သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ရုံး နေပြည်တော်မှာ ဖွင့်လှစ်


နေပြည်တော်မှာ ပြုလုပ်တဲ့ Virtual System ဖြင့်ကျင်းပတဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း အခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ - IP Myanmar's Facebook - အောက်တိုဘာ ၀၁၊ ၂၀၂၀)
နေပြည်တော်မှာ ပြုလုပ်တဲ့ Virtual System ဖြင့်ကျင်းပတဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း အခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ - IP Myanmar's Facebook - အောက်တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာရုံးကို အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီကနေ့ နေပြည်တော်မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အခုလို မူပိုင်ခွင့်ရုံး ဖွင့်လှစ်နိုင်တာက မြန်မာနိုင်ငံတွင်း ခေတ်မီ မူပိုင်ခွင့်စနစ် တစ်ခုကို တည်ထောင်ဖို့ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော်မှာ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံးကို ဗီဒီယိုကတဆင့် ဖွင့်လှစ်ပွဲမှာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Gwendolyn Cardno က အမှာစကား ပြောကြားခဲ့တာဖြစ်ပြီး အခု ဖွင့်လှစ်လိုက်တဲ့ရုံးက ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မှတ်ပုံတင်နိုင်ရေး လျှောက်လွှာတွေကို စတင် လက်ခံနိုင်တော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ခေတ်မီ အမှတ်တံဆိပ် မူပိုင်ခွင့်စနစ်က အတုအပ ပစ္စည်းတွေ ထုတ်လုပ်မှုကို အကာအကွယ်ပေးနိုင်မှာ ဖြစ်သလို ဒီလို အကာအကွယ်ပေးတာက မြန်မာ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးပါတယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်မီ မူပိုင်ခွင့်စနစ် ထူထောင်ဖို့အတွက် ဉာဏ ပစ္စည်း မူပိုင်ခွင့် ရုံး ဖွင့်နိုင်ရေး အကူအညီ ပေးတဲ့အထဲ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) လည်း ပါဝင်ခဲ့တာဖြစ်ပြီး နည်းပညာ အထောက်အပံ့တွေ၊ သင်တန်းတွေနဲ့ ပစ္စည်း ကိရိယာတွေ ထောက်ပံ့ပေးခဲ့တာပါ။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ကမ္ဘာ့ မူပိုင်ခွင့်အဖွဲ့ (WIPO) တို့နဲ့အတူ မြန်မာနိုင်ငံအတွင်း ခေတ်မီ မူပိုင်ခွင့်စနစ် တည်ဆောက်နိုင်ရေး အားထုတ် ကြိုးပမ်းမှုတွေမှာ USAID လည်း အတူပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံက ပြောပါတယ်။

နေပြည်တော်မှာ ဖွင့်လှစ်ခဲ့တဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံး ဖွင့်ပွဲကို ကူးသန်းရောင်းဝယ်ရေး န်ကြီး ဦးသန်းမြင့်၊ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး အပါအဝင် JICA နဲ့ WIPOအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဗီဒီယိုကတဆင့် တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG