သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို မႏၲေလးမွာ တရားစြဲတင္


[Zawgyi/Unicode]

ႏွင္းဆီပါတီလို႔ လူသိမ်ားတဲ့ ညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ကို ဒီကေန႔ပဲ မႏၱေလးၿမိဳ႕ တရား႐ုံးမွာ ေထာင္ေျပးမႈ ပုဒ္မနဲ႔ တရားစြဲဆိုလိုက္တဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

လာမယ့္ ႏို၀င္ဘာလ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း ဒုတိယ အမ်ားဆံုးနဲ႔ ယွဥ္ၿပိဳင္မယ့္ ညီညြတ္ေသာ ဒီမိုကကရက္တစ္ပါတီ (UDP) ဥကၠ႒ ဦးေက်ာ္ျမင့္ကို အရင္ကအမႈေဟာင္းျဖစ္တဲ့ ေထာင္ေျပးမႈ ပုဒ္မ - ၂၂၄ နဲ႔ မႏၱေလးၿမိဳ႕ ခ်မ္းေအးသာစံ ၿမိဳ႕နယ္တရားရံုးမွာ တရားစြဲလုိက္တာျဖစ္ပါတယ္။ ဒီကေန႔ တရား႐ုံးမွာ တရားစဲြဆုိ ႐ုံးထုတ္ခဲ့တာကုိေတာ့ ခ်မ္းေအးသာစံ ၿမိဳ႕နယ္ တရားသူႀကီး ဦးေက်ာ္မ်ိဳး၀င္းက အခုလုိ ရွင္းျပသြားပါတယ္။

“ဒီေန႔ တရားစြဲတင္ပို႔တဲ့အဆင့္ပါ။ တရားစြဲတင္ပို႔တဲ့အခါမွာေတာ့ က်ေနာ္တို႔ကို ယခင္ ၁၉၉၉ ခုႏွစ္မွာ ဖြင့္ထားတဲ့ ပထမ သတင္းေပးတိုင္ခ်က္နဲ႔ပဲ အမႈဖြင့္ထားျခင္းျဖစ္ပါတယ္။ သက္ေသအေနနဲ႔က ၁၀ ေယာက္ တင္ျပထားပါတယ္။ အရင္ ၁၉၉၉ ခုႏွစ္မွာ အမွတ္ (၈) စခန္းမွဴး ရဲအုပ္ သိန္းေဌးကေနၿပီးေတာ့ အမႈဖြင့္ထားျခင္း ျဖစ္ပါတယ္။ အဲဒီေတာ့ အခုလက္ရွိမွာက်ေတာ့ ျပင္ဆင္ ယူသြားတယ္လို႔လည္း ၾကားတယ္။ အဲ့ေတာ့ သူ႔ကို က်ေနာ္တို႔႔က ဆင့္ေခၚစာ ထုတ္ေပးမယ္။ ဆင့္စာထုတ္ၿပီးေတာ့မွ ရွာေဖြ မေတြ႕ရွိႏိုင္ဘူးဆိုရင္ေတာ့ လက္ရွိ အမွတ္ (၈) စခန္းမွဴးကိုပဲ ဆက္လက္ စစ္ေဆးရဖို႔ရွိပါတယ္။”

ဦးေက်ာ္ျမင့္ကို စက္တင္ဘာ ၂၉ ရက္ေန႔က သူ႔ေနအိမ္မွာ အထူးတပ္ဖြဲ႕က ဖမ္းဆီးလိုက္ၿပီး ၃၀ ရက္ေန႔မွာေတာ့ မႏၱေလး အိုးဘိုေထာင္ကို ပို႔ေဆာင္ခဲ့ပါတယ္။ ႏိုင္ငံေတာ္သမၼတရံုး ဦးေဇာ္ေဌးကေတာ့ အမႈနဲ႔ ပတ္သက္လို႔ စိစစ္ ေဖာ္ထုတ္ေနတယ္လို႔ သတင္းေထာက္ေတြကို ေျပာထားပါတယ္။

ဒီကေန႔ တရားရံုးထုတ္ရာမွာေတာ့ ရဲလုံၿခံဳေရးအင္အား တုိးခ်ထားတာလည္း ေတြ႔ရပါတယ္။ အမႈကုိေတာ့ ျမန္ျမန္ဆန္ဆန္ စစ္ေဆးဆုံးျဖတ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း တရားသူႀကီး ဦးေက်ာ္မ်ိဳး၀င္းက ေျပာပါတယ္။

“မႈခင္း စီမံခန္႔ခြဲမႈလုပ္တဲ့အခါမွာ အလ်င္အျမန္ဆို က်ေနာ္တို႔ တလအတြင္းေပါ့။ အဲ့ဒီထဲမွာ က်ေနာ္တို႔ က အမႈရံုးခ်ိန္း ခ်ိန္းရမယ့္ အခ်ိန္ကုိ ၾကည့္ၿပီးေတာ့ တြက္ရမွာေပါ့။ ၃ လအတြင္း စစ္မလား ၆ လအတြင္း စစ္မလား ၁ ႏွစ္အတြင္း စစ္မလား၊ ဒါကေတာ့အေျခအေနအရေပါ့။ အဲ့ဒီေတာ့ တရားခံရဲ႕ ေရွ႕ေနငွားလာတဲ့အေပၚ မူတည္ၿပီးေတာ့ သက္ေသျပမယ့္၊ ေခၚလာေပးမယ့္ အေနအထားအေပၚ မူတည္ၿပီးေတာ့ လုပ္ရတဲ့အခါက်ေတာ့ ျမန္ဖို႔ေတာ့ မ်ားပါတယ္။”

ဦးေက်ာ္ျမင့္ဟာ မႏၱေလးအိုးဘိုေထာင္မွာ ေထာင္ဒဏ္က်ခံေနရစဥ္ ထြက္ေျပးသြားၿပီး ကေနဒါႏိုင္ငံမွာ ခိုလႈံခြင့္ ေတာင္းခံခဲ့သူျဖစ္ၿပီးျဖစ္ၿပီး ျမန္မာႏိုင္ငံကို ျပန္လည္၀င္ေရာက္လာသူျဖစ္ပါတယ္။ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ အမည္မဲစာရင္းေတြကို ပယ္ဖ်က္ၿပီး လြတ္ၿငိမ္းခ်မ္းသာ ခြင့္ေတြ ေပးခဲ့တာမို႔ သမၼတရဲ႕ အထူးအမိန္႔နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္ ၀င္ေရာက္လာတာလားဆိုတဲ့ ေမးခြန္းေတြလည္းရွိပါတယ္။ ဒါေပမဲ့ သမၼတ ဦးသိန္းစိန္လက္ထက္မွာ ျပန္ၾကားေရး၀န္ႀကီး ျဖစ္ခဲ့သူ ဦးရဲထြဋ္ကေတာ့ သူတာ၀န္ယူစဥ္တုန္းက ဦးေက်ာ္ျမင့္ ျပန္လာခြင့္နဲ႔ ပတ္သက္လို႔ ေဆြးေႏြးတာ မၾကားမိဘူးလို႔ သူ႔ရဲ႕ကိုယ္ပိုင္ လူမႈ ကြန္ယက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၁ လေက်ာ္သာ လုိေတာ့တဲ့ အခ်ိန္မွာပဲ ကုိယ္စားလွယ္ေလာင္း ဒုတိယအမ်ားဆုံး ၁,၁၀၀ ေက်ာ္နဲ႔ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့ ပါတီတခုရဲ႕ အႀကီးအကဲ ဖမ္းဆီးခံလုိက္ရတာလည္း ျဖစ္ပါတယ္။

UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကုိ အေရးယူထားတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ မွာေတာ့၊ မည္သူမဆို ျပစ္မႈအတြက္ ဥပေဒနဲ႔အညီ ခ်ဳပ္ေႏွာင္ထားခ်ိန္မွာ ထြက္ေျပးတာ ဒါမွမဟုတ္ ထြက္ေျပးဖုိ႔ ႀကိဳးစားတာ ထင္ရွားရင္၊ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၂ ႏွစ္ကေန ေငြဒဏ္ျဖစ္ေစ၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ခုစလုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီကနေ့ပဲ မန္တလေးမြို့ တရားရုံးမှာ ထောင်ပြေးမှု ပုဒ်မနဲ့ တရားစွဲဆိုလိုက်တဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံးနဲ့ ယှဉ်ပြိုင်မယ့် ညီညွတ်သော ဒီမိုကကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို အရင်ကအမှုဟောင်းဖြစ်တဲ့ ထောင်ပြေးမှု ပုဒ်မ - ၂၂၄ နဲ့ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ တရားစွဲလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ တရားရုံးမှာ တရားစွဲဆို ရုံးထုတ်ခဲ့တာကိုတော့ ချမ်းအေးသာစံ မြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက အခုလို ရှင်းပြသွားပါတယ်။

“ဒီနေ့ တရားစွဲတင်ပို့တဲ့အဆင့်ပါ။ တရားစွဲတင်ပို့တဲ့အခါမှာတော့ ကျနော်တို့ကို ယခင် ၁၉၉၉ ခုနှစ်မှာ ဖွင့်ထားတဲ့ ပထမ သတင်းပေးတိုင်ချက်နဲ့ပဲ အမှုဖွင့်ထားခြင်းဖြစ်ပါတယ်။ သက်သေအနေနဲ့က ၁၀ ယောက် တင်ပြထားပါတယ်။ အရင် ၁၉၉၉ ခုနှစ်မှာ အမှတ် (၈) စခန်းမှူး ရဲအုပ် သိန်းဌေးကနေပြီးတော့ အမှုဖွင့်ထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ အခုလက်ရှိမှာကျတော့ ပြင်ဆင် ယူသွားတယ်လို့လည်း ကြားတယ်။ အဲ့တော့ သူ့ကို ကျနော်တို့က ဆင့်ခေါ်စာ ထုတ်ပေးမယ်။ ဆင့်စာထုတ်ပြီးတော့မှ ရှာဖွေ မတွေ့ရှိနိုင်ဘူးဆိုရင်တော့ လက်ရှိ အမှတ် (၈) စခန်းမှူးကိုပဲ ဆက်လက် စစ်ဆေးရဖို့ရှိပါတယ်။”

ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ရက်နေ့က သူ့နေအိမ်မှာ အထူးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၃၀ ရက်နေ့မှာတော့ မန္တလေး အိုးဘိုထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံး ဦးဇော်ဌေးကတော့ အမှုနဲ့ ပတ်သက်လို့ စိစစ် ဖော်ထုတ်နေတယ်လို့ သတင်းထောက်တွေကို ပြောထားပါတယ်။

ဒီကနေ့ တရားရုံးထုတ်ရာမှာတော့ ရဲလုံခြုံရေးအင်အား တိုးချထားတာလည်း တွေ့ရပါတယ်။ အမှုကိုတော့ မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

“မှုခင်း စီမံခန့်ခွဲမှုလုပ်တဲ့အခါမှာ အလျင်အမြန်ဆို ကျနော်တို့ တလအတွင်းပေါ့။ အဲ့ဒီထဲမှာ ကျနော်တို့ က အမှုရုံးချိန်း ချိန်းရမယ့် အချိန်ကို ကြည့်ပြီးတော့ တွက်ရမှာပေါ့။ ၃ လအတွင်း စစ်မလား ၆ လအတွင်း စစ်မလား ၁ နှစ်အတွင်း စစ်မလား၊ ဒါကတော့အခြေအနေအရပေါ့။ အဲ့ဒီတော့ တရားခံရဲ့ ရှေ့နေငှားလာတဲ့အပေါ် မူတည်ပြီးတော့ သက်သေပြမယ့်၊ ခေါ်လာပေးမယ့် အနေအထားအပေါ် မူတည်ပြီးတော့ လုပ်ရတဲ့အခါကျတော့ မြန်ဖို့တော့ များပါတယ်။”

ဦးကျော်မြင့်ဟာ မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေရစဉ် ထွက်ပြေးသွားပြီး ကနေဒါနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့သူဖြစ်ပြီးဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အမည်မဲစာရင်းတွေကို ပယ်ဖျက်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်တွေ ပေးခဲ့တာမို့ သမ္မတရဲ့ အထူးအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် ဝင်ရောက်လာတာလားဆိုတဲ့ မေးခွန်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဦးရဲထွဋ်ကတော့ သူတာဝန်ယူစဉ်တုန်းက ဦးကျော်မြင့် ပြန်လာခွင့်နဲ့ ပတ်သက်လို့ ဆွေးနွေးတာ မကြားမိဘူးလို့ သူ့ရဲ့ကိုယ်ပိုင် လူမှု ကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၁ လကျော်သာ လိုတော့တဲ့ အချိန်မှာပဲ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး ၁,၁၀၀ ကျော်နဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတခုရဲ့ အကြီးအကဲ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို အရေးယူထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ မှာတော့၊ မည်သူမဆို ပြစ်မှုအတွက် ဥပဒေနဲ့အညီ ချုပ်နှောင်ထားချိန်မှာ ထွက်ပြေးတာ ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားတာ ထင်ရှားရင်၊ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ကနေ ငွေဒဏ်ဖြစ်စေ၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

XS
SM
MD
LG