(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူေပါင္း ၁၆,၅၀၀ ေက်ာ္သြားၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၉၇၈ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္သူ အေရအတြက္ ၁၆,၅၀၃ ေယာက္ရွိၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ မေန႔ည ၈ နာရီကေန ဒီေန႔ည ၈ နာရီအထိ ဓာတ္ခဲြနမူနာ ၈,၁၉၅ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါကူးစက္ခံထားရသူ ၉၇၈ ေယာက္ကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
ဒီေန႔မွာ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ေသဆုံးသူ ၁၈ ေယာက္ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၃၇၁ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။
မေန႔ကေတာ့ ဓာတ္ခြဲနမူနာ ၆,၈၉၅ ခုကို စစ္ေဆးခဲ့တာမွာ ကူးစက္သူ ၁,၁၄၂ ေယာက္ရွိခဲ့ၿပီး ေသဆုံးသူက ၃၂ ေယာက္ရွိခဲ့တာေၾကာင့္ ဒီေန႔မွာ စစ္ေဆးၿပီးစီးတဲ့ ဓာတ္ခြဲနမူနာ ပိုမ်ားေပမယ့္ ကူးစက္သူအေရအတြက္ ေလ်ာ့သြားတာကို ေတြ႔ရပါတယ္။ ေသဆုံးသူအေရအတြက္ကလည္း မေန႔ကထက္ ပိုနည္းပါတယ္။
မေန႔က ကူးစက္သူ ၁,၁၄၂ ေယာက္ထဲမွာ ၁,၀၄၆ ေယာက္က ရန္ကုန္တုိင္းေဒသႀကီးကျဖစ္ၿပီး အဲဒီထဲမွာ လႈိင္ၿမိဳ႕နယ္က ၁ ေယာက္နဲ႔ ကမာရြတ္ၿမိဳ႕နယ္က ၃ ေယာက္ကေတာ့ ျပည္ပခရီးသြားရာဇဝင္ရွိသူေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ ဒီေန႔မွာ ၂ ႀကိမ္ဆက္ ပိုးမေတြ႔ရွိသူ ၄၁၇ ေယာက္ရွိတဲ့အတြက္ ေရာဂါသက္သာၿပီး ေဆး႐ုံက ဆင္းခြင့္ရသူ ၄,၇၉၅ ေယာက္ရွိသြားၿပီ ျဖစ္တယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
---------------------------
(Unicode)
မြန်မာ COVID-19 ကူးစက်သူ ၉၇၈ ဦးနဲ့ သေဆုံးသူ ၁၈ ဦးတိုး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၁၆,၅၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၉၇၈ ယောက်ရှိတာကြောင့် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၁၆,၅၀၃ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မနေ့ည ၈ နာရီကနေ ဒီနေ့ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၈,၁၉၅ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံထားရသူ ၉၇၈ ယောက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးသူ ၁၈ ယောက် ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၃၇၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။
မနေ့ကတော့ ဓာတ်ခွဲနမူနာ ၆,၈၉၅ ခုကို စစ်ဆေးခဲ့တာမှာ ကူးစက်သူ ၁,၁၄၂ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၃၂ ယောက်ရှိခဲ့တာကြောင့် ဒီနေ့မှာ စစ်ဆေးပြီးစီးတဲ့ ဓာတ်ခွဲနမူနာ ပိုများပေမယ့် ကူးစက်သူအရေအတွက် လျော့သွားတာကို တွေ့ရပါတယ်။ သေဆုံးသူအရေအတွက်ကလည်း မနေ့ကထက် ပိုနည်းပါတယ်။
မနေ့က ကူးစက်သူ ၁,၁၄၂ ယောက်ထဲမှာ ၁,၀၄၆ ယောက်က ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး အဲဒီထဲမှာ လှိုင်မြို့နယ်က ၁ ယောက်နဲ့ ကမာရွတ်မြို့နယ်က ၃ ယောက်ကတော့ ပြည်ပခရီးသွားရာဇဝင်ရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့ရှိသူ ၄၁၇ ယောက်ရှိတဲ့အတွက် ရောဂါသက်သာပြီး ဆေးရုံက ဆင်းခွင့်ရသူ ၄,၇၉၅ ယောက်ရှိသွားပြီ ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။