သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ ရန္ကုန္ေရာက္ အလုပ္သမားေတြ ေနရပ္ျပန္ခြင့္ေတာင္းခံ


ရန္ကုန္ၿမိဳ႕ အထည္ခ်ဳပ္စက္ရံုတခုရဲ႕ ျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၁၅)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ရန္ကုန္တုိင္းအတြင္း အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ကုိ ရက္ထပ္တိုးထားၿပီး စက္႐ုံ အလုပ္႐ုံေတြ ရပ္နားထားရတာေၾကာင့္ အလုပ္သမားေတြ စား၀တ္ေနေရး ၾကပ္တည္းလာေနသလုိ၊ တခ်ဳိ႕ကေတာ့ ေနရပ္ျပန္ခ်င္ေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပေပးထားပါတယ္။

ကပ္ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တုိးေနတာတာေၾကာင့္ ရန္ကုန္တုိင္းအတြင္း အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ကုိ သက္တမ္းတုိးထားရသလုိ၊ လုပ္ငန္းေတြလည္း ရပ္နားထားရတာေၾကာင့္ အလုပ္သမားေတြ အခက္အခဲနဲ႔ ရင္ဆုိင္လာေနၾကရတာပါ။ ရန္ကုန္တုိင္း ေရႊျပည္သာက စက္႐ုံအလုပ္သမားတဦးျဖစ္တဲ့့ မလင္းလင္းခိုင္ကေတာ့ ၀င္ေငြမရွိတာေၾကာင့္ ေနရပ္ျပန္ခ်င္ၿပီလုိ႔ ေျပာပါတယ္။

“အခုဟာကေတာ့ ရွိတာေလးကို ေရာင္းစားၿပီးေတာ့ ကုန္တာေပါ့ေနာ္၊ အပိုေငြဆုိတာ မရွိဘူးေလ၊ အဲ့လိုမ်ဳိးဆိုတဲ့အခါက်ေတာ့ တိုက္သြားေတာ့ တစ္လေလာက္ သူတို႔ေတာင့္ခံႏိုင္တယ္၊ တစ္လ ႏွစ္လက်ေတာ့ သူတို႔ ေတာင့္မခံႏိုင္ေတာ့ဘူး၊ အဲ့ဒါနဲ႔ အကုန္လံုးက ကဲ ျပန္မယ္၊ ျပန္ၾကမယ္ဆုိေတာ့ အဲ့လိုမ်ဳိး ေတာင္းဆိုတယ္ဆိုတဲ့အခါက်ေတာ့ေလး ျပန္လို႔လည္း မရ အဲ့လိုမ်ဳိးျဖစ္ေနလို႔ေလ။”

နယ္ေတြကေန ရန္ကုန္မွာ အလုပ္လာလုပ္ေနၾကတဲ့ အလုပ္သမားေတြ အေနနဲ႔ လုပ္ငန္းေတြ ရပ္ဆုိင္းထားတဲ့အတြက္ ၀င္ေငြမရွိဘဲ ျဖစ္ေနေပမဲ့ အသုံးစရိတ္ေတြက ေလ်ာ့မသြားတာေၾကာင့္ ေနရပ္ျပန္ခ်င္ေနၾကတာပါ။ ဒါေၾကာင့္လည္း တခ်ဳိ႕ျဖစ္တဲ့နည္းနဲ႔ အိမ္ျပန္ဖုိ႔အထိ စဥ္းစားေနၾကတယ္လုိ႔လည္း ရန္ကုန္တိုင္း ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ အလုပ္လာလုပ္ေနတဲ့ ဦးတင္လိႈင္က ေျပာပါတယ္။

“ဒီမွာေနရတာ အဆင္မေျပလို႔ က်ေနာ္သူငယ္ခ်င္းေတြဆိုရင္ ဟိုရြာကိုေတာင္မွ လမ္းေလွ်ာက္ၿပီးျပန္မယ္၊ တကယ္လို႔ ဖမ္းရရင္ေတာင္ဖမ္း၊ ဖမ္းတာမွ သူတို႔အတြက္ အခက္အခဲကို ေက်ာ္လႊားႏိုင္မယ္ထင္တာေပါ့ေနာ္၊ ဟို အဖမ္းခံလိုက္မယ္ဆိုတဲ့ သေဘာေပ့ါ၊ ဒီမွာက အိမ္ေပၚက နင္းခ်ရင္ ေနစရာကမရွိ၊ သြားဖို႔မရွိေတာ့ မထင္ဘူး၊ ၁၀ ေယာက္တစ္ဖြဲ႔ ၅ ေယာက္တစ္ဖြဲ႔ အဲ့လို လမ္းေလွ်ာက္ျပန္ၿပီးေတာ့ အဖမ္းခံမယ္၊ အဲ့လို စိတ္ကူးေပမဲ့ အခု မနည္းဘူး။ က်ေနာ္တို႔ သူငယ္ခ်င္းေတြကို တားထားတယ္ခင္ဗ်၊ အဲ့အေနအထားထိျဖစ္ေနတယ္။”

အလုပ္မလုပ္ႏုိင္တဲ့ရက္ေတြ ၾကာလာတာနဲ႔အမွ် ေနရပ္ျပန္လုိသူေတြ မ်ားလာေနၿပီး ျပန္ခြင့္ရဖို႔ အကူအညီေတာင္းသူေတြ ရွိေနတယ္လုိ႔လည္း ရန္ကုန္ၿမိဳ႕က ကုလရကိၡတ ပရဟိတအသင္း ဥကၠ႒ ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။ အခက္အခဲျဖစ္လို႔ ရခုိင္ျပည္နယ္က ေရာက္ေနသူေတြထဲက ေနရပ္ျပန္ခ်င္တဲ့ သူေတြကို စာရင္းျပဳစုထားတာ ၂,၀၀၀ ေက်ာ္ေလာက္ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

“အင္း။ က်န္တဲ့ ေဒသက အညာပိုင္းတို႔ ေနာက္ၿပီးေတာ့ စစ္ကိုင္းဘက္တို႔၊ မေကြးဘက္တို႔ အဲ့ဘက္ကလူေတြလည္း အလုပ္သမားေတြ ေတာ္ေတာ္ဒုကၡေရာက္ေနၾကတယ္ေပါ့ေနာ္၊ အိမ္လစာကလည္း မေပးႏိုင္ၾကေတာ့ဘူးျဖစ္ေနတယ္၊ ေနာက္ၿပီးေတာ့ ေနစရိတ္ စားစရိတ္ အကုန္လံုးေပါ့၊ ကေမာက္ကမေတြ ျဖစ္ေနၾကတာေပါ့ေနာ္၊ သူတို႔ေတြက ဒီလကုန္ေလာက္ရင္ မျပန္ႏိုင္ရင္ ေတာ္ေတာ္ေလး အခက္အခဲရွိတယ္၊ တခ်ဳိ႕က်လည္း ငိုေနၿပီးေတာ့ ေျပာၾကတာေပါ့ေနာ္။ စိတ္မေကာင္းစရာေလးေတြ ၾကားရပါတယ္။”

ေနရပ္ျပန္ပို႔ဖို႔ ရခိုင္ျပည္နယ္ အစိုးရအဖဲြ႔နဲ႔ ညိွႏႈိင္းထားၿပီး ကိုဗစ္ကင္းရွင္းေၾကာင္း ေထာက္ခံစာပါရင္ ျပန္လာခြင့္ျပဳမွာျဖစ္ေၾကာင္းလည္း ရခုိင္တိုင္းရင္းသားလူမ်ဳိးေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာပါတယ္။ အခက္အခဲေတြေၾကာင့္ ေနရပ္ျပန္လုိသူ ၇၀၀ ေက်ာ္ စာရင္းကို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားတယ္လုိ႔လည္း ေျပာပါတယ္။

“ဟုတ္ကဲ့။ က်ေနာ္တို႔ကေတာ့ ကိုဗစ္ေရာဂါျပန္႔ပြားတာကိုလည္း မလိုခ်င္ဘူး၊ ဒီဒုကၡေရာက္ေနတဲ့ လူေတြကုိလည္း ကိုယ့္အရပ္ ကိုယ့္ေဒသကို ျပန္ပို႔ခ်င္တယ္၊ အဲ့ဒါေၾကာင့္ တခ်ဳိ႕ အဲ့ထဲမွာ စရိတ္ကို တတ္ႏိုင္တဲ့ လူရွိမယ္၊ စရိတ္မတတ္ႏိုင္တဲ့ လူရွိမယ္၊ စရိတ္တတ္ႏိုင္ရင္ တတ္ႏိုင္သလို မတတ္ႏိုင္ရင္ မတတ္ႏိုင္သလို က်ေနာ္တို႔ အလွဴရွင္မ်ားကို အလွဴခံၿပီးေတာ့ က်ေနာ္တို႔ အေကာင္းဆံုးျဖစ္ေအာင္ ကူညီေဆာင္ရြက္ ေပးသြားပါမယ္။ ဒီကေနၿပီးေတာ့ ဒီလူေတြ စားစရာမရွိလို႔ ဒုကၡေရာက္လို႔ က်ေနာ္တုိ႔က ျပန္ပို႔လိုက္တယ္။ ဒါေပမဲ့ အဲ့ပို႔လိုက္တဲ့ လူေတြေၾကာင့္ ဟိုမွာ ေရာဂါ ရခိုင္မွာ ေရာဂါပိုးျပန္႔ပြားသြားတယ္ဆိုတဲ့ဟာမ်ဳိးကိုလည္း မျဖစ္ေအာင္ဆိုၿပီးေတာ့ က်ေနာ္တို႔က ဒီမွာ Swanb ယူမယ္၊ က်န္းမာေရးစစ္ေဆးမယ္ Negative ျဖစ္မွ က်ေနာ္တုိ႔ ပို႔မွာျဖစ္ပါတယ္။”

ကပ္ေရာဂါေၾကာင့္ စက္႐ုံအလုပ္႐ုံေတြ ပိတ္ထားရတဲ့အခ်ိန္မွာ အခက္အခဲျဖစ္ေနတဲ့ အလုပ္သမားေတြကုိ ကူညီေထာက္ပံ့ဖုိ႔ အလုပ္သမားေရး လႈပ္ရွားသူေတြကလည္း တုိက္တြန္းေနၾကတာပါ။ လုပ္ငန္းေတြ ပိတ္ထားခ်ိန္မွာ အလုပ္သမားေတြကုိ ေထာက္ပံ့ဖုိ႔ အလုပ္သမားေရးလႈပ္ရွားသူေတြနဲ႔ တာ၀န္ရွိသူေတြၾကား အေစာပုိင္းမွာ ေဆြးေႏြးမႈတခ်ဳိ႕ ရွိခဲ့ေပမဲ့ တိက်တဲ့ဆုံးျဖတ္ခ်က္ေတာ့ မရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ရန်ကုန်ရောက် အလုပ်သမားတွေ နေရပ်ပြန်ခွင့်တောင်းခံ

ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ကို ရက်ထပ်တိုးထားပြီး စက်ရုံ အလုပ်ရုံတွေ ရပ်နားထားရတာကြောင့် အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းလာနေသလို၊ တချို့ကတော့ နေရပ်ပြန်ချင်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပေးထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးနေတာတာကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ကို သက်တမ်းတိုးထားရသလို၊ လုပ်ငန်းတွေလည်း ရပ်နားထားရတာကြောင့် အလုပ်သမားတွေ အခက်အခဲနဲ့ ရင်ဆိုင်လာနေကြရတာပါ။ ရန်ကုန်တိုင်း ရွှေပြည်သာက စက်ရုံအလုပ်သမားတဦးဖြစ်တဲ့ မလင်းလင်းခိုင်ကတော့ ဝင်ငွေမရှိတာကြောင့် နေရပ်ပြန်ချင်ပြီလို့ ပြောပါတယ်။

“အခုဟာကတော့ ရှိတာလေးကို ရောင်းစားပြီးတော့ ကုန်တာပေါ့နော်၊ အပိုငွေဆိုတာ မရှိဘူးလေ၊ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ တိုက်သွားတော့ တစ်လလောက် သူတို့တောင့်ခံနိုင်တယ်၊ တစ်လ နှစ်လကျတော့ သူတို့ တောင့်မခံနိုင်တော့ဘူး၊ အဲ့ဒါနဲ့ အကုန်လုံးက ကဲ ပြန်မယ်၊ ပြန်ကြမယ်ဆိုတော့ အဲ့လိုမျိုး တောင်းဆိုတယ်ဆိုတဲ့အခါကျတော့လေး ပြန်လို့လည်း မရ အဲ့လိုမျိုးဖြစ်နေလို့လေ။”

နယ်တွေကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေကြတဲ့ အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် ဝင်ငွေမရှိဘဲ ဖြစ်နေပေမဲ့ အသုံးစရိတ်တွေက လျော့မသွားတာကြောင့် နေရပ်ပြန်ချင်နေကြတာပါ။ ဒါကြောင့်လည်း တချို့ဖြစ်တဲ့နည်းနဲ့ အိမ်ပြန်ဖို့အထိ စဉ်းစားနေကြတယ်လို့လည်း ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာ အလုပ်လာလုပ်နေတဲ့ ဦးတင်လှိုင်က ပြောပါတယ်။

“ဒီမှာနေရတာ အဆင်မပြေလို့ ကျနော်သူငယ်ချင်းတွေဆိုရင် ဟိုရွာကိုတောင်မှ လမ်းလျှောက်ပြီးပြန်မယ်၊ တကယ်လို့ ဖမ်းရရင်တောင်ဖမ်း၊ ဖမ်းတာမှ သူတို့အတွက် အခက်အခဲကို ကျော်လွှားနိုင်မယ်ထင်တာပေါ့နော်၊ ဟို အဖမ်းခံလိုက်မယ်ဆိုတဲ့ သဘောပေ့ါ၊ ဒီမှာက အိမ်ပေါ်က နင်းချရင် နေစရာကမရှိ၊ သွားဖို့မရှိတော့ မထင်ဘူး၊ ၁၀ ယောက်တစ်ဖွဲ့ ၅ ယောက်တစ်ဖွဲ့ အဲ့လို လမ်းလျှောက်ပြန်ပြီးတော့ အဖမ်းခံမယ်၊ အဲ့လို စိတ်ကူးပေမဲ့ အခု မနည်းဘူး။ ကျနော်တို့ သူငယ်ချင်းတွေကို တားထားတယ်ခင်ဗျ၊ အဲ့အနေအထားထိဖြစ်နေတယ်။”

အလုပ်မလုပ်နိုင်တဲ့ရက်တွေ ကြာလာတာနဲ့အမျှ နေရပ်ပြန်လိုသူတွေ များလာနေပြီး ပြန်ခွင့်ရဖို့ အကူအညီတောင်းသူတွေ ရှိနေတယ်လို့လည်း ရန်ကုန်မြို့က ကုလရက္ခိတ ပရဟိတအသင်း ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောပါတယ်။ အခက်အခဲဖြစ်လို့ ရခိုင်ပြည်နယ်က ရောက်နေသူတွေထဲက နေရပ်ပြန်ချင်တဲ့ သူတွေကို စာရင်းပြုစုထားတာ ၂,၀၀၀ ကျော်လောက် ရှိနေတယ်လို့လည်း ပြောပါတယ်။

“အင်း။ ကျန်တဲ့ ဒေသက အညာပိုင်းတို့ နောက်ပြီးတော့ စစ်ကိုင်းဘက်တို့၊ မကွေးဘက်တို့ အဲ့ဘက်ကလူတွေလည်း အလုပ်သမားတွေ တော်တော်ဒုက္ခရောက်နေကြတယ်ပေါ့နော်၊ အိမ်လစာကလည်း မပေးနိုင်ကြတော့ဘူးဖြစ်နေတယ်၊ နောက်ပြီးတော့ နေစရိတ် စားစရိတ် အကုန်လုံးပေါ့၊ ကမောက်ကမတွေ ဖြစ်နေကြတာပေါ့နော်၊ သူတို့တွေက ဒီလကုန်လောက်ရင် မပြန်နိုင်ရင် တော်တော်လေး အခက်အခဲရှိတယ်၊ တချို့ကျလည်း ငိုနေပြီးတော့ ပြောကြတာပေါ့နော်။ စိတ်မကောင်းစရာလေးတွေ ကြားရပါတယ်။”

နေရပ်ပြန်ပို့ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းထားပြီး ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာပါရင် ပြန်လာခွင့်ပြုမှာဖြစ်ကြောင်းလည်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ အခက်အခဲတွေကြောင့် နေရပ်ပြန်လိုသူ ၇၀၀ ကျော် စာရင်းကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့လည်း ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ကတော့ ကိုဗစ်ရောဂါပြန့်ပွားတာကိုလည်း မလိုချင်ဘူး၊ ဒီဒုက္ခရောက်နေတဲ့ လူတွေကိုလည်း ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်ပို့ချင်တယ်၊ အဲ့ဒါကြောင့် တချို့ အဲ့ထဲမှာ စရိတ်ကို တတ်နိုင်တဲ့ လူရှိမယ်၊ စရိတ်မတတ်နိုင်တဲ့ လူရှိမယ်၊ စရိတ်တတ်နိုင်ရင် တတ်နိုင်သလို မတတ်နိုင်ရင် မတတ်နိုင်သလို ကျနော်တို့ အလှူရှင်များကို အလှူခံပြီးတော့ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက် ပေးသွားပါမယ်။ ဒီကနေပြီးတော့ ဒီလူတွေ စားစရာမရှိလို့ ဒုက္ခရောက်လို့ ကျနော်တို့က ပြန်ပို့လိုက်တယ်။ ဒါပေမဲ့ အဲ့ပို့လိုက်တဲ့ လူတွေကြောင့် ဟိုမှာ ရောဂါ ရခိုင်မှာ ရောဂါပိုးပြန့်ပွားသွားတယ်ဆိုတဲ့ဟာမျိုးကိုလည်း မဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့က ဒီမှာ Swanb ယူမယ်၊ ကျန်းမာရေးစစ်ဆေးမယ် Negative ဖြစ်မှ ကျနော်တို့ ပို့မှာဖြစ်ပါတယ်။”

ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတဲ့အချိန်မှာ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကို ကူညီထောက်ပံ့ဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေကလည်း တိုက်တွန်းနေကြတာပါ။ လုပ်ငန်းတွေ ပိတ်ထားချိန်မှာ အလုပ်သမားတွေကို ထောက်ပံ့ဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေကြား အစောပိုင်းမှာ ဆွေးနွေးမှုတချို့ ရှိခဲ့ပေမဲ့ တိကျတဲ့ဆုံးဖြတ်ချက်တော့ မရှိခဲ့ပါဘူး။

XS
SM
MD
LG