သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္က COVID-19 ကူးစက္ခံ ခြဲစိတ္ လူနာေတြကို သီးသန္႔ ကုသမႈေပး


COVID 19 ေရာဂါရွိမရွိ swab နမူနာယူေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Community Fever Clinic - Yangon Network- စက္တင္ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ေရာဂါျဖစ္ႏႈန္း၊ ေသႏႈန္း စံခ်ိန္တင္ ဆက္တက္ေနတဲ့ ရန္ကုန္မွာ ေနာက္ထပ္ႀကံဳလာရတာက ခြဲစိတ္လူနာေတြထဲမွာလည္း ဒီပိုးေတြ႔သူ စမ်ားလာတာပါ။ အရင္ အျမန္မစစ္ႏုိင္ခင္ ဒီပိုးရွိမွန္းမသိဘဲ အေရးေပၚအတြက္ ခြဲစိတ္ခဲ့ရတာမို႔ ေဆး႐ုံဝန္ထမ္းတခ်ိဳ႕ ထိခိုက္ခဲ့ေပမယ့္ အခုေတာ့ အျမန္စစ္ႏုိင္တဲ့နည္းေၾကာင့္ ပိုးေတြ႔ၿပီး အသက္ကယ္ဖို႔ ခြဲရမဲ့သူေတြကို ကာကြယ္မႈအျပည့္နဲ႔ စခြဲစိတ္ႏုိင္ပါၿပီ။

ဒါေပမယ့္လည္း ဒီ ကိုဗစ္ပုိးရွိ ခြဲစိတ္မႈေတြအတြက္ သီးသန္႔ေဆး႐ုံနဲ႔ စကုသလာရပံုကို ေျပာလာတဲ့ ခြဲစိတ္အထူးကုေတြကို ကိုဝင္းမင္းက ေမးရာမွာ ရန္ကုန္ တာေမြရွိ အလုပ္သမားေဆး႐ုံက အႀကီးတန္းအတိုင္ပင္ခံ အ႐ုိးအထူးကုဆရာဝန္ႀကီး ေဒါက္တာတင္မင္းထြန္းက ခုလို ရာဇဝင္နဲ႔ စရွင္းျပပါတယ္။

ေဒါက္တာတင္မင္းထြန္း - “ဟိုတေလာက လိႈင္သာယာေဆး႐ုံမွာ ကား Accident (မေတာ္တဆတိုက္တာ) ျဖစ္လို႔ ေျခေထာက္႐ုိးက်ဳိးသြားတယ္။ ဗမာလိုေခၚရင္ေတာ့ အဖြင့္က်ဳိးေပါ့။ စာလိုေခၚရင္ေတာ့ Open Fracture မွာ Emergency Operation (အေရးေပၚခြဲစိတ္ခန္း) ဝင္ရတယ္။ ၿပီးတဲ့အခါက် ေနာက္မေန႔မနက္က်မွ လူနာက ဗုိက္နာတဲ့အခါ Ultrasound (ဓာတ္မွန္) ႐ုိက္ေတာ့ ဘာမွမေတြ႔ဘူး။ အဲေတာ့ စစ္စရာရွိတာေတြ အကုန္စစ္တဲ့အခါက်ေတာ့ ကုိဗစ္စစ္လုိက္ေတာ့ ကုိဗစ္က Positive (ပိုး) ေတြ႔သြားတယ္။ အဲဒီအခါက်ေတာ့ မထင္မွတ္ဘဲ နစ္နာသြားရတဲ့ လူနာေတြ ရွိႏုိင္သလို မထင္မွတ္ဘဲနဲ႔ နစ္နာသြားတဲ့ က်န္းမာေရးဝန္ထမ္းေတြ ရွိႏုိင္တယ္။ အဲေတာ့ ေနာက္ပုိင္း ကုတဲ့လူနာအားလုံးက ကိုဗစ္ျဖစ္ႏုိင္တယ္ ဆုိၿပီးေတာ့ စဥ္းစားၾကတာေပါ့။

“က်ေနာ္တို႔ အလုပ္သမားေဆး႐ုံမွာကေတာ့ အခု လူနာတေယာက္ ေရာက္လာၿပီ၊ ခြဲစိတ္ရမယ္ဆုိရင္ သတ္မွတ္ထားတဲ့ Criteria (သတ္မွတ္ခ်က္) ေတြရွိတယ္။ ခရီးသြားထားတာ ရွိလား၊ ဖ်ားထားလား၊ ေခ်ာင္းဆုိးသလား၊ အဲဒါေတြ အားလုံးကို စစ္ၿပီးေတာ့ Screen Test (ဇလုပ္တိုက္စစ္ခ်တာ) လုပ္လုိက္တယ္။ လုပ္ၿပီးေတာ့မွ Risk Persons (အႏၱရာယ္ရွိတဲ့သူ) ရွိတယ္ဆုိရင္ Swab (အာေခါင္တို႔ဖတ္) ယူၿပီး ပို႔လုိက္တယ္။ Risk Persons မရွိဘူးဆုိရင္ေတာ့ Precaution (ႀကိဳတင္ကာကြယ္မႈ) ယူၿပီးေတာ့မွ ခြဲစိတ္ၾကတာေပါ့။”

ကိုဝင္းမင္း - ဆရာတုိ႔ဆီမွာ ဒီ Positive လူနာ၊ ပိုးေတြ႔ထားတဲ့လူနာ ခြဲစိတ္တာ။

ေဒါက္တာတင္မင္းထြန္း - “ခုခ်ိန္ထိေတာ့ ပိုးေတြ႔တဲ့လူနာကိုေတာ့ မခြဲစိတ္ရေသးဘူး။ ပုိးရွိႏုိင္တယ္လို႔ သံသယဝင္တဲ့ လူနာေတြေတာ့ ခြဲစိတ္ေနရတာ ရွိတယ္။ ဒါေပမယ့္ ပိုးေတြ႔ႏုိင္တယ္လို႔ ထင္တဲ့လူနာအားလုံးကို က်ေနာ္တုိ႔ အျပင္မွာ Screening Test လုပ္ၿပီးသား။ Screening Test လုပ္ၿပီးသား ဆုိတာက ဒီ Antigen Test (အျမန္စစ္တာ) မွ မဟုတ္ဘူး။ စစ္ထားတဲ့

Test ေတြက အမ်ားႀကီးရွိတယ္။ အဲဒါေတြအားလုံး စစ္ၿပီးမွ ပိုးမရွိႏုိင္ပါဘူးလို႔ ထင္ၿပီးေတာ့မွ ခြဲၾကတာ။ က်န္တဲ့ ဒီ့ျပင္ Criteria (သတ္မွတ္ခ်က္) ေတြေပၚမွာ ပုိးရွိႏုိင္တယ္လို႔ ထင္ရင္ က်ေနာ္တုိ႔ မခြဲစိတ္ေသးတာမ်ားတယ္။ ခြဲစိတ္ဖို႔လူနာလည္း ေရာက္မလာေသးဘူး။”

ကိုဝင္းမင္း - မ်ားေသာအားျဖင့္ ဒီကာလမွာ ကိုဗစ္လည္း ရွိေနၿပီးေတာ့ အေရးေပၚခြဲစိတ္ရမယ့္ လူနာအမ်ဳိးအစားေတြက ဘယ္လိုအမ်ဳိးအစားေတြ ျဖစ္ဖို႔မ်ားလဲဆရာ။

ေဒါက္တာတင္မင္းထြန္း - “အခု အားလုံးက သတ္မွတ္ထားတာက အ႐ုိးနဲ႔ပတ္သက္ၿပီး ကား Accident ျဖစ္ရင္ အဖြင့္က်ဳိးေပါ့၊ အ႐ိုးႀကီးက က်ဳိးၿပီး အျပင္ကို ထြက္သြားတာမ်ဳိး။ Orthopedic Emergency (အ႐ုိးဆိုင္ရာ အေရးေပၚ) Dislocation ဆိုတဲ့ အဆစ္ျပဳတ္တာ၊ အဆစ္လြဲတာေတြ။ ခြဲစိတ္နဲ႔ပတ္သက္ရင္ အစာအိမ္ေပါက္တာမ်ဳိး၊ အူပိတ္တာမ်ဳိး၊ အူအတက္ေရာင္ၿပီး ေပါက္သြားတာမ်ဳိး၊ OG (သားဖြားမီးယပ္) နဲ႔ ပတ္သက္ရင္လည္း အေရးေပၚခြဲစိတ္ၿပီး ေမြးရမယ့္ဟာမ်ဳိး၊ သေႏၶသားက (သားအိမ္) အျပင္မွာသြားၿပီး သေႏၶတည္တဲ့ဟာမ်ဳိး၊ ဒါမ်ဳိးေတြဆုိရင္ေတာ့ အေရးေပၚခြဲစိတ္ရမယ့္ ဟာမ်ဳိးေတြေပါ့။ အလုပ္သမားေဆး႐ုံမွာေတာ့ အဲဒီဟာေတြ မခြဲစိတ္ရေသးဘူး။ ဒါေပမယ့္ ဒီ့ျပင္ေဆး႐ုံမွာ ခဲြစိတ္ေနတာေတြေတာ့ က်ေနာ့္ လုပ္ေဖာ္ကုိင္ဘက္ေတြကတဆင့္ သိရတယ္။”

ကိုဝင္းမင္း - ရန္ကုန္မွာပဲ ကုိဗစ္လူနာေတြကုိ ခြဲစိတ္မႈအတြက္ အဓိက ကုိင္တြယ္ေနရတဲ့ အမည္မေဖာ္လိုတဲ့ ခြဲစိတ္အထူးကု ဆရာဝန္ႀကီးတဦးကိုလည္း ေမးထားရာမွာ သူက အခုလို စေျပာပါတယ္။

ခြဲစိတ္အထူးကုဆရာဝန္ႀကီး - “က်ေနာ္တုိ႔ဆီမွာလာတဲ့ လူနာေတြထဲမွာ ခြဲစိတ္လူနာေတြထဲမွာလည္း Positive (ပိုးေတြ႔သူ) ေတြပါတာေပါ့။ Positive ေတြဆုိရင္ေတာ့ က်ေနာ္တုိ႔က PPE (အကာကအကြယ္) ဝတ္စုံအျပည့္နဲ႔ ခြဲစိတ္တာေပါ့။ အရင္တုန္းကေတာ့ စစ္ေဆးရတာ နည္းနည္း အခက္္အခဲရွိတဲ့အခါၾကေတာ့ PCR (ပံုမွန္စစ္တာ) နဲ႔ လုပ္တဲ့အခါက်ေတာ့ နည္းနည္းၾကာတာေပါ့။ က်ေနာ္တုိ႔က လူနာတေယာက္ကို ကုိဗစ္ရွိလား မရွိလား သိပ္မသိႏုိင္ဘူး။ အခုအခ်ိန္မွာေတာ့ ပုိၿပီး အဆင္ေျပလာတယ္။ ဒီ Rapid Test (အျမန္စစ္တာ) နဲ႔ လုပ္တဲ့အခါၾကေတာ့ Positive (ပိုးေတြ႔တာ) ေတြေတာ့ မ်ားလာတာေပါ့။ Surgical Case (ခြဲစိတ္လူနာ) ထဲမွာေတာ့ ပါလာတယ္။ ဒါေပမယ့္ သိပ္အမ်ားႀကီး တက္လာတာေတာ့ မဟုတ္ဘူး။ အခု အဓိက ခရီးသြားရတာ ခက္ခဲေတာ့ လူနာကဝင္တာ နည္းတဲ့အခါၾကေတာ့ အဲဒီထဲကမွ ျပန္စစ္လုိက္ေတာ့ နည္းတယ္။ က်ေနာ္ (အေရအတြက္) အတိအက် ေျပာလို႔မရဘူး ျဖစ္ေနတယ္။”

ကိုဝင္းမင္း - ခြဲစိတ္ၿပီးတဲ့ကာလမွာေရာဆရာ။ စီစဥ္တဲ့အေနအထား။

ခြဲစိတ္အထူးကုဆရာဝန္ႀကီး - “ခြဲစိတ္ၿပီးလုိ႔ရွိရင္ေတာ့ COVID Designated Hospital (ကိုဗစ္သီးသန္႔ေဆး႐ုံ) မွာ ထားၿပီးေတာ့ က်ေနာ္တုိ႔ သြားၾကည့္ပါတယ္။ အဓိကေတာ့ ေတာင္ဥကၠလာမွာ Operation (ခြဲစိတ္ခန္း) အျဖစ္ ထားထားၿပီးေတာ့ လုိအပ္လို႔ရွိရင္ အဲဒီမွာခြဲစိတ္ပါတယ္။ က်ေနာ္တုိ႔က ရန္ကုန္ေဆး႐ုံႀကီးမွာ Positive (ပိုးေတြ႔တာ) ေသခ်ာရင္ မခြဲစိတ္ဘူးဗ်။ ေနရာေတြ အကုန္လုံးမွာျဖန္႔ၿပီး ခြဲစိတ္တာနဲ႔စာရင္ တေနရာမွာ ေသေသခ်ာခ်ာထားၿပီး ခြဲစိတ္တာ ပုိေကာင္းတယ္။”

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ရန်ကုန်က COVID-19 ကူးစက်ခံ ခွဲစိတ် လူနာတွေကို သီးသန့် ကုသမှုပေး

ကိုဗစ်ရောဂါဖြစ်နှုန်း၊ သေနှုန်း စံချိန်တင် ဆက်တက်နေတဲ့ ရန်ကုန်မှာ နောက်ထပ်ကြုံလာရတာက ခွဲစိတ်လူနာတွေထဲမှာလည်း ဒီပိုးတွေ့သူ စများလာတာပါ။ အရင် အမြန်မစစ်နိုင်ခင် ဒီပိုးရှိမှန်းမသိဘဲ အရေးပေါ်အတွက် ခွဲစိတ်ခဲ့ရတာမို့ ဆေးရုံဝန်ထမ်းတချို့ ထိခိုက်ခဲ့ပေမယ့် အခုတော့ အမြန်စစ်နိုင်တဲ့နည်းကြောင့် ပိုးတွေ့ပြီး အသက်ကယ်ဖို့ ခွဲရမဲ့သူတွေကို ကာကွယ်မှုအပြည့်နဲ့ စခွဲစိတ်နိုင်ပါပြီ။

ဒါပေမယ့်လည်း ဒီ ကိုဗစ်ပိုးရှိ ခွဲစိတ်မှုတွေအတွက် သီးသန့်ဆေးရုံနဲ့ စကုသလာရပုံကို ပြောလာတဲ့ ခွဲစိတ်အထူးကုတွေကို ကိုဝင်းမင်းက မေးရာမှာ ရန်ကုန် တာမွေရှိ အလုပ်သမားဆေးရုံက အကြီးတန်းအတိုင်ပင်ခံ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာတင်မင်းထွန်းက ခုလို ရာဇဝင်နဲ့ စရှင်းပြပါတယ်။

ဒေါက်တာတင်မင်းထွန်း - “ဟိုတလောက လှိုင်သာယာဆေးရုံမှာ ကား Accident (မတော်တဆတိုက်တာ) ဖြစ်လို့ ခြေထောက်ရိုးကျိုးသွားတယ်။ ဗမာလိုခေါ်ရင်တော့ အဖွင့်ကျိုးပေါ့။ စာလိုခေါ်ရင်တော့ Open Fracture မှာ Emergency Operation (အရေးပေါ်ခွဲစိတ်ခန်း) ဝင်ရတယ်။ ပြီးတဲ့အခါကျ နောက်မနေ့မနက်ကျမှ လူနာက ဗိုက်နာတဲ့အခါ Ultrasound (ဓာတ်မှန်) ရိုက်တော့ ဘာမှမတွေ့ဘူး။ အဲတော့ စစ်စရာရှိတာတွေ အကုန်စစ်တဲ့အခါကျတော့ ကိုဗစ်စစ်လိုက်တော့ ကိုဗစ်က Positive (ပိုး) တွေ့သွားတယ်။ အဲဒီအခါကျတော့ မထင်မှတ်ဘဲ နစ်နာသွားရတဲ့ လူနာတွေ ရှိနိုင်သလို မထင်မှတ်ဘဲနဲ့ နစ်နာသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိနိုင်တယ်။ အဲတော့ နောက်ပိုင်း ကုတဲ့လူနာအားလုံးက ကိုဗစ်ဖြစ်နိုင်တယ် ဆိုပြီးတော့ စဉ်းစားကြတာပေါ့။

“ကျနော်တို့ အလုပ်သမားဆေးရုံမှာကတော့ အခု လူနာတယောက် ရောက်လာပြီ၊ ခွဲစိတ်ရမယ်ဆိုရင် သတ်မှတ်ထားတဲ့ Criteria (သတ်မှတ်ချက်) တွေရှိတယ်။ ခရီးသွားထားတာ ရှိလား၊ ဖျားထားလား၊ ချောင်းဆိုးသလား၊ အဲဒါတွေ အားလုံးကို စစ်ပြီးတော့ Screen Test (ဇလုပ်တိုက်စစ်ချတာ) လုပ်လိုက်တယ်။ လုပ်ပြီးတော့မှ Risk Persons (အန္တရာယ်ရှိတဲ့သူ) ရှိတယ်ဆိုရင် Swab (အာခေါင်တို့ဖတ်) ယူပြီး ပို့လိုက်တယ်။ Risk Persons မရှိဘူးဆိုရင်တော့ Precaution (ကြိုတင်ကာကွယ်မှု) ယူပြီးတော့မှ ခွဲစိတ်ကြတာပေါ့။”

ကိုဝင်းမင်း - ဆရာတို့ဆီမှာ ဒီ Positive လူနာ၊ ပိုးတွေ့ထားတဲ့လူနာ ခွဲစိတ်တာ။

ဒေါက်တာတင်မင်းထွန်း - “ခုချိန်ထိတော့ ပိုးတွေ့တဲ့လူနာကိုတော့ မခွဲစိတ်ရသေးဘူး။ ပိုးရှိနိုင်တယ်လို့ သံသယဝင်တဲ့ လူနာတွေတော့ ခွဲစိတ်နေရတာ ရှိတယ်။ ဒါပေမယ့် ပိုးတွေ့နိုင်တယ်လို့ ထင်တဲ့လူနာအားလုံးကို ကျနော်တို့ အပြင်မှာ Screening Test လုပ်ပြီးသား။ Screening Test လုပ်ပြီးသား ဆိုတာက ဒီ Antigen Test (အမြန်စစ်တာ) မှ မဟုတ်ဘူး။ စစ်ထားတဲ့
Test တွေက အများကြီးရှိတယ်။ အဲဒါတွေအားလုံး စစ်ပြီးမှ ပိုးမရှိနိုင်ပါဘူးလို့ ထင်ပြီးတော့မှ ခွဲကြတာ။ ကျန်တဲ့ ဒီ့ပြင် Criteria (သတ်မှတ်ချက်) တွေပေါ်မှာ ပိုးရှိနိုင်တယ်လို့ ထင်ရင် ကျနော်တို့ မခွဲစိတ်သေးတာများတယ်။ ခွဲစိတ်ဖို့လူနာလည်း ရောက်မလာသေးဘူး။”

ကိုဝင်းမင်း - များသောအားဖြင့် ဒီကာလမှာ ကိုဗစ်လည်း ရှိနေပြီးတော့ အရေးပေါ်ခွဲစိတ်ရမယ့် လူနာအမျိုးအစားတွေက ဘယ်လိုအမျိုးအစားတွေ ဖြစ်ဖို့များလဲဆရာ။

ဒေါက်တာတင်မင်းထွန်း - “အခု အားလုံးက သတ်မှတ်ထားတာက အရိုးနဲ့ပတ်သက်ပြီး ကား Accident ဖြစ်ရင် အဖွင့်ကျိုးပေါ့၊ အရိုးကြီးက ကျိုးပြီး အပြင်ကို ထွက်သွားတာမျိုး။ Orthopedic Emergency (အရိုးဆိုင်ရာ အရေးပေါ်) Dislocation ဆိုတဲ့ အဆစ်ပြုတ်တာ၊ အဆစ်လွဲတာတွေ။ ခွဲစိတ်နဲ့ပတ်သက်ရင် အစာအိမ်ပေါက်တာမျိုး၊ အူပိတ်တာမျိုး၊ အူအတက်ရောင်ပြီး ပေါက်သွားတာမျိုး၊ OG (သားဖွားမီးယပ်) နဲ့ ပတ်သက်ရင်လည်း အရေးပေါ်ခွဲစိတ်ပြီး မွေးရမယ့်ဟာမျိုး၊ သန္ဓေသားက (သားအိမ်) အပြင်မှာသွားပြီး သန္ဓေတည်တဲ့ဟာမျိုး၊ ဒါမျိုးတွေဆိုရင်တော့ အရေးပေါ်ခွဲစိတ်ရမယ့် ဟာမျိုးတွေပေါ့။ အလုပ်သမားဆေးရုံမှာတော့ အဲဒီဟာတွေ မခွဲစိတ်ရသေးဘူး။ ဒါပေမယ့် ဒီ့ပြင်ဆေးရုံမှာ ခွဲစိတ်နေတာတွေတော့ ကျနော့် လုပ်ဖော်ကိုင်ဘက်တွေကတဆင့် သိရတယ်။”

ကိုဝင်းမင်း - ရန်ကုန်မှာပဲ ကိုဗစ်လူနာတွေကို ခွဲစိတ်မှုအတွက် အဓိက ကိုင်တွယ်နေရတဲ့ အမည်မဖော်လိုတဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတဦးကိုလည်း မေးထားရာမှာ သူက အခုလို စပြောပါတယ်။

ခွဲစိတ်အထူးကုဆရာဝန်ကြီး - “ကျနော်တို့ဆီမှာလာတဲ့ လူနာတွေထဲမှာ ခွဲစိတ်လူနာတွေထဲမှာလည်း Positive (ပိုးတွေ့သူ) တွေပါတာပေါ့။ Positive တွေဆိုရင်တော့ ကျနော်တို့က PPE (အကာကအကွယ်) ဝတ်စုံအပြည့်နဲ့ ခွဲစိတ်တာပေါ့။ အရင်တုန်းကတော့ စစ်ဆေးရတာ နည်းနည်း အခက်အခဲရှိတဲ့အခါကြတော့ PCR (ပုံမှန်စစ်တာ) နဲ့ လုပ်တဲ့အခါကျတော့ နည်းနည်းကြာတာပေါ့။ ကျနော်တို့က လူနာတယောက်ကို ကိုဗစ်ရှိလား မရှိလား သိပ်မသိနိုင်ဘူး။ အခုအချိန်မှာတော့ ပိုပြီး အဆင်ပြေလာတယ်။ ဒီ Rapid Test (အမြန်စစ်တာ) နဲ့ လုပ်တဲ့အခါကြတော့ Positive (ပိုးတွေ့တာ) တွေတော့ များလာတာပေါ့။ Surgical Case (ခွဲစိတ်လူနာ) ထဲမှာတော့ ပါလာတယ်။ ဒါပေမယ့် သိပ်အများကြီး တက်လာတာတော့ မဟုတ်ဘူး။ အခု အဓိက ခရီးသွားရတာ ခက်ခဲတော့ လူနာကဝင်တာ နည်းတဲ့အခါကြတော့ အဲဒီထဲကမှ ပြန်စစ်လိုက်တော့ နည်းတယ်။ ကျနော် (အရေအတွက်) အတိအကျ ပြောလို့မရဘူး ဖြစ်နေတယ်။”

ကိုဝင်းမင်း - ခွဲစိတ်ပြီးတဲ့ကာလမှာရောဆရာ။ စီစဉ်တဲ့အနေအထား။

ခွဲစိတ်အထူးကုဆရာဝန်ကြီး - “ခွဲစိတ်ပြီးလို့ရှိရင်တော့ COVID Designated Hospital (ကိုဗစ်သီးသန့်ဆေးရုံ) မှာ ထားပြီးတော့ ကျနော်တို့ သွားကြည့်ပါတယ်။ အဓိကတော့ တောင်ဥက္ကလာမှာ Operation (ခွဲစိတ်ခန်း) အဖြစ် ထားထားပြီးတော့ လိုအပ်လို့ရှိရင် အဲဒီမှာခွဲစိတ်ပါတယ်။ ကျနော်တို့က ရန်ကုန်ဆေးရုံကြီးမှာ Positive (ပိုးတွေ့တာ) သေချာရင် မခွဲစိတ်ဘူးဗျ။ နေရာတွေ အကုန်လုံးမှာဖြန့်ပြီး ခွဲစိတ်တာနဲ့စာရင် တနေရာမှာ သေသေချာချာထားပြီး ခွဲစိတ်တာ ပိုကောင်းတယ်။”

XS
SM
MD
LG