သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကုသထိုးေဆး အလံုး ၃,၀၀၀ အိႏၵိယကူညီ


အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္နဲ႔ အိႏၵိယတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ဟာ ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံခဲ့ၿပီး ကုိဗစ္ကပ္ေရာဂါ ကုသေဆး ေပးအပ္တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - India in Myanmar (Embassy of India, Yangon) - ေအာက္တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံကို ၂ ရက္ၾကာ ခရီးစဥ္အျဖစ္ ေရာက္ေနတဲ့ အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္နဲ႔ အိႏၵိယတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ဟာ ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ဒီကေန႔ပဲ ေတြ႔ဆုံခဲ့ၿပီး ႏွစ္ ႏုိင္ငံအေရးေဆြးေႏြးခဲ့သလုိ ကုိဗစ္ကပ္ေရာဂါ ကုသေဆးေတြ ေပးအပ္ခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ေရာက္ေနတဲ့ အိႏၵိယႏိုင္ငံျခားေရး အတြင္းဝန္ Harsh Shringla နဲ႔ အိႏၵိယ တပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး MM Naravane ဟာ ေနျပည္ေတာ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္တုိ႔နဲ႔ သီးျခားေတြ႔ဆုံၿပီး ၂ ႏုိင္ငံၾကား ကိစၥေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံရာမွာေတာ့ ကုလားတန္ဘက္စုံဖြံ႕ၿဖိဳးေရး စီမံကိန္း၊ အိႏၵိယ- ျမန္မာ- ထိုင္း ၃ ႏိုင္ငံခ်ိတ္ဆက္မည့္လမ္း တည္ေဆာက္ေရး အပါအ၀င္ ၂ ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္ေတြကုိ ေဆြးေႏြးခဲ့တယ္လို႔လည္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကိုက ဗြီအိုေအကို ေျပာပါတယ္။

“ျမန္မာႏိုင္ငံ COVID တိုက္ဖ်က္ေရးအတြက္ အကူအညီေပးဖို႔ရယ္ ေနာက္ၿပီးေတာ့ သူတို႔ ေဆး Remdesivir အလုံး ၃,၀၀၀ လႉပါတယ္။ ေနာက္ၿပီးေတာ့ အဓိကေတာ့ က်ေနာ္တို႔ ႏွစ္ႏိုင္ငံဆက္ဆံေရး ေနာက္ လက္ရွိေဆာင္႐ြက္ေနတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ အရွိန္အဟုန္မျပတ္ ေဆာင္႐ြက္သြားႏိုင္ဖို႔ေပါ့ေနာ္။”

အိႏၵိယ ၾကည္းတပ္ဦးစီးခ်ဳပ္ ဦးေဆာင္တဲ့ ကုိယ္စားလွယ္အဖဲြ႔ဟာ ဒီေန႔မွာပဲ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔လည္း ေတြ႔ဆုံခဲ့ၿပီး ၂ ႏုိင္ငံၾကား လုံၿခံဳေရးကိစၥေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥေတြကုိ ေဆြးေႏြးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံရာမွာေတာ့ အိႏၵိယအစုိးရက ျမန္မာႏုိင္ငံအတြက္ ေပးအပ္တဲ့ ကုိဗစ္ကုသေဆး အလုံး ၃,၀၀၀ ကုိ ေပးအပ္ခဲ့ေၾကာင္းလည္း ျမန္မာအစုိးရက သတင္းထုတ္ျပန္ထားပါတယ္။ အေမရိကန္အပါအဝင္ ကမာၻ႔ႏိုင္ႀကီးတခ်ိဳ႕က စမ္းသပ္ ကုသေပးေနတဲ့ Remdesivir ထိုးေဆးဟာ ကိုဗစ္ကုသေရးမွာ အထိုက္အေလ်ာက္ ေအာင္ျမင္မႈရွိေနေပမဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က တရား၀င္ အသိအမွတ္ျပဳထားတာ မရွိေသးေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“WHO ကေန COVID- 19 အတြက္ ကုသမယ့္ေဆးဆိုၿပီးေတာ့ မထြက္ေသးပါဘူး၊ သို႔ေသာ္ Remdesivir တို႔ ဘာတို႔ ထိုးေဆးေတြဟာဆိုရင္ ေဆး႐ုံတက္ရက္ကို ၃၀ ရာခိုင္ႏႈန္းေလာက္ တိုသြားေစတယ္၊ ဥပမာ ကိုယ္က ၁၀ ရက္တက္ၿပီးမွ ေကာင္းတဲ့လူနာက ဒီေဆးထိုးေပးျခင္းျဖင့္ ၇ ရက္နဲ႔ သက္သာမယ္ စသျဖင့္ ဒါမ်ိဳးေတြ သုေတသန ရလဒ္ေတြ ရွိပါတယ္။ သို႔ေသာ္ ဒါဟာလည္း ဘယ္ေလာက္ထိေကာင္းတယ္၊ သိပ္ေကာင္းတယ္ဆိုတဲ့ သိသာ ထင္ရွားတဲ့ အေထာက္အထားေတြေတာ့ မရွိေသးပါဘူး။”

ျမန္မာႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စက္တင္ဘာ ၁ရက္က ေတြ႕ဆုံခဲ့တဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ို အဖြဲ႕ဝင္ မစၥတာ ရန္က်ဲ႕ခ်ိ ကလည္း တ႐ုတ္ႏိုင္ငံအေနနဲ႔ ကိုဗစ္ကာကြယ္ေဆး ေစ်းကြက္ကို ျဖန႔္ခ်ီတဲ့အခါ ျမန္မာႏိုင္ငံကို ဦးစားေပးသြားမယ္လို႔ ေျပာခဲ့ပါတယ္။

ဒါေပမဲ့လည္း ျမန္မာက်န္းမာေရးဝန္ႀကီးဌာနကေတာ့ ဒီရက္ပိုင္း ျပည္တြင္းေစ်းကြက္ထဲ ျပန႔္ႏွံ႔ေနတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ေထာက္ခံခ်က္မရွိတဲ့ တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ေရာဂါ ကာကြယ္ေဆးေတြကို စုံစမ္းစစ္ေဆးဖို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

ကိုဗစ္ကုသထိုးေဆး အလံုး ၃,၀၀၀ အိႏၵိယကူညီ
please wait

No media source currently available

0:00 0:03:02 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကုသထိုးဆေး အလုံး ၃,၀၀၀ အိန္ဒိယကူညီ

မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟာ မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ ဒီကနေ့ပဲ တွေ့ဆုံခဲ့ပြီး နှစ် နိုင်ငံအရေးဆွေးနွေးခဲ့သလို ကိုဗစ်ကပ်ရောဂါ ကုသဆေးတွေ ပေးအပ်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Harsh Shringla နဲ့ အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ သီးခြားတွေ့ဆုံပြီး ၂ နိုင်ငံကြား ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၊ အိန္ဒိယ- မြန်မာ- ထိုင်း ၃ နိုင်ငံချိတ်ဆက်မည့်လမ်း တည်ဆောက်ရေး အပါအဝင် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံ COVID တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ရယ် နောက်ပြီးတော့ သူတို့ ဆေး Remdesivir အလုံး ၃,၀၀၀ လှူပါတယ်။ နောက်ပြီးတော့ အဓိကတော့ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေး နောက် လက်ရှိဆောင်ရွက်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားနိုင်ဖို့ပေါ့နော်။”

အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မှာပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံကြား လုံခြုံရေးကိစ္စတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ ကိုဗစ်ကုသဆေး အလုံး ၃,၀၀၀ ကို ပေးအပ်ခဲ့ကြောင်းလည်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ကြီးတချို့က စမ်းသပ် ကုသပေးနေတဲ့ Remdesivir ထိုးဆေးဟာ ကိုဗစ်ကုသရေးမှာ အထိုက်အလျောက် အောင်မြင်မှုရှိနေပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“WHO ကနေ COVID- 19 အတွက် ကုသမယ့်ဆေးဆိုပြီးတော့ မထွက်သေးပါဘူး၊ သို့သော် Remdesivir တို့ ဘာတို့ ထိုးဆေးတွေဟာဆိုရင် ဆေးရုံတက်ရက်ကို ၃၀ ရာခိုင်နှုန်းလောက် တိုသွားစေတယ်၊ ဥပမာ ကိုယ်က ၁၀ ရက်တက်ပြီးမှ ကောင်းတဲ့လူနာက ဒီဆေးထိုးပေးခြင်းဖြင့် ၇ ရက်နဲ့ သက်သာမယ် စသဖြင့် ဒါမျိုးတွေ သုတေသန ရလဒ်တွေ ရှိပါတယ်။ သို့သော် ဒါဟာလည်း ဘယ်လောက်ထိကောင်းတယ်၊ သိပ်ကောင်းတယ်ဆိုတဲ့ သိသာ ထင်ရှားတဲ့ အထောက်အထားတွေတော့ မရှိသေးပါဘူး။”

မြန်မာနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၁ရက်က တွေ့ဆုံခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ကလည်း တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ဈေးကွက်ကို ဖြန့်ချီတဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီရက်ပိုင်း ပြည်တွင်းဈေးကွက်ထဲ ပြန့်နှံ့နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထောက်ခံချက်မရှိတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG