သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံတြင္း အိမ္ကေနအလုပ္လုပ္ၾကရသူေတြ ဘယ္လိုအခက္ၾကံဳၾကသလဲ


ရန္ကုန္ၿမိဳ႕ရွိ စတူဒီယိုခန္းတခုအတြင္းမွာ အလုပ္လုပ္ေနသူတဦး။ (ၾသဂုတ္ ၁၁၊ ၂၀၁၇)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာတာနဲ႔အမွ် အိမ္ျပင္မထြက္ဖို႔ အမိန႔္ထုတ္တဲ့အထိ ကန႔္သတ္ထားတာေၾကာင့္ အိမ္မွာေနရင္း အလုပ္လုပ္ေနၾကရတဲ့အတြက္ ဘယ္လိုအခက္အခဲေတြ၊ စိန္ေခၚမႈေတြနဲ႔ ႀကဳံေနရသလဲဆိုတာ ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္မစုစုက တင္ဆက္ေပးမွာပါ။

လပိုင္းအတြင္း ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တိုးလာရာက အမ်ားျပည္သူနဲ႔ဆိုင္တဲ့ အေျခခံလုပ္ငန္းတခ်ိဳ႕ကလြဲလို႔ လုပ္ငန္းေတာ္ေတာ္မ်ားမ်ား ရပ္ဆိုင္းထားၿပီး၊ မလိုအပ္ရင္အိမ္ျပင္မထြက္ဖို႔ အမိန႔္ထုတ္လိုက္တဲ့ ရန္ကုန္တိုင္းမွာ ေတာ္ေတာ္မ်ားမ်ား အိမ္ကေန အလုပ္လုပ္ေနၾကရပါတယ္။ အိမ္မွာေနရင္း အလုပ္လုပ္ရတဲ့အတြက္ သြားေရးလာေရး အရင္လို အခက္အခဲမ်ိဳး မရွိေတာ့ေပမဲ့ အင္တာနက္နဲ႔ လွ်ပ္စစ္မီး လုံေလာက္မႈမရွိတာမ်ိဳးလို အခက္အခဲေတြလည္း ရွိေနပါတယ္။ Graphic Designer ကိုသန႔္စင္ေအးကေတာ့ အိမ္မွာေနရင္း အလုပ္လုပ္ရတာထက္ ႐ုံးမွာလုပ္ရတာကို ပိုႏွစ္သက္တယ္လို႔ ေျပာပါတယ္။

“Stay at Home ကာလကလည္း ေတာ္ေတာ္ၾကာၿပီဆိုေတာ့ ႐ုံးမွာ လုပ္တာနဲ႔ေတာ့ ကြာျခားမႈရွိတာေပါ့ေနာ္။ ႐ုံးမွာက်ေတာ့ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ အေပါင္းအသင္းေတြနဲ႔ အတူတူ Teamwork လုပ္ရတဲ့အခါမ်ိဳးမွာ လုပ္ငန္းလည္းပိုၿပီးေတာ့ တြင္က်ယ္တယ္ေပါ့ေနာ္။”

ကပ္ေရာဂါေၾကာင့္ မလႊဲသာမေရွာင္သာ အိမ္ကေန အလုပ္လုပ္ၾကရတဲ့အတြက္ အြန္လိုင္းနဲ႔ အင္တာနက္ဟာလည္း ပိုၿပီးအေရးပါလာေနပါတယ္။ အိမ္မွာေနရင္း အလုပ္လုပ္ရတဲ့ ေနရာမွာ နည္းပညာကြၽမ္းက်င္မႈအျပင္ နည္းပညာဆိုင္ရာ အေျခခံ အေဆာက္အအုံ လိုအပ္ခ်က္ေတြကလည္း စိန္ေခၚမႈ တခုျဖစ္ေနတယ္လို႔ Digital နည္းပညာကြၽမ္းက်င္သူ ကိုဝင္းကိုကိုေအာင္ ကေျပာပါတယ္။

“ဒီျမန္မာႏိုင္ငံမွာ ကြန္ျပဴတာပိုင္ဆိုင္မႈ ရာခိုင္ႏႈန္းက ၃ ရာခိုင္ႏႈန္းပဲရွိတာေပါ့ေနာ္။ ရန္ကုန္ၿမိဳ႕ဆိုရင္ေတာ့ အိမ္ေထာင္စုအားလုံးရဲ႕ ၁၀ ရာခိုင္ႏႈန္းကေတာ့ ကြန္ျပဴတာပိုင္တယ္လို႔ ေျပာထားပါတယ္။ ေနာက္တခုကက်ေတာ့ တည္ၿငိမ္တဲ့အင္တာနက္ေပါ့။ အင္တာနက္ေတြက က်ေနာ္တို႔ႏိုင္ငံမွာ တခ်ိဳ႕ေနရာေတြမွာက်ေတာ့ အရမ္းေကာင္းတယ္၊ အင္တာနက္တည္ၿငိမ္တယ္။ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြမွာက အင္တာနက္တည္ၿငိမ္မႈ နည္းနည္းအားနည္းတာရွိတယ္။ တခ်ိဳ႕ေဒသေတြမွာေတာ့ အင္တာနက္လုံးဝမရတာ ရွိတယ္ေပါ့ေနာ္။ ေလာေလာဆယ္ ဧၿပီလေလာက္က တယ္လီေနာကထုတ္ျပန္တဲ့ အစီရင္ခံစာတေစာင္ကို က်ေနာ္ဖတ္ၾကည့္တာကေတာ့ ဒီကိုဗစ္ကာလအတြင္း ဧၿပီလမွာတုန္းက အင္တာနက္အသုံးျပဳမႈ Mobile Traffic က ၂၇ ရာခိုင္ႏႈန္းေလာက္ထိျမင့္တက္သြားတယ္ ေျပာပါတယ္။

အင္တာနက္အားနည္းတာနဲ႔ ကြန္ျပဴတာ ပိုင္ဆိုင္မႈႏႈန္းနည္းတာက ဒီလိုကိုဗစ္ကာလမွာ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားအတြက္ ႀကီးမားတဲ့စိန္ေခၚမႈေပါ့ေနာ္။ ေနာက္တခုျဖည့္ေျပာရရင္ Digital Literacy ေပါ့၊ ကြန္ျပဴတာပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈေပါ့ေနာ္။ အဲဒါေတြကလည္း တခ်ိဳ႕ေတြအတြက္ စိန္ေခၚမႈတခုျဖစ္ေနတယ္လို႔ က်ေနာ့္အေနနဲ႔ၾကားရပါတယ္။ ေနာက္ Banking ပိုင္းဆိုင္ရာေတာ့ က်ေနာ္အေကာင္းျမင္တယ္။ အဲဒါေတြက Mobile Payment ေတြက မျဖစ္မေနသုံးလာရတဲ့အတြက္ေၾကာင့္ ဒီစနစ္ေတြ ထြန္းကားလာတယ္ဆိုရင္ေတာ့ လူတိုင္းဘဏ္ဝန္ေဆာင္မႈေတြကို အင္တာနက္ေတြ၊ ဖုန္းေပၚကေနတဆင့္ အလြယ္တကူလုပ္ေဆာင္သြားႏိုင္မယ္လို႔ က်ေနာ္ျမင္တယ္ခင္ဗ်။"

ကပ္ေရာဂါကာလ အိမ္ျပင္မထြက္ရလို႔ မိသားစုေတြ တစုတစည္းတည္း ေနခြင့္ရတာဟာလည္း ေကာင္းတဲ့အခ်က္တခုလို႔ ျမင္ၾကသူေတြ ရွိပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါကာလ ေဆာင္ရန္၊ ေရွာင္ရန္ အေျခအေနေတြေၾကာင့္ စိတ္ဖိစီးစရာေတြလည္း ပိုမ်ားလာတယ္လို႔ ရန္ကုန္တိုင္း ေ႐ႊျပည္သာၿမိဳ႕နယ္က အိမ္ရွင္မတဦးျဖစ္တဲ့ မစုစုဝင္းက ေျပာပါတယ္။

“ပုံမွန္ဆိုရင္ေတာ့ အစ္မတို႔က မနက္ပိုင္းဆို ၈ နာရီ၊ ၉ နာရီ၊ ကိုယ္ႏိုးတဲ့အခ်ိန္မွာ ေစ်းသြားလို႔ရတယ္။ အခုလိုကာလက်ေတာ့ အေစာႀကီးထၿပီးသြားရတယ္။ ေစ်းသြားမယ္ဆိုရင္ လူနည္းတဲ့အခ်ိန္ကိုေ႐ြးၿပီး သြားရတယ္။ ၿပီးရင္ ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာရတယ္။ သြားမယ္ဆိုရင္လည္း Mask နဲ႔ ေခါင္းေဆာင္းေတြ ဘာေတြ လုပ္သြားရတယ္ေပါ့ေနာ္။ ျပန္လာရင္လည္း ကိုယ့္မွာ ကေလးရွိတဲ့အခါက်ေတာ့ Safe ျဖစ္ေအာင္လို႔ ေရမိုးခ်ိဳး၊ ဒါေတြကေတာ့ အလုပ္ေတြပိုလာရတယ္ေပါ့။"

ကပ္ေရာဂါေၾကာင့္ အိမ္မွာေနရင္း အလုပ္လုပ္သူေတြ ရွိေပမဲ့ လူတိုင္းအတြက္ေတာ့ အဆင္ေျပတာမဟုတ္ပါဘူး။ အထူးသျဖင့္ ရန္ကုန္ၿမိဳ႕လို ေနရာထိုင္ခင္း အခက္အခဲရွိတဲ့ ေနရာမ်ိဳးမွာ ပတ္ဝန္းက်င္ အေႏွာက္အယွက္ကင္းကင္း အလုပ္လုပ္ဖို႔က စိန္ေခၚမႈတခုပါ။ ေမာ္ကြန္းသတင္းဌာနက သတင္းေထာက္ ေဂေထာ ကေတာ့ ကပ္ေရာဂါကာလ အိမ္မွာေနရင္း အလုပ္လုပ္ဖို႔ ခက္တယ္လို႔ ဆိုပါတယ္။

“က်မတို႔လို နယ္ကေနလာၿပီး အေဆာင္ေနတဲ့အခါက်ေတာ့ ဒီအခန္းက်ဥ္းထဲမွာပဲ တေနကုန္ေနေနရတယ္။ သတင္းကိစၥနဲ႔ ဖုန္းဆက္တာ၊ သတင္းေရးတာလည္း အခန္းထဲမွာပဲ တေနကုန္ေနရတဲ့အခါက်ေတာ့ ဘယ္လိုမွကိုအဆင္မေျပဘူး Work from Home က။ လူကစိတ္က်ဥ္းက်ပ္တာလည္း ပါတယ္။ ေနာက္ သတင္းစတိုရီစဥ္းစားတဲ့အခါက်ေတာ့လည္း အိုင္ဒီယာအသစ္အဆန္းေလးေတြ ဘယ္လိုမွမစဥ္းစားႏိုင္ဘူး ျဖစ္ေနတယ္။ လူက ဒီ ၆ေပ - ၄ ေပ အခန္းထဲမွာပဲ ေနေနရတဲ့အခါက်ေတာ့ ေန႔လား၊ ညလားေတာင္မသိေတာ့တဲ့ အေနအထားေပါ့ေလ။"

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္စခဲ့တာေၾကာင့္ မလိုအပ္ရင္အျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားတဲ့ ရခိုင္ျပည္နယ္မွာလည္း အလားတူ စိန္ေခၚမႈေတြ ရွိပါတယ္။ ရခိုင္ျပည္နယ္အေျခစိုက္ DMG ဖြံ႕ၿဖိဳးတိုးတက္ေရး သတင္းလႊာ သတင္းဌာနက လက္ေထာက္ အယ္ဒီတာ ကိုေနဝင္းစံကေတာ့ သတင္းသမားေတြအခ်င္းခ်င္း ထိေတြ႕ဆက္ဆံႏိုင္မ့ဲ အခ်ိန္ကို ေမွ်ာ္လင့္ေနပါတယ္။

“႐ုံးမွာက်ေတာ့ လူအမ်ားႀကီးစုဖြဲ႕ၿပီး တက္ညီလက္ညီနဲ႔ အလုပ္လုပ္ႏိုင္၊ ေျပာႏိုင္ဆိုႏိုင္ၾကတယ္။ အိမ္မွာက တဦးတည္း လုပ္ေနရတယ္ဆိုေတာ့ တခါတေလက်ရင္ စိတ္က ပ်င္းလာတယ္၊ ၿငီးေငြ႕လာတယ္၊ ႐ုံးကိုပဲ လြမ္းေနရတာ ရွိတာေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္တို႔ DMG အေနနဲ႔ဆိုရင္ Work from Home လုပ္ေနတာ တလေက်ာ္ၿပီေပါ့ေနာ္။ ဒီမွာက ကိုယ္တိုင္လုပ္ေနရတဲ့အခါက်ေတာ့ အဆင္မေျပမႈေတြလည္း ႀကဳံလာရတဲ့အေနအထားရွိတယ္။ အဲေတာ့ က်ေနာ္အပါအဝင္ အားလုံးက ႐ုံးမွာပဲ ျပန္လုပ္ကိုင္ခ်င္ၾကတယ္။ ဒါေပမဲ့လည္း ကိုဗစ္က ထပ္ထပ္ၿပီးေတာ့ ပိုးေတြ႕လူနာထပ္တိုးလာတဲ့အခါက်ေတာ့ မလူးသာမလြန႔္သာျဖစ္ေနတဲ့ အေနအထားျဖစ္ေနတာေပါ့ေနာ္။"

ကမာၻတဝန္း ကပ္ေရာဂါ ႀကဳံရခ်ိန္ကစလို႔ အိမ္မွာေနရင္း အလုပ္လုပ္ၾကရတဲ့ အေျခအေနေရာက္လာတာနဲ႔အမွ် နည္းပညာလိုအပ္ခ်က္ စိန္ေခၚမႈေတြလည္း သိသိသာသာ ႀကီးထြားလာပါတယ္။ ကပ္ေရာဂါကာလ နည္းပညာ အသုံးခ်ႏိုင္စြမ္း ကြာဟခ်က္ေၾကာင့္ ႏိုင္ငံေတြရဲ႕ ဖြံ႕ၿဖိဳးမႈေတြမွာလည္း သိသိသာသာ ကြာဟလာႏိုင္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္ထားဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres ကလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံတွင်း အိမ်ကနေအလုပ်လုပ်ကြရသူတွေ ဘယ်လိုအခက်ကြုံကြသလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာနဲ့အမျှ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်တဲ့အထိ ကန့်သတ်ထားတာကြောင့် အိမ်မှာနေရင်း အလုပ်လုပ်နေကြရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံနေရသလဲဆိုတာ ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

လပိုင်းအတွင်း ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာရာက အများပြည်သူနဲ့ဆိုင်တဲ့ အခြေခံလုပ်ငန်းတချို့ကလွဲလို့ လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားပြီး၊ မလိုအပ်ရင်အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်လိုက်တဲ့ ရန်ကုန်တိုင်းမှာ တော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြရပါတယ်။ အိမ်မှာနေရင်း အလုပ်လုပ်ရတဲ့အတွက် သွားရေးလာရေး အရင်လို အခက်အခဲမျိုး မရှိတော့ပေမဲ့ အင်တာနက်နဲ့ လျှပ်စစ်မီး လုံလောက်မှုမရှိတာမျိုးလို အခက်အခဲတွေလည်း ရှိနေပါတယ်။ Graphic Designer ကိုသန့်စင်အေးကတော့ အိမ်မှာနေရင်း အလုပ်လုပ်ရတာထက် ရုံးမှာလုပ်ရတာကို ပိုနှစ်သက်တယ်လို့ ပြောပါတယ်။

“Stay at Home ကာလကလည်း တော်တော်ကြာပြီဆိုတော့ ရုံးမှာ လုပ်တာနဲ့တော့ ကွာခြားမှုရှိတာပေါ့နော်။ ရုံးမှာကျတော့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ့ အတူတူ Teamwork လုပ်ရတဲ့အခါမျိုးမှာ လုပ်ငန်းလည်းပိုပြီးတော့ တွင်ကျယ်တယ်ပေါ့နော်။”

ကပ်ရောဂါကြောင့် မလွှဲသာမရှောင်သာ အိမ်ကနေ အလုပ်လုပ်ကြရတဲ့အတွက် အွန်လိုင်းနဲ့ အင်တာနက်ဟာလည်း ပိုပြီးအရေးပါလာနေပါတယ်။ အိမ်မှာနေရင်း အလုပ်လုပ်ရတဲ့ နေရာမှာ နည်းပညာကျွမ်းကျင်မှုအပြင် နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေကလည်း စိန်ခေါ်မှု တခုဖြစ်နေတယ်လို့ Digital နည်းပညာကျွမ်းကျင်သူ ကိုဝင်းကိုကိုအောင် ကပြောပါတယ်။

“ဒီမြန်မာနိုင်ငံမှာ ကွန်ပြူတာပိုင်ဆိုင်မှု ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်းပဲရှိတာပေါ့နော်။ ရန်ကုန်မြို့ဆိုရင်တော့ အိမ်ထောင်စုအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကတော့ ကွန်ပြူတာပိုင်တယ်လို့ ပြောထားပါတယ်။ နောက်တခုကကျတော့ တည်ငြိမ်တဲ့အင်တာနက်ပေါ့။ အင်တာနက်တွေက ကျနော်တို့နိုင်ငံမှာ တချို့နေရာတွေမှာကျတော့ အရမ်းကောင်းတယ်၊ အင်တာနက်တည်ငြိမ်တယ်။ ဒါပေမဲ့ တချို့နေရာတွေမှာက အင်တာနက်တည်ငြိမ်မှု နည်းနည်းအားနည်းတာရှိတယ်။ တချို့ဒေသတွေမှာတော့ အင်တာနက်လုံးဝမရတာ ရှိတယ်ပေါ့နော်။ လောလောဆယ် ဧပြီလလောက်က တယ်လီနောကထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်ကို ကျနော်ဖတ်ကြည့်တာကတော့ ဒီကိုဗစ်ကာလအတွင်း ဧပြီလမှာတုန်းက အင်တာနက်အသုံးပြုမှု Mobile Traffic က ၂၇ ရာခိုင်နှုန်းလောက်ထိမြင့်တက်သွားတယ် ပြောပါတယ်။

အင်တာနက်အားနည်းတာနဲ့ ကွန်ပြူတာ ပိုင်ဆိုင်မှုနှုန်းနည်းတာက ဒီလိုကိုဗစ်ကာလမှာ လုပ်ငန်းတော်တော်များများအတွက် ကြီးမားတဲ့စိန်ခေါ်မှုပေါ့နော်။ နောက်တခုဖြည့်ပြောရရင် Digital Literacy ပေါ့၊ ကွန်ပြူတာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပေါ့နော်။ အဲဒါတွေကလည်း တချို့တွေအတွက် စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ ကျနော့်အနေနဲ့ကြားရပါတယ်။ နောက် Banking ပိုင်းဆိုင်ရာတော့ ကျနော်အကောင်းမြင်တယ်။ အဲဒါတွေက Mobile Payment တွေက မဖြစ်မနေသုံးလာရတဲ့အတွက်ကြောင့် ဒီစနစ်တွေ ထွန်းကားလာတယ်ဆိုရင်တော့ လူတိုင်းဘဏ်ဝန်ဆောင်မှုတွေကို အင်တာနက်တွေ၊ ဖုန်းပေါ်ကနေတဆင့် အလွယ်တကူလုပ်ဆောင်သွားနိုင်မယ်လို့ ကျနော်မြင်တယ်ခင်ဗျ။"

ကပ်ရောဂါကာလ အိမ်ပြင်မထွက်ရလို့ မိသားစုတွေ တစုတစည်းတည်း နေခွင့်ရတာဟာလည်း ကောင်းတဲ့အချက်တခုလို့ မြင်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ ဆောင်ရန်၊ ရှောင်ရန် အခြေအနေတွေကြောင့် စိတ်ဖိစီးစရာတွေလည်း ပိုများလာတယ်လို့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတဦးဖြစ်တဲ့ မစုစုဝင်းက ပြောပါတယ်။

“ပုံမှန်ဆိုရင်တော့ အစ်မတို့က မနက်ပိုင်းဆို ၈ နာရီ၊ ၉ နာရီ၊ ကိုယ်နိုးတဲ့အချိန်မှာ ဈေးသွားလို့ရတယ်။ အခုလိုကာလကျတော့ အစောကြီးထပြီးသွားရတယ်။ ဈေးသွားမယ်ဆိုရင် လူနည်းတဲ့အချိန်ကိုရွေးပြီး သွားရတယ်။ ပြီးရင် မြန်မြန်သွားပြီး မြန်မြန်ပြန်လာရတယ်။ သွားမယ်ဆိုရင်လည်း Mask နဲ့ ခေါင်းဆောင်းတွေ ဘာတွေ လုပ်သွားရတယ်ပေါ့နော်။ ပြန်လာရင်လည်း ကိုယ့်မှာ ကလေးရှိတဲ့အခါကျတော့ Safe ဖြစ်အောင်လို့ ရေမိုးချိုး၊ ဒါတွေကတော့ အလုပ်တွေပိုလာရတယ်ပေါ့။"

ကပ်ရောဂါကြောင့် အိမ်မှာနေရင်း အလုပ်လုပ်သူတွေ ရှိပေမဲ့ လူတိုင်းအတွက်တော့ အဆင်ပြေတာမဟုတ်ပါဘူး။ အထူးသဖြင့် ရန်ကုန်မြို့လို နေရာထိုင်ခင်း အခက်အခဲရှိတဲ့ နေရာမျိုးမှာ ပတ်ဝန်းကျင် အနှောက်အယှက်ကင်းကင်း အလုပ်လုပ်ဖို့က စိန်ခေါ်မှုတခုပါ။ မော်ကွန်းသတင်းဌာနက သတင်းထောက် ဂေထော ကတော့ ကပ်ရောဂါကာလ အိမ်မှာနေရင်း အလုပ်လုပ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

“ကျမတို့လို နယ်ကနေလာပြီး အဆောင်နေတဲ့အခါကျတော့ ဒီအခန်းကျဉ်းထဲမှာပဲ တနေကုန်နေနေရတယ်။ သတင်းကိစ္စနဲ့ ဖုန်းဆက်တာ၊ သတင်းရေးတာလည်း အခန်းထဲမှာပဲ တနေကုန်နေရတဲ့အခါကျတော့ ဘယ်လိုမှကိုအဆင်မပြေဘူး Work from Home က။ လူကစိတ်ကျဉ်းကျပ်တာလည်း ပါတယ်။ နောက် သတင်းစတိုရီစဉ်းစားတဲ့အခါကျတော့လည်း အိုင်ဒီယာအသစ်အဆန်းလေးတွေ ဘယ်လိုမှမစဉ်းစားနိုင်ဘူး ဖြစ်နေတယ်။ လူက ဒီ ၆ပေ - ၄ ပေ အခန်းထဲမှာပဲ နေနေရတဲ့အခါကျတော့ နေ့လား၊ ညလားတောင်မသိတော့တဲ့ အနေအထားပေါ့လေ။"

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်စခဲ့တာကြောင့် မလိုအပ်ရင်အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရခိုင်ပြည်နယ်မှာလည်း အလားတူ စိန်ခေါ်မှုတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် DMG ဖွံ့ဖြိုးတိုးတက်ရေး သတင်းလွှာ သတင်းဌာနက လက်ထောက် အယ်ဒီတာ ကိုနေဝင်းစံကတော့ သတင်းသမားတွေအချင်းချင်း ထိတွေ့ဆက်ဆံနိုင်မဲ့ အချိန်ကို မျှော်လင့်နေပါတယ်။

“ရုံးမှာကျတော့ လူအများကြီးစုဖွဲ့ပြီး တက်ညီလက်ညီနဲ့ အလုပ်လုပ်နိုင်၊ ပြောနိုင်ဆိုနိုင်ကြတယ်။ အိမ်မှာက တဦးတည်း လုပ်နေရတယ်ဆိုတော့ တခါတလေကျရင် စိတ်က ပျင်းလာတယ်၊ ငြီးငွေ့လာတယ်၊ ရုံးကိုပဲ လွမ်းနေရတာ ရှိတာပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ DMG အနေနဲ့ဆိုရင် Work from Home လုပ်နေတာ တလကျော်ပြီပေါ့နော်။ ဒီမှာက ကိုယ်တိုင်လုပ်နေရတဲ့အခါကျတော့ အဆင်မပြေမှုတွေလည်း ကြုံလာရတဲ့အနေအထားရှိတယ်။ အဲတော့ ကျနော်အပါအဝင် အားလုံးက ရုံးမှာပဲ ပြန်လုပ်ကိုင်ချင်ကြတယ်။ ဒါပေမဲ့လည်း ကိုဗစ်က ထပ်ထပ်ပြီးတော့ ပိုးတွေ့လူနာထပ်တိုးလာတဲ့အခါကျတော့ မလူးသာမလွန့်သာဖြစ်နေတဲ့ အနေအထားဖြစ်နေတာပေါ့နော်။"

ကမ္ဘာတဝန်း ကပ်ရောဂါ ကြုံရချိန်ကစလို့ အိမ်မှာနေရင်း အလုပ်လုပ်ကြရတဲ့ အခြေအနေရောက်လာတာနဲ့အမျှ နည်းပညာလိုအပ်ချက် စိန်ခေါ်မှုတွေလည်း သိသိသာသာ ကြီးထွားလာပါတယ်။ ကပ်ရောဂါကာလ နည်းပညာ အသုံးချနိုင်စွမ်း ကွာဟချက်ကြောင့် နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုတွေမှာလည်း သိသိသာသာ ကွာဟလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကလည်း သတိပေးထားပါတယ်။

XS
SM
MD
LG