သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းျပားဘက္မွာ တိုက္ပြဲျပင္းထန္ဆဲ


မင္းျပားၿမိဳ႕။

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ၾကား ၂ ရက္ ဆက္တုိက္ တိုက္ပြဲျဖစ္ခဲ့တဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

တဘက္သတ္ အပစ္ရပ္ေၾကညာခ်က္ေတြ ေနာက္ထပ္ သက္တမ္းတုိးထားတဲ့ တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA တုိ႔ ရခုိင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ တုိက္ပြဲေတြ ဆက္ျဖစ္ေနတာပါ။ မေန႔ကစ ဒီေန႔အထိ မင္းျပားျမိဳ႕နယ္မွာ တုိက္ပဲြျဖစ္ခဲ့တာလုိ႔လည္း မင္းျပားျမိဳ႕နယ္မဲဆႏၵနယ္က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးလွသိန္းေအာင္ကေျပာပါတယ္။

“ဒီေန႔မနက္ ၅ နာရီမတိုင္ခင္ကတည္းက ေသနတ္သံေတြ တေဖါက္ေဖါက္ၾကားေနရတယ္။ ၅ နာရီေလာက္မွာေတာ့ ေသနတ္သံေတြက ဒုန္းဒုန္းဒုန္း ၾကားခဲ့ရတဲ့အေနထားေတာ့ရွိတယ္။ ရာေမာင္တံတားနားက အေရွ႕ဘက္နားက ဆႏြင္းေတာင္အဲဒီအနားမွာ။ မိနစ္ ၄၀ ေလာက္ေတာ့ၾကားရတယ္။ မေန႔က ဖားျပိဳအေနာက္နဲ႔ ေမလြမ္းၾကားမွာ အဲဒီေခ်ာင္းမွာျဖစ္ပြါးခဲ့တယ္လို႕ၾကားတယ္။”

ဒီကေန႔ မနက္ဘက္မွာ မင္းျပားျမိဳ႕နယ္ ရာေမာင္တံတားအနီး ဆႏြင္းေတာင္ဝင္ဝ ေတာင္ကုန္းေပၚမွာ ပစ္ခတ္သံၾကားေနရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

မင္းျပားျမိဳ႕နယ္ထဲက ေမလြမ္းေက်းရြာအနီးမွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔ ႏွစ္ရက္ဆက္ တိုက္ပြဲျဖစ္ပြါးေၾကာင္း AA ေျပာခြင့္ရ ခိုင္သုခကလည္း အတည္ျပဳခဲ့ပါတယ္။

“စက္တင္ဘာလ ၃၀ ရက္ေန႔ ေန႔လယ္တနာရီခြဲကစျပီးေတာ့ မင္းျပားျမိဳ႕နယ္ေမလြမ္းရြာရဲ႕အေနာက္ေျမာက္ဘက္ ၁.၈ ကီလိုမီတာေလာက္အကြာမွာ ေျမနီေခ်ာင္းဆိုတဲ့ေနရာမွာ တိုက္ပြဲျဖစ္တာရွိတယ္။ ညေနပိုင္းအထိေပါ့ေနာ္ တိုက္ပြဲျဖစ္ေနတာရွိတယ္။ ဒီေန႔ေအာက္တိုဘာလ ၁ ရက္ေန႔ မနက္မွာလည္းပဲ မေန႔က တိုက္ပြဲျဖစ္တဲ့ေနရာမွာပဲ တိုက္ပြဲဆက္ျပီးေတာ့ေနာက္တၾကိမ္ျပန္ျဖစ္တာ ရွိတယ္။”

ေမလြမ္းေက်းရြာအနီးတိုက္ပြဲမွာ ႏွစ္ဘက္ထိခိုက္မႈတြ ရွိေနေပမဲ့ အတိအက်မသိရေသးဘူးလို႔ဆိုပါတယ္။

ဒီကေန႔ ဘူးသီးေတာင္ျမိဳ႕နယ္ဘက္မွာလည္း ႏွစ္ဘက္တိုက္ပြဲျဖစ္ပြါးေနေပမဲ့ အေျခအေနကို မသိရေသးဘူးလို႔ ခိုင္သုခကဆိုပါတယ္။

မင္းျပားျမိဳ႕နယ္နဲ႔ ဘူးသီးေတာင္ျမိဳ႕နယ္ဘက္တိုက္ပြဲျဖစ္ပြါးေနတဲ့ အေျခအေနနဲ႔ပက္သက္လို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

တပ္မေတာ္က တဘက္သတ္ အပစ္ရပ္ေၾကညာခ်က္ကုိ ဒီလကုန္အထိ ၁ လသက္တမ္း ထပ္တုိးလုိက္ေၾကာင္း ဒီတပတ္ထဲမွာပဲ ေၾကညာခဲ့ေပမဲ့ အၾကမ္းဖက္ အဖဲြ႔အစည္းေတြ လႈပ္ရွားတဲ့နယ္ေျမေတြ မပါ၀င္ေၾကာင္း ေျပာဆုိထားတာေၾကာင့္ အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ထားတဲ့ AA အဖဲြ႔နဲ႔ ရခိုင္ျပည္နယ္မွာ တုိက္ပဲြေတြ ဆက္ျဖစ္ေနတာပါ။

ရခိုင္ျပည္နယ္မွာ COVID-19 ေရာဂါကူးစက္မႈ မ်ားျပားေနတဲ့အျပင္ ေဒသအတြင္းစစ္ေရးပဋိပကၡကလည္း ၾကီးထြားလာေနတာပါ။

ဒီလိုေျခအေနေတြေၾကာင့္ ေဒသခံျပည္သူေတြ အခက္ခဲနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စား လွယ္ဦးလွသိန္းေအာင္ကေျပာပါတယ္။

“COVID ေၾကာင့္ရယ္ ျပီးရင္စစ္ေဘးေတြရဲ႕ ႏွစ္ဘက္တပ္ေတြရဲ႕ လႈပ္ရွားမႈေတြေၾကာင့္ျပည္သူေတြ အခက္ခဲရွိေနတဲ့ အေနအထားေတြ အခုစား၀တ္ေနေရး တအားကို အခက္ခဲေရာက္ေနၾကျပီ။ ဒီလိုဆက္သြားေနဦးမယ္ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ စား၀တ္ေနေရးက ဒီထက္မက အခက္ၾကံဳလာမယ့္ အေနအထားမွာ ရွိတယ္။”

ရခိုင္ျပည္နယ္မွာ ၂ ႏွစ္နီးပါး စစ္ေရးတင္းမာမႈ ျဖစ္စဥ္အတြင္း အရပ္သား ၂၀၀,၀၀၀ ေက်ာ္ အိုးအိမ္စြန္႔ခြာ စစ္ေရွာင္ေနရပါတယ္။

ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ လက္နက္ကုိင္ပဋိပကၡေတြ ရပ္စဲထားၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းထားသလုိ ျမန္မာႏုိင္ငံ အေျခစုိက္ သံတမန္ေတြကလည္း တုိက္တြန္းခဲ့ၾကတာပါ။ ဒါေပမဲ့လည္း ရခုိင္ျပည္နယ္ အပါအ၀င္ ရွမ္းျပည္နယ္အတြင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ အၾကား စစ္ေရးတင္းမာမႈေတြနဲ႔ တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနၿပီး သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။

မင်းပြားဘက်မှာ တိုက်ပွဲပြင်းထန်ဆဲ
please wait

No media source currently available

0:00 0:03:12 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းပြားဘက်မှာ တိုက်ပွဲပြင်းထန်ဆဲ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ၂ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

တဘက်သတ် အပစ်ရပ်ကြေညာချက်တွေ နောက်ထပ် သက်တမ်းတိုးထားတဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ မနေ့ကစ ဒီနေ့အထိ မင်းပြားမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း မင်းပြားမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီမတိုင်ခင်ကတည်းက သေနတ်သံတွေ တဖေါက်ဖေါက်ကြားနေရတယ်။ ၅ နာရီလောက်မှာတော့ သေနတ်သံတွေက ဒုန်းဒုန်းဒုန်း ကြားခဲ့ရတဲ့အနေထားတော့ရှိတယ်။ ရာမောင်တံတားနားက အရှေ့ဘက်နားက ဆနွင်းတောင်အဲဒီအနားမှာ။ မိနစ် ၄၀ လောက်တော့ကြားရတယ်။ မနေ့က ဖားပြိုအနောက်နဲ့ မေလွမ်းကြားမှာ အဲဒီချောင်းမှာဖြစ်ပွါးခဲ့တယ်လို့ကြားတယ်။”

ဒီကနေ့ မနက်ဘက်မှာ မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဆနွင်းတောင်ဝင်ဝ တောင်ကုန်းပေါ်မှာ ပစ်ခတ်သံကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ်ထဲက မေလွမ်းကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးကြောင်း AA ပြောခွင့်ရ ခိုင်သုခကလည်း အတည်ပြုခဲ့ပါတယ်။

“စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်တနာရီခွဲကစပြီးတော့ မင်းပြားမြို့နယ်မေလွမ်းရွာရဲ့အနောက်မြောက်ဘက် ၁.၈ ကီလိုမီတာလောက်အကွာမှာ မြေနီချောင်းဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ညနေပိုင်းအထိပေါ့နော် တိုက်ပွဲဖြစ်နေတာရှိတယ်။ ဒီနေ့အောက်တိုဘာလ ၁ ရက်နေ့ မနက်မှာလည်းပဲ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ တိုက်ပွဲဆက်ပြီးတော့နောက်တကြိမ်ပြန်ဖြစ်တာ ရှိတယ်။”

မေလွမ်းကျေးရွာအနီးတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုတွ ရှိနေပေမဲ့ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။

ဒီကနေ့ ဘူးသီးတောင်မြို့နယ်ဘက်မှာလည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွါးနေပေမဲ့ အခြေအနေကို မသိရသေးဘူးလို့ ခိုင်သုခကဆိုပါတယ်။

မင်းပြားမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ဘက်တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေနဲ့ပက်သက်လို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော်က တဘက်သတ် အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ ၁ လသက်တမ်း ထပ်တိုးလိုက်ကြောင်း ဒီတပတ်ထဲမှာပဲ ကြေညာခဲ့ပေမဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့နယ်မြေတွေ မပါဝင်ကြောင်း ပြောဆိုထားတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကူးစက်မှု များပြားနေတဲ့အပြင် ဒေသအတွင်းစစ်ရေးပဋိပက္ခကလည်း ကြီးထွားလာနေတာပါ။

ဒီလိုခြေအနေတွေကြောင့် ဒေသခံပြည်သူတွေ အခက်ခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးလှသိန်းအောင်ကပြောပါတယ်။

“COVID ကြောင့်ရယ် ပြီးရင်စစ်ဘေးတွေရဲ့ နှစ်ဘက်တပ်တွေရဲ့ လှုပ်ရှားမှုတွေကြောင့်ပြည်သူတွေ အခက်ခဲရှိနေတဲ့ အနေအထားတွေ အခုစားဝတ်နေရေး တအားကို အခက်ခဲရောက်နေကြပြီ။ ဒီလိုဆက်သွားနေဦးမယ် ပြည်သူတွေရဲ့ အသက်အိုးအိမ် စားဝတ်နေရေးက ဒီထက်မက အခက်ကြုံလာမယ့် အနေအထားမှာ ရှိတယ်။”

ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါး စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သား ၂၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG