သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ အလုပ္လုပ္ခြင့္လက္မွတ္အတု လုပ္ေပးေနတဲ့ ျမန္မာဂုိဏ္းကုိဖမ္းမိ


ျမန္မာေတြ ဦးေဆာင္တဲ့ အေထာက္အထားအတုလုပ္တဲ့ဂိုဏ္းေၾကာင္း သတင္းစာရွင္းလင္းေနပံု( လ၀က)

(Zawgyi/Unicode)

ကုိဗစ္ကာလ ျမန္မာနိုင္ငံသားမ်ားကုိ အလုပ္လုပ္ခြင့္လက္မွတ္တုလုပ္ေပးေနတဲ့ ျမန္မာေတြဦးေဆာင္ေနတဲ့ ဂိုဏ္းကိုဖမ္းဆီးနိုင္ခဲ့ေၾကာင္း ထိုင္းလ၀က က မေန႕က သတင္းစာရွင္းလင္းခဲ့ပါတယ္။ ဒီသတင္းကို မေအးေအးမာ တင္ဆက္ေပးမွာပါ။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ Yannawa နယ္ေျမ၊ Sathupradit လမ္း Lansai Plaza ေစ်းအတြင္းက ဆိုင္ခန္းကိုထိုင္း လူ၀င္မူႀကီးၾကပ္ေရးအာဏာပုိင္ေတြက ၀င္ေရာက္ ရွာေဖြခဲ့ရာမွာ သက္ေသခံ အေထာက္အထားေတြနဲ ့အတူ ျမန္မာႏိုင္ငံသားအမ်ိဳးသားတစ္ဦး နဲ႔ အမ်ိဳးသမီးနွစ္ဦးကိုဖမ္းဆီးခဲ့တာပါ။

သူတို႔ဟာ အေထာက္အထားလက္မွတ္အတု ၊ စာရြက္စာတမ္းအတုဂိုဏ္းျဖစ္တာေၾကာင့္ ဖမ္းဆီးခဲ့တာလို ့ ဘန္ေကာက္ၿမိဳ ႕ ထုိင္းလူ၀င္မူႀကီးၾကပ္ေရးဗ်ဴရို သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာဆုိသြားပါတယ္။

“ဘန္ေကာက္ ျမန္မာသံရံုးအနီးက ေစ်းထဲမွာဖြင့္ထားတဲ့ ကုန္စံုဆိုင္ကေန ျမန္မာနိုင္ငံသား အမ်ားစုရဲ႕ နိုင္ငံကူးစာအုပ္ေတြကုိသက္တမ္းတိုးတာ အလုပ္ခန္ ့အပ္တဲ့ အလုပ္လုပ္ခြင့္ပါမစ္ ေတြ ကို အတုလုပ္ေပးေနတာ၊နွစ္ေပါင္းအတန္ၾကာေနျပီလို့ဆုိပါတယ္။ထိုင္းရဲတပ္ဖြဲ ့က ဖမ္းမိထားတဲ့ ကိုေအာင္သန္းနဲ ့အတူ တျခား ျမန္မာနိုင္ငံသူႏွစ္ဦးကိုလည္း ဖမ္းဆီးထားေၾကာင္း ထိုင္းဘာသာနဲ႔ ရွင္းလင္းခဲ့တာပါ။”

ဒါအျပင္ စာရြက္စာတန္းအတုျပဳလုပ္ရာမွာ သံုးေနတဲ့ တဆိပ္တံုးအတု ေတြနဲ႕ printer တဲ့ သက္ေသခံပစၥည္းေတြကိုလည္း သိမ္းဆီးနိုင္ခဲ့တယ္လို ့ ဆိုပါတယ္။ ေလာေလာဆယ္ဖမ္းမိထားတဲ့ ကိုေအာင္သန္းဟာ ထိုင္းမွာ အေနၾကာေနသူ တစ္ဦးျဖစ္ျပီး အစပုိင္းတုန္းကေတာ့ နိုင္ငံကူးစာအုပ္ အလုပ္ခန္ ့လြာေတြကို ၾကားခံပြဲစား လုပ္ေပးေနရာကေန ေနာက္ပိုင္းမွာ သက္ဆိုင္ရာ ဌာနေတြကို ေလ်ာက္လႊာမတင္ေတာ့ပဲ ကိုယ္တိုင္ စ ာရြက္္စာတမ္းနဲ ့ တဆိပ္တံုးအတုေတြ လုပ္ျပီး ျမန္မာနိုင္ငံသား

တစ္ဦးကို ဘတ္ေငြ ၂၀၀၀ ကေန ၃၀၀၀ အထိအခေၾကးေငြယူျပီး လုပ္ကိုင္ေပးေနတာ ျဖစ္တယ္လို႕ ဆိုပါတယ္။ ကိုဗစ္ကာလမွာ အလုပ္အကုိင္အခက္အခဲ ျဖစ္ေနႀကတဲ့ျမန္မာႏိုင္ငံသားေတြကို လိမ္ညာျပီး အေထာက္အထားေတြ အတုလုပ္တဲ့ဂိုဏ္းျဖစ္တယ္လို႕လည္း ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ်အတုလုပ်ပေးနေတဲ့ မြန်မာဂိုဏ်းကိုဖမ်းမိ

(Unicode)

ကိုဗစ်ကာလ မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်လက်မှတ်တုလုပ်ပေးနေတဲ့ မြန်မာတွေဦးဆောင်နေတဲ့ ဂိုဏ်းကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းလဝက က မနေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Yannawa နယ်မြေ၊ Sathupradit လမ်း Lansai Plaza ဈေးအတွင်းက ဆိုင်ခန်းကိုထိုင်း လူဝင်မူကြီးကြပ်ရေးအာဏာပိုင်တွေက ဝင်ရောက် ရှာဖွေခဲ့ရာမှာ သက်သေခံ အထောက်အထားတွေနဲ့အတူ မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးခဲ့တာပါ။

သူတို့ဟာ အထောက်အထားလက်မှတ်အတု ၊ စာရွက်စာတမ်းအတုဂိုဏ်းဖြစ်တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်မြို့ ထိုင်းလူဝင်မူကြီးကြပ်ရေးဗျူရို သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားပါတယ်။

“ဘန်ကောက် မြန်မာသံရုံးအနီးက ဈေးထဲမှာဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ မြန်မာနိုင်ငံသား အများစုရဲ့ နိုင်ငံကူးစာအုပ်တွေကိုသက်တမ်းတိုးတာ အလုပ်ခန့်အပ်တဲ့ အလုပ်လုပ်ခွင့်ပါမစ် တွေ ကို အတုလုပ်ပေးနေတာ၊နှစ်ပေါင်းအတန်ကြာနေပြီလို့ဆိုပါတယ်။ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားတဲ့ ကိုအောင်သန်းနဲ့အတူ တခြား မြန်မာနိုင်ငံသူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ထိုင်းဘာသာနဲ့ ရှင်းလင်းခဲ့တာပါ။”

ဒါအပြင် စာရွက်စာတန်းအတုပြုလုပ်ရာမှာ သုံးနေတဲ့ တဆိပ်တုံးအတု တွေနဲ့ printer တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်ဖမ်းမိထားတဲ့ ကိုအောင်သန်းဟာ ထိုင်းမှာ အနေကြာနေသူ တစ်ဦးဖြစ်ပြီး အစပိုင်းတုန်းကတော့ နိုင်ငံကူးစာအုပ် အလုပ်ခန့်လွာတွေကို ကြားခံပွဲစား လုပ်ပေးနေရာကနေ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဌာနတွေကို လျောက်လွှာမတင်တော့ပဲ ကိုယ်တိုင် စ ာရွက်စာတမ်းနဲ့ တဆိပ်တုံးအတုတွေ လုပ်ပြီး မြန်မာနိုင်ငံသား

တစ်ဦးကို ဘတ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ အထိအခကြေးငွေယူပြီး လုပ်ကိုင်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလမှာ အလုပ်အကိုင်အခက်အခဲ ဖြစ်နေကြတဲ့မြန်မာနိုင်ငံသားတွေကို လိမ်ညာပြီး အထောက်အထားတွေ အတုလုပ်တဲ့ဂိုဏ်းဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG