သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ အလုပ္သမားေတြအခက္အခဲတိုးလာ


ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကားဂိတ္တခုမွာေတြ႔ရတဲ့ အလုပ္သမားတခ်ိဳ႕။ (ေမ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလမွာ အိမ္မွာေန အမိန္႔ထုတ္ထားၿပီး လုပ္ငန္းေတြ ရပ္ဆုိင္းထားတာေၾကာင့္ အလုပ္သမားေတြ အခက္ေတြ႔ေနတာကုိ ေျဖရွင္းဖုိ႔ အလုပ္သမားေရးလႈပ္ရွားသူေတြ တုိက္တြန္းေနတဲအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ အိမ္မွာပဲ ေနၾကဖို႔ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္းအတြင္း ကုန္ၾကမ္းယူ ကုန္ေခ်ာေပး လုပ္ငန္းေတြကို ရပ္နားထားဖို႔ အရင္က ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ကို ေနာက္ထပ္ ၂ ပတ္ သက္တမ္းတိုးလုိက္တာေၾကာင့္ အလုပ္သမားေတြ အခက္ႀကံဳရမယ့္အေရး စုိးရိမ္ေနၾကတာပါ။ ပထမတစ္ႀကိမ္ ရပ္နားထားစဥ္ကတည္းက အခက္အခဲႀကံဳေနရတဲ့ အလုပ္သမားေတြအေနနဲ႔ အခုေနာက္ထပ္ သက္တမ္းတုိးလုိက္တာေၾကာင့္ အကူအညီေတြ လုိအပ္ေနတယ္လုိ႔လည္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားဖြဲ႕ခ်ဳပ္ လက္ေထာက္အေထြေထြအတြင္းေရးမႈး ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“အလုပ္သမားေတြက အဲ့ဒီၫႊန္ၾကားခ်က္ထြက္ၿပီးကတည္းကိုက သူတို႔ရဲ႕ စိုးရီမ္ခ်က္ေတြကို ေမးလာပါတယ္။ အဲ့ဒါက သူတို႔ အေဆာင္ခေပါ့ေနာ္။ အေဆာင္ခကို သူတို႔ ေတာင္းေနၾကၿပီ၊ မေပးႏိုင္ဘူးဆိုရင္ အဆာင္ကေန ထြက္သြားပါ။ အဲ့လိုမ်ိဳးေျပာထားတယ္ေပါ့။ ပထမ ပိတ္ရက္ ၁၄ ရက္မွာကိုက သူတို႔က အေဆာင္ပိုင္ရွင္ေတြက ေတာင္းပန္ထာားရတာ။ သူတို႔က လုပ္ခလစာ မရေသးလို႔ ခဏေစာင့္ေပးပါဆိုၿပီး ေတာင္းပန္ထားရတာေပါ့ေနာ္။ အခု ေနာက္ထပ္ ၁၄ ရက္ထပ္ပိတ္လိုက္တဲ့ အခါက်ေတာ့ အေဆာင္ပိုင္ရွင္ေတြကလည္း မထားခ်င္ေတာ့တဲ့ အခက္အခဲေတြကို သူတို႔ႀကဳံေနၾကရတယ္။

အဲ့ဒီအခက္အခဲေတြကို သူတို႔တင္ျပၾကပါတယ္။ ေနာက္တစ္ခုက သူတို႔ စားစရာမရွိေတာ့တာ။ လက္ထဲမွာ က်မတို႔ ဒီပိတ္ရက္မတိုင္ခင္ေပါ့၊ ၂၃ ရက္ေန႔မွာေတာ့ သမဂၢရွိတဲ့ စက္႐ုံေတြမွာေတာ့ သမဂၢေတြက အလုပ္ရွင္ေတြနဲ႔ ညႇိႏႈိင္းေပးလို႔ ႀကိဳထုတ္ေငြဆိုၿပီးေတာ့ လက္ထဲမွာ ၅၀,၀၀၀ သို႔မဟုတ္ ၁၀၀,၀၀၀ ရသြားၾကတာရွိတယ္။ ဒါေပမဲ့ အလုပ္သမားအမ်ားစုက သူတို႔လက္ထဲမွာ ႀကိဳထုတ္ေငြမရသြားၾကဘူး။ သူတို႔လက္ထဲမွာ ပိုက္ဆံမရွိေတာ့ စားေသာက္ဖို႔ အခက္အခဲျဖစ္ပါတယ္။”

ဒီကိစၥေတြကို ေျဖရွင္းႏိုင္ဖို႔ အစိုးရကို တင္ျပေတာင္းဆိုထားတယ္လုိ႔လည္း ေျပာပါတယ္။ လူမႈဖူလုံေရး အာမခံထဲမွာ အက်ံဳးမဝင္တဲ့ အလုပ္သမားေတြကို ကူညီပံ့ပိုးမယ့္ အစီအစဥ္အတြက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန တစ္ဆင့္ ရန္ကုန္တိုင္းအစိုးရက စာရင္း ေကာက္ယူေနတာေၾကာင့္ ေန႔စား၊ ယာယီအလုပ္သမားေတြအေနနဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွာ သြားေရာက္စာရင္းေပးၾကဖို႔ ေဒၚၿဖိဳးစႏၵာစိုးက တိုက္တြန္းပါတယ္။

ျမန္မာႏိုင္ငံ စက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမႈးခ်ဳပ္ ဦးသက္ႏွင္းေအာင္က အမိန္႔ၫႊန္ၾကားခ်က္ေတြထုတ္ျပန္တဲ့အခါ အစိုးရအေနနဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးဆက္ေတြကို တြက္ဆၿပီးေဆာင္႐ြက္သင့္တယ္လို႔ သုံးသပ္ပါတယ္။

“အမိန္႔ေတြ၊ ၫႊန္ၾကားခ်က္ေတြကို ထုတ္တဲ့အခါမွာ ေနာက္ဆက္တြဲျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈကို ထည့္သြင္းစဥ္းစားၿပီးေတာ့မွ ဝန္ႀကီးဌာန အခ်င္းခ်င္းညႇိႏႈိင္းၿပီးေတာ့မွာ ထုတ္ျပန္တာမ်ိဳးက ျပည္သူလူထုနဲ႔ တစ္နည္းအားျဖင့္ က်ေနာ္တို႔ အလုပ္သမားႏွင့္ အလုပ္ရွင္ေတြအတြက္ အင္မတန္မွ အဆင္ေျပေစမွာျဖစ္ပါတယ္။ အဲ့ေတာ့ အားကစားဝန္ႀကီးဌာနကပဲ ထုတ္ျပန္သည္ျဖစ္ေစ၊ အလုပ္သမားဝန္ႀကီးဌာနကပဲ ထုတ္ျပန္သည္ျဖစ္ေစေပါ့ေနာ္၊ ျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတြကို တြက္ဆၿပီးေတာ့မွ ျဖစ္လာမယ့္ အခက္အခဲေတြကို ဘယ္လိုေက်ာ္လႊားၾကပါဆိုတဲ့ ၫႊန္ၾကားခ်က္မ်ိဳးေတြပါ ထပ္ဆင့္ၿပီးေတာ့မွ ထုတ္ေပးဖို႔ အေရးတႀကီးလိုအပ္တယ္လို႔ တိုက္တြန္းခ်င္ပါတယ္ခင္ဗ်။”

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေၾကာင့္ လပုိင္းအတြင္း ေသဆုံးသူ ၄၀၀ ေက်ာ္၊ ကူးစက္သူ ၁၉,၀၀၀ ေလာက္အထိ ရွိလာရာက လုပ္ငန္းေတြ ရပ္ဆုိင္းထားဖုိ႔ ညႊန္ၾကားခ်က္ကုိ သက္တမ္းတုိးလုိက္တာလည္း ျဖစ္ပါတယ္။

ကိုဗစ္အကန္႔အသတ္ အလုပ္သမားေတြအခက္အခဲတိုးလာ
please wait

No media source currently available

0:00 0:02:57 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ် အလုပ်သမားတွေအခက်အခဲတိုးလာ

ကိုဗစ်ကပ်ရောဂါကာလမှာ အိမ်မှာနေ အမိန့်ထုတ်ထားပြီး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေတာကို ဖြေရှင်းဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေ တိုက်တွန်းနေတဲအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ကုန်ကြမ်းယူ ကုန်ချောပေး လုပ်ငန်းတွေကို ရပ်နားထားဖို့ အရင်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို နောက်ထပ် ၂ ပတ် သက်တမ်းတိုးလိုက်တာကြောင့် အလုပ်သမားတွေ အခက်ကြုံရမယ့်အရေး စိုးရိမ်နေကြတာပါ။ ပထမတစ်ကြိမ် ရပ်နားထားစဉ်ကတည်းက အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေအနေနဲ့ အခုနောက်ထပ် သက်တမ်းတိုးလိုက်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှုး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“အလုပ်သမားတွေက အဲ့ဒီညွှန်ကြားချက်ထွက်ပြီးကတည်းကိုက သူတို့ရဲ့ စိုးရီမ်ချက်တွေကို မေးလာပါတယ်။ အဲ့ဒါက သူတို့ အဆောင်ခပေါ့နော်။ အဆောင်ခကို သူတို့ တောင်းနေကြပြီ၊ မပေးနိုင်ဘူးဆိုရင် အဆာင်ကနေ ထွက်သွားပါ။ အဲ့လိုမျိုးပြောထားတယ်ပေါ့။ ပထမ ပိတ်ရက် ၁၄ ရက်မှာကိုက သူတို့က အဆောင်ပိုင်ရှင်တွေက တောင်းပန်ထာားရတာ။ သူတို့က လုပ်ခလစာ မရသေးလို့ ခဏစောင့်ပေးပါဆိုပြီး တောင်းပန်ထားရတာပေါ့နော်။ အခု နောက်ထပ် ၁၄ ရက်ထပ်ပိတ်လိုက်တဲ့ အခါကျတော့ အဆောင်ပိုင်ရှင်တွေကလည်း မထားချင်တော့တဲ့ အခက်အခဲတွေကို သူတို့ကြုံနေကြရတယ်။ အဲ့ဒီအခက်အခဲတွေကို သူတို့တင်ပြကြပါတယ်။ နောက်တစ်ခုက သူတို့ စားစရာမရှိတော့တာ။ လက်ထဲမှာ ကျမတို့ ဒီပိတ်ရက်မတိုင်ခင်ပေါ့၊ ၂၃ ရက်နေ့မှာတော့ သမဂ္ဂရှိတဲ့ စက်ရုံတွေမှာတော့ သမဂ္ဂတွေက အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပေးလို့ ကြိုထုတ်ငွေဆိုပြီးတော့ လက်ထဲမှာ ၅၀,၀၀၀ သို့မဟုတ် ၁၀၀,၀၀၀ ရသွားကြတာရှိတယ်။ ဒါပေမဲ့ အလုပ်သမားအများစုက သူတို့လက်ထဲမှာ ကြိုထုတ်ငွေမရသွားကြဘူး။ သူတို့လက်ထဲမှာ ပိုက်ဆံမရှိတော့ စားသောက်ဖို့ အခက်အခဲဖြစ်ပါတယ်။”

ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရကို တင်ပြတောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။ လူမှုဖူလုံရေး အာမခံထဲမှာ အကျုံးမဝင်တဲ့ အလုပ်သမားတွေကို ကူညီပံ့ပိုးမယ့် အစီအစဉ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ တစ်ဆင့် ရန်ကုန်တိုင်းအစိုးရက စာရင်း ကောက်ယူနေတာကြောင့် နေ့စား၊ ယာယီအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ သွားရောက်စာရင်းပေးကြဖို့ ဒေါ်ဖြိုးစန္ဒာစိုးက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်က အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်တဲ့အခါ အစိုးရအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွက်ဆပြီးဆောင်ရွက်သင့်တယ်လို့ သုံးသပ်ပါတယ်။

“အမိန့်တွေ၊ ညွှန်ကြားချက်တွေကို ထုတ်တဲ့အခါမှာ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဝန်ကြီးဌာန အချင်းချင်းညှိနှိုင်းပြီးတော့မှာ ထုတ်ပြန်တာမျိုးက ပြည်သူလူထုနဲ့ တစ်နည်းအားဖြင့် ကျနော်တို့ အလုပ်သမားနှင့် အလုပ်ရှင်တွေအတွက် အင်မတန်မှ အဆင်ပြေစေမှာဖြစ်ပါတယ်။ အဲ့တော့ အားကစားဝန်ကြီးဌာနကပဲ ထုတ်ပြန်သည်ဖြစ်စေ၊ အလုပ်သမားဝန်ကြီးဌာနကပဲ ထုတ်ပြန်သည်ဖြစ်စေပေါ့နော်၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို တွက်ဆပြီးတော့မှ ဖြစ်လာမယ့် အခက်အခဲတွေကို ဘယ်လိုကျော်လွှားကြပါဆိုတဲ့ ညွှန်ကြားချက်မျိုးတွေပါ ထပ်ဆင့်ပြီးတော့မှ ထုတ်ပေးဖို့ အရေးတကြီးလိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။”

ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် လပိုင်းအတွင်း သေဆုံးသူ ၄၀၀ ကျော်၊ ကူးစက်သူ ၁၉,၀၀၀ လောက်အထိ ရှိလာရာက လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ကို သက်တမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG