သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ေဆး႐ုံႀကီးအတြင္း ကုိဗစ္လူနာေတြအတြက္ ICU သီးသန္႔ေဆာင္ တုိးခ်ဲ႕ေန


ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးေရွ႕ ျမင္ကြင္း။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ကုိဗစ္ေရာဂါပုိး ကူးစက္ ေသဆုံးမႈေတြ အရွိန္ျမင့္ ျဖစ္ေပၚေနဆဲမုိ႔ ျပင္းထန္ဆုိးရြားတဲ့ လူနာေတြကုိ အထူးၾကပ္မတ္ ကုသေပးႏုိင္ေရး ရန္ကုန္ေဆး႐ုံႀကီး အေဆာက္အဦေဟာင္းမွာ ICU သီးသန္႔ေဆာင္တခု အျမန္မြမ္းမံေနၿပီလို႔ အေရးပၚဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦးက ဆိုပါတယ္။

ရန္ကုန္ေဆး႐ုံႀကီး အေရွ႕မွာရွိတဲ့ သမုိင္းဝင္အေဆာက္အဦထဲမွာ ေအာက္စီဂ်င္ ေပးႏိုင္တဲ့ေနရာ ၃၀၀ ေက်ာ္နဲ႔ ICU အထူးၾကပ္မတ္ကုသေဆာင္ ကုတင္ ၃၀ တပ္ဆင္သြားဖုိ႔အျပင္ ေဆး႐ုံႀကီး ER အေရးေပၚဌာနမွာလည္း လူနာေတြ အဆင္ေျပလာေအာင္ အဆင့္ျမင့္တုိးခ်ဲ႕ဖို႔ စီစဥ္ေနပါတယ္။

ဒါ့အျပင္ ရန္ကုန္မွာ ေန႔စဥ္ အလွ်င္အျမန္ တုိးလာေနတဲ့ ကုိဗစ္လူနာေတြကို အခ်ိန္မီကုသႏုိင္ေရးနဲ႔ ေရာဂါရွိေနသူနဲ႔ သံသယရွိသူေတြကုိ ခြဲထားႏုိင္ေရး အျခားၿမိဳ႕နယ္ေဆး႐ုံေတြျဖစ္တဲ့ အင္းစိန္၊ ေျမာက္ဥကၠလာနဲ႔ သကၤန္းကၽြန္းေဆး႐ုံေတြမွာလည္း သီးျခားေနရာေတြ စီစဥ္ေနပါၿပီ။

သုဝဏၰအားကစားကြင္းမွာလည္း ကိုဗစ္အထူးကုေနရာေတြ တိုးခ်ဲ႕တာအျပင္ ရန္ကုန္ ကြန္ဗင္းရွင္းစင္တာလိုမ်ိဳး ကိုဗစ္စင္တာေတြ တိုးခ်ဲ႕ေနခ်ိန္မွာ အျခားတဖက္ကလည္း လက္ရွိ Containment ထိန္းခ်ဳပ္မႈဗ်ဴဟာကို လိုအပ္ရင္ ေျပာင္းဖို႔ ေလ့လာသံုးသပ္ေနတယ္လို႔ က်န္းမာေရးဝန္ႀကီးက ဆိုပါတယ္။

ဒီအတြက္ လုပ္ႏို္င္တဲ့ အတိုင္းအတာနဲ႔ ကိုဗစ္ေရာဂါဆိုင္ရာ ေတြ႔ရွိခ်က္အသစ္နဲ႔ ေျပာင္းလဲမႈအေပၚ ေလ့လာေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ဗီြအိုေအကို ေျပာပါတယ္။

“Strategy ကေတာ့ အခုေလာေလာဆယ္ Containment နဲ႔ပဲ သြားေနတာေပါ့။ ေနာက္ နည္းနည္း က်လာတဲ့အခါ Strategy တမ်ဳိးသြားမယ္။ က်ေနာ္ စလုပ္ကတည္းက က်ေနာ္တုိ႔ရဲ႕ Strategy ကိုၾကည့္လိုက္ရင္ မတူပါဘူး။ က်ေနာ္တုိ႔ရဲ႕စကား Changing Epidemiological Condition ေပၚမူတည္ၿပီး က်ေနာ္တုိ႔ရဲ႕ Strategy နည္းဗ်ဴဟာေတြကို ေျပာင္းရတာေပါ့၊ Interventions ေတြကို။ တဆက္တည္း လုပ္လုိ႔မရဘူး။ သူ႔ဟာနဲ႔သူ လုပ္သြားရတယ္။ က်ေနာ္တုိ႔မွာ ေန႔စဥ္ Epidemiological Situation ကုိ Analyst လုပ္ေနပါတယ္၊ က်ေနာ္ကိုယ္တုိင္ ႀကီးၾကပ္ၿပီးေတာ့။ PUI က ဘယ္လိုတက္လာတယ္၊ Positive က ဘယ္လုိတက္လာလဲ၊ Quarantine မွာ ဘယ္လိုအေျခအေနရွိလဲ၊ အကုန္လုံးပါ။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စေနည ေနာက္ဆုံးထုတ္ျပန္ခ်က္အရ ကိုဗစ္ပုိးကူးစက္သူ ၉၇၈ ဦး၊ ေသဆုံးသူ ၁၈ ဦး တုိးလာခဲ့တာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၁၆,၅၀၃ ဦး၊ ေသဆုံးသူ ၃၇၁ ဦးရွိလာၿပီး ေဆး႐ုံဆင္းႏုိင္သူကလည္း ၄,၇၉၅ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ရန်ကုန်ဆေးရုံကြီးအတွင်း ကိုဗစ်လူနာတွေအတွက် ICU သီးသန့်ဆောင် တိုးချဲ့နေ

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက် သေဆုံးမှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေဆဲမို့ ပြင်းထန်ဆိုးရွားတဲ့ လူနာတွေကို အထူးကြပ်မတ် ကုသပေးနိုင်ရေး ရန်ကုန်ဆေးရုံကြီး အဆောက်အဦဟောင်းမှာ ICU သီးသန့်ဆောင်တခု အမြန်မွမ်းမံနေပြီလို့ အရေးပါ်ဌာနမှူး ဒေါက်တာမော်မော်ဦးက ဆိုပါတယ်။

ရန်ကုန်ဆေးရုံကြီး အရှေ့မှာရှိတဲ့ သမိုင်းဝင်အဆောက်အဦထဲမှာ အောက်စီဂျင် ပေးနိုင်တဲ့နေရာ ၃၀၀ ကျော်နဲ့ ICU အထူးကြပ်မတ်ကုသဆောင် ကုတင် ၃၀ တပ်ဆင်သွားဖို့အပြင် ဆေးရုံကြီး ER အရေးပေါ်ဌာနမှာလည်း လူနာတွေ အဆင်ပြေလာအောင် အဆင့်မြင့်တိုးချဲ့ဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ နေ့စဉ် အလျှင်အမြန် တိုးလာနေတဲ့ ကိုဗစ်လူနာတွေကို အချိန်မီကုသနိုင်ရေးနဲ့ ရောဂါရှိနေသူနဲ့ သံသယရှိသူတွေကို ခွဲထားနိုင်ရေး အခြားမြို့နယ်ဆေးရုံတွေဖြစ်တဲ့ အင်းစိန်၊ မြောက်ဥက္ကလာနဲ့ သင်္ကန်းကျွန်းဆေးရုံတွေမှာလည်း သီးခြားနေရာတွေ စီစဉ်နေပါပြီ။

သုဝဏ္ဏအားကစားကွင်းမှာလည်း ကိုဗစ်အထူးကုနေရာတွေ တိုးချဲ့တာအပြင် ရန်ကုန် ကွန်ဗင်းရှင်းစင်တာလိုမျိုး ကိုဗစ်စင်တာတွေ တိုးချဲ့နေချိန်မှာ အခြားတဖက်ကလည်း လက်ရှိ Containment ထိန်းချုပ်မှုဗျူဟာကို လိုအပ်ရင် ပြောင်းဖို့ လေ့လာသုံးသပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

ဒီအတွက် လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ကိုဗစ်ရောဂါဆိုင်ရာ တွေ့ရှိချက်အသစ်နဲ့ ပြောင်းလဲမှုအပေါ် လေ့လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗွီအိုအေကို ပြောပါတယ်။

“Strategy ကတော့ အခုလောလောဆယ် Containment နဲ့ပဲ သွားနေတာပေါ့။ နောက် နည်းနည်း ကျလာတဲ့အခါ Strategy တမျိုးသွားမယ်။ ကျနော် စလုပ်ကတည်းက ကျနော်တို့ရဲ့ Strategy ကိုကြည့်လိုက်ရင် မတူပါဘူး။ ကျနော်တို့ရဲ့စကား Changing Epidemiological Condition ပေါ်မူတည်ပြီး ကျနော်တို့ရဲ့ Strategy နည်းဗျူဟာတွေကို ပြောင်းရတာပေါ့၊ Interventions တွေကို။ တဆက်တည်း လုပ်လို့မရဘူး။ သူ့ဟာနဲ့သူ လုပ်သွားရတယ်။ ကျနော်တို့မှာ နေ့စဉ် Epidemiological Situation ကို Analyst လုပ်နေပါတယ်၊ ကျနော်ကိုယ်တိုင် ကြီးကြပ်ပြီးတော့။ PUI က ဘယ်လိုတက်လာတယ်၊ Positive က ဘယ်လိုတက်လာလဲ၊ Quarantine မှာ ဘယ်လိုအခြေအနေရှိလဲ၊ အကုန်လုံးပါ။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စနေည နောက်ဆုံးထုတ်ပြန်ချက်အရ ကိုဗစ်ပိုးကူးစက်သူ ၉၇၈ ဦး၊ သေဆုံးသူ ၁၈ ဦး တိုးလာခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၁၆,၅၀၃ ဦး၊ သေဆုံးသူ ၃၇၁ ဦးရှိလာပြီး ဆေးရုံဆင်းနိုင်သူကလည်း ၄,၇၉၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG