊ မျဖစ္မေန အလုပ္သြား၊ ႐ုံးသြားရတဲ့ မရွိမျဖစ္ ဝန္ထမ္းေတြအေနနဲ႔လည္း၊ အလုပ္မွာ၊ ႐ုံးမွာ အတိအက် ကာကြယ္သင့္တာေတြ ရွိပါတယ္။ အဓိကအားျဖင့္ ႐ုံးခန္းထဲမွာ ခပ္ခြာခြာေနၿပီး (Social Distancing) ၊ စားေသာက္ခ်ိန္မွအပ အၿမဲ ပါးစပ္နဲ႔ ႏွာေခါင္းစည္း တပ္ထားကာ၊ မိမိေနရာမွအပ အျခားပစၥည္းေတြ ကိုင္မိတိုင္း လက္ျပန္ေဆးဖို႔ပါ (ေရ၊ ဆပ္ျပာ အလြယ္မရပါက လက္သန႔္ေဆး Hand Gel သုံးပါ)။ ႐ုံးမွာ ေနာက္လုပ္ဖို႔ အေရးႀကီးတာက ထမင္းစားခ်ိန္မွာ ပါးစပ္နဲ႔ႏွာေခါင္းစည္း ျဖဳတ္ထားရတာေၾကာင့္၊ အမ်ားနဲ႔ စုၿပီး မစားေသာက္ဘဲ၊ ခပ္ခြာခြာစားတာ၊ တစ္လွည့္စီ စားၾကတာေတြ လုပ္ေဆာင္သင့္ပါတယ္။ ဒါ့အျပင္ ႐ုံးခန္းထဲ၊ ထမင္းစားခန္းထဲ၊ ေလဝင္ေလထြက္ေကာင္းေအာင္လည္း စီမံထားသင့္ပါတယ္။ အေၾကာင္းက ေလွာင္ပိတ္ေနတဲ့ အခန္းထဲမွာ ကူးစက္မူမ်ားႏိုင္လို႔ပါ။ ေလေအးစက္ (Air Condition) အခန္းျဖစ္လွ်င္လည္း၊ ျပဴတင္းေပါက္ေတြ၊ တံခါးေတြရွိလွ်င္၊ မၾကာခဏဖြင့္ေပးၿပီး၊ ေလအဝင္အထြက္ေကာင္းအာင္ လုပ္ေပးႏိုင္ပါတယ္။ အကယ္၍ လုံးဝအလုံပိတ္ ျဖစ္ေနလွ်င္ေတာ့၊ ေလမူတ္ထုတ္စက္ (Exhaust/ Inlet Fan) တပ္ထားသင့္ပါတယ္။ ဒါ့အျပင္ သန႔္စင္ခန္းအတြက္လည္း အလားတူ ျပဴတင္းေပါက္ ဖြင့္မထားႏိုင္လွ်င္၊ ဒီေလမူတ္ထုတ္စက္ အနည္းဆုံးရွိဖို႔လိုတယ္။ အေၾကာင္းက သန႔္စင္ခန္းထဲ တစ္ဦးက ေခ်ာင္းဆိုး၊ ႏွာေခ်၊ တံေတြးေထြးတာေၾကာင့္၊ ေနာက္ဝင္လာသူကို ကူးေစႏိုင္လို႔ပါ။ ဒါ့အျပင္ သန႔္စင္ခန္းမွာနဲ႔ အေပါက္ဝနားမွာ လူမၿပဳံေစဘဲ၊ အခ်ိန္အနည္းငယ္ျခားၿပီး တလွည့္စီသုံးႏိုင္ေအာင္ စည္းကမ္းထုတ္ ႀကီးၾကပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ သန႔္စင္ခန္းသုံးၿပီး လက္ျပန္ေဆးႏိုင္ေအာင္လည္း၊ အခန္းဝမွာ ေရနဲ႔ဆပ္ျပာအျပင္ လက္သုတ္စရာ Tissue စကၠဴသစ္ပါ ျပင္ထားသင့္ပါတယ္။

ဒါ့အျပင္ Home Stay ကာလ အခုလို မျဖစ္မေန အျပင္ထြက္ရသူေတြအေနနဲ႔၊ မိမိအိမ္သားေတြ၊ မိသားစုေတြကို မကူးမိေစေအာင္၊ ၿပီးခဲ့တဲ့အပတ္က ေျပာခဲ့တဲ့အတိုင္း (အျပင္ကျပန္လာလွ်င္၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္း Mask ကို အခန္္းအျပင္ဘက္မွာရိွတဲ့ အမႈိက္ပုံးထဲ လုံေအာင္ပစ္ခဲ့၊ ေနာက္ ပါးစပ္နဲ႔ႏွာေခါင္းစည္း အသစ္လဲ၊ ဘာမွမထိခင္ လက္အရင္ေဆး၊ အဝတ္ေတြကို သီးသန႔္ခြၽတ္၊ ေရခ်ိဳး၊ အိမ္တြင္း ခပ္ခြာခြာေနတာေတြ) လုပ္ေဆာင္သင့္ပါတယ္။ ေနာက္ဆုံးမွာေတာ့ အခုလို တစ္ပိုင္းတစ္စ ပိတ္ဆို႔ကန႔္သတ္မူ Semi-Lockdown (သို႔) Partial Lockdown ကာလမွာ၊ ဒီကာကြယ္ေရးေတြကို အေသအခ်ာ စနစ္တက် လိုက္နာလုပ္ေဆာင္ဖို႔ အထူးအေရးႀကီးေနပါတယ္။ အေၾကာင္းက အခုအေျခအေနနဲ႔ မထိန္းႏိုင္လွ်င္၊ ပိုခက္ခဲၾကပ္တည္းႏိုင္တဲ့ အျပင္လုံးဝထြက္ခြင့္ မရွိတဲ့၊ လုံးလုံးလ်ားလ်ား ပိတ္ဆို႔ကန႔္သတ္မူ Total (သို႔မဟုတ္) Complete Lockdown အဆင့္ေရာက္လာမွာကို စိုးရိမ္ေနရလို႔ပါ။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ရန္ကုန္ ေဆး႐ုံႀကီးအေရးေပၚဌာနရဲ႕ ပါေမာကၡ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode===

ရန်ကုန်မြို့မှာ ကိုဗစ် ဖြစ်နှုန်းနဲ့ သေဆုံးမူနှုန်း အရှိန်တက်လာတာကြောင့်၊ အခြေအနေ ပိုပြီးမဆိုးလာအောင် Semi-Lockdown သဘော၊ အလုပ်အကိုင်သွားလာမူတွေပါ၊ တစ်ဆင့်တိုးပြီး တင်းကြပ်လိုက်ပါပြီ။

လူစုလူဝေးနဲ့လုပ်ကိုင်နေကြတဲ့ စက်ရုံတွေကို ခေတ္တပိတ်လိုက်တဲ့အပြင်၊ မရှိမဖြစ် လိုအပ်တဲ့လုပ်ငန်းတွေဖြစ်တဲ့ (ငွေကြေး၊ အစားအသောက်၊ ဆေး၊ စက်ဆီ) လုပ်ငန်းတွေမှအပ၊ ကျန်လုပ်ငန်းများအားလုံးကို ပိတ်ပင်လိုက်တာကြောင့်၊ ဒီရောဂါဖြစ်နှုန်း ဘယ်လောက်ထိ အန္တရာယ်ကြီးလာတာကို ပေါ်လွင်စေကာ၊ ဒီကူးစက်မူကို တားဆီးထိန်းချုပ်ဖို့ လိုလာပါတယ်။

ဒါကြောင့် ကူးစက်မူတွေ တိုးပွားဆက်မဖြစ်စေဖို့နဲ့၊ မိမိကိုယ်တိုင် အကူးမခံရဖို့၊ အခုလို Home Stay အိမ်မှာနေပြီး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသေးစိတ်ချမှတ်ထားတဲ့ စည်းကမ်းတွေကို အမှန်တကယ်လိုက်နာဖို့ အထူးအရေးကြီးနေပါပြီ။ ဒီစည်းကမ်းတွေထဲမှာ မဖြစ်မနေ ဈေးသွားချိန် (တစ်ဦးသာ) နဲ့၊ ဆေးရုံ၊ဆေးခန်းသွားချိန် (နှစ်ဦးသာ) သတ်မှတ်ချက်တွေအပြင်၊ မဖြစ်မနေ အရေးပေါ် အပြင်ထွက်ချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာတွေ ပါရှိပါတယ်။ ဒါ့အပြင် ဖြစ်နိုင်လျှင် ပါးစပ်နဲ့နှာခေါင်းစည်းအပေါ်မှာထပ်ပြီး၊ မျက်နှာအကာ (Face Shield/ Eye Shield) တပ်တာ၊ ခပ်ခွာခွာသွားလာတာ (Social Distancing) နဲ့၊ အခြားပစ္စည်းတွေ ထိမိတိုင်း လက်ပြန်ဆေးတာတွေ အမြဲလုပ်ပေးသင့်ပါတယ်။

အခုလို ပိုးတွေ့သူများလာချိန်မှာ အရင်ထက်ပိုစောပြီး ဆေးရုံဆင်းလာသူနဲ့ Quarantine ပြန်ထွက်လာတွေသူလည်း များလာတာအတွက်၊ တချို့ပြန်ကူးခံရမှာ စိုးရိမ်လွန်တာ တွေရှိနေပါတယ်။ လက်ရှိ ဆေးရုံတွေမှာ မလိုအပ်ဘဲ၊ ဝန်မပိုဖို့နဲ့၊ တိုးလာတဲ့ လူနာတွေကို လက်ခံနိုင်ဖို့၊ ဆေးရုံဆင်းချိန်ကို (၁၁) ရက်အတွင်းနဲ့၊ Quarantine သွားလာကန့်သတ်စခန်းတွေမှာ နေချိန်ကိုလည်း တစ်ပတ်လျှော့ချလိုက်တာက၊ နိုင်ငံတကာသုတေသန တွေ့ရှိချက်တွေအရ လုပ်တာဖြစ်ပြီး ပြန်ကူးဖို့ အန္တရာယ်မရှိပါဘူး။ အခုလို ပြည်ပနဲ့ တနယ်တကျေးမှ ပြန်လာသူတွေအနေနဲ့ တစ်ပတ် Home Quarantine အိမ်မှာခွဲသီးသန့်နေဖို့ (သို့မဟုတ်) Home Stay အိမ်မှာနေဖို့ ပြောတာကလည်း၊ အခြားသူကို ကူးစက်စေနိုင်တာအတွက် မဟုတ်ဘဲ၊ သူကိုယ်တိုင် အနားရ၊ နလန်ထူနိုင်ဖို့ပါ။ Home Quarantine အိမ်မှာသီးသန့်ခွဲနေဖို့ မှာထားသူတွေအတွက်၊ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့အတိုင်း (သီးသန့်ခွဲနေ၊ သီးသန့်အသုံးအဆောင်သုံး၊ ရေချိုးသန့်စင်ရာမှာ အများသုံးအခန်းကို မသုံးဘဲ၊ မိမိသီးသန့်နေရာမှအပ ပါးစပ်နဲ့နှာခေါင်းစည်းနဲ့ လက်အိပ်ဝတ်၊ ဧည့်ခန်းထဲ အခြားသူတွေနဲ့ အတူတူမရောတာတွေ) လုပ်ဆောင်သင့်ပါတယ်။

အခုလိုအချိန်မှာ၊ မဖြစ်မနေ အလုပ်သွား၊ ရုံးသွားရတဲ့ မရှိမဖြစ် ဝန်ထမ်းတွေအနေနဲ့လည်း၊ အလုပ်မှာ၊ ရုံးမှာ အတိအကျ ကာကွယ်သင့်တာတွေ ရှိပါတယ်။ အဓိကအားဖြင့် ရုံးခန်းထဲမှာ ခပ်ခွာခွာနေပြီး (Social Distancing) ၊ စားသောက်ချိန်မှအပ အမြဲ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ထားကာ၊ မိမိနေရာမှအပ အခြားပစ္စည်းတွေ ကိုင်မိတိုင်း လက်ပြန်ဆေးဖို့ပါ (ရေ၊ ဆပ်ပြာ အလွယ်မရပါက လက်သန့်ဆေး Hand Gel သုံးပါ)။ ရုံးမှာ နောက်လုပ်ဖို့ အရေးကြီးတာက ထမင်းစားချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်း ဖြုတ်ထားရတာကြောင့်၊ အများနဲ့ စုပြီး မစားသောက်ဘဲ၊ ခပ်ခွာခွာစားတာ၊ တစ်လှည့်စီ စားကြတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ရုံးခန်းထဲ၊ ထမင်းစားခန်းထဲ၊ လေဝင်လေထွက်ကောင်းအောင်လည်း စီမံထားသင့်ပါတယ်။ အကြောင်းက လှောင်ပိတ်နေတဲ့ အခန်းထဲမှာ ကူးစက်မူများနိုင်လို့ပါ။ လေအေးစက် (Air Condition) အခန်းဖြစ်လျှင်လည်း၊ ပြူတင်းပေါက်တွေ၊ တံခါးတွေရှိလျှင်၊ မကြာခဏဖွင့်ပေးပြီး၊ လေအဝင်အထွက်ကောင်းအာင် လုပ်ပေးနိုင်ပါတယ်။ အကယ်၍ လုံးဝအလုံပိတ် ဖြစ်နေလျှင်တော့၊ လေမူတ်ထုတ်စက် (Exhaust/ Inlet Fan) တပ်ထားသင့်ပါတယ်။ ဒါ့အပြင် သန့်စင်ခန်းအတွက်လည်း အလားတူ ပြူတင်းပေါက် ဖွင့်မထားနိုင်လျှင်၊ ဒီလေမူတ်ထုတ်စက် အနည်းဆုံးရှိဖို့လိုတယ်။ အကြောင်းက သန့်စင်ခန်းထဲ တစ်ဦးက ချောင်းဆိုး၊ နှာချေ၊ တံတွေးထွေးတာကြောင့်၊ နောက်ဝင်လာသူကို ကူးစေနိုင်လို့ပါ။ ဒါ့အပြင် သန့်စင်ခန်းမှာနဲ့ အပေါက်ဝနားမှာ လူမပြုံစေဘဲ၊ အချိန်အနည်းငယ်ခြားပြီး တလှည့်စီသုံးနိုင်အောင် စည်းကမ်းထုတ် ကြီးကြပ်ပေးသင့်ပါတယ်။ ဒါ့အပြင် သန့်စင်ခန်းသုံးပြီး လက်ပြန်ဆေးနိုင်အောင်လည်း၊ အခန်းဝမှာ ရေနဲ့ဆပ်ပြာအပြင် လက်သုတ်စရာ Tissue စက္ကူသစ်ပါ ပြင်ထားသင့်ပါတယ်။

ဒါ့အပြင် Home Stay ကာလ အခုလို မဖြစ်မနေ အပြင်ထွက်ရသူတွေအနေနဲ့၊ မိမိအိမ်သားတွေ၊ မိသားစုတွေကို မကူးမိစေအောင်၊ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့အတိုင်း (အပြင်ကပြန်လာလျှင်၊ ပါးစပ်နဲ့ နှာခေါင်းစည်း Mask ကို အခန်းအပြင်ဘက်မှာရှိတဲ့ အမှိုက်ပုံးထဲ လုံအောင်ပစ်ခဲ့၊ နောက် ပါးစပ်နဲ့နှာခေါင်းစည်း အသစ်လဲ၊ ဘာမှမထိခင် လက်အရင်ဆေး၊ အဝတ်တွေကို သီးသန့်ချွတ်၊ ရေချိုး၊ အိမ်တွင်း ခပ်ခွာခွာနေတာတွေ) လုပ်ဆောင်သင့်ပါတယ်။ နောက်ဆုံးမှာတော့ အခုလို တစ်ပိုင်းတစ်စ ပိတ်ဆို့ကန့်သတ်မူ Semi-Lockdown (သို့) Partial Lockdown ကာလမှာ၊ ဒီကာကွယ်ရေးတွေကို အသေအချာ စနစ်တကျ လိုက်နာလုပ်ဆောင်ဖို့ အထူးအရေးကြီးနေပါတယ်။ အကြောင်းက အခုအခြေအနေနဲ့ မထိန်းနိုင်လျှင်၊ ပိုခက်ခဲကြပ်တည်းနိုင်တဲ့ အပြင်လုံးဝထွက်ခွင့် မရှိတဲ့၊ လုံးလုံးလျားလျား ပိတ်ဆို့ကန့်သတ်မူ Total (သို့မဟုတ်) Complete Lockdown အဆင့်ရောက်လာမှာကို စိုးရိမ်နေရလို့ပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG