[Zawgyi/Unicode]
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ၾကား တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။
စစ္ေရးတင္းမာေနတဲ့ ရခုိင္ျပည္နယ္မွာ ဒီရက္ပုိင္းအတြင္း တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ေနတဲ့ မင္းျပားၿမိဳ႕နယ္မွာ တုိက္ပဲြေတြ ဆက္လက္ ျပင္းထန္ေနတယ္လုိ႔ ေဒသခံေတြနဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။ မင္းျပားျမိဳ႕နယ္ ေမလြမ္းေက်းရြာအနီး မေန႔တုန္းကလည္း တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္း ေဒသခံရြာသားတဦးကေျပာပါတယ္။
“ပထမအစ တိုင္းဗဟို ၉ ကျဖစ္တာ။ အဲဒီတိုင္းဗဟို ၉ ကို ရခိုင္တပ္ကသြားေဆာ္တာ။ အဲဒီဟာမွာ ေမလြမ္းဖက္ကို ဆင္းေျပးတာ အဲဒီ ကားလမ္းေဘးေျမနီေခ်ာင္း အဲဒီေခ်ာင္းဖ်ားေပါ့။ အဲဒီမွာပစ္ၾကတာ။ ရခိုင္လက္နက္ကိုင္ AA ဘက္ ကေတာ့ ၀ိုင္းျပီးေတာ့ပိတ္ဆို႕ထားတယ္။ အဲဒီမွာပစ္ၾကခတ္ၾကတာ။”
မင္းျပားျမိဳ႕နယ္ တပ္မေတာ္ေလ့က်င့္ေရးေက်ာင္း တိုင္းဗဟို ၉ အနီး တိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။
“မင္းျပား ကမ္းနီမွာရွိတဲ့ တပ္မေတာ္သင္တန္းေက်ာင္း တခုေပါ့။ အဲဒီရဲ႕အေနာက္ဘက္မွာ တပ္ကလုံျခံဳေရးေဆာင္ရြက္ေနတဲ့ေနရာ ရွိတယ္။ လုံျခံဳေရးေဆာင္ရြက္ေနတာကို AAကလာပစ္ခတ္တာရွိပါတယ္။ အဲဒီေနရာတေနရာမွာတင္ ႏွစ္ၾကိမ္ထိေတြ႕မႈ ျဖစ္တယ္ေပါ့။ အဲဒီမွာ က်ေနာ္တို႔ ထိခိုက္က်ဆုံးမႈ မရွိပါဘူး။
မေန႔ညေနပိုင္းမွာပဲ မင္းျပားျမိဳ႕နယ္ ဖားျပိဳရြာအနီးမွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျပင္း ထန္ျဖစ္ပြါးခဲ့တယ္လို႔ ေဒသခံရြာသား ကိုေအာင္ထြန္းကေျပာပါတယ္။
“တိုက္ပြဲျဖစ္စဥ္က ဖားျပိဳရြာအနားက သခ်ိဳင္းေတာင္မွာ စစ္တပ္က ထိုင္ေလ့ရွိတယ္။ အဲဒီမွာ။ အဲဒီကိုလာျပီးပစ္တာ AA က။ ေတာ္ေတာ္ျပင္းထန္တယ္တိုက္ပြဲက။ ျမန္မာဘက္က နည္းနည္းအထိခိုက္မ်ားတယ္လို႔ ေျပာတယ္။ ၆ နာရီေက်ာ္ေက်ာ္ေလာက္မွာ ၿပီးသြားတယ္။
ျမန္မာစစ္တပ္ရဲ႕ တပ္စခန္းကို AA အဖြဲ႕ကေန မေန႔ညေနပိုင္းမွာ ၀င္ေရာက္တိုက္ခိုက္တာလို႔လည္း ေဒသခံေတြကေျပာပါတယ္။
တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း ဖားျပိဳရြာအနီးမွာ တိုက္ပြဲျဖစ္ပြါးေၾကာင္းအတည္ျပဳေျပာပါတယ္။
“အဲဒီမင္းျပားရဲ႕ ရာေမာင္တံတားရဲ႕အေရွ႕ဘက္မွာ လုံျခံဳေရးေဆာင္ရြက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္းတခုကို AA က ႏွစ္ေနရာက လာျပီးေတာ့ ခြဲျပီးပစ္ခတ္တာ ရွိတယ္။ မေန႔က ၅ နာရီေလာက္မွာ ပစ္ခတ္တာျဖစ္တယ္။ အဲဒီမွာလည္း က်ေနာ္တို႔ ထိခိုက္ဒဏ္ရာရရွိမႈ မရွိပါဘူး။”
တိုက္ပြဲျဖစ္ပြါးရာအနီးက ဖားျပိဳရြာသားေတြကေတာ့ ဒီႏွစ္ဆန္းပိုင္းကတည္းက ေသကန္စစ္ေရွာင္စခန္းမွာ တိမ္းေရွာင္ေနရပါတယ္။
မေန႔ကမင္းျပားျမိဳ႕နယ္အတြင္း ႏွစ္ေနရာတိုက္ပြဲျပင္းထန္ျဖစ္ပြားခဲ့ေၾကာင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေျပာခြင့္ရ ခိုင္သုခ ကအတည္ျပဳေျပာပါတယ္။
တပ္မေတာ္က တဘက္သတ္ အပစ္ရပ္ေၾကညာခ်က္ကုိ ဒီလကုန္အထိ ၁ လသက္တမ္း ထပ္တုိးလုိက္ေၾကာင္း ေၾကညာခဲ့ေပမဲ့ အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ထားတဲ့ AA အဖဲြ႔နဲ႔ ရခိုင္ျပည္နယ္ မပါ၀င္တာေၾကာင့္ တုိက္ပဲြေတြ ဆက္ျဖစ္ေနတာပါ။
ရခိုင္ျပည္နယ္မွာ COVID-19 ေရာဂါကူးစက္မႈ မ်ားျပားေနတဲ့အျပင္ ေဒသအတြင္းစစ္ေရးပဋိပကၡကလည္း ၾကီးထြားလာေနပါတယ္။
ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ စစ္ေရးတင္းမာေနတာ ၂ ႏွစ္နီးပါးကာလအတြင္း စစ္ေဘးတိမ္းေရွာင္ေနရတဲ့ ဦးေရ ၂၂၀,၀၀၀ ေက်ာ္ရွိလာေနျပီလို႔လည္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုးကေန စာရင္းထုတ္ျပန္ထားပါတယ္။
[Unicode Version]
မင်းပြားဘက်မှာ AA နဲ့ တပ်မတော်ကြား တိုက်ပွဲပြင်းထန်ဆဲ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး မနေ့တုန်းကလည်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံရွာသားတဦးကပြောပါတယ်။
“ပထမအစ တိုင်းဗဟို ၉ ကဖြစ်တာ။ အဲဒီတိုင်းဗဟို ၉ ကို ရခိုင်တပ်ကသွားဆော်တာ။ အဲဒီဟာမှာ မေလွမ်းဖက်ကို ဆင်းပြေးတာ အဲဒီ ကားလမ်းဘေးမြေနီချောင်း အဲဒီချောင်းဖျားပေါ့။ အဲဒီမှာပစ်ကြတာ။ ရခိုင်လက်နက်ကိုင် AA ဘက် ကတော့ ဝိုင်းပြီးတော့ပိတ်ဆို့ထားတယ်။ အဲဒီမှာပစ်ကြခတ်ကြတာ။”
မင်းပြားမြို့နယ် တပ်မတော်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို ၉ အနီး တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
“မင်းပြား ကမ်းနီမှာရှိတဲ့ တပ်မတော်သင်တန်းကျောင်း တခုပေါ့။ အဲဒီရဲ့အနောက်ဘက်မှာ တပ်ကလုံခြုံရေးဆောင်ရွက်နေတဲ့နေရာ ရှိတယ်။ လုံခြုံရေးဆောင်ရွက်နေတာကို AAကလာပစ်ခတ်တာရှိပါတယ်။ အဲဒီနေရာတနေရာမှာတင် နှစ်ကြိမ်ထိတွေ့မှု ဖြစ်တယ်ပေါ့။ အဲဒီမှာ ကျနော်တို့ ထိခိုက်ကျဆုံးမှု မရှိပါဘူး။
မနေ့ညနေပိုင်းမှာပဲ မင်းပြားမြို့နယ် ဖားပြိုရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်း ထန်ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံရွာသား ကိုအောင်ထွန်းကပြောပါတယ်။
“တိုက်ပွဲဖြစ်စဉ်က ဖားပြိုရွာအနားက သချိုင်းတောင်မှာ စစ်တပ်က ထိုင်လေ့ရှိတယ်။ အဲဒီမှာ။ အဲဒီကိုလာပြီးပစ်တာ AA က။ တော်တော်ပြင်းထန်တယ်တိုက်ပွဲက။ မြန်မာဘက်က နည်းနည်းအထိခိုက်များတယ်လို့ ပြောတယ်။ ၆ နာရီကျော်ကျော်လောက်မှာ ပြီးသွားတယ်။
မြန်မာစစ်တပ်ရဲ့ တပ်စခန်းကို AA အဖွဲ့ကနေ မနေ့ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာလို့လည်း ဒေသခံတွေကပြောပါတယ်။
တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဖားပြိုရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးကြောင်းအတည်ပြုပြောပါတယ်။
“အဲဒီမင်းပြားရဲ့ ရာမောင်တံတားရဲ့အရှေ့ဘက်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတခုကို AA က နှစ်နေရာက လာပြီးတော့ ခွဲပြီးပစ်ခတ်တာ ရှိတယ်။ မနေ့က ၅ နာရီလောက်မှာ ပစ်ခတ်တာဖြစ်တယ်။ အဲဒီမှာလည်း ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။”
တိုက်ပွဲဖြစ်ပွါးရာအနီးက ဖားပြိုရွာသားတွေကတော့ ဒီနှစ်ဆန်းပိုင်းကတည်းက သေကန်စစ်ရှောင်စခန်းမှာ တိမ်းရှောင်နေရပါတယ်။
မနေ့ကမင်းပြားမြို့နယ်အတွင်း နှစ်နေရာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခ ကအတည်ပြုပြောပါတယ်။
တပ်မတော်က တဘက်သတ် အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ ၁ လသက်တမ်း ထပ်တိုးလိုက်ကြောင်း ကြေညာခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ် မပါဝင်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကူးစက်မှု များပြားနေတဲ့အပြင် ဒေသအတွင်းစစ်ရေးပဋိပက္ခကလည်း ကြီးထွားလာနေပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးတင်းမာနေတာ ၂ နှစ်နီးပါးကာလအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဦးရေ ၂၂၀,၀၀၀ ကျော်ရှိလာနေပြီလို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းထုတ်ပြန်ထားပါတယ်။