သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေရာဂါေၾကာင့္ ေရြးေကာက္ပဲြျပင္ဆင္ေရးခက္ခဲမႈၾကံဳ


မဲဆႏၵရွင္စာရင္း ၾကည့္႐ႈေနသည့္ ရန္ကုန္ေဒသခံတဦး။ (၂၅ ဇူလိုင္ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရွ႕လထဲ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရွိေနခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရတာေၾကာင့္ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ စိန္ေခၚမႈေတြ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပထားပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ အသြားအလာေတြ ကန္႔သတ္ထားရတာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာလည္း ႐ုိက္ခတ္လာေနတာပါ။ ကပ္ေရာဂါ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ေအာင္ အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ျပန္ထားတဲ့ေနရာေတြလည္း ရွိေနတဲ့အတြက္ ေရြးေကာက္ပဲြအတြက္ ျပင္ဆင္ရာမွာ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ ဧရာဝတီတိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးျမင့္ႏိုင္က ေျပာပါတယ္။

“အခက္အခဲကေတာ့ အခုဗ်ာ သင္တန္းေတြေပါ့ေနာ္၊ သင္တန္းေတြလုပ္ဖို႔ အခက္အခဲရွိတာေပ့ါ၊ သင္တန္းေတြလုပ္ဖို႔ အခက္အခဲရွိတဲ့အတြက္ video conferencing လုပ္ၾကတယ္၊ ေနာက္တစ္ခါ က်ေနာ္တို႔ အဲ့ဒီမွာ ဟို သြားေရးလာေရး အခက္အခဲေတြေပါ့၊ ဒီအခ်ိန္မွာေတာ့ ဥပမာ က်ေနာ္ ေျပာရရင္ေတာ့ stay at home တဲ့ ၿမိဳ႕နယ္ရွိတာကိုး stay at home ထားတဲ့ ၿမိဳ႕နယ္ေတြက လုပ္ရကိုင္ရတာ အခက္အခဲရွိတာေပါ့၊ လုပ္ရကိုင္ရတာ။”

လာမယ့္ ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ ဧရာဝတီတိုင္းမွာ မဲ႐ုံေပါင္း ၅,၇၀၀ ေက်ာ္ ဖြင့္လွစ္ဖုိ႔ စီစဥ္ထားၿပီး၊ ကပ္ေရာဂါကူးစက္မႈ အႏၱရာယ္ကို ကာကြယ္ႏုိင္ေအာင္ မဲ႐ုံ၀န္ထမ္းအင္အား တုိးျမွင့္ထားတယ္လုိ႔လည္း ဦးျမင့္ႏုိင္က ေျပာပါတယ္။

“က်ေနာ္တို႔က assign ေတြ ထပ္တိုးခ်ဲ႕လာတာ ရွိတာေပါ့ေနာ္၊ ကိုဗစ္ေၾကာင့္မို႔လို႔ အဆိုင္းေတြ ထပ္တိုးခ်ဲ႕တဲ့အတြက္ က်ေနာ္တို႔က အားလံုးေပါ့ အင္အားက ဧရာဝတီတိုင္းအေနနဲ႔ေတာ့ ၇၆,၇၅၆ အဲ့လိုမ်ဳိးတိုးတာေပါ့၊ သာမာန္အားျဖင့္က မဲ႐ုံတစ္႐ုံကို ၁၀ ေယာက္ပဲ မဲ႐ုံအဖြဲ႕ဝင္ေတြကေလ၊ ကိုဗစ္ကာလက် social distancing နဲ႔အညီ သြားမွာျဖစ္တဲ့အတြက္ က်ေနာ္တို႔က ဒီမဲ႐ုံ assign ေတြလည္း ထပ္တိုးခ်ဲ႕ရတာေပါ့။”

ေရြးေကာက္ပဲြအတြက္ မဲ႐ုံ ၅,၀၀၀ ေလာက္ ဖြင့္လွစ္ဖုိ႔ စီစဥ္ထားတဲ့ မႏၱေလးတိုင္းမွာလည္း မဲ႐ုံ၀န္ထမ္းေတြ တုိးျမွင့္တာ၀န္ေပးဖုိ႔ စီစဥ္ေနပါတယ္။ မဲ႐ုံဝန္ထမ္း ၆၉,၀၀၀ ေက်ာ္ တာ၀န္ေပးဖုိ႔ စီစဥ္ထားေပမဲ့ လတ္တေလာမွာေတာ့ ပညာေရး၀န္ထမ္း ၃၇,၀၀၀ ေက်ာ္သာ ရွိေနတဲ့အတြက္ လုိအပ္ခ်က္ကုိ ျဖည့္ဆည္းႏုိင္ေအာင္ ႀကိဳးပမ္းေနတယ္လုိ႔လည္း မႏၱေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔က မဲ႐ုံထဲမွာ ခုဏေျပာတဲ့ လႊတ္ေတာ္ သံုးရပ္အတြက္ မဲစာရင္း စိစစ္သူရယ္၊ မဲလက္မွတ္ထုတ္ေပးသူရယ္ အဆိုင္းေတြ တိုးရပါတယ္ခင္ဗ်၊ ပထမေတာ့ တစ္ဆိုင္းဆီပဲထားတာေပါ့ေနာ္၊ ဒါေပမဲ့ တခ်ဳိ႕မဲ႐ုံေတြက ၁,၀၀၀ ေက်ာ္တာရွိတယ္၊၂,၀၀၀ ေက်ာ္တာရွိတယ္၊ အဲ့အတြက္ကို က်ေနာ္က သတ္မွတ္တဲ့ စံခ်ိန္အတြင္းမွာ ၿပီးႏိုင္ေအာင္ဆိုေတာ့ က်ေနာ္ လႊတ္ေတာ္တစ္ရပ္အတြက္ကို မဲစာရင္းစိစစ္သူ၊ မဲလက္မွတ္ထုတ္ေပးသူဆိုၿပီး ႏွစ္ေယာက္ဆီတစ္ဆိုင္းထားတဲ့ဟာကေန ေနာက္ထပ္ ေလးေယာက္တိုးတဲ့သေဘာေပါ့ဗ်ာ၊ လႊတ္ေတာ္သံုးရပ္အတြက္ဆိုရင္ေတာ့ ႏွစ္ေယာက္ဆီတိုးရင္ ေျခာက္ေယာက္တိုးပါတယ္ခင္ဗ်။”

ကပ္ေရာဂါကာလ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ တာ၀န္ယူရမယ့္ မဲ႐ုံ၀န္ထမ္းေတြအတြက္ ေရာဂါကူးစက္မႈအႏၱရာယ္ ကာကြယ္ႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း ေကာ္မရွင္ တာ၀န္ရွိသူေတြက ေျပာၾကပါတယ္။ ေရြးေကာက္ပဲြအတြင္း မဲ႐ုံမွာ တာ၀န္က်သူေတြဟာ လူအမ်ားနဲ႔ ဆက္ဆံရမွာ ျဖစ္တာေၾကာင့္ ကပ္ေရာဂါကူးစက္မခံရေအာင္ ႀကိဳတင္ျပင္ဆင္ဖုိ႔ လုိတယ္လုိ႔လည္း New Myanmar Foundation အဖြဲ႔ရဲ႕ ေရြးေကာက္ပြဲအႀကံေပး ေဒၚျမနႏၵာသင္းက ေျပာပါတယ္။

“ဒီဆရာ၊ ဆရာမေတြက်ေတာ့ မဲဆႏၵရွင္ေတြနဲ႔ အဓိကထိေတြ႕ရတဲ့ သူေတြျဖစ္တဲ့အတြက္ သူတို႔ကို ဒီက်န္းမာေရးဆိုင္ရာေပါ့ေနာ္၊ သင္တန္းေပါ့ ဥပမာ ကိုယ္အပူခ်ိန္တက္ေနတဲ့ ဒီမဲဆႏၵရွင္တစ္ေယာက္က လာမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ၊ ေနာက္သူတို႔ကို ဒီကိုဗစ္ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ မဲဆႏၵရွင္ေတြ မဲေပးႏိုင္ေအာင္ ဒါဘယ္လိုလုပ္ရမလဲဆို အဲ့လိုအပိုင္းေလးကေတာ့ အခါတိုင္းနဲ ႔မတူတဲ့ ထပ္ၿပီးေတာ့မွ သူတို႔ကို guide line ေသာ္လည္းေကာင္း၊ လက္ေတြ႕သင္ရုိးေဆာင္တဲ့ဟာမ်ဳိးေသာ္လည္းေကာင္း၊ အဲ့ဒါမ်ဳိးေတြ ထပ္ၿပီိးေတာ့မွာ ေလ့က်င့္တာမ်ဳိး ဒါမဟုတ္ေတြ႕ရွိရင္ ဒီစာေတြ႔လက္ေတြ႔ေပါ့ေနာ္... ႀကိဳတင္ၿပီးေတာ့မွ ျပင္ဆင္ထားတယ္ဆိုလို႔ရွိရင္ ပိုေကာင္းႏိုင္တယ္ေပါ့ေနာ္။”

ေရွ႕လထဲက်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။ ကပ္ေရာဂါနဲ႔ လုံၿခံဳေရးျပႆနာေတြေၾကာင့္ ေရြးေကာက္ပဲြ ဆုိင္းငံ့ရမယ့္ နယ္ေျမေတြ ရွိမယ္ဆုိရင္ေတာ့ ဒီလထဲမွာ ေၾကညာမွာ ျဖစ္ေၾကာင္းလည္း ေကာ္မရွင္က ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါကြောင့် ရွေးကောက်ပွဲပြင်ဆင်ရေးခက်ခဲမှုကြုံ

မြန်မာနိုင်ငံမှာ ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကြုံနေရတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် အသွားအလာတွေ ကန့်သတ်ထားရတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း ရိုက်ခတ်လာနေတာပါ။ ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားတဲ့နေရာတွေလည်း ရှိနေတဲ့အတွက် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

“အခက်အခဲကတော့ အခုဗျာ သင်တန်းတွေပေါ့နော်၊ သင်တန်းတွေလုပ်ဖို့ အခက်အခဲရှိတာပေ့ါ၊ သင်တန်းတွေလုပ်ဖို့ အခက်အခဲရှိတဲ့အတွက် video conferencing လုပ်ကြတယ်၊ နောက်တစ်ခါ ကျနော်တို့ အဲ့ဒီမှာ ဟို သွားရေးလာရေး အခက်အခဲတွေပေါ့၊ ဒီအချိန်မှာတော့ ဥပမာ ကျနော် ပြောရရင်တော့ stay at home တဲ့ မြို့နယ်ရှိတာကိုး stay at home ထားတဲ့ မြို့နယ်တွေက လုပ်ရကိုင်ရတာ အခက်အခဲရှိတာပေါ့၊ လုပ်ရကိုင်ရတာ။”

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းမှာ မဲရုံပေါင်း ၅,၇၀၀ ကျော် ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး၊ ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ကာကွယ်နိုင်အောင် မဲရုံဝန်ထမ်းအင်အား တိုးမြှင့်ထားတယ်လို့လည်း ဦးမြင့်နိုင်က ပြောပါတယ်။

“ကျနော်တို့က assign တွေ ထပ်တိုးချဲ့လာတာ ရှိတာပေါ့နော်၊ ကိုဗစ်ကြောင့်မို့လို့ အဆိုင်းတွေ ထပ်တိုးချဲ့တဲ့အတွက် ကျနော်တို့က အားလုံးပေါ့ အင်အားက ဧရာဝတီတိုင်းအနေနဲ့တော့ ၇၆,၇၅၆ အဲ့လိုမျိုးတိုးတာပေါ့၊ သာမာန်အားဖြင့်က မဲရုံတစ်ရုံကို ၁၀ ယောက်ပဲ မဲရုံအဖွဲ့ဝင်တွေကလေ၊ ကိုဗစ်ကာလကျ social distancing နဲ့အညီ သွားမှာဖြစ်တဲ့အတွက် ကျနော်တို့က ဒီမဲရုံ assign တွေလည်း ထပ်တိုးချဲ့ရတာပေါ့။”

ရွေးကောက်ပွဲအတွက် မဲရုံ ၅,၀၀၀ လောက် ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ မန္တလေးတိုင်းမှာလည်း မဲရုံဝန်ထမ်းတွေ တိုးမြှင့်တာဝန်ပေးဖို့ စီစဉ်နေပါတယ်။ မဲရုံဝန်ထမ်း ၆၉,၀၀၀ ကျော် တာဝန်ပေးဖို့ စီစဉ်ထားပေမဲ့ လတ်တလောမှာတော့ ပညာရေးဝန်ထမ်း ၃၇,၀၀၀ ကျော်သာ ရှိနေတဲ့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

“ကျနော်တို့က မဲရုံထဲမှာ ခုဏပြောတဲ့ လွှတ်တော် သုံးရပ်အတွက် မဲစာရင်း စိစစ်သူရယ်၊ မဲလက်မှတ်ထုတ်ပေးသူရယ် အဆိုင်းတွေ တိုးရပါတယ်ခင်ဗျ၊ ပထမတော့ တစ်ဆိုင်းဆီပဲထားတာပေါ့နော်၊ ဒါပေမဲ့ တချို့မဲရုံတွေက ၁,၀၀၀ ကျော်တာရှိတယ်၊၂,၀၀၀ ကျော်တာရှိတယ်၊ အဲ့အတွက်ကို ကျနော်က သတ်မှတ်တဲ့ စံချိန်အတွင်းမှာ ပြီးနိုင်အောင်ဆိုတော့ ကျနော် လွှတ်တော်တစ်ရပ်အတွက်ကို မဲစာရင်းစိစစ်သူ၊ မဲလက်မှတ်ထုတ်ပေးသူဆိုပြီး နှစ်ယောက်ဆီတစ်ဆိုင်းထားတဲ့ဟာကနေ နောက်ထပ် လေးယောက်တိုးတဲ့သဘောပေါ့ဗျာ၊ လွှတ်တော်သုံးရပ်အတွက်ဆိုရင်တော့ နှစ်ယောက်ဆီတိုးရင် ခြောက်ယောက်တိုးပါတယ်ခင်ဗျ။”

ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တာဝန်ယူရမယ့် မဲရုံဝန်ထမ်းတွေအတွက် ရောဂါကူးစက်မှုအန္တရာယ် ကာကွယ်နိုင်အောင် စီစဉ်နေတယ်လို့လည်း ကော်မရှင် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ရွေးကောက်ပွဲအတွင်း မဲရုံမှာ တာဝန်ကျသူတွေဟာ လူအများနဲ့ ဆက်ဆံရမှာ ဖြစ်တာကြောင့် ကပ်ရောဂါကူးစက်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်လို့လည်း New Myanmar Foundation အဖွဲ့ရဲ့ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

“ဒီဆရာ၊ ဆရာမတွေကျတော့ မဲဆန္ဒရှင်တွေနဲ့ အဓိကထိတွေ့ရတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ကို ဒီကျန်းမာရေးဆိုင်ရာပေါ့နော်၊ သင်တန်းပေါ့ ဥပမာ ကိုယ်အပူချိန်တက်နေတဲ့ ဒီမဲဆန္ဒရှင်တစ်ယောက်က လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ နောက်သူတို့ကို ဒီကိုဗစ် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲဆန္ဒရှင်တွေ မဲပေးနိုင်အောင် ဒါဘယ်လိုလုပ်ရမလဲဆို အဲ့လိုအပိုင်းလေးကတော့ အခါတိုင်းနဲ့မတူတဲ့ ထပ်ပြီးတော့မှ သူတို့ကို guide line သော်လည်းကောင်း၊ လက်တွေ့သင်ရိုးဆောင်တဲ့ဟာမျိုးသော်လည်းကောင်း၊ အဲ့ဒါမျိုးတွေ ထပ်ပြီးတော့မှာ လေ့ကျင့်တာမျိုး ဒါမဟုတ်တွေ့ရှိရင် ဒီစာတွေ့လက်တွေ့ပေါ့နော်... ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားတယ်ဆိုလို့ရှိရင် ပိုကောင်းနိုင်တယ်ပေါ့နော်။”

ရှေ့လထဲကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါနဲ့ လုံခြုံရေးပြဿနာတွေကြောင့် ရွေးကောက်ပွဲ ဆိုင်းငံ့ရမယ့် နယ်မြေတွေ ရှိမယ်ဆိုရင်တော့ ဒီလထဲမှာ ကြေညာမှာ ဖြစ်ကြောင်းလည်း ကော်မရှင်က ပြောဆိုထားပါတယ်။

XS
SM
MD
LG