[Zawgyi/ Unicode]
ျမန္မာႏုိင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္သူ ၁၅,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၃၅၀ ေက်ာ္သြားၿပီျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာလိုက္ပါတယ္။
ဒီေန႔မွာ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ေနာက္ထပ္ ၃၂ ေယာက္ ေသဆုံးခဲ့တဲ့အတြက္ ေသဆုံးသူအေရအတြက္ဟာ ၃၅၃ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ည ၈ နာရီမွာ ထုတ္ျပန္ထားပါတယ္။ မေန႔ကေတာ့ ဗုိ္င္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၁ ေယာက္ ရွိခဲ့ၿပီး ဒီေန႔မွာ ျပန္ၿပီးေတာ့ ေသဆုံးမႈ တုိးလာတာျဖစ္ၿပီးပါတယ္။ ဒီေန႔ေသဆုံးတဲ့ အေရအတြက္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း ေန႔စဥ္ေသဆုံးသူထဲမွာ အမ်ားဆုံးျဖစ္ပါတယ္။
ဒီေန႔မွာ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁,၁၄၂ ေယာက္္ ထပ္မံေတြ႔ရွိတာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္သူူ ဦးေရဟာ ၁၅,၅၂၅ ရွိသြားၿပီျဖစ္ပါတယ္။
မေန႔ ေအာက္တုိဘာ ၁ ရက္ေန႔ည ၈ နာရီကေန ဒီေန႔ည ၈ နာရီအတြင္း ဓာတ္ခဲြနမူနာ ၆,၈၉၅ ခုကို စစ္ေဆးခဲ့တာမွာ အဲဒီလို ဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၁,၁၄၂ ေယာက္ကို ထပ္မံေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ အေစာပိုင္းကာလေတြတုန္းကေတာ့ ေန႔စဥ္ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈ ၁,၀၀၀ ေလာက္သာ လုပ္ခဲ့ေပမဲ့ မၾကာေသးခင္ သီတင္းပတ္ေတြကစၿပီး ေရာဂါပိုးရွိ၊ မရွိ စမ္းသပ္ စစ္ေဆးမႈေတြကို ပိုၿပီးလုပ္လာေနတာေၾကာင့္ ပိုးကူးစက္သူေတြ ပိုၿပီးေတြ႔လာေနရတာျဖစ္ပါတယ္။
ဒါ့အျပင္ ဒီေန႔မွာ ၂ ႀကိမ္ဆက္ ပိုးမေတြ႔သူ ၂၂၂ ေယာက္ ထပ္မံေတြ႔ရွိတာေၾကာင့္၊ေရာဂါသက္သာေပ်ာက္ကင္းၿပီး ေဆး႐ုံက ဆင္းခြင့္ရသြားသူ ၄,၃၇၈ ေယာက္ရွိၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၁၅,၀၀၀ ကျော်၊ သေဆုံးသူ ၃၅၀ ကျော်ပြီ
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်သူ ၁၅,၀၀၀ ကျော် နဲ့ သေဆုံးသူ ၃၅၀ ကျော်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ဒီနေ့မှာ ကိုဗစ် ၁၉ ရောဂါကြောင့် နောက်ထပ် ၃၂ ယောက် သေဆုံးခဲ့တဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၃၅၃ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ မနေ့ကတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ယောက် ရှိခဲ့ပြီး ဒီနေ့မှာ ပြန်ပြီးတော့ သေဆုံးမှု တိုးလာတာဖြစ်ပြီးပါတယ်။ ဒီနေ့သေဆုံးတဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နေ့စဉ်သေဆုံးသူထဲမှာ အများဆုံးဖြစ်ပါတယ်။
ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၁၄၂ ယောက် ထပ်မံတွေ့ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်သူူ ဦးရေဟာ ၁၅,၅၂၅ ရှိသွားပြီဖြစ်ပါတယ်။
မနေ့ အောက်တိုဘာ ၁ ရက်နေ့ည ၈ နာရီကနေ ဒီနေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၆,၈၉၅ ခုကို စစ်ဆေးခဲ့တာမှာ အဲဒီလို ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁,၁၄၂ ယောက်ကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းကတော့ နေ့စဉ်ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှု ၁,၀၀၀ လောက်သာ လုပ်ခဲ့ပေမဲ့ မကြာသေးခင် သီတင်းပတ်တွေကစပြီး ရောဂါပိုးရှိ၊ မရှိ စမ်းသပ် စစ်ဆေးမှုတွေကို ပိုပြီးလုပ်လာနေတာကြောင့် ပိုးကူးစက်သူတွေ ပိုပြီးတွေ့လာနေရတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၂၂၂ ယောက် ထပ်မံတွေ့ရှိတာကြောင့်၊ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသွားသူ ၄,၃၇၈ ယောက်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။