သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေတြ ကုိဗစ္ ကာကြယ္၊ ကုသေရး ေဆးတုေတြ မ၀ယ္မိေစဖုိ႔ က်န္းမာေရးဌာန သတိေပး


(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID 19 ေရာဂါ ကူးစက္မႈႏႈန္း ေန႔စဥ္ ေထာင္ခ်ီ ျမင့္တက္ေနသလို ေသဆုံးမႈေတြလည္း တိုးပြားလာေနခ်ိန္မွာပဲ နိုင္ငံအတြင္း COVID 19 ကာကြယ္ေဆးနဲ႔ ကုသေဆးဆိုၿပီး လိမ္လည္ ေရာင္းဝယ္ေနတာေတြ ရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သန္းနိုင္စိုးက သတိေပးေျပာၾကားလိုက္ပါတယ္။

"အြန္လိုင္းမွာ လိမ္ေရာင္းတယ္လို႔ပဲ​ေျပာရမွာေပါ့ေနာ္။ ကၽြန္ေတာ္တို႔ကလည္း ခက္တာက အြန္လိုင္းကို ဘယ္လို အေရးယူရမွန္း မသိတာ။ ဒီေန႔ ေရာင္းတယ္ေပါ့။ အိမ္ကို Delivery ေရာက္လာတယ္။ ေနာက္ေန႔ အဲဒီ ဖုန္း ဆက္သြယ္ မရေတာ့ဘူး။ ပိုက္ဆံလည္း သူက ယူသြားၿပီ။ တစ္ခ်ိဳ႕ဆို႔ ေငြလႊဲၿပီး ပိုက္ဆံသာယူသြားတာ ဘာေဆးမွလည္း ေရာက္မလာဘူး။ လိမ္ေနတဲ့ လူေတြ အုပ္စု ရွိေနတယ္။ ဒီလို လူေတြရဲ့ ေနာက္ကို ပါမသြားေအာင္လို႔ေပါ့ေနာ္ ဝန္ႀကီးဌာနက ကာကြယ္ေဆးဆိုတာ မထြက္ရွိေသးပါဘူး ။ လက္ရွိ အေနအထားမွာေတာ့ ကမၻာ့ က်န္းမာေရးအဖြဲ႕က အသိအမွတ္ျပဳတဲ့ ကာကြယ္ေဆး တစ္ခုမွ မရွိေသးပါဘူး။ "

ကမၻာ့က်န္းမာေရအဖြဲ႕ WHO က တရားဝင္ အသိအမွတ္ျပဳထားတဲ့ COVID-19 ကာကြယ္ေဆး မရွိေသးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သန္းနိုင္စိုးက VOA ကို ရွင္းလင္း ေျပာျပသြားတာျဖစ္ပါတယ္။ က်န္းမာေရး ဝန္ႀကီးဌာနအေနနဲ႔လည္း COVID-19 ေရာဂါ ကာကြယ္ေဆး ျပည္သူသို႔ အသိေပးခ်က္ ဆိုၿပီး ဝန္ႀကီးဌာနရဲ့ Facebook နဲ႔ Website ေတြမွာ ေအာက္တိုဘာလ ၁ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

ေအာက္တိုဘာလ ၂ ရက္ေန႔ကေတာ့ ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါ ေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၃၂ ေယာက္ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ေၾကညာခဲ့ပါတယ္။ ေသဆုံးသူ စုစုေပါင္း ၃၅၃ ေယာက္ရွိသြားၿပီျဖစ္ ပါတယ္။ ဗိုင္းရပ္စ္ကူးစက္ခံရသူလည္း ၁,၁၄၂ ေယာက္ ထပ္ၿပီး အတည္ျပဳခဲ့တာျဖစ္လို႔ ကူးစက္သူဦးေရ ၁၅,၅၂၅ ရွိသြားၿပီျဖစ္ပါ တယ္။ မေန႔တုန္းက ဓာတ္ခြဲနမူနာ ၆,၈၉၅ ခုကို စစ္ေဆးခဲ့တာမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ ၁၁၀၀ ေက်ာ္ကိုေတြ႕ရွိခဲ့တာပါ။

အေစာပိုင္းတုန္းကေတာ့ ေန႔စဥ္ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈ ၁,၀၀၀ ေလာက္ လုပ္ခဲ့ေပမဲ့ မၾကာေသးခင္ သီတင္းပတ္ေတြက စၿပီး ေရာဂါပိုးရွိ၊ မရွိ စမ္းသပ္ စစ္ေဆးမႈေတြကို ပိုတိုးလုပ္လာတာေၾကာင့္ ကူးစက္မႈႏႈန္းျမင့္တက္လာတာပါ။ အခုအခ်ိန္အထိ ဓာတ္ခြဲနမူနာ စုစုေပါင္း ၃၁၀,၀၀၀ နီးပါးစစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာေတြထဲေရာဂါပိုးကင္းစင္လာသူက ၄၃၇၈ ေယာက္ရွိပါ တယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာတွေ ကိုဗစ် ကာကွယ်၊ ကုသရေး ဆေးတုတွေမဝယ်မိစေဖို့ ကျန်းမာရေးဌာန သတိပေး

(Unicode)

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ကူးစက်မှုနှုန်း နေ့စဉ် ထောင်ချီ မြင့်တက်နေသလို သေဆုံးမှုတွေလည်း တိုးပွားလာနေချိန်မှာပဲ နိုင်ငံအတွင်း COVID 19 ကာကွယ်ဆေးနဲ့ ကုသဆေးဆိုပြီး လိမ်လည် ရောင်းဝယ်နေတာတွေ ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက သတိပေးပြောကြားလိုက်ပါတယ်။

"အွန်လိုင်းမှာ လိမ်ရောင်းတယ်လို့ပဲပြောရမှာပေါ့နော်။ ကျွန်တော်တို့ကလည်း ခက်တာက အွန်လိုင်းကို ဘယ်လို အရေးယူရမှန်း မသိတာ။ ဒီနေ့ ရောင်းတယ်ပေါ့။ အိမ်ကို Delivery ရောက်လာတယ်။ နောက်နေ့ အဲဒီ ဖုန်း ဆက်သွယ် မရတော့ဘူး။ ပိုက်ဆံလည်း သူက ယူသွားပြီ။ တစ်ချို့ဆို့ ငွေလွှဲပြီး ပိုက်ဆံသာယူသွားတာ ဘာဆေးမှလည်း ရောက်မလာဘူး။ လိမ်နေတဲ့ လူတွေ အုပ်စု ရှိနေတယ်။ ဒီလို လူတွေရဲ့ နောက်ကို ပါမသွားအောင်လို့ပေါ့နော် ဝန်ကြီးဌာနက ကာကွယ်ဆေးဆိုတာ မထွက်ရှိသေးပါဘူး ။ လက်ရှိ အနေအထားမှာတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုတဲ့ ကာကွယ်ဆေး တစ်ခုမှ မရှိသေးပါဘူး။ "

ကမ္ဘာ့ကျန်းမာရေအဖွဲ့ WHO က တရားဝင် အသိအမှတ်ပြုထားတဲ့ COVID-19 ကာကွယ်ဆေး မရှိသေးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက VOA ကို ရှင်းလင်း ပြောပြသွားတာဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း COVID-19 ရောဂါ ကာကွယ်ဆေး ပြည်သူသို့ အသိပေးချက် ဆိုပြီး ဝန်ကြီးဌာနရဲ့ Facebook နဲ့ Website တွေမှာ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ကတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကြောင့် သေဆုံးသူ နောက်ထပ် ၃၂ ယောက်ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ကြေညာခဲ့ပါတယ်။ သေဆုံးသူ စုစုပေါင်း ၃၅၃ ယောက်ရှိသွားပြီဖြစ် ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူလည်း ၁,၁၄၂ ယောက် ထပ်ပြီး အတည်ပြုခဲ့တာဖြစ်လို့ ကူးစက်သူဦးရေ ၁၅,၅၂၅ ရှိသွားပြီဖြစ်ပါ တယ်။ မနေ့တုန်းက ဓာတ်ခွဲနမူနာ ၆,၈၉၅ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၁၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။

အစောပိုင်းတုန်းကတော့ နေ့စဉ်ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှု ၁,၀၀၀ လောက် လုပ်ခဲ့ပေမဲ့ မကြာသေးခင် သီတင်းပတ်တွေက စပြီး ရောဂါပိုးရှိ၊ မရှိ စမ်းသပ် စစ်ဆေးမှုတွေကို ပိုတိုးလုပ်လာတာကြောင့် ကူးစက်မှုနှုန်းမြင့်တက်လာတာပါ။ အခုအချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၀,၀၀၀ နီးပါးစစ်ဆေးခဲ့ပြီး အတည်ပြုလူနာတွေထဲရောဂါပိုးကင်းစင်လာသူက ၄၃၇၈ ယောက်ရှိပါ တယ်။

XS
SM
MD
LG