သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၅ ယောက်နဲ့ ကူးစက်သူထောင်ကျော်တိုး


ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် ကိုဗစ်သံသယရှိလူနာစာရင်းကို စစ်ဆေးနေသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် ကိုဗစ်သံသယရှိလူနာစာရင်းကို စစ်ဆေးနေသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ နောက်ထပ် ကူးစက်သူ ၁,၀၀၀ ကျော် နဲ့ သေဆုံးသူ ၂၅ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၂,၂၆၈ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁,၀၁၂ ယောက်ထပ်မံတွေရှိခဲ့တာကြောင့် အခုဆိုရင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရသူ ၂၂,၄၄၅ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာလ ၈ ရက် ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၂၅ ယောက် သေဆုံးခဲ့တဲ့အတွက် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅၃၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၄၀၀ နဲ့ သေဆုံးသူ ၃၉ ယောက် ရှိခဲ့ပါတယ်။ အဲဒီကူးစက်ခံရသူ ၁,၄၀၀ ထဲက ၁,၂၅၈ ယောက်က ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ် ဆက် ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသွားသူ နောက်ထပ် ၂၈၂ ယောက်ရှိတာကြောင့်၊ ရောဂါသက်သာပျောက်ကင်းသူ ၆,၃၆၆ ယောက်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

မြန်မာမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၅ ယောက်နဲ့ ကူးစက်သူထောင်ကျော်တိုး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG