သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွင္းဆီပါတီဥကၠ႒ကို ရာဇ၀တ္ေၾကာင္းနဲ႔ ဖမ္းဆီးအေရးယူ


(ႏွင္းဆီပါတီ) ညီညြတ္ေသာဒီမုိကရက္တစ္ပါတီဥကၠ႒ ဦးေက်ာ္ျမင့္။ (ဓာတ္ပံု - United Democratic Party-UDP's Official Facebook - စက္တင္ဘာ ၂၆၊ ၂၀၂၀)

[Zawgyi//Unicode]

ႏွင္းဆီပါတီလုိ႔ လူသိမ်ားတဲ့ ညီညြတ္ေသာဒီမုိကရက္တစ္ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကုိ ရဲတပ္ဖဲြ႔က ဖမ္းဆီးလုိက္ၿပီး ရာဇ၀တ္ေၾကာင္းနဲ႔ အေရးယူထားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ကိုထက္ေအာင္ခန္႔က ေျပာျပပါမယ္။

လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြမွာ ကုိယ္စားလွယ္ေနရာ ဒုတိယအမ်ားဆုံး ၀င္ၿပိဳင္မယ့္ ညီညြတ္ေသာ ဒီမုိကရက္တစ္ပါတီ (UDP) ဥကၠ႒ ဦးေက်ာ္ျမင့္ကုိ အရင္ကအမႈေဟာင္းနဲ႔ ရဲတပ္ဖဲြ႔က ဖမ္းဆီးလုိက္တာပါ။ မေန႔တုန္းက ရန္ကုန္ၿမိဳ႕ ေနအိမ္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ေၾကာင္းလည္း ရန္ကုန္တုိင္း ဒုတိယ တိုင္းတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေဇာ္မင္းဦးက ဗြီအုိေအကုိ အတည္ျပဳေပမယ့္ အေသးစိတ္ကုိေတာ့ မေျပာပါဘူး။

“ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က လုပ္တာမဟုတ္ဘူးခင္ဗ်။ က်ေနာ္တို႔လည္း မသိဘူး။ သူ႔ဟာသူ အထူးတာ၀န္ အဖြဲ႕နဲ႔ သူ႔ဟိုဘက္က မႏၱေလး ဆက္စပ္တဲ့အမႈေတြနဲ႔ဆိုေတာ့ က်ေနာ္တို႔႔လည္း မကိုင္ဘူး မသိဘူး။ က်ေနာ္တို႔ ေနျပည္ေတာ္က အထူးအဖြဲ႕ေတြနဲ႔ လုပ္တာကိုင္တာ က်ေနာ္တို႔ေတာ့ မသိရဘူး။ သမၼတရံုး ဦးေဇာ္ေဌးေတာ့ ေျဖေပးေနတာပဲ။”

ႏိုင္ငံေတာ္ သမၼတရံုး ဦးေဇာ္ေဌးကေတာ့ UDP ပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ကုိ ေထာင္ေျပးအမႈအတြက္ ဥပေဒပုဒ္မ (၂၂၄) အရ ဖမ္းဆီးလုိက္တာျဖစ္ၿပီး၊ အမႈနဲ႔ပတ္သက္လုိ႔ စိစစ္ေဖာ္ထုတ္ေနေၾကာင္းလည္း သတင္းေထာက္ေတြကုိ အြန္လုိင္းကေန ေျပာဆုိထားပါတယ္။

အခုဖမ္းဆီးခံခဲ့ရသူ ဦးေက်ာ္ျမင့္ဟာ မႏၱေလး အိုးဘိုေထာင္မွာ ေထာင္ဒဏ္က်ခံေနစဥ္ ၁၉၉၉ ခုႏွစ္က ထြက္ေျပးသြားၿပီး ကေနဒါႏိုင္ငံမွာ ခိုလႈံခြင့္ေတာင္းခံသူ ျဖစ္တယ္လုိ႔လည္း သတင္းေတြက ေဖာ္ျပၾကပါတယ္။ UDP ပါတီကိုေတာ့ ၂၀၁၀ ျပည့္ႏွစ္မွာ မွတ္ပုံတင္ ေလွ်ာက္ထားခဲ့ၿပီး ေရြးေကာက္ပြဲမွာ ပထမဆံုး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သလုိ၊ လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြမွာလည္း ကုိယ္စားလွယ္ေလာင္း ဒုတိယအမ်ားဆုံးအျဖစ္ ယွဥ္ၿပိဳင္ဖုိ႔ စီစဥ္ထားတာပါ။ ဦးသိန္းစိန္အစိုးရလက္ထက္မွာ အမည္မဲစာရင္းအေတာ္မ်ားမ်ားကို ပယ္ဖ်က္ၿပီး လြတ္ၿငိမ္းသက္သာခြင့္ေတြေပးခဲ့တာမို႔၊ သမၼတရဲ႕အထူးအမိန္႔နဲ႔ လြတ္ၿငိမ္းခြင့္ရသလားဆိုတာ ေမးခြန္းေတာ့ ရွိပါတယ္။ ဒါေပမယ့္ အဲဒီကာလ ျပန္ၾကားေရး၀န္ႀကီးျဖစ္သူ ဦးရဲထြဋ္ကေတာ့ သူတာ၀န္ယူစဥ္မွာ ဦးေက်ာ္ျမင့္ ျပန္လာခြင့္နဲ႔ပတ္သက္လို႔ ေဆြးေႏြးတာမၾကားသိခဲ့ဘူးလို႔ သူ႕ကိုယ္ပိုင္ေဖ့ဘုတ္စာမ်က္ႏွာမွာ ေရးပါတယ္။

ရာဇ၀တ္မႈနဲ႔ ေနာက္ေၾကာင္းမရွင္းတဲ့သူ တေယာက္က ဦးေဆာင္ၿပီး ႏုိင္ငံေရးပါတီ ထူေထာင္ထားတဲ့ အေပၚမွာေတာ့ ႏိုင္ငံေရး ေလ့လာ သံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိန္းက အခုလို သံုးသပ္ပါတယ္။

“UDP ပါတီ ဥကၠ႒ကို ျပည္တြင္းကို ျပန္၀င္လာခြင့္ျပဳၿပီးေတာ့ ႏိုင္ငံေရး ပါတီထူေထာင္ခြင့္ျပဳခဲ့တဲ့ အစိုးရရယ္၊ ေရြးေကာက္ပြဲေကာ္မရွင္ရယ္မွာက ဦးစြာ တာ၀န္ရွိတယ္။ ေနာက္ဒီပါတီကုိ ဆက္ၿပီးရပ္တည္ခြင့္ေပးတာ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ႏိုင္ငံေရး လႈပ္ရွားမႈေတြကုိ လုပ္ခြင့္ေပးထားတာနဲ႔ ဆက္စပ္ရင္ေတာ့ တာ၀န္ လႊဲေျပာင္းယူတဲ့ အစိုးရနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္ရယ္မွာက ဆက္ၿပီးေတာ့ တာ၀န္ရွိတယ္လို႔ ျမင္တယ္။ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ပါတီေခါင္းေဆာင္ေတြနဲ႔ ေနာက္ပါတီရဲ႕ အဓိက ကိုယ္စားလွယ္ ေလာင္းေတြရဲ႕ ကိုယ္ေရး အခ်က္အလက္နဲ႔ ပတ္သက္ၿပီးေတာ့ အဆက္မျပတ္ စီစစ္ေနဖို႔ လိုအပ္တယ္။ အဲ့ဒီလိုစိစစ္တဲ့ေနရာမွာ တကယ္တမ္း မွန္မွန္ကန္ကန္ ေျဖာင့္ေျဖာင့္ မတ္မတ္နဲ႔ ေဆာင္ရြက္တဲ့လူေတြကို ၾကန္႔ၾကာတာမ်ိဳး အဟန္႔အတား ျဖစ္တာမ်ိဳးေတြ မျဖစ္ဖို႔လိုအပ္တယ္။”

ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ဖမ္းဆီးခံလုိက္ရတဲ့အတြက္ သူဦးေဆာင္တဲ့ ပါတီေရွ႕အလားအလာေတြလည္း မေရမရာ ျဖစ္လာႏိုင္တယ္လုိ႔ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ ေလ့လာေရး အဖြဲ႕ျဖစ္တဲ့ ကေနာင္အင္စတီက်ဳက ဒါရိုက္တာ ကိုသန္းျမတ္စုိးကလည္း သုံးသပ္ပါတယ္။

“အဖမ္းခံထားရတယ္ဆိုေတာ့ သူက ပါတီရဲ႕ ဥကၠ႒ ျဖစ္ေနတယ္။ သူကိုယ္တိုင္က တည္ဆဲဥပေဒကို မေလးစား မလိုက္နာဘူးဆိုရင္ေတာ့ ပါတီကို ဖ်က္သိမ္းရမယ္ေပါ့။ ဒါမ်ိဳးလုပ္လို႔ရတယ္။ ဒါေပမဲ့ ပါတီဘက္က ျပန္ၾကည့္ရင္ေတာ့ သူ႔ကို ပါတီအလုပ္အမႈေဆာင္ အဖြဲ႕ကေန ထုတ္ပယ္ၿပီးေတာ့ ပါတီကို ဒီအတိုင္းထားမယ္၊ လူကိုပဲ ထုတ္ပယ္ လိုက္မယ္ဆိုရင္ေတာ့ တမ်ိဳး ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အခ်က္ေတြကေတာ့ အမ်ားႀကီးပါပဲ တရားဥပေဒစိုးမိုးေရးနဲ႔ ေအးခ်မ္းသာယာေရးကို ထိခိုက္ေစတဲ့ဟာ တခုခုကို ျပဳလုပ္ျခင္းတို႔ မတရားအသင္း ေၾကျငာထားတဲ့ အဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္မႈျပဳလုပ္ျခင္းတို႔ ေနာက္ၿပီး ႏိုင္ငံပိုင္ ေငြေၾကးေတြ အလြဲသံုးစား ျပဳလုပ္ထားတာေတြ လူမ်ိဳးေရး ဘာသာေရး ပဋိပကၡ ျဖစ္ေစတဲ့ ဟာမ်ိဳးေတြ လုပ္တဲ့ဟာမ်ိဳးတို႔ဆိုရင္ ပါတီကို ဖ်က္သိမ္းလို႔ရတယ္၊ ဖ်က္သိမ္းရမယ္လို႔ ပါထားတယ္။ ဒါေပမဲ့ သူတို႔ စံုစမ္း စစ္ေဆးတဲ့အခါမွာ ဘယ္လိုပံုစံမ်ိဳးနဲ႔ စံုစမ္းစစ္ေဆးမလဲဆိုတဲ့ အေပၚမွာလည္း မူတည္တယ္။”

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၁ လေက်ာ္သာ လုိေတာ့တဲ့ အခ်ိန္မွာပဲ ကုိယ္စားလွယ္ေလာင္း ဒုတိယအမ်ားဆုံးအျဖစ္ ၁,၁၀၀ ေက်ာ္နဲ႔ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့ ပါတီတခုရဲ႕ အႀကီးအကဲ ဖမ္းဆီးခံလုိက္ရတာလည္း ျဖစ္ပါတယ္။ UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကုိ အေရးယူထားတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ မွာေတာ့၊ မည္သူမဆို ျပစ္မႈအတြက္ ဥပေဒနဲ႔အညီ ခ်ဳပ္ေႏွာင္ထားခ်ိန္မွာ ထြက္ေျပးတာ ဒါမွမဟုတ္ ထြက္ေျပးဖုိ႔ ႀကိဳးစားတာ ထင္ရွားရင္၊ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၂ ႏွစ္ကေန ေငြဒဏ္ျဖစ္ေစ၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ခုစလုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှင်းဆီပါတီဥက္ကဋ္ဌကို ရာဇဝတ်ကြောင်းနဲ့ ဖမ်းဆီးအရေးယူ

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ရာဇဝတ်ကြောင်းနဲ့ အရေးယူထားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက်ကိုထက်အောင်ခန့်က ပြောပြပါမယ်။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံး ဝင်ပြိုင်မယ့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို အရင်ကအမှုဟောင်းနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။ မနေ့တုန်းက ရန်ကုန်မြို့ နေအိမ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း ဒုတိယ တိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးက ဗွီအိုအေကို အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

“ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လုပ်တာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့လည်း မသိဘူး။ သူ့ဟာသူ အထူးတာဝန် အဖွဲ့နဲ့ သူ့ဟိုဘက်က မန္တလေး ဆက်စပ်တဲ့အမှုတွေနဲ့ဆိုတော့ ကျနော်တို့လည်း မကိုင်ဘူး မသိဘူး။ ကျနော်တို့ နေပြည်တော်က အထူးအဖွဲ့တွေနဲ့ လုပ်တာကိုင်တာ ကျနော်တို့တော့ မသိရဘူး။ သမ္မတရုံး ဦးဇော်ဌေးတော့ ဖြေပေးနေတာပဲ။”

နိုင်ငံတော် သမ္မတရုံး ဦးဇော်ဌေးကတော့ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးအမှုအတွက် ဥပဒေပုဒ်မ (၂၂၄) အရ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ အမှုနဲ့ပတ်သက်လို့ စိစစ်ဖော်ထုတ်နေကြောင်းလည်း သတင်းထောက်တွေကို အွန်လိုင်းကနေ ပြောဆိုထားပါတယ်။

အခုဖမ်းဆီးခံခဲ့ရသူ ဦးကျော်မြင့်ဟာ မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေစဉ် ၁၉၉၉ ခုနှစ်က ထွက်ပြေးသွားပြီး ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူ ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။ UDP ပါတီကိုတော့ ၂၀၁၀ ပြည့်နှစ်မှာ မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲမှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို၊ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးအဖြစ် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမည်မဲစာရင်းအတော်များများကို ပယ်ဖျက်ပြီး လွတ်ငြိမ်းသက်သာခွင့်တွေပေးခဲ့တာမို့၊ သမ္မတရဲ့အထူးအမိန့်နဲ့ လွတ်ငြိမ်းခွင့်ရသလားဆိုတာ မေးခွန်းတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီကာလ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးရဲထွဋ်ကတော့ သူတာဝန်ယူစဉ်မှာ ဦးကျော်မြင့် ပြန်လာခွင့်နဲ့ပတ်သက်လို့ ဆွေးနွေးတာမကြားသိခဲ့ဘူးလို့ သူ့ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်နှာမှာ ရေးပါတယ်။

ရာဇဝတ်မှုနဲ့ နောက်ကြောင်းမရှင်းတဲ့သူ တယောက်က ဦးဆောင်ပြီး နိုင်ငံရေးပါတီ ထူထောင်ထားတဲ့ အပေါ်မှာတော့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက အခုလို သုံးသပ်ပါတယ်။

“UDP ပါတီ ဥက္ကဋ္ဌကို ပြည်တွင်းကို ပြန်ဝင်လာခွင့်ပြုပြီးတော့ နိုင်ငံရေး ပါတီထူထောင်ခွင့်ပြုခဲ့တဲ့ အစိုးရရယ်၊ ရွေးကောက်ပွဲကော်မရှင်ရယ်မှာက ဦးစွာ တာဝန်ရှိတယ်။ နောက်ဒီပါတီကို ဆက်ပြီးရပ်တည်ခွင့်ပေးတာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လုပ်ခွင့်ပေးထားတာနဲ့ ဆက်စပ်ရင်တော့ တာဝန် လွှဲပြောင်းယူတဲ့ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ရယ်မှာက ဆက်ပြီးတော့ တာဝန်ရှိတယ်လို့ မြင်တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပါတီခေါင်းဆောင်တွေနဲ့ နောက်ပါတီရဲ့ အဓိက ကိုယ်စားလှယ် လောင်းတွေရဲ့ ကိုယ်ရေး အချက်အလက်နဲ့ ပတ်သက်ပြီးတော့ အဆက်မပြတ် စီစစ်နေဖို့ လိုအပ်တယ်။ အဲ့ဒီလိုစိစစ်တဲ့နေရာမှာ တကယ်တမ်း မှန်မှန်ကန်ကန် ဖြောင့်ဖြောင့် မတ်မတ်နဲ့ ဆောင်ရွက်တဲ့လူတွေကို ကြန့်ကြာတာမျိုး အဟန့်အတား ဖြစ်တာမျိုးတွေ မဖြစ်ဖို့လိုအပ်တယ်။”

ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံလိုက်ရတဲ့အတွက် သူဦးဆောင်တဲ့ ပါတီရှေ့အလားအလာတွေလည်း မရေမရာ ဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ဖြစ်တဲ့ ကနောင်အင်စတီကျုက ဒါရိုက်တာ ကိုသန်းမြတ်စိုးကလည်း သုံးသပ်ပါတယ်။

“အဖမ်းခံထားရတယ်ဆိုတော့ သူက ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်နေတယ်။ သူကိုယ်တိုင်က တည်ဆဲဥပဒေကို မလေးစား မလိုက်နာဘူးဆိုရင်တော့ ပါတီကို ဖျက်သိမ်းရမယ်ပေါ့။ ဒါမျိုးလုပ်လို့ရတယ်။ ဒါပေမဲ့ ပါတီဘက်က ပြန်ကြည့်ရင်တော့ သူ့ကို ပါတီအလုပ်အမှုဆောင် အဖွဲ့ကနေ ထုတ်ပယ်ပြီးတော့ ပါတီကို ဒီအတိုင်းထားမယ်၊ လူကိုပဲ ထုတ်ပယ် လိုက်မယ်ဆိုရင်တော့ တမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ အချက်တွေကတော့ အများကြီးပါပဲ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ဟာ တခုခုကို ပြုလုပ်ခြင်းတို့ မတရားအသင်း ကြေငြာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုပြုလုပ်ခြင်းတို့ နောက်ပြီး နိုင်ငံပိုင် ငွေကြေးတွေ အလွဲသုံးစား ပြုလုပ်ထားတာတွေ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်စေတဲ့ ဟာမျိုးတွေ လုပ်တဲ့ဟာမျိုးတို့ဆိုရင် ပါတီကို ဖျက်သိမ်းလို့ရတယ်၊ ဖျက်သိမ်းရမယ်လို့ ပါထားတယ်။ ဒါပေမဲ့ သူတို့ စုံစမ်း စစ်ဆေးတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ စုံစမ်းစစ်ဆေးမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။”

ရွေးကောက်ပွဲ ကျင်းပဖို့ ၁ လကျော်သာ လိုတော့တဲ့ အချိန်မှာပဲ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးအဖြစ် ၁,၁၀၀ ကျော်နဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတခုရဲ့ အကြီးအကဲ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို အရေးယူထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ မှာတော့၊ မည်သူမဆို ပြစ်မှုအတွက် ဥပဒေနဲ့အညီ ချုပ်နှောင်ထားချိန်မှာ ထွက်ပြေးတာ ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားတာ ထင်ရှားရင်၊ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ကနေ ငွေဒဏ်ဖြစ်စေ၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

XS
SM
MD
LG