သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေခ်းေငြနဲ႔ အတိုးေတြျပန္ေတာင္းတာ ကိုဗစ္ကာလရပ္ထားဖို႔ ေဒသႏၲရအစိုးရေတြၫႊန္ၾကား


ဘဏ္လုပ္ငန္းတခုေတြ ေငြမ်ား ေရတြက္ေနသည့္ ၀န္ထမ္းမ်ား (သတင္းဓာတ္ပံု- ဇူလိုင္ ၂၁၊ ၂၀၁၁)

[Zawgyi/Unicode]

အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ လုပ္ကိုင္ေနတဲ့ အေသးစားေငြေၾကးလုပ္ငန္းေတြအေနနဲ႔ ကိုဗစ္ကပ္ေရာဂါကာလမွာ ေခ်းေငြနဲ႔ အတိုးေကာက္ခံမႈေတြ၊ ယာယီရပ္နားထားဖို႔ ညႊန္ၾကားလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပပါမယ္။

ကုိဗစ္ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားၿပီး လုပ္ငန္းေတာ္ေတာ္မ်ားမ်ား ရပ္ဆုိင္းထားရခ်ိန္မွာ ေခ်းေငြဆပ္ဖုိ႔ အခက္အခဲ မျဖစ္ရေအာင္ ေခ်းေငြ အရင္းနဲ႔ အတုိးေကာက္ယူတာေတြ ယာယီရပ္ဆုိင္းထားဖုိ႔ ေဒသႏၱရအစုိးရေတြက ညႊန္ၾကားလုိက္တာပါ။

ျပည္ေထာင္စုအစုိးရက ဘဏ္နဲ႔ ေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းေတြကို ခြင့္ျပဳထားဆဲျဖစ္တဲ့အတြက္ ေခ်းေငြနဲ႔ ပတ္သက္လုိ႔ ေကာက္ခံမႈေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ ေဒသႏၱရ အစုိးရေတြက ၾကား၀င္ေဆာင္ရြက္ေနတာ ျဖစ္ေၾကာင္းလည္း ဧရာဝတီတိုင္း အစုိးရရဲ႕ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးေဌးဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ဘဏ္ႏွင့္ ေငြေရးေၾကးေရး ဝန္ေဆာင္မႈမ်ားက အခုထိ ခြင့္ျပဳထားတယ္ ႏိုင္ငံေတာ္က ခြင့္ျပဳထားေတာ့ သူက ေငြေၾကးဝန္ေဆာင္မႈမွာ ပါတဲ့အခါက်ေတာ့ ပိတ္ပါ၊ မပိတ္ပါေတာ့ ျပည္ေထာင္စုရဲ႕ ၫႊန္ၾကားခ်က္ျဖစ္တယ္။ တိုင္းကေတာ့ ဒါကို ပိတ္တယ္လို႔ မထုတ္ဘူး၊ တခ်ိဳ႕ တိုင္းေတြကေတာ့ ဒါကို ရပ္ဆိုင္းထားပါ ဆိုၿပီး ထုတ္တာရွိတယ္၊ က်ေနာ္တို႔ကေတာ့ ကိုဗစ္ကာလမွာ ကိုဗစ္စည္းကမ္းေတြကို လိုက္နာဖို႔ရယ္၊ ေနာက္တခါ ကိုဗစ္ကာလမွာ လူေတြရဲ႕ စီးပြားေရး မထိခိုက္ေစဖို႔ရယ္ ဒါေတြကို အတင္းအၾကပ္ မေကာက္ခံဖို႔ ရွမ္းျပည္နယ္က ထုတ္တာကေတာ့ ဒါကို ရပ္ဆိုင္းထားဖို႔၊ အတင္းအၾကပ္ မေကာက္ခံဖို႔ ဒီႏွစ္ခုကို ဦးတည္တာေပါ့။”

ကပ္ေရာဂါေၾကာင့္ လုပ္ငန္းေတြ ရပ္ထားရေပမဲ့ ပုဂၢလိကနဲ႔ အစိုးရမဟုတ္တဲ့ ႏိုင္ငံတကာ NGO အဖြဲ႕အစည္းေတြ အပါအ၀င္ ေခ်းေငြ ထုတ္ေပးထားတဲ့ လုပ္ငန္းေတြကေတာ့ အတုိး၊ အရင္း ေကာက္ခံတာေတြ ဆက္လုပ္ေနတာေၾကာင့္ အခက္ႀကံဳေနရတယ္လုိ႔လည္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေတာင္သူလယ္သမားအဖြဲ႕ခ်ဳပ္ ဧရာဝတီတိုင္း စည္း႐ုံးေရးေကာ္မတီက ဦးေက်ာ္စိန္ဦးက အခုလိုေျပာပါတယ္။

“NGO အဖြဲ႕က ေငြေခ်းတာေတြရွိတယ္၊ သူတို႔က အတိုးေတြက အတင္းေတာင္းတယ္ဗ်၊ ဝိုင္းႀကီးခ်ဳပ္ လုပ္ၿပီးေတာ့ကိုေတာင္းတာ၊ ၁၅ ရက္တႀကိမ္ကို အရင္းကို ျပန္ျပန္ထည့္ရတယ္၊ အရင္းနဲ႔အတိုးနဲ႔ ေပါင္းေပါင္းၿပီး ဆပ္ရတယ္၊ ဥပမာ ၁ က်ပ္ခြဲတိုး ဆိုရင္ သူတကယ္သုံးရတာ တေန႔ကို အျပည့္မသုံးရဘူး၊ တဝက္ပဲသုံးရတယ္၊ ဆိုေတာ့ သုံးက်ပ္တိုးေပါ့ဗ်ာ၊ အကုန္လုံးဝင္ေငြေတြ ရပ္ေနတဲ့အခ်ိန္မွာ အတင္းေတာင္းတယ္ဆိုရင္ေတာ့ ဘယ္လိုေျပာရမလဲ စာနာမႈ မရွိဘူးလို႔ပဲ ေျပာရမွာပဲ။”

ေခ်းေငြနဲ႔ ပတ္သက္တဲ့ ညႊန္ၾကားခ်က္ေတြကိုေတာ့ ရွမ္းျပည္နယ္၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ မြန္ျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ ရွမ္းျပည္နယ္ အစိုးရေတြက ဒီရက္ပိုင္းမွာပဲ ထုတ္ျပန္ခဲ့တာပါ။

ကိုဗစ္ကပ္ေရာဂါကာလ ေဒသႏၲရ က်န္းမာေရး အမိန႔္ၫႊန္ၾကားခ်က္ေတြကို ခ်ိဳးေဖာက္ၿပီး ေခ်းေငြရယူထားတဲ့ အသင္းဝင္ေတြရဲ႕ေနအိမ္ထိ သြားေရာက္ၿပီး ေခ်းေငြျပန္ဆပ္ဖို႔ ဖိအားမေပးဖို႔၊ မလိုက္နာရင္ လုပ္ငန္းလိုင္စင္ ပိတ္သိမ္းမယ့္အေၾကာင္းလည္း သတိေပးထားပါတယ္။ ဒါေပမဲ့လည္း ညႊန္ၾကားခ်က္ေတြဟာ သက္ဆုိင္ရာ ေဒသႏၱရာအတြင္းမွာသာ သက္ေရာက္မႈ ရွိတယ္လုိ႔လည္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

“အခုက်ေနာ္ ေျပာရလို႔ရွိရင္ ပဲခူးတိုင္းရယ္၊ မြန္ျပည္နယ္ရယ္၊ ေနာက္စစ္ကိုင္းတိုင္းရယ္၊ ရွမ္းျပည္နယ္ရယ္ေပါ့ အဲဒီမွာ အေသးစားေငြေရးေၾကးေရး ႀကီးၾကပ္မႈေကာ္မတီရဲ႕ ေအာက္မွာ အေသးစား ေငြေရးေၾကးေရး ႀကီးၾကပ္မႈ လုပ္ငန္းေကာ္မတီရွိတယ္၊ အဲဒီလုပ္ငန္းေကာ္မတီကေန သက္ဆိုင္ရာ တိုင္းေဒသအလိုက္ ထုတ္တာပါ၊ အားလုံးအက်ံဳးမဝင္ပါဘူး၊ သက္ဆိုင္ရာ ရွမ္းဆို ရွမ္းျပည္နယ္ပါပဲ။ ေဒသမွျဖစ္ေနတဲ့ ကိုဗစ္ျဖစ္ပြားမႈ အေျခအေနအရ သူတို႔ထုတ္တာပါ။”

၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္မွာ ျမန္မာတႏိုင္ငံလုံး အတိုင္းအတာနဲ႔ အေသးစား ေငြေရးေၾကးေရး အဖြဲ႕အစည္း ၁၉၃ ဖြဲ႕က က်ပ္ေငြ သန္းေပါင္း ၂,၀၀၀, ၀၀၀ ေက်ာ္ (၂, ၂၇၁, ၂၅၉) ထုတ္ေခ်းထားၿပီး အလုပ္အကိုင္နဲ႔ အစိုးရ အခြန္ရဖို႔အဓိက အေထာက္အကူျပဳေနတဲ့ နယ္ပယ္တခုလို႔ ေငြေရးေၾကးေရး ႀကီးၾကပ္ စစ္ေဆးေရး ဦးစီးဌာန အခ်က္အလက္ေတြမွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချေးငွေနဲ့ အတိုးတွေပြန်တောင်းတာ ကိုဗစ်ကာလရပ်ထားဖို့ ဒေသန္တရအစိုးရတွေညွှန်ကြား

အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ အသေးစားငွေကြေးလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ ချေးငွေနဲ့ အတိုးကောက်ခံမှုတွေ၊ ယာယီရပ်နားထားဖို့ ညွှန်ကြားလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားရချိန်မှာ ချေးငွေဆပ်ဖို့ အခက်အခဲ မဖြစ်ရအောင် ချေးငွေ အရင်းနဲ့ အတိုးကောက်ယူတာတွေ ယာယီရပ်ဆိုင်းထားဖို့ ဒေသန္တရအစိုးရတွေက ညွှန်ကြားလိုက်တာပါ။

ပြည်ထောင်စုအစိုးရက ဘဏ်နဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ခွင့်ပြုထားဆဲဖြစ်တဲ့အတွက် ချေးငွေနဲ့ ပတ်သက်လို့ ကောက်ခံမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ဒေသန္တရ အစိုးရတွေက ကြားဝင်ဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်း အစိုးရရဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ဘဏ်နှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုများက အခုထိ ခွင့်ပြုထားတယ် နိုင်ငံတော်က ခွင့်ပြုထားတော့ သူက ငွေကြေးဝန်ဆောင်မှုမှာ ပါတဲ့အခါကျတော့ ပိတ်ပါ၊ မပိတ်ပါတော့ ပြည်ထောင်စုရဲ့ ညွှန်ကြားချက်ဖြစ်တယ်။ တိုင်းကတော့ ဒါကို ပိတ်တယ်လို့ မထုတ်ဘူး၊ တချို့ တိုင်းတွေကတော့ ဒါကို ရပ်ဆိုင်းထားပါ ဆိုပြီး ထုတ်တာရှိတယ်၊ ကျနော်တို့ကတော့ ကိုဗစ်ကာလမှာ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ရယ်၊ နောက်တခါ ကိုဗစ်ကာလမှာ လူတွေရဲ့ စီးပွားရေး မထိခိုက်စေဖို့ရယ် ဒါတွေကို အတင်းအကြပ် မကောက်ခံဖို့ ရှမ်းပြည်နယ်က ထုတ်တာကတော့ ဒါကို ရပ်ဆိုင်းထားဖို့၊ အတင်းအကြပ် မကောက်ခံဖို့ ဒီနှစ်ခုကို ဦးတည်တာပေါ့။”

ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်ထားရပေမဲ့ ပုဂ္ဂလိကနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ အပါအဝင် ချေးငွေ ထုတ်ပေးထားတဲ့ လုပ်ငန်းတွေကတော့ အတိုး၊ အရင်း ကောက်ခံတာတွေ ဆက်လုပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ချုပ် ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီက ဦးကျော်စိန်ဦးက အခုလိုပြောပါတယ်။

“NGO အဖွဲ့က ငွေချေးတာတွေရှိတယ်၊ သူတို့က အတိုးတွေက အတင်းတောင်းတယ်ဗျ၊ ဝိုင်းကြီးချုပ် လုပ်ပြီးတော့ကိုတောင်းတာ၊ ၁၅ ရက်တကြိမ်ကို အရင်းကို ပြန်ပြန်ထည့်ရတယ်၊ အရင်းနဲ့အတိုးနဲ့ ပေါင်းပေါင်းပြီး ဆပ်ရတယ်၊ ဥပမာ ၁ ကျပ်ခွဲတိုး ဆိုရင် သူတကယ်သုံးရတာ တနေ့ကို အပြည့်မသုံးရဘူး၊ တဝက်ပဲသုံးရတယ်၊ ဆိုတော့ သုံးကျပ်တိုးပေါ့ဗျာ၊ အကုန်လုံးဝင်ငွေတွေ ရပ်နေတဲ့အချိန်မှာ အတင်းတောင်းတယ်ဆိုရင်တော့ ဘယ်လိုပြောရမလဲ စာနာမှု မရှိဘူးလို့ပဲ ပြောရမှာပဲ။”

ချေးငွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကိုတော့ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် အစိုးရတွေက ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကာလ ဒေသန္တရ ကျန်းမာရေး အမိန့်ညွှန်ကြားချက်တွေကို ချိုးဖောက်ပြီး ချေးငွေရယူထားတဲ့ အသင်းဝင်တွေရဲ့နေအိမ်ထိ သွားရောက်ပြီး ချေးငွေပြန်ဆပ်ဖို့ ဖိအားမပေးဖို့၊ မလိုက်နာရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမယ့်အကြောင်းလည်း သတိပေးထားပါတယ်။ ဒါပေမဲ့လည်း ညွှန်ကြားချက်တွေဟာ သက်ဆိုင်ရာ ဒေသန္တရာအတွင်းမှာသာ သက်ရောက်မှု ရှိတယ်လို့လည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဗွီအိုအေကို ပြောပါတယ်။

“အခုကျနော် ပြောရလို့ရှိရင် ပဲခူးတိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ နောက်စစ်ကိုင်းတိုင်းရယ်၊ ရှမ်းပြည်နယ်ရယ်ပေါ့ အဲဒီမှာ အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီရဲ့ အောက်မှာ အသေးစား ငွေရေးကြေးရေး ကြီးကြပ်မှု လုပ်ငန်းကော်မတီရှိတယ်၊ အဲဒီလုပ်ငန်းကော်မတီကနေ သက်ဆိုင်ရာ တိုင်းဒေသအလိုက် ထုတ်တာပါ၊ အားလုံးအကျုံးမဝင်ပါဘူး၊ သက်ဆိုင်ရာ ရှမ်းဆို ရှမ်းပြည်နယ်ပါပဲ။ ဒေသမှဖြစ်နေတဲ့ ကိုဗစ်ဖြစ်ပွားမှု အခြေအနေအရ သူတို့ထုတ်တာပါ။”

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း ၁၉၃ ဖွဲ့က ကျပ်ငွေ သန်းပေါင်း ၂,၀၀၀, ၀၀၀ ကျော် (၂, ၂၇၁, ၂၅၉) ထုတ်ချေးထားပြီး အလုပ်အကိုင်နဲ့ အစိုးရ အခွန်ရဖို့အဓိက အထောက်အကူပြုနေတဲ့ နယ်ပယ်တခုလို့ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန အချက်အလက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

XS
SM
MD
LG