သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္မႈ အရွိန္ျမင့္ေနဆဲမုိ႔ ရေနာင္းက ေရေၾကာင္းအဝင္အထြက္ေတြ ပိတ္


ေအာက္တိုဘာလ ၃ ရက္ေန႔ ရေနာင္းနယ္စပ္ အေျခအေန။

(Zawgyi / Unicode)

အိမ္နီးခ်င္း ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္ကပ္ေေရာဂါ စိုးရိမ္ဖြယ္ရာ အေျခအေနေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕ ပင္လယ္ျပင္က နယ္စပ္အဝင္အထြက္ ကုန္ပစၥည္းပုိ႔ေဆာင္ေနတဲ့ ေလွဂိတ္ေတြကို ၁၄ ရက္ ပိတ္ပင္ကန္႔သတ္လိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစိုက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံ ရေနာင္းခ႐ုိင္ အမွတ္ ၃ နယ္ေျမ အုပ္ခ်ဳပ္ေရးမွဴး Petcharat Thianjan က နယ္စပ္အဝင္အထြက္ ေရပုိင္နက္ေတြကုိ ေအာက္တုိဘာလ ၃ ရက္ေန႔ကစၿပီး ၁၄ ရက္ၾကာ ပိတ္မယ္ဆိုတဲ့အေၾကာင္း သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

“က်ေနာ္တို႔ အခုလို ပိတ္လိုက္ရတာက ျမန္မာျပည္မွာ ကပ္ေရာဂါ ဆိုးဆိုးဝါးဝါး ျဖစ္လာေနတာကို ကာကြယ္တဲ့အေနနဲ႔ ပိတ္လိုက္တာပါ။ က်ေနာ္တို႔ ဒီလိုပိတ္လိုက္တာက ရေနာင္းခ႐ုိင္ထဲမွာ ေရာဂါပုိးေတြရိွမရွိ ေစာင့္ၾကည့္စစ္ေဆးႏုိင္ဖို႔အတြက္ ျဖစ္ပါတယ္။ ျမန္မာစက္ေလွေတြက ေလွလုပ္သားေတြကုိ ဆိပ္ကမ္းကို တက္ခြင့္လည္း မျပဳေတာ့ပါဘူး။” လို႔ ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ေအာက္တိုဘာလ ၃ ရက္ေန႔ကစၿပီး ကုန္စည္စက္ေလွေတြ၊ ငါးဖမ္းစက္ေလွေတြက ေလွထိုးသားေတြ ကမ္းတက္ခြင့္ပါ ပိတ္လိုက္တာပါ။ အခုရက္ပိုင္းအတြင္းမွာ ေကာ့ေသာင္းဘက္ကေန ဝင္ေရာက္လာတဲ့ ထိုင္းႏုိင္ငံသားေတြကိုလည္း ကိုဗစ္ ေစာင့္ၾကည့္ေရးစင္တာမွာ ၁၄ ရက္ၾကာ ေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ ထုိင္းအာဏာပုိင္ေတြက ဆိုပါတယ္။

စက္တင္ဘာလအတြင္း ေကာ့ေသာင္း-ရေနာင္း နယ္စပ္မွာ ေကာ့ေသာင္းဘက္က ဝင္လာတဲ့ အစားအေသာက္၊ ကုန္တင္စက္ေလွေတြ၊ ငါးဖမ္းစက္ေလွေတြကို နားလည္မႈနဲ႔ ဆိုက္ကပ္ခြင့္ေပးထားရာကေန ျမန္္မာႏုိင္ငံမွာ ကိုဗစ္ကူးဆက္မႈ အဆိုးဆံုးျဖစ္လာတဲ့ အေျခအေနေၾကာင့္ ရေနာင္းခ႐ုိင္ အာဏာပိုင္ေတြဟာ အခုလို နယ္စပ္အဝင္အထြက္ကို ၁၄ ရက္ပိတ္ဖို႔ ဆံုးျဖတ္ၿပီး ျမန္မာႏုိင္ငံသားေတြ ဝင္ထြက္မႈကို လံုးဝ ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။

ရေနာင္းခ႐ုိင္အတြင္းမွာလည္း ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရး လုပ္ငန္းေတြကို ထိုင္းက်န္းမာေရးအဖြဲ႔နဲ႔အတူ ၿမိဳ႕နယ္အာဏာပိုင္ေတြက လုပ္ေဆာင္ေနၿပီး ငါးဖမ္းစက္ေလွက ေရလုပ္သားေတြကို ကိုဗစ္ကပ္ေရာဂါ ေဆးစစ္ေပးဖို႔ ျပင္ဆင္ေနတယ္လို႔လည္း ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေဆဲမို့ ရနောင်းက ရေကြောင်းအဝင်အထွက်တွေ ပိတ်

အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ကိုဗစ်ကပ်ေရောဂါ စိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ပင်လယ်ပြင်က နယ်စပ်အဝင်အထွက် ကုန်ပစ္စည်းပို့ဆောင်နေတဲ့ လှေဂိတ်တွေကို ၁၄ ရက် ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် အမှတ် ၃ နယ်မြေ အုပ်ချုပ်ရေးမှူး Petcharat Thianjan က နယ်စပ်အဝင်အထွက် ရေပိုင်နက်တွေကို အောက်တိုဘာလ ၃ ရက်နေ့ကစပြီး ၁၄ ရက်ကြာ ပိတ်မယ်ဆိုတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ အခုလို ပိတ်လိုက်ရတာက မြန်မာပြည်မှာ ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်လာနေတာကို ကာကွယ်တဲ့အနေနဲ့ ပိတ်လိုက်တာပါ။ ကျနော်တို့ ဒီလိုပိတ်လိုက်တာက ရနောင်းခရိုင်ထဲမှာ ရောဂါပိုးတွေရှိမရှိ စောင့်ကြည့်စစ်ဆေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ မြန်မာစက်လှေတွေက လှေလုပ်သားတွေကို ဆိပ်ကမ်းကို တက်ခွင့်လည်း မပြုတော့ပါဘူး။” လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

အောက်တိုဘာလ ၃ ရက်နေ့ကစပြီး ကုန်စည်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေက လှေထိုးသားတွေ ကမ်းတက်ခွင့်ပါ ပိတ်လိုက်တာပါ။ အခုရက်ပိုင်းအတွင်းမှာ ကော့သောင်းဘက်ကနေ ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ကိုဗစ် စောင့်ကြည့်ရေးစင်တာမှာ ၁၄ ရက်ကြာ စောင့်ကြည့် စစ်ဆေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

စက်တင်ဘာလအတွင်း ကော့သောင်း-ရနောင်း နယ်စပ်မှာ ကော့သောင်းဘက်က ဝင်လာတဲ့ အစားအသောက်၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို နားလည်မှုနဲ့ ဆိုက်ကပ်ခွင့်ပေးထားရာကနေ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးဆက်မှု အဆိုးဆုံးဖြစ်လာတဲ့ အခြေအနေကြောင့် ရနောင်းခရိုင် အာဏာပိုင်တွေဟာ အခုလို နယ်စပ်အဝင်အထွက်ကို ၁၄ ရက်ပိတ်ဖို့ ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသားတွေ ဝင်ထွက်မှုကို လုံးဝ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ရနောင်းခရိုင်အတွင်းမှာလည်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေကို ထိုင်းကျန်းမာရေးအဖွဲ့နဲ့အတူ မြို့နယ်အာဏာပိုင်တွေက လုပ်ဆောင်နေပြီး ငါးဖမ်းစက်လှေက ရေလုပ်သားတွေကို ကိုဗစ်ကပ်ရောဂါ ဆေးစစ်ပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG