သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဆိုင္ရာကန္႔သတ္ခ်က္ေတြေၾကာင့္ ကုန္စည္စီးဆင္းမႈထိခိုက္ေန


ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ေတြ႔ရတဲ့ ကုန္တင္ကားမ်ား။ (ဧၿပီ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္လာရာက ကုန္စည္စီးဆင္းမႈေတြမွာ အခက္အခဲေတြ ႀကံဳေနရတဲ့ အေျခအေနကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ကုန္တင္ယာဥ္ေတြနဲ႔ ခရီးသည္တင္ယာဥ္ေတြကုိ ကုိဗစ္ေရာဂါပုိး ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ပါမွသာ သြားလာခြင့္ျပဳဖုိ႔ ညႊန္ၾကားခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ အသြားအလာေတြ ေလ်ာ့က်သြားခဲ့တာပါ။ စားေသာက္ကုန္ေတြ အပါအ၀င္ ကုန္တင္ယာဥ္ေတြ အသြားအလာ နည္းသြားတဲ့အတြက္ ကုန္စည္စီးဆင္းမႈေတြလည္း ေႏွးေကြးသြားတယ္လုိ႔ ျမန္မာႏိုင္ငံ အေဝးေျပးကုန္စည္ ပို႔ေဆာင္ေရး ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးေအာင္မိုးက VOA ကို ေျပာပါတယ္။

“အကိုတို႔က ဒီေန႔က ဘာမွအလုပ္ မျဖစ္ဘူးေလ၊ အဲ့လိုမ်ဳိးေတြျဖစ္ေနတာ စာရြက္စာတမ္းေတြ လိုေနေတာ့ ကုန္စည္စီးဆင္းမႈက ေလာေလာ ဒီေန႔အတိုင္းတာက အလုပ္မျဖစ္ေသးဘူး၊ ေလာေလာဆယ္ရပ္ၿပီး ေစာင့္ၾကည့္ေနၾကတယ္။”

ရန္ကုန္ကေန မႏၱေလးကို သြားတဲ့ ကုန္တင္ယာဥ္ အစီးေရ ၃၀၀ ေလာက္ဟာလည္း မေန႔ကအထိ ရမည္းသင္းၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္မွာ ပိတ္မိေနတယ္လုိ႔ ေျပာပါတယ္။ မႏၱေလးတုိင္း အစုိးရကလည္း ေဒသတြင္းကုိ ျဖတ္သန္းသြားလာမယ့္ ကုန္စည္ပုိ႔ေဆာင္တဲ့ ကားေတြက ယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လုိက္ေတြ ဒီလဆန္းကစၿပီး ကပ္ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံစာပါမွသာ ခြင့္ျပဳမယ့္အေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အလားတူ ညႊန္ၾကားခ်က္ ထုတ္ျပန္ထားတဲ့ က်န္ေဒသေတြထဲက ရွမ္းျပည္နယ္မွာလည္း ကုန္စည္ပုိ႔ေဆာင္မႈေတြမွာ ထိခုကိ္ေနတယ္လုိ႔ ရွမ္းျပည္နယ္ ကုန္စည္ပို႔ေဆာင္ေရးအသင္း ဥကၠ႒ ဦးခင္ေမာင္သိန္းက ေျပာပါတယ္။

“ဥပမာ က်ေနာ္တို႔ ရွမ္းျပည္နယ္အတြင္းဆိုလို႔ရွိရင္ သြားလာလို႔ရတာေပါ့ေလးေနာ္၊ ခုဏ လူႀကီးေတြကေတာ့ တစ္ခုေတာ့ ဟိုဥစၥာလုပ္ထားတာေပါ့။ ျပည္နယ္အတြင္းမွာ သြားလာလို႔ရေပမယ့္လို႔ ဟို positive ျဖစ္တဲ့ လူနာ သံုးေယာက္ေတြ႕တယ္ဆိုလို႔ရွိရင္ အဲ့ၿမိဳ႕နယ္ဘက္ ဘယ္ၿမိဳ႕နယ္ျဖစ္ျဖစ္ေပါ့ေလ။ အဲ့ၿမိဳ႕နယ္ရဲ႕ ခရီးစဥ္ကို ေခတၱရပ္မယ္။”

ျမန္မာႏုိင္ငံမွာ လပုိင္းအတြင္း ေသဆုံးသူ ၃၀၀ ေလာက္နဲ႔ ကူးစက္မႈ ၁၀,၀၀၀ ေက်ာ္ ႐ုတ္တရက္ တုိးလာတဲ့အထိ ကပ္ေရာဂါ ပ်ံ႕ႏွံ႔ခဲ့ရာက သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထိန္းခ်ဳပ္လာတာပါ။ မႏၱေလးတိုင္း COVID-19 ဆိုင္ရာ သတင္းထုတ္ျပန္ေရးအဖြဲ႔ ဥကၠ႒ ဦးစိုင္းပန္ဆိုင္ကေတာ့ ေရာဂါပုိး ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ လုိအပ္ခ်က္အရ စီစဥ္ရတာလုိ႔ ေျပာပါတယ္။

“အခုလက္ရွိ အေနအထားေတာ့ က်ေနာ္တို႔ ရန္ကုန္မွာ ပိုးအမ်ားဆံုးေတြ႕တယ္ေလးေနာ္။အခုက တိုင္းနဲ႔ျပည္နယ္ ခပ္မ်ားမ်ားမွာကေတာ့ ရန္ကုန္မွာေနတဲ့ ျပည္သူလူထုေတြ ဒီဘက္က တက္လာၿပီးမွာ ဒီမွာရွိတဲ့ ျပည္သူတစ္ဦးဦးနဲ႔ ထိေတြ႕တဲ့အခ်ိန္မွာ ပိုးေတြ႔ရတဲ့ဟာမ်ားေတာ့ ဒါက်ေနာ္တု႔ိက က်န္းမာေရး ႐ွဴေထာင့္ကေန ၾကည့္မယ္ဆိုရင္ ပိုးရွိတဲ့ဘက္က ေဒသက လာတဲ့ဟာဆိုရင္ က်ေနာ္တို႔ ပိုးေတြ႔နည္းတဲ့ ေဒသျဖစ္ျဖစ္ မရွိတဲ့ေနရာကို ဒါလာရင္ သူ႔က စစ္ကိုစစ္ရမွာေပါ့၊ ဒီအတိုင္းပဲ သူတို႔ ဝင္လာမယ္ဆိုရင္ က်ေနာ္တို႔ ပိုးက ျပန္႔ပြားမႈႏႈန္းက ပိုၿပီးေတာ့ ႀကီးမားတာေပါ့။”

ဒါေပမဲ့လည္း ကုိဗစ္ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ရယူဖုိ႔ အခက္အခဲတခ်ဳိ႕ ရွိတယ္လုိ႔လည္း လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ သီတင္း ၂ ပတ္အတြင္း ေရာဂါပုိးကင္းရွင္းေၾကာင္း က်န္းမာေရးဌာနရဲ႕ ေထာက္ခံစာ ျပသဖုိ႔ ညႊန္ၾကားခ်က္ရဖုိ႔ အကန္႔အသတ္ေတြ ရွိေနတယ္လုိ႔လည္း ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ ပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးေအာင္မိုးက ေျပာပါတယ္။

“ဒီစစ္တဲ့ သက္တမ္းက ႏွစ္ပတ္ပဲ ခံမယ္ဆိုေတာ့ က်ေနာ္တို႔က ယာဥ္ေမာင္းယာဥ္လိုက္ေတြက အလုပ္လုပ္ေနမယ္ဆိုရင္ ႏွစ္ပတ္ တစ္ခါ စစ္ေနရတာေပါ့၊ ႏွစ္ပတ္ တစ္ခါဆိုေတာ့ တစ္လ ႏွစ္ႀကိမ္ေပါ့၊ တစ္လ ႏွစ္ႀကိမ္စစ္ၿပီးေတာ့ သြားေနရတယ္၊ သြားေနရမယ္ဆိုေတာ့ ဒီစစ္တဲ့ test က အမ်ားႀကီးလိုလာမယ္၊ စစ္တဲ့ ေနရာ ေဒသေတြကလည္း အမ်ားႀကီးလိုလာမယ္၊ ေဆး႐ုံး ေဆးခန္းေတြလည္း စစ္ေပးဖို႔ အမ်ားႀကီး ဒီဥစၥာကို သက္သက္ခြဲျခားၿပီးေတာ့ က်ေနာ္တို႔ကို လုပ္ေပးမယ္လိုတယ္ေပ့ါေနာ္၊ အဲ့ဒါေၾကာင့္ မို႔လို႔ လက္ရွိေတာ့ အခက္အခဲေတာ့ ဒီတစ္ရက္ ႏွစ္ရက္အတြင္းေတာ့ ေတြ႕ေနအုံးမွာပဲ တစ္ရက္ ႏွစ္ရက္ၿပီးရင္ စစ္ေဆးတဲ့ ဥစၥာက ျမန္ျမန္နဲ႔ စစ္ေပးႏိုင္မယ္ဆိုရင္ေတာ့ ဒီအခက္အခဲေတြကေတာ့ သိပ္ျပႆနာ မရွိဘူး။”

ကခ်င္ျပည္နယ္ဘက္မွာလည္း ျပင္ပကလာတဲ့ ယာဥ္ေတြကို ဒီေန႔ကစၿပီး ျမစ္ႀကီးနားၿမိဳ႕အတြင္း ဝင္ခြင့္မျပဳေတာ့ဘဲ ယာဥ္ေမာင္း အလဲလွယ္လုပ္ၿပီးမွ ဝင္ခြင့္ျပဳထားပါတယ္။ ျမန္မာႏိုင္ငံ အေဝးေျပးကုန္စည္ ပို႔ေဆာင္ေရး ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္းကေတာ့ ရန္ကုန္ ေနျပည္ေတာ္ အျမန္လမ္းဘက္မွာ ေမာ္ေတာ္ယာဥ္ေတြ ျဖတ္သန္းသြားလာခြင့္ရရွိေစဖို႔ တင္ျပထားတယ္လုိ႔လည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ဆိုင်ရာကန့်သတ်ချက်တွေကြောင့် ကုန်စည်စီးဆင်းမှုထိခိုက်နေ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လာရာက ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲတွေ ကြုံနေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ သွားလာခွင့်ပြုဖို့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာပြီးနောက် အသွားအလာတွေ လျော့ကျသွားခဲ့တာပါ။ စားသောက်ကုန်တွေ အပါအဝင် ကုန်တင်ယာဉ်တွေ အသွားအလာ နည်းသွားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေလည်း နှေးကွေးသွားတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက VOA ကို ပြောပါတယ်။

“အကိုတို့က ဒီနေ့က ဘာမှအလုပ် မဖြစ်ဘူးလေ၊ အဲ့လိုမျိုးတွေဖြစ်နေတာ စာရွက်စာတမ်းတွေ လိုနေတော့ ကုန်စည်စီးဆင်းမှုက လောလော ဒီနေ့အတိုင်းတာက အလုပ်မဖြစ်သေးဘူး၊ လောလောဆယ်ရပ်ပြီး စောင့်ကြည့်နေကြတယ်။”

ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ ကုန်တင်ယာဉ် အစီးရေ ၃၀၀ လောက်ဟာလည်း မနေ့ကအထိ ရမည်းသင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။ မန္တလေးတိုင်း အစိုးရကလည်း ဒေသတွင်းကို ဖြတ်သန်းသွားလာမယ့် ကုန်စည်ပို့ဆောင်တဲ့ ကားတွေက ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေ ဒီလဆန်းကစပြီး ကပ်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာပါမှသာ ခွင့်ပြုမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ကျန်ဒေသတွေထဲက ရှမ်းပြည်နယ်မှာလည်း ကုန်စည်ပို့ဆောင်မှုတွေမှာ ထိခုကိနေတယ်လို့ ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သိန်းက ပြောပါတယ်။

“ဥပမာ ကျနော်တို့ ရှမ်းပြည်နယ်အတွင်းဆိုလို့ရှိရင် သွားလာလို့ရတာပေါ့လေးနော်၊ ခုဏ လူကြီးတွေကတော့ တစ်ခုတော့ ဟိုဥစ္စာလုပ်ထားတာပေါ့။ ပြည်နယ်အတွင်းမှာ သွားလာလို့ရပေမယ့်လို့ ဟို positive ဖြစ်တဲ့ လူနာ သုံးယောက်တွေ့တယ်ဆိုလို့ရှိရင် အဲ့မြို့နယ်ဘက် ဘယ်မြို့နယ်ဖြစ်ဖြစ်ပေါ့လေ။ အဲ့မြို့နယ်ရဲ့ ခရီးစဉ်ကို ခေတ္တရပ်မယ်။”

မြန်မာနိုင်ငံမှာ လပိုင်းအတွင်း သေဆုံးသူ ၃၀၀ လောက်နဲ့ ကူးစက်မှု ၁၀,၀၀၀ ကျော် ရုတ်တရက် တိုးလာတဲ့အထိ ကပ်ရောဂါ ပျံ့နှံ့ခဲ့ရာက သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထိန်းချုပ်လာတာပါ။ မန္တလေးတိုင်း COVID-19 ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းပန်ဆိုင်ကတော့ ရောဂါပိုး ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ လိုအပ်ချက်အရ စီစဉ်ရတာလို့ ပြောပါတယ်။

“အခုလက်ရှိ အနေအထားတော့ ကျနော်တို့ ရန်ကုန်မှာ ပိုးအများဆုံးတွေ့တယ်လေးနော်။အခုက တိုင်းနဲ့ပြည်နယ် ခပ်များများမှာကတော့ ရန်ကုန်မှာနေတဲ့ ပြည်သူလူထုတွေ ဒီဘက်က တက်လာပြီးမှာ ဒီမှာရှိတဲ့ ပြည်သူတစ်ဦးဦးနဲ့ ထိတွေ့တဲ့အချိန်မှာ ပိုးတွေ့ရတဲ့ဟာများတော့ ဒါကျနော်တု့ိက ကျန်းမာရေး ရှူထောင့်ကနေ ကြည့်မယ်ဆိုရင် ပိုးရှိတဲ့ဘက်က ဒေသက လာတဲ့ဟာဆိုရင် ကျနော်တို့ ပိုးတွေ့နည်းတဲ့ ဒေသဖြစ်ဖြစ် မရှိတဲ့နေရာကို ဒါလာရင် သူ့က စစ်ကိုစစ်ရမှာပေါ့၊ ဒီအတိုင်းပဲ သူတို့ ဝင်လာမယ်ဆိုရင် ကျနော်တို့ ပိုးက ပြန့်ပွားမှုနှုန်းက ပိုပြီးတော့ ကြီးမားတာပေါ့။”

ဒါပေမဲ့လည်း ကိုဗစ်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ရယူဖို့ အခက်အခဲတချို့ ရှိတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ သီတင်း ၂ ပတ်အတွင်း ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးဌာနရဲ့ ထောက်ခံစာ ပြသဖို့ ညွှန်ကြားချက်ရဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့လည်း မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောပါတယ်။

“ဒီစစ်တဲ့ သက်တမ်းက နှစ်ပတ်ပဲ ခံမယ်ဆိုတော့ ကျနော်တို့က ယာဉ်မောင်းယာဉ်လိုက်တွေက အလုပ်လုပ်နေမယ်ဆိုရင် နှစ်ပတ် တစ်ခါ စစ်နေရတာပေါ့၊ နှစ်ပတ် တစ်ခါဆိုတော့ တစ်လ နှစ်ကြိမ်ပေါ့၊ တစ်လ နှစ်ကြိမ်စစ်ပြီးတော့ သွားနေရတယ်၊ သွားနေရမယ်ဆိုတော့ ဒီစစ်တဲ့ test က အများကြီးလိုလာမယ်၊ စစ်တဲ့ နေရာ ဒေသတွေကလည်း အများကြီးလိုလာမယ်၊ ဆေးရုံး ဆေးခန်းတွေလည်း စစ်ပေးဖို့ အများကြီး ဒီဥစ္စာကို သက်သက်ခွဲခြားပြီးတော့ ကျနော်တို့ကို လုပ်ပေးမယ်လိုတယ်ပေ့ါနော်၊ အဲ့ဒါကြောင့် မို့လို့ လက်ရှိတော့ အခက်အခဲတော့ ဒီတစ်ရက် နှစ်ရက်အတွင်းတော့ တွေ့နေအုံးမှာပဲ တစ်ရက် နှစ်ရက်ပြီးရင် စစ်ဆေးတဲ့ ဥစ္စာက မြန်မြန်နဲ့ စစ်ပေးနိုင်မယ်ဆိုရင်တော့ ဒီအခက်အခဲတွေကတော့ သိပ်ပြဿနာ မရှိဘူး။”

ကချင်ပြည်နယ်ဘက်မှာလည်း ပြင်ပကလာတဲ့ ယာဉ်တွေကို ဒီနေ့ကစပြီး မြစ်ကြီးနားမြို့အတွင်း ဝင်ခွင့်မပြုတော့ဘဲ ယာဉ်မောင်း အလဲလှယ်လုပ်ပြီးမှ ဝင်ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကတော့ ရန်ကုန် နေပြည်တော် အမြန်လမ်းဘက်မှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ရရှိစေဖို့ တင်ပြထားတယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG