သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု ၁၇,၇၉၄ ဦး၊ သေဆုံး ၄၁၂ ဦး


COVID-19 သံသယလူနာတွေကို ရှာဖွေပြီး ကွာရမ်တင်းစင်တာ ပို့ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)
COVID-19 သံသယလူနာတွေကို ရှာဖွေပြီး ကွာရမ်တင်းစင်တာ ပို့ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာ ဒီနေ့မှာ အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ဒီနေ့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၁ ယောက်ရှိပြီး သေဆုံးသူ စုစုပေါင်း ၄၁၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကြောင့် နေ့စဉ် သေဆုံးမှုတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၄ ရက် ည ၈ နာရီထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၄ ရက် ည ၈ နာရီထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)

မနေ့ည ၈ နာရီကနေ ဒီနေ့ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၈,၁၀၇ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံထားရသူ ၁,၂၉၄ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာလည်း အများဆုံးစံချိန် ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၇,၇၉၄ ယောက် ရှိသွားပြီဖြစ်ပါတယ်။

မနေ့ကတော့ ကူးစက်သူ ၉၇၅ ယောက်ရှိခဲ့ပြီး အဲဒီထဲက ၇၁၁ ယောက်ကတော့ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ကျန်းမာရေးတာဝန်ရှိသူတွေဘက်က ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကို တိုးလာနေသလို ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်လည်း တိုးလာနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက်ပိုးမတွေ့လို့ ဆေးရုံကဆင်းခွင့်ရသူ ၄၀၀ ရှိတာကြောင့် ရောဂါသက်သာ ပျောက်ကင်းသူ ၅,၁၉၅ ယောက်ရှိသွားပြီလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)







XS
SM
MD
LG