သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါအျပင္ တျခားက်န္းမာေရး၀န္ေဆာင္မႈ မထိခိုက္ေရးစီစဥ္ေနရ


ရန္ကုန္ၿမိဳ႕ Quaratine Center တခုတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ PPE ဝတ္စံုႏွင့္ လုပ္အားေပးမ်ား။ (ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာပဲ နာတာရွည္ေဝဒနာသည္ေတြ အပါအဝင္ တျခားက်န္းမာေရး ဝန္ေဆာင္မႈေတြပါ ေပးႏိုင္ဖို႔ စိန္ေခၚမႈေတြ ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ လပိုင္းအတြင္း ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္သူ ေသာင္းဂဏန္းအထိ တိုးလာတာေၾကာင့္ အေျခအေနကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရသလို၊ တျခားက်န္းမာေရးဝန္ေဆာင္မႈေတြမွာပါ မထိခိုက္ေအာင္လည္း စီစဥ္ေနရတယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ ကိုဗစ္ပိုးေတြ႕လူနာ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းမွာ ဆိုရင္လည္း လူနာေတြရဲ႕ေရာဂါလကၡဏာေပၚ မူတည္ၿပီး အုပ္စုခြဲအဆင့္သတ္မွတ္ ကုသမႈေပးဖို႔ ေဆး႐ုံႀကီးေတြမွာ ျပင္ဆင္ေနၿပီး၊ ကိုဗစ္နဲ႔မသက္ဆိုင္တဲ့ ေရာဂါအခံရွိထားသူလူနာေတြ လိုအပ္လာလို႔ ေဆး႐ုံတက္ရမယ္ဆိုရင္လည္း ေဆး႐ုံႀကီးေတြမွာ ျပင္ဆင္ထားတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

“လက္ရွိက်မတို႔က ကိုဗစ္ကို အာ႐ုံစိုက္ေနလို႔ က်န္တဲ့ေရာဂါေတြက မျဖစ္ေသးနဲ႔ဦး၊ က်န္တဲ့ေရာဂါေတြနဲ႔ ေဆး႐ုံမတက္နဲ႔ဦးဆိုၿပီး လုပ္လို႔မရပါဘူး။ ကိုဗစ္ျဖစ္ေနလို႔ က်န္တဲ့ေရာဂါေတြကလည္း မျဖစ္ပဲေနမွာမဟုတ္ပါဘူး။ သူတို႔လည္း ဆက္ရွိေနဦးမွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ က်မတို႔အေနနဲ႔ ဒီရာသီမွာ မိမိတို႔မွာနဂိုကတည္းက ေနာက္ခံေရာဂါရွိတဲ့သူဆိုရင္ ထိထိေရာက္ေရာက္ မိမိတို႔ေရာဂါကို သက္ဆိုင္ရာဆရာဝန္နဲ႔ တိုင္ပင္ညႇိႏႈိင္းၿပီး ေသေသခ်ာခ်ာကုသမႈခံယူဖို႔၊ ေဆးေတြကို ဂ႐ုတစိုက္ေသာက္ဖို႔၊ တနည္းအားျဖင့္ေျပာရရင္ ဒီလိုသာထိန္းခ်ဳပ္ႏိုင္လို႔ရွိရင္ သူမ်ားထက္စာလို႔ရွိရင္ ေရာဂါပိုးကူးစက္ႏိုင္ဖို႔၊ ေရာဂါျဖစ္ရင္လည္း ဆိုးဆိုး႐ြား႐ြားျဖစ္ႏိုင္တဲ့ အႏၲရာယ္ကိုလည္း ေလ်ာ့နည္းေစမွာျဖစ္ပါတယ္။ ဒါဟာ အေရးႀကီးဆုံးအခ်က္ ျဖစ္ပါတယ္။ ဒီၾကားထဲမွာပဲ ပိုဆိုးလာတယ္၊ မျဖစ္မေနျပန္ျပရမယ္၊ ထားပါေတာ့ ေက်ာက္ကပ္မေကာင္းလို႔ ေသြးသန႔္စင္ေနရတဲ့သူပဲျဖစ္ျဖစ္၊ အေရးေပၚခြဲစိတ္ကုသဖို႔ လိုတဲ့သူပဲျဖစ္ျဖစ္ ဒါမ်ိဳးေတြျဖစ္ၿပီဆိုရင္လည္း သူတို႔ကုသမႈခံယူရမွာျဖစ္ပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာပိုးေတြ႕အတည္ျပဳလူနာေပါင္း ၁၉,၀၀၀ နီးပါးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၄၄၄ ဦးရွိပါတယ္။ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူေတြနဲ႔ ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာ တျခားေရာဂါေတြေၾကာင့္ ေသဆုံးႏႈန္းကိုလည္း ေလွ်ာ့ခ်ႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

“ေဆး႐ုံတိုင္းအကုန္လုံး ကိုဗစ္တခုတည္း ကုသေပးေနတာ မဟုတ္ပါဘူး။ ကိုဗစ္အျပင္ တျခားေရာဂါေတြကိုလည္း သက္ဆိုင္ရာေဆး႐ုံအသီးသီးကေနၿပီးေတာ့ လိုအပ္တဲ့စစ္ေဆးမႈေတြ ျပဳလုပ္ေပးၿပီးေတာ့ ေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။ အခုလက္ရွိအေနအထားမွေတာ့ ဒီကိုဗစ္ကိုကုေနသလိုပဲ၊ တဘက္ကလည္း တျခားေရာဂါေတြေၾကာင့္ ျဖစ္ပြားေသဆုံးမႈနည္းႏိုင္သမွ် နည္းေအာင္လို႔ သက္ဆိုင္ရာေဆး႐ုံႀကီးေတြမွာ အစီအမံေတြနဲ႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။”

ကိုဗစ္ပိုးေတြ႕လူနာေတြကိုေတာ့ ေဝဘာဂီ၊ ေဖာင္ႀကီးနဲ႔ ေတာင္ဥကၠလာပေဆး႐ုံေတြမွာ အဓိကထားၿပီး ကုသေပးေနရာက ရန္ကုန္ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာ၊ အင္းစိန္နဲ႔ သဃၤန္းကြၽန္း စံျပေဆး႐ုံႀကီးေတြမွာလည္း ထပ္တိုးကုသေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း က်န္းမာေရးအေျခခံမေကာင္းတဲ့သူေတြအတြက္ ပိုၿပီးေတာ့ အႏၲရာယ္ရွိတာေၾကာင့္ ကိုဗစ္ေရာဂါသံသယရွိတာနဲ႔ ေဆး႐ုံေတြဆီ အျမန္ဆုံးသြားေရာက္ၿပီး ကုသမႈခံယူဖို႔ကို အြန္လိုင္းကေနတဆင့္ မိန႔္ခြန္းေျပာရာမွာ တိုက္တြန္းထားပါတယ္။

“အေရးႀကီးတာကေတာ့ ေရာဂါလကၡဏာျပတာနဲ႔ သက္ဆိုင္ရာက်န္းမာေရးဌာနကို သြားဖို႔ပါပဲ။ တခ်ိဳ႕က သြားပါတယ္ေပါ့ေနာ္။ ေဆး႐ုံေတြမွာ သြားတဲ့အခါက်ေတာ့လည္း ကုတင္ေတြေတာင္မွ ေနရာမရွိဘူးလို႔ ဆိုၾကပါတယ္။ ဒါလည္း တခ်ိဳ႕ေနရာေတြမွာျဖစ္တယ္ဆိုတာလည္း မွန္ပါတယ္။ အဲဒါအတြက္လည္း က်မေတာင္းပန္ပါတယ္။ ဒါေပမယ့္ အခုဆိုလို႔ရွိရင္ ေဆး႐ုံေတြလည္း လုံလုံေလာက္ေလာက္ရွိေအာင္၊ ေနာက္ တျခား ကိုဗစ္ေရာဂါကိုကုသဖို႔ ဌာနေတြကို က်မတို႔ က်န္းမာေရးဝန္ႀကီးဌာနကေနၿပီးေတာ့ ထူေထာင္ထားတဲ့ဌာနေတြမွာလည္း ေနရာလုံလုံေလာက္ေလာက္ရွိေအာင္ဆိုၿပီးေတာ့ က်မတို႔စီစဥ္ေနပါတယ္။ စီစဥ္တာလည္း ေတာ္ေတာ္ထိေရာက္ေနၿပီ ျဖစ္ပါတယ္။”

ရန္ကုန္တိုင္းမွာ ကိုဗစ္ပိုးေတြ႕လူနာ ပိုမ်ားလာေနၿပီး၊ ေရာဂါကူးစက္ခံရသူ ျဖစ္ႏိုင္ေပမဲ့လည္း လကၡဏာတစုံတရာ ျပႆနာမရွိဘဲ ပုံမွန္သြားလာေနရာက ေရာဂါျပန႔္ပြားႏႈန္း ပိုျမင့္သြားႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးထားပါတယ္။ ရန္ကုန္တိုင္းအတြင္းေနထိုင္သူေတြကို မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ အသြားအလာကန႔္သတ္ထားသလို၊ ကိုယ္ေနထိုင္ရာၿမိဳ႕နယ္ကို ေက်ာ္လြန္ၿပီး မသြားဖို႔ကိုလည္း သတိေပးထားၿပီး မလိုက္နာသူေတြကို အေရးယူသြားမယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါအပြင် တခြားကျန်းမာရေးဝန်ဆောင်မှု မထိခိုက်ရေးစီစဉ်နေရ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နာတာရှည်ဝေဒနာသည်တွေ အပါအဝင် တခြားကျန်းမာရေး ဝန်ဆောင်မှုတွေပါ ပေးနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကပ်ရောဂါကူးစက်မှုတွေကြောင့် လပိုင်းအတွင်း သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူ သောင်းဂဏန်းအထိ တိုးလာတာကြောင့် အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေရသလို၊ တခြားကျန်းမာရေးဝန်ဆောင်မှုတွေမှာပါ မထိခိုက်အောင်လည်း စီစဉ်နေရတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ဆိုရင်လည်း လူနာတွေရဲ့ရောဂါလက္ခဏာပေါ် မူတည်ပြီး အုပ်စုခွဲအဆင့်သတ်မှတ် ကုသမှုပေးဖို့ ဆေးရုံကြီးတွေမှာ ပြင်ဆင်နေပြီး၊ ကိုဗစ်နဲ့မသက်ဆိုင်တဲ့ ရောဂါအခံရှိထားသူလူနာတွေ လိုအပ်လာလို့ ဆေးရုံတက်ရမယ်ဆိုရင်လည်း ဆေးရုံကြီးတွေမှာ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“လက်ရှိကျမတို့က ကိုဗစ်ကို အာရုံစိုက်နေလို့ ကျန်တဲ့ရောဂါတွေက မဖြစ်သေးနဲ့ဦး၊ ကျန်တဲ့ရောဂါတွေနဲ့ ဆေးရုံမတက်နဲ့ဦးဆိုပြီး လုပ်လို့မရပါဘူး။ ကိုဗစ်ဖြစ်နေလို့ ကျန်တဲ့ရောဂါတွေကလည်း မဖြစ်ပဲနေမှာမဟုတ်ပါဘူး။ သူတို့လည်း ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့အနေနဲ့ ဒီရာသီမှာ မိမိတို့မှာနဂိုကတည်းက နောက်ခံရောဂါရှိတဲ့သူဆိုရင် ထိထိရောက်ရောက် မိမိတို့ရောဂါကို သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ညှိနှိုင်းပြီး သေသေချာချာကုသမှုခံယူဖို့၊ ဆေးတွေကို ဂရုတစိုက်သောက်ဖို့၊ တနည်းအားဖြင့်ပြောရရင် ဒီလိုသာထိန်းချုပ်နိုင်လို့ရှိရင် သူများထက်စာလို့ရှိရင် ရောဂါပိုးကူးစက်နိုင်ဖို့၊ ရောဂါဖြစ်ရင်လည်း ဆိုးဆိုးရွားရွားဖြစ်နိုင်တဲ့ အန္တရာယ်ကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါဟာ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ဒီကြားထဲမှာပဲ ပိုဆိုးလာတယ်၊ မဖြစ်မနေပြန်ပြရမယ်၊ ထားပါတော့ ကျောက်ကပ်မကောင်းလို့ သွေးသန့်စင်နေရတဲ့သူပဲဖြစ်ဖြစ်၊ အရေးပေါ်ခွဲစိတ်ကုသဖို့ လိုတဲ့သူပဲဖြစ်ဖြစ် ဒါမျိုးတွေဖြစ်ပြီဆိုရင်လည်း သူတို့ကုသမှုခံယူရမှာဖြစ်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာပိုးတွေ့အတည်ပြုလူနာပေါင်း ၁၉,၀၀၀ နီးပါးရှိနေပြီး၊ သေဆုံးသူကတော့ ၄၄၄ ဦးရှိပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်မှုတွေ တိုးလာနေချိန်မှာ တခြားရောဂါတွေကြောင့် သေဆုံးနှုန်းကိုလည်း လျှော့ချနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ဆေးရုံတိုင်းအကုန်လုံး ကိုဗစ်တခုတည်း ကုသပေးနေတာ မဟုတ်ပါဘူး။ ကိုဗစ်အပြင် တခြားရောဂါတွေကိုလည်း သက်ဆိုင်ရာဆေးရုံအသီးသီးကနေပြီးတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပေးပြီးတော့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုလက်ရှိအနေအထားမှတော့ ဒီကိုဗစ်ကိုကုနေသလိုပဲ၊ တဘက်ကလည်း တခြားရောဂါတွေကြောင့် ဖြစ်ပွားသေဆုံးမှုနည်းနိုင်သမျှ နည်းအောင်လို့ သက်ဆိုင်ရာဆေးရုံကြီးတွေမှာ အစီအမံတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။”

ကိုဗစ်ပိုးတွေ့လူနာတွေကိုတော့ ဝေဘာဂီ၊ ဖောင်ကြီးနဲ့ တောင်ဥက္ကလာပဆေးရုံတွေမှာ အဓိကထားပြီး ကုသပေးနေရာက ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာ၊ အင်းစိန်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွေမှာလည်း ထပ်တိုးကုသပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျန်းမာရေးအခြေခံမကောင်းတဲ့သူတွေအတွက် ပိုပြီးတော့ အန္တရာယ်ရှိတာကြောင့် ကိုဗစ်ရောဂါသံသယရှိတာနဲ့ ဆေးရုံတွေဆီ အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ကို အွန်လိုင်းကနေတဆင့် မိန့်ခွန်းပြောရာမှာ တိုက်တွန်းထားပါတယ်။

“အရေးကြီးတာကတော့ ရောဂါလက္ခဏာပြတာနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနကို သွားဖို့ပါပဲ။ တချို့က သွားပါတယ်ပေါ့နော်။ ဆေးရုံတွေမှာ သွားတဲ့အခါကျတော့လည်း ကုတင်တွေတောင်မှ နေရာမရှိဘူးလို့ ဆိုကြပါတယ်။ ဒါလည်း တချို့နေရာတွေမှာဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။ အဲဒါအတွက်လည်း ကျမတောင်းပန်ပါတယ်။ ဒါပေမယ့် အခုဆိုလို့ရှိရင် ဆေးရုံတွေလည်း လုံလုံလောက်လောက်ရှိအောင်၊ နောက် တခြား ကိုဗစ်ရောဂါကိုကုသဖို့ ဌာနတွေကို ကျမတို့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ထူထောင်ထားတဲ့ဌာနတွေမှာလည်း နေရာလုံလုံလောက်လောက်ရှိအောင်ဆိုပြီးတော့ ကျမတို့စီစဉ်နေပါတယ်။ စီစဉ်တာလည်း တော်တော်ထိရောက်နေပြီ ဖြစ်ပါတယ်။”

ရန်ကုန်တိုင်းမှာ ကိုဗစ်ပိုးတွေ့လူနာ ပိုများလာနေပြီး၊ ရောဂါကူးစက်ခံရသူ ဖြစ်နိုင်ပေမဲ့လည်း လက္ခဏာတစုံတရာ ပြဿနာမရှိဘဲ ပုံမှန်သွားလာနေရာက ရောဂါပြန့်ပွားနှုန်း ပိုမြင့်သွားနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။ ရန်ကုန်တိုင်းအတွင်းနေထိုင်သူတွေကို မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ အသွားအလာကန့်သတ်ထားသလို၊ ကိုယ်နေထိုင်ရာမြို့နယ်ကို ကျော်လွန်ပြီး မသွားဖို့ကိုလည်း သတိပေးထားပြီး မလိုက်နာသူတွေကို အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG