သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ျမန္မာႏုိင္ငံမွာ စီးပြားေရးနဲ႔ လူမႈေရးလုပ္ငန္းေတြ ထိခုိက္


ရန္ကုန္ၿမိဳ႕က ဆိုင္ခန္းမ်ား ပိတ္ထားသည့္ လမ္းတခု (ေအာက္တိုဘာလ ၇ ရက္ေန႔ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါကူးစက္မႈလႈိင္းဒဏ္ အျပင္းအထန္ခံစားေနရတဲ့ရန္ကုန္တိုင္းအတြင္း ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး lockdown နီးပါး ပိတ္ပင္ကန္႔သတ္ထားတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြပါ အထိနာလာတဲ့ အရွိန္ရိုက္ခတ္မႈဟာ အျခား တိုင္းနဲ႔ ျပည္နယ္က လုပ္ငန္းရွင္ေတြကိုပါ သက္ေရာက္ေနေၾကာင္း မေကြးတိုင္း SME အေသးစားလုပ္ငန္းရွင္တဦးက ဗီြအိုေအကုိေျပာပါတယ္။

အလားတူ လူမႈအဖဲြ႔အစည္းေတြရဲ႕လုပ္ငန္းေတြဆိုရင္လည္း ေရွ႕ဆက္ဘယ္လိုရင္ဆိုင္ရမလဲဆိုတဲ့ အေျခအေနေတြ ျဖစ္လာေနၿပီလို႔ မဂၤလာျမန္မာ ေဒါက္တာဖုန္း၀င္းက ဆိုပါတယ္။

ကိုဗစ္ကာလ အက်ပ္အတည္းေတြရင္ဆိုင္ေနရတဲ့ ေနာက္ဆံုးအေျခအေနေတြကို မအင္ၾကင္းႏုိင္က စုစည္းတင္ျပထားပါတယ္။

ကိုဗစ္ေရာဂါကူးစက္ခံရသူ ႏွစ္ေသာင္းေက်ာ္နဲ႔ ေသဆံုးသူ ၅၀၀ ေက်ာ္ရွိလာေနတဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ကူးစက္မႈအမ်ားဆံုးျဖစ္ေနတဲ့ ရန္ကုန္တိုင္းမွာ lockdown ကန္႔သတ္ခ်က္ေတြ တင္းတင္းက်ပ္က်ပ္ခ်မွတ္ထားပါတယ္။ အထူးသျဖင့္ ေအာက္တိုဘာလ (၅)ရက္ေန႔က (CMP) အထည္ခ်ဳပ္လုပ္ငန္းေတြ၊ ကုန္ၾကမ္းေပး ကုန္ေခ်ာယူ လုပ္ငန္းေတြ ပိတ္ပင္ထားတဲ့ ရက္သတ္မွတ္ခ်က္ကိုေအာက္တိုဘာလ ၂၁ ရက္ေန႔ထိ တိုးျမွင့္ခဲ့ပါတယ္။ ကပ္ေရာဂါကူးစက္မႈ အျမင့္ဆံုးအခ်ိန္ေရာက္ေနတဲ့ ရန္ကုန္တိုင္းမွာ စီးပြားေရးလုပ္ငန္းေတြ အထိနာလာတဲ့အရွိန္ဟာ အျခားတိုင္းနဲ႔ ျပည္နယ္မွာရွိေနတဲ့ လုပ္ငန္းေတြကိုပါ ရိုက္ခိုက္မႈအေတာ္ေလးႀကီးမားေနေၾကာင္း မေကြးတိုင္း စေလၿမိဳ႕နယ္ကJumjel စားေသာက္ကုန္ အေသးစားလုပ္ငန္းရွင္ မသက္စုေဌးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

"သက္ေရာက္မႈက ျပင္းပါတယ္။ အဓိကက က်မတို႔ အခု ကုန္ၾကမ္းေတြ ျပတ္ပါတယ္။ စက္ရံုေတြ ပိတ္ထားတဲ့အတြက္ ကုန္ၾကမ္းေတြ မွာလို႔ မရဘူး။ အဲေတာ့ ကုန္ေခ်ာျပန္ပို႔တဲ့ေနရာမွာလည္း ဒီကပို႔လိုက္တယ္၊ ဟိုမွာက ပဲြရံုေတြက ပိတ္ထားေတာ့ ေအာ္ဒါရလို႔ ကုန္ေတြပို႔တယ္၊ လမ္းမွာေရာက္ေနၿပီ၊ ဟိုေရာက္ေတာ့ ပဲြရံုေတြက ပိတ္ေနေတာ့ ဘယ္လိုမွ ခ်လို႔မရဘူး။ က်မထင္တယ္။ ေနာက္ဆံုး စားေသာက္ကုန္ေတြကအစ ေစ်းႏႈန္းေတြတက္လာလိမ့္မယ္္လို႔ ထင္တယ္။ လုပ္ငန္းရွင္ေတြမွာလည္း ဘယ္လိုပံုစံနဲ႔ သြားရမလဲ အစီအစဥ္ဆဲြလို႔မရတဲ့ အေနအထားမ်ဳိးျဖစ္ေနတယ္။”

ဒါအျပင္ ကူးစက္မႈေနရာေပၚမူတည္ၿပီး ကန္႔သတ္ထိန္းခ်ဳပ္မႈေတြ မတူတဲ့အေပၚမွာ လုပ္ငန္းေတြ လည္ပတ္ႏိုင္ေရး သက္ဆိုင္ရာ တာ၀န္ရွိသူေတြဘက္က စီမံခန္႔ခဲြမႈ လိုအပ္ခ်က္ အမ်ားအျပားရွိေနတာေတြ႕ရတယ္လို႔ မသက္စုေဌးကေျပာပါတယ္။

” အခုဟာက ပိုဆိုးတာတခုက တရြာတပုဒ္ဆန္းေနတာ။ တႏိုင္ငံလံုး တေျပးညီမဟုတ္ေတာ့ ကိုယ့္ၿမိဳ႕ကိုယ္ရြာ ကိုယ့္အစီအစဥ္နဲ႔ကို္္ယ္ မတူတဲ့အခါ အဲဒါေတြက ပိုဆိုးတယ္။ ေနာက္ထပ္တခုက အခုလိုေရာဂါကာကြယ္ေရး လုပ္သင့္လုပ္ထိုက္တာေတြ လုပ္တာမွန္တယ္ဆိုေပမယ့္ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္းရံုးေနတာက်ေတာ့ ဒီအတိုင္းလႊတ္ေပးထားတာ။ ဒီလိုပံုစံမ်ဳိး စီးပြားေရးမွာ ကန္႔သတ္ၿပီးေတာ့ ဒီလိုမ်ဳိး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႀကီးနဲ႔ လူအုပ္ႀကီးက မဲဆြယ္ေနတာၾကေတာ့ ဘာမွအေရးမယူပဲ ၾကည့္ေနတယ္ေပါ့ေနာ္။ အဲဒါဆိုရင္ လုပ္မယ္ဆိုရင္လည္း ျပတ္ျပတ္သားသား အားလံုးကို တေျပးညီကိုင္လိုက္ေပါ့ေနာ္။ စီးပြားေရးက်ေတာ့ ကသိကေအာက္ျဖစ္ေနၿပီး မဲဆြယ္တာေတြက်ေတာ့ ဒီအတိုင္းသြားေနတဲ့အခါက်ေတာ့ အဆင္မေျပဘူးေပါ့ေနာ္။ ”

ကိုဗစ္ကာလ အက်ပ္အတည္း ႀကီးႀကီးမားမားရင္ဆိုင္ေနရသူေတြထဲမွာ စီးပြားေရးလုပ္ငန္းရွင္ေတြသာမက NGO လူထုအေျချပဳ အဖဲြ႕အစည္းေတြလည္း အခက္အခဲေတြ ရင္ဆိုင္လာရတဲ့ အေျခအေနကို မဂၤလာျမန္မာ အမႈေဆာင္ညြန္ၾကားေရးမွဴး ေဒါက္တာဖုန္း၀င္းက အခုလို ဗီြအိုေအကိုေျပာျပပါတယ္။

”အလုပ္က တအားကိုေႏွးသြားၿပီးေတာ့ ပထမတလေလာက္တုန္းက မသိသာဘူး။ ဒုတိယလ ေလာက္က်ေတာ့ ေတာ္ေတာ္ ပံုပ်က္လာတယ္။ အခုဟာက စီးပြားေရးလုပ္ငန္းေတြကို တိုက္ရိုက္ႀကီးထိခိုက္တာမ်ဳိးမဟုတ္ေပမယ့္ သိသာတယ္ေလ။ က်ေနာ္တို႔ အလုပ္ၿပီးတဲ့ႏႈန္းက ေတာ္ေတာ္ေလးက်လာတယ္။ ၀န္ထမ္းေတြရဲ႕ စိတ္ကလည္း ကစဥ္႔ကလ်ားျဖစ္တာေပါ့။ Work from home ဆိုတဲ့ အိမ္ကေန အလုပ္လုပ္တယ္ဆိုတာ က်ေနာ္တို႔ ျမန္မာျပည္မွာ တတ္ႏိုင္တဲ့သူေတြကေတာ့ ကိုယ့္အခန္းနဲ႔ကိုယ္ ၀င္ေနၿပီးေတာ့ အလုပ္လုပ္ဖို႔ အဆင္ေျပေနေပမဲ့ ကိုယ့္၀န္ထမ္းေတြက်ေတာ့ အိမ္မွာက်ေတာ့ အမ်ားစုနဲ႔ ေနရတာဆိုေတာ့ တကယ္တမ္းကုိယ္က အလုပ္လုပ္ခ်င္ရင္ေတာင္မွ အိမ္ကအလုပ္ေတြက လႊမ္းမိုးေနေတာ့ အလုပ္ေတြက မၿပီးဘူးျဖစ္ေနတာေပါ့။

ေမး။။ အဲေတာ့ ကိုဗစ္အက်ပ္အတည္းကိုလည္း ရင္ဆိုင္ေနရတယ္။ တဖက္မွာလည္း ေရာဂါထိန္းခ်ဳပ္ေရးလုပ္ေနရသလို တဖက္မွာလည္း စီးပြားေရးလုပ္ငန္းေတြလည္း မျပတ္ေအာင္ဆိုရင္ ဘယ္လိုနည္းလမ္းေတြ ရွိမလဲရွင့္။

ေျဖ။။ အဓိက ေက်ာ္လႊားဖို႔နည္းလမ္းကေတာ့ ႏွစ္မ်ဳိး၊ သံုးမ်ဳိးေလာက္ရွိပါတယ္။ က်ေနာ္ အႀကိဳက္ဆံုးနည္းလမ္းဆိုရင္ေတာ့ ဒီစက္ရံုေတြ၊ ရံုးေတြမွာ မျဖစ္မေန ၀င္ေငြရေအာင္ အလုပ္လုပ္ရမယ့္သူေတြ၊ စီးပြားေရးေကာင္းေအာင္ အလုပ္လုပ္ရမယ့္သူေတြကို က်ေနာ္တို႔ ကိုဗစ္ရွိမရွိ စစ္ေဆးေပးဖို႔ေကာင္းတယ္။ အခုက်ေနာ္တို႔ဆီမွာ Rapid Antigen Test Kit ေတြရွိေနၿပီဆိုေတာ့ အဲဒါေတြနဲ႔ အျမန္ဆံုး စစ္ႏိုင္ပါတယ္။ အဲဒီကေန လူေတြ ေရြးထုတ္ၿပီးေတာ့ ေနေကာင္းတဲ့သူေတြက အနည္းဆံုး ၅၀%ေလာက္က ေနေကာင္းတယ္ဆိုလို႔ရွိရင္ အဲဒီေနေကာင္းတဲ့သူေတြက အလုပ္လုပ္၊ က်န္တဲ့ ေနမေကာင္းတဲ့သူေတြက နား၊ သီးသန္႔ခဲြျခားေစာင့္ၾကည့္။ အဲလိုဆိုရင္ ေရာဂါကိုလည္း ထိန္းႏိုင္မယ္၊ စီးပြားေရးကိုလည္း ျပတ္မသြားေအာင္ ဆက္လုပ္ႏိုင္မယ္လို႔ ထင္ပါတယ္။”

ကိုဗစ္ ကပ္ေရာဂါကူးစက္မႈ စိုးရိမ္ေနရတဲ့ အေျခအေနေၾကာင့္ ေရြးေကာက္ပဲြ က်င္းပမယ့္ရက္ကို ေရႊ႕ဆိုင္းဖို႔ အတိုက္အခံပါတီႀကီးျဖစ္တဲ့ ႀကံခိုင္ဖံြၿဖိဳးေရးနဲ႔ မိတ္ဖက္ပါတီေပါင္း ၂၄ ပါတီက ေတာင္းဆိုထားပါတယ္။ ဒါေပမဲ့ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနနဲ႔ စပ္လ်ဥ္းၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ တနလၤာေန႔က ျပည္သူကို တင္ျပတဲ့ တိုက္ရိုက္ ဗီြဒီယိုမိန္႔ခြန္းမွာ ကူးစက္မႈႏႈန္းျမင့္ေနေပမယ့္လည္း ေရြးေကာက္ပဲြကို သတ္မွတ္ထားတဲ့အတိုင္း က်င္းပႏိုင္ေရး အေသအခ်ာျပင္ဆင္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

ကိုဗစ်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ ထိခိုက်
(Unicode)

COVID-19 ကပ်ရောဂါကူးစက်မှုလှိုင်းဒဏ် အပြင်းအထန်ခံစားနေရတဲ့ရန်ကုန်တိုင်းအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး lockdown နီးပါး ပိတ်ပင်ကန့်သတ်ထားတာကြောင့် စီးပွားရေးလုပ်ငန်းတွေပါ အထိနာလာတဲ့ အရှိန်ရိုက်ခတ်မှုဟာ အခြား တိုင်းနဲ့ ပြည်နယ်က လုပ်ငန်းရှင်တွေကိုပါ သက်ရောက်နေကြောင်း မကွေးတိုင်း SME အသေးစားလုပ်ငန်းရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။

အလားတူ လူမှုအဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေဆိုရင်လည်း ရှေ့ဆက်ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အခြေအနေတွေ ဖြစ်လာနေပြီလို့ မင်္ဂလာမြန်မာ ဒေါက်တာဖုန်းဝင်းက ဆိုပါတယ်။

ကိုဗစ်ကာလ အကျပ်အတည်းတွေရင်ဆိုင်နေရတဲ့ နောက်ဆုံးအခြေအနေတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရသူ နှစ်သောင်းကျော်နဲ့ သေဆုံးသူ ၅၀၀ ကျော်ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ lockdown ကန့်သတ်ချက်တွေ တင်းတင်းကျပ်ကျပ်ချမှတ်ထားပါတယ်။ အထူးသဖြင့် အောက်တိုဘာလ (၅)ရက်နေ့က (CMP) အထည်ချုပ်လုပ်ငန်းတွေ၊ ကုန်ကြမ်းပေး ကုန်ချောယူ လုပ်ငန်းတွေ ပိတ်ပင်ထားတဲ့ ရက်သတ်မှတ်ချက်ကိုအောက်တိုဘာလ ၂၁ ရက်နေ့ထိ တိုးမြှင့်ခဲ့ပါတယ်။ ကပ်ရောဂါကူးစက်မှု အမြင့်ဆုံးအချိန်ရောက်နေတဲ့ ရန်ကုန်တိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ အထိနာလာတဲ့အရှိန်ဟာ အခြားတိုင်းနဲ့ ပြည်နယ်မှာရှိနေတဲ့ လုပ်ငန်းတွေကိုပါ ရိုက်ခိုက်မှုအတော်လေးကြီးမားနေကြောင်း မကွေးတိုင်း စလေမြို့နယ်ကJumjel စားသောက်ကုန် အသေးစားလုပ်ငန်းရှင် မသက်စုဌေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"သက်ရောက်မှုက ပြင်းပါတယ်။ အဓိကက ကျမတို့ အခု ကုန်ကြမ်းတွေ ပြတ်ပါတယ်။ စက်ရုံတွေ ပိတ်ထားတဲ့အတွက် ကုန်ကြမ်းတွေ မှာလို့ မရဘူး။ အဲတော့ ကုန်ချောပြန်ပို့တဲ့နေရာမှာလည်း ဒီကပို့လိုက်တယ်၊ ဟိုမှာက ပွဲရုံတွေက ပိတ်ထားတော့ အော်ဒါရလို့ ကုန်တွေပို့တယ်၊ လမ်းမှာရောက်နေပြီ၊ ဟိုရောက်တော့ ပွဲရုံတွေက ပိတ်နေတော့ ဘယ်လိုမှ ချလို့မရဘူး။ ကျမထင်တယ်။ နောက်ဆုံး စားသောက်ကုန်တွေကအစ ဈေးနှုန်းတွေတက်လာလိမ့်မယ်လို့ ထင်တယ်။ လုပ်ငန်းရှင်တွေမှာလည်း ဘယ်လိုပုံစံနဲ့ သွားရမလဲ အစီအစဉ်ဆွဲလို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။”

ဒါအပြင် ကူးစက်မှုနေရာပေါ်မူတည်ပြီး ကန့်သတ်ထိန်းချုပ်မှုတွေ မတူတဲ့အပေါ်မှာ လုပ်ငန်းတွေ လည်ပတ်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က စီမံခန့်ခွဲမှု လိုအပ်ချက် အများအပြားရှိနေတာတွေ့ရတယ်လို့ မသက်စုဌေးကပြောပါတယ်။

” အခုဟာက ပိုဆိုးတာတခုက တရွာတပုဒ်ဆန်းနေတာ။ တနိုင်ငံလုံး တပြေးညီမဟုတ်တော့ ကိုယ့်မြို့ကိုယ်ရွာ ကိုယ့်အစီအစဉ်နဲ့ကို်ယ် မတူတဲ့အခါ အဲဒါတွေက ပိုဆိုးတယ်။ နောက်ထပ်တခုက အခုလိုရောဂါကာကွယ်ရေး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တာမှန်တယ်ဆိုပေမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတာကျတော့ ဒီအတိုင်းလွှတ်ပေးထားတာ။ ဒီလိုပုံစံမျိုး စီးပွားရေးမှာ ကန့်သတ်ပြီးတော့ ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင်ကြီးနဲ့ လူအုပ်ကြီးက မဲဆွယ်နေတာကြတော့ ဘာမှအရေးမယူပဲ ကြည့်နေတယ်ပေါ့နော်။ အဲဒါဆိုရင် လုပ်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသား အားလုံးကို တပြေးညီကိုင်လိုက်ပေါ့နော်။ စီးပွားရေးကျတော့ ကသိကအောက်ဖြစ်နေပြီး မဲဆွယ်တာတွေကျတော့ ဒီအတိုင်းသွားနေတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့နော်။ ”

ကိုဗစ်ကာလ အကျပ်အတည်း ကြီးကြီးမားမားရင်ဆိုင်နေရသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေသာမက NGO လူထုအခြေပြု အဖွဲ့အစည်းတွေလည်း အခက်အခဲတွေ ရင်ဆိုင်လာရတဲ့ အခြေအနေကို မင်္ဂလာမြန်မာ အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းက အခုလို ဗွီအိုအေကိုပြောပြပါတယ်။

”အလုပ်က တအားကိုနှေးသွားပြီးတော့ ပထမတလလောက်တုန်းက မသိသာဘူး။ ဒုတိယလ လောက်ကျတော့ တော်တော် ပုံပျက်လာတယ်။ အခုဟာက စီးပွားရေးလုပ်ငန်းတွေကို တိုက်ရိုက်ကြီးထိခိုက်တာမျိုးမဟုတ်ပေမယ့် သိသာတယ်လေ။ ကျနော်တို့ အလုပ်ပြီးတဲ့နှုန်းက တော်တော်လေးကျလာတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ကလည်း ကစဉ့်ကလျားဖြစ်တာပေါ့။ Work from home ဆိုတဲ့ အိမ်ကနေ အလုပ်လုပ်တယ်ဆိုတာ ကျနော်တို့ မြန်မာပြည်မှာ တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်အခန်းနဲ့ကိုယ် ဝင်နေပြီးတော့ အလုပ်လုပ်ဖို့ အဆင်ပြေနေပေမဲ့ ကိုယ့်ဝန်ထမ်းတွေကျတော့ အိမ်မှာကျတော့ အများစုနဲ့ နေရတာဆိုတော့ တကယ်တမ်းကိုယ်က အလုပ်လုပ်ချင်ရင်တောင်မှ အိမ်ကအလုပ်တွေက လွှမ်းမိုးနေတော့ အလုပ်တွေက မပြီးဘူးဖြစ်နေတာပေါ့။

မေး။။ အဲတော့ ကိုဗစ်အကျပ်အတည်းကိုလည်း ရင်ဆိုင်နေရတယ်။ တဖက်မှာလည်း ရောဂါထိန်းချုပ်ရေးလုပ်နေရသလို တဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေလည်း မပြတ်အောင်ဆိုရင် ဘယ်လိုနည်းလမ်းတွေ ရှိမလဲရှင့်။

ဖြေ။။ အဓိက ကျော်လွှားဖို့နည်းလမ်းကတော့ နှစ်မျိုး၊ သုံးမျိုးလောက်ရှိပါတယ်။ ကျနော် အကြိုက်ဆုံးနည်းလမ်းဆိုရင်တော့ ဒီစက်ရုံတွေ၊ ရုံးတွေမှာ မဖြစ်မနေ ဝင်ငွေရအောင် အလုပ်လုပ်ရမယ့်သူတွေ၊ စီးပွားရေးကောင်းအောင် အလုပ်လုပ်ရမယ့်သူတွေကို ကျနော်တို့ ကိုဗစ်ရှိမရှိ စစ်ဆေးပေးဖို့ကောင်းတယ်။ အခုကျနော်တို့ဆီမှာ Rapid Antigen Test Kit တွေရှိနေပြီဆိုတော့ အဲဒါတွေနဲ့ အမြန်ဆုံး စစ်နိုင်ပါတယ်။ အဲဒီကနေ လူတွေ ရွေးထုတ်ပြီးတော့ နေကောင်းတဲ့သူတွေက အနည်းဆုံး ၅၀%လောက်က နေကောင်းတယ်ဆိုလို့ရှိရင် အဲဒီနေကောင်းတဲ့သူတွေက အလုပ်လုပ်၊ ကျန်တဲ့ နေမကောင်းတဲ့သူတွေက နား၊ သီးသန့်ခွဲခြားစောင့်ကြည့်။ အဲလိုဆိုရင် ရောဂါကိုလည်း ထိန်းနိုင်မယ်၊ စီးပွားရေးကိုလည်း ပြတ်မသွားအောင် ဆက်လုပ်နိုင်မယ်လို့ ထင်ပါတယ်။”

ကိုဗစ် ကပ်ရောဂါကူးစက်မှု စိုးရိမ်နေရတဲ့ အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ အတိုက်အခံပါတီကြီးဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေးနဲ့ မိတ်ဖက်ပါတီပေါင်း ၂၄ ပါတီက တောင်းဆိုထားပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တနင်္လာနေ့က ပြည်သူကို တင်ပြတဲ့ တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်းမှာ ကူးစက်မှုနှုန်းမြင့်နေပေမယ့်လည်း ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပနိုင်ရေး အသေအချာပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG