သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္-ျမ၀တီ အ၀င္အထြက္ ထိုင္းႏိုင္ငံတင္းၾကပ္


ျမ၀တီျမိဳ႕က ကုိဗစ္သံသယလူနာေတြကို ကယ္ဆယ္ေရးအဖဲြ ့ေတြက ေဆးရံုကုိ ပုိ႔ေပးတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ေသဆုံးသူ ၁ ဦး အပါအ၀င္ ကုိဗစ္ေရာဂါပုိး ကူးစက္သူ အတည္ျပဳလူနာေတြ ေတြ႔ရွိထားတဲ့ျမန္မာႏိုင္ငံ ျမ၀တီၿမိဳ႕ကေန ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္ေရာက္သူေတြ ရွိေနဆဲ အေျခအေနကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ထုိင္းႏုိင္ငံနဲ႔နယ္စပ္ ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့တပတ္က ပထမဆုံးအႀကိမ္ ေသဆုံးမႈနဲ႔ ႀကံဳခဲ့ရတာပါ။ ျမ၀တီၿမိဳ႕မွာ ေရာဂါပုိးကူးစက္သူ အတည္ျပဳလူနာ ၄ ဦး ရွိခဲ့ၿပီး၊ ကင္ဆာေရာဂါ ေ၀ဒနာသည္တဦးကေတာ့ ကုိဗစ္ေရာဂါပုိး ရွိ၊ မရွိ စစ္ေဆးၿပီး အေျဖကုိ ေစာင့္ဆုိင္းေနတုန္းမွာပဲ ေသဆုံးသြားတာလုိ႔ ျမ၀တီေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵ၀င္းက ေျပာပါတယ္။

"ဆံုးျပီးမွ test အေျဖက positive ပါ။ ဒါက ပထမဦးဆံုးပါခင္ဗ်ာ။ က်ေနာ္တို႔ဆီမွာ အေသေပ်ာက္က ဒီလုိပါ က်ေနာ္တို႔ဆီမွာ ကိုဗစ္လူနာ positive က ၄ေယာက္ပါခင္ဗ်ာ။ အဲဒီထဲမွာ တေယာက္ဆံုးတယ္၊ ဆံုးတယ္ဆုိတာ ကင္ဆာေရာဂါနဲ႔ ကုလို႔မရလို႔ ျပန္လာတာ က်ေနာ္တုိ႔ဆီမွာ ေဆးရံုတက္တယ္၊ ေဆးရံုတက္ေတာ့ က်ေနာ္တို႔က COVID 19 swab test ယူတယ္ခင္ဗ်။ အဲဒီလုပ္ျပီးေနာက္တေန႔က်ေတာ့ သူက ေသဆံုးသြားတယ္။ အေျဖက ေနာက္ေန႔ထြက္လာေတာ့ ကုိဗစ္ေပါ့စတစ္ဆုိျပီး ထြက္လာတယ္။ ကိုဗစ္ေႀကာင့္ မဟုတ္ပဲသူေရာဂါေႀကာင့္ ေသတာ အဲဒီမွာကိုဗစ္ေပါ့စတစ္ျဖစ္ေတာ့ ျမ၀တီက တေယာက္ဆုိျပီး သတင္းတက္တာေပါ့ေနာ္။"

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြ အပါအ၀င္ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက ေရာဂါကူးစက္မႈေတြ ပ်ံ႕ႏွံ႔မလာေအာင္ နယ္စပ္ေဒသေတြမွာ အသြားအလာေတြကုိ ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။ ထုိင္းနယ္စပ္မွာ လုံၿခံဳေရးတုိးျမွင့္ထားေပမဲ့လည္း တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူေတြ ရွိေနဆဲျဖစ္တာေၾကာင့္ ဖမ္းဆီးခံရတာေတြ ရွိေနတယ္လုိ႔လည္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီဥကၠ႒ ဦးမိုးႀကိဳး ကေျပာပါတယ္။

"အခုရက္ပုိင္းထဲမွာ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ဘက္ကုိ ျမန္မာႏိုင္ငံ ျမ၀တီျမိဳ႕ကေန အလုပ္အကိုင္ရွာေဖြဖို႔ အရင္ကလည္း အလုပ္ရွိတဲ့သူေတြက ျပန္တက္လာၾကတယ္။ ျမန္မာျပည္မွာ အလုပ္အကုိင္ရွားပါး၊ ကူးစက္ႏႈန္းေတြကလည္း မ်ား၊ အေသအေပ်ာက္ေတြကလည္း ၄၀၀ ေက်ာ္ျဖစ္လာတယ္ဆိုေတာ့ စိုးရိမ္မႈေတြ မ်ားျပီး ထုိင္းဘက္ျခမ္းကို ကူးလာႀကတာေပါ့။"

ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထုိင္းႏုိင္ငံနယ္စပ္ေဒသေတြမွာေတာ့ တရားမ၀င္ ၀င္ေရာက္သူေတြကုိ ေစာင့္ၾကည့္ဖုိ႔ လုံၿခံဳေရးတုိးျမွင့္ခ်ထားသလုိ၊ တခ်ဳိ႕ေနရာေတြမွာ နယ္စပ္ကုန္သြယ္ေရးေတြကို ယာယီပိတ္ထားတာေတြလည္း ရွိေနပါတယ္။ ျမန္မာႏိုင္ငံမွာ မၾကာေသးခင္လပုိင္းအတြင္း ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္သူေသာင္းဂဏန္းအထိ တုိးလာရာက ေရာဂါကူးစက္မႈေတြ ေလ်ာ့က်လာေနတဲ့ ထုိင္းႏုိင္ငံက စုိးရိမ္ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆောက်-မြဝတီ အဝင်အထွက် ထိုင်းနိုင်ငံတင်းကြပ်

သေဆုံးသူ ၁ ဦး အပါအဝင် ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာတွေ တွေ့ရှိထားတဲ့မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူတွေ ရှိနေဆဲ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ထိုင်းနိုင်ငံနဲ့နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာလည်း ပြီးခဲ့တဲ့တပတ်က ပထမဆုံးအကြိမ် သေဆုံးမှုနဲ့ ကြုံခဲ့ရတာပါ။ မြဝတီမြို့မှာ ရောဂါပိုးကူးစက်သူ အတည်ပြုလူနာ ၄ ဦး ရှိခဲ့ပြီး၊ ကင်ဆာရောဂါ ဝေဒနာသည်တဦးကတော့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး အဖြေကို စောင့်ဆိုင်းနေတုန်းမှာပဲ သေဆုံးသွားတာလို့ မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။

"ဆုံးပြီးမှ test အဖြေက positive ပါ။ ဒါက ပထမဦးဆုံးပါခင်ဗျာ။ ကျနော်တို့ဆီမှာ အသေပျောက်က ဒီလိုပါ ကျနော်တို့ဆီမှာ ကိုဗစ်လူနာ positive က ၄ယောက်ပါခင်ဗျာ။ အဲဒီထဲမှာ တယောက်ဆုံးတယ်၊ ဆုံးတယ်ဆိုတာ ကင်ဆာရောဂါနဲ့ ကုလို့မရလို့ ပြန်လာတာ ကျနော်တို့ဆီမှာ ဆေးရုံတက်တယ်၊ ဆေးရုံတက်တော့ ကျနော်တို့က COVID 19 swab test ယူတယ်ခင်ဗျ။ အဲဒီလုပ်ပြီးနောက်တနေ့ကျတော့ သူက သေဆုံးသွားတယ်။ အဖြေက နောက်နေ့ထွက်လာတော့ ကိုဗစ်ပေါ့စတစ်ဆိုပြီး ထွက်လာတယ်။ ကိုဗစ်ကြောင့် မဟုတ်ပဲသူရောဂါကြောင့် သေတာ အဲဒီမှာကိုဗစ်ပေါ့စတစ်ဖြစ်တော့ မြဝတီက တယောက်ဆိုပြီး သတင်းတက်တာပေါ့နော်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတွေ အပါအဝင် ကူးစက်မှုတွေ တိုးလာနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက ရောဂါကူးစက်မှုတွေ ပျံ့နှံ့မလာအောင် နယ်စပ်ဒေသတွေမှာ အသွားအလာတွေကို ကန့်သတ်ထားပြီး စောင့်ကြည့်စစ်ဆေးနေပါတယ်။ ထိုင်းနယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ထားပေမဲ့လည်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေ ရှိနေဆဲဖြစ်တာကြောင့် ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့လည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး ကပြောပါတယ်။

"အခုရက်ပိုင်းထဲမှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်ဘက်ကို မြန်မာနိုင်ငံ မြဝတီမြို့ကနေ အလုပ်အကိုင်ရှာဖွေဖို့ အရင်ကလည်း အလုပ်ရှိတဲ့သူတွေက ပြန်တက်လာကြတယ်။ မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါး၊ ကူးစက်နှုန်းတွေကလည်း များ၊ အသေအပျောက်တွေကလည်း ၄၀၀ ကျော်ဖြစ်လာတယ်ဆိုတော့ စိုးရိမ်မှုတွေ များပြီး ထိုင်းဘက်ခြမ်းကို ကူးလာကြတာပေါ့။"

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံနယ်စပ်ဒေသတွေမှာတော့ တရားမဝင် ဝင်ရောက်သူတွေကို စောင့်ကြည့်ဖို့ လုံခြုံရေးတိုးမြှင့်ချထားသလို၊ တချို့နေရာတွေမှာ နယ်စပ်ကုန်သွယ်ရေးတွေကို ယာယီပိတ်ထားတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်လပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူသောင်းဂဏန်းအထိ တိုးလာရာက ရောဂါကူးစက်မှုတွေ လျော့ကျလာနေတဲ့ ထိုင်းနိုင်ငံက စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG