သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္ရုံပိတ္လုိ႔ ဒုကၡေရာက္ေနတဲ့ အလုပ္သမားေတြ လစာရဖုိ႔ အလုပ္သမားအဖြဲ႔ေတာင္းဆုိ


ေမလ ၈ ရက္ေန႔တုန္းက ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္ရံုတခု

(Zawgyi/Unicode)

ရန္ကုန္မွာ ကိုဗစ္ကာကြယ္ေရးအတြက္ စက္ရံုေတြကို လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က စပိတ္လိုက္ၿပီျဖစ္တာေၾကာင့္ အလုပ္လုပ္ခဲ့ၿပီး လစာမရေသးဘဲ ဒုကၡေရာက္ေနတဲ့ လုပ္သားေတြ သူတုိ႔ထုိက္တန္တဲ့လစာရဖုိ႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္က ေတာင္းဆိုလိုက္ပါတယ္။

အလုပ္သမားအဖြဲ႔ခ်ဳပ္ရွိတဲ့ စက္ရံုေတြက အလုပ္သမားတခ်ဳိ႕ ႀကိဳတင္ေငြရခဲ့ေပမဲ့ မရခဲ့တဲ့ အလုပ္သမားအမ်ားစုဟာ အရင္တႀကိမ္ အလုပ္ရုံေတြပိတ္ကကတည္းက ဒုကၡေရာက္ခဲ့ၾကတယ္လို႔ ေျပာပါတယ္။ ဗီြအုိေအ ၀ုိင္းေတာ္သား ကုိ၀င္းမင္းက အလုပ္မသားေတြရဲ႕ ေနာက္ဆုံး အေျခအေနနဲ႔ပတ္ လက္ေထာက္ အေတြေထြအတြင္းေရးမွဴးကို ေမးရာမွာ မၿဖိဳးစႏၵာစိုးက အခုလို စရွင္းျပပါတယ္။

မၿဖိဳးစႏၵာစိုး။ ။ ဒီလုပ္ခလစာကို သူတို႔ဘယ္ေန႔မွာ ထုတ္ဖို႔ ေမ်ာ္မွန္းထားသလဲဆိုရင္ ေအာက္တိုဘာလ ၅ ၊ ၆ ၊ ၇ ရက္ေန႔ ေပါေ့နာ္။ သို႔ေသ္ာလည္း အစိုးရကေန ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ထပ္ၿပီးေတာ့ ယာယီရပ္နားထားတဲ့ ပိတ္ရက္ကို ထပ္ၿပီးေတာ့ တိုးျမင့္လိုက္ပါတယ္။ အဲဒါကေတာ့ ေအာက္တိုဘာလ ၂၁ ရက္ေန႔အထိပါ။ အဲဒီလို ပိတ္ရက္ ထပ္တိုးလိုက္တဲ့အခ်ိန္မွာ အလုပ္ရွင္ေတြက ျပန္ဖြင့္မွပဲ ေပးမယ္လို႔ ေျပာတဲ့အခ်ိန္မွာ ဘာျဖစ္ကုန္သလဲဆိုေတာ့ စားဖို႔မရွိ ျဖစ္ၾကတယ္။ ၿပီးလို႔ရွိရင္ အိမ္ဌားေနတဲ့သူေတြ အေဆာင္ဌားေနသူေတြကို ဒီ အေဆာင္ပိုင္ရွင္ေတြကေနၿပီးေတာ့ ထြက္သြားပါ ဒီအေဆာင္ခမေပးႏိုင္ဘူးဆိုရင္ အဲလိုေတြ ေျပာတယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ သူတို႔ ဖိအားေတြ ခံစားရတယ္။ ေနာက္တခ်က္ကေတာ့ လူမႈဖူလံုေရးအဖြဲ႔ကေနၿပီးေတာ့ သူတို႔ကို ၄၀ ရာခိုင္ႏႈန္း ျပန္ေပးမယ္ေပါ့ေနာ္။ ဒါေပမယ့္ ဘာအခက္အခဲရွိသလဲဆိုရင္ လူမႈဖူလံုေရးအျဖစ္ ျပန္ေပးမယ္ဆိုရင္ သူတို႔ ရမရ နဲ႔ ၀င္ေငြက တလလံုးေနမွ ၅ ေသာင္း ၀န္းက်င္ေလာက္ပဲ သူတို႔ ရမွာေပါ့ေနာ္။ အဲဒီအခ်ိန္မွာ သူတို႔ရဲ႕ အေဆာင္ခက ၅ ေသာင္း၊ ၆ ေသာင္း၊ ၇ ေသာင္းေလာက္ရွိၾကတယ္ အိမ္ဌားခေတြက ။ ဒါေတာင္ လူမႈဖူလံုေရးက ပိုက္ဆံမရၾကေသးဘူး။ ရခဲ့ရင္ေတာင္ သူတို႔က ဘာနဲ႔ သြားစားမလဲဆိုတဲ့ဟာ သူတို႔ ေတာ္ေတာ္ႀကီးကို ဒုကၡမ်ားေနၾကပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အခုေတာ့ လခထုတ္ေပးဖို႔ UMFCCI ေပါ့ေနာ္ ကုန္သည္ စက္မႈအသင္းခ်ဳပ္နဲ႔ ရန္ကုန္တိုင္းအစိုးရတို႔ ညိွႏႈိင္းေဆြးေႏြး ထားၾကတာ ရွိပါတယ္။

မၿဖိဳးစႏၵာစိုး။ ။အဲဒါကေတာ့ က်မတို႔ ဒီ ညႊန္ၾကားခ်က္ ၅ ရက္ေန႔ ထြက္ကတည္းကိုက က်မတို႔ အဖြဲ႔ခ်ဳပ္ေတြကေတာ့ ၆ ရက္ေန႔ အလုပ္လုပ္တယ္၊ ၇ ရက္ေန႔ အလုပ္လုပ္ပါတယ္။ ဆိုေတာ့ ဒီ စက္ရံုအလုပ္ရံုေတြမွာ က်မတို႔ရဲ႕ သမဂၢ အဖြဲ႔၀င္ေတြကို အတတ္ႏုိင္ဆံုး အလုပ္ရွင္နဲ႔ ညိွႏိႈင္းပါ။ လုပ္အားခကို ၈၊ ၉၊ ၁၀ တရက္ရက္မွာ ေပးဖို႔အတြက္ ျပင္ဆင္ေပးပါ။ ေနာက္ၿပီးေတာ့ လစာထုတ္တဲ့အခ်ိန္မွာလည္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ လမ္းညြန္ခ်က္နဲ႔အညီ ထုတ္ေပးႏိုင္ေအာင္အတြက္ကို စီစဥ္ေပးပါလို႔ က်မတို႔က Urgent ညိွခိုင္းတယ္။ ညိွခိုင္းတဲ့အခါက်ေတာ့ က်မတို႔ အဖြဲ႔၀င္ေတြကလည္း အဆင္ေျပပါတယ္။ အဆင္မေျပတဲ့ စက္ရံုအမ်ားအျပားလည္း ေပၚထြက္လာပါတယ္။ အဲဒီအခ်ိန္မွာ က်မတို႔က လုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္မွာ က်မတို႔က အဆင္မေျပတဲ့စက္ရံု ဒီေအာက္တိုဘာလ ၂၂ ရက္ေန႔ ၂၃ ရက္ေန႔ ၂၄ ရက္ေန႔မွာ လစာထုတ္ေပးမယ္လို႔ ေျပာတဲ့ စက္ရံုေတြရဲ႕ အမည္စာရင္းေတြကို ေပးပို႔ေပးတယ္။ အလုပ္ရွင္အဖဲြ႔ခ်ဳပ္ကို ဒီအေပၚမွာ ပူးေပါင္းေဆာင္ရြက္ေပးပါလို႔ ေျပာတယ္။ ေျပာတဲ့အခါမွာ ဒါက ေကာင္းတဲ့သတင္းပါ အဲဒါကေတာ့ ေအာက္တိုဘာလ ၇ ရက္ေန႔ ညေနပိုင္းမွာ က်မတို႔ MGMA လို႔ေခၚတဲ့ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက အလုပ္ရွင္ေတြအေနနဲ႔ သူတို႔အဖြဲ႔၀င္ေတြအေနနဲ႔ အလုပ္သမားေတြကို လုပ္ခလစာေပး ေပးပါ။ ဒါကတခုေပါ့ ေနာက္တခုက ရန္ကုန္တိုင္း အစိုးရအေနနဲ႔လည္း လုပ္ခလစာ ေပးဖို႔အတြက္ကို သက္ဆိုင္ရာမွာရွိတဲ့ အေထြေထြ အုပ္ခ်ဳပ္ေရးေတြ ၊ အလုပ္ရွင္ အလုပ္သမားေတြ ညိွႏိႈင္းေဆြးေႏြးဖို႔အတြက္ဆိုတာကို ခြင့္ျပဳတယ္လို႔ သိရပါတယ္။ အဲဒီေတာ့ က်မတို႔က ဒီေန႔မနက္ပိုင္းမွာတည္းကိုက စၿပီးေတာ့ အလုပ္ထြက္လုပ္ရဦးမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ မေပးေသးတဲ့ အလုပ္ရွင္ေတြ အမ်ားႀကီး ရွိေနပါေသးတယ္ ။ အားလံုးေပါင္း စုစုေပါင္း အလုပ္ရံု ၃၀ ေလာက္ကပဲ ရေသးတယ္။ လုပ္အားခ ကို ၈၊ ၉၊ ၁၀ ရက္ ထုတ္ေပးမယ္ဆိုတာ အဲဒါေၾကာင့္မို႔ က်မတို႔ အလုပ္ရွင္ေတြနဲ႔ ညိွႏိႈင္းမယ္ ။ ညိွႏိႈင္းလံုး စက္ရံုအဆင့္မွာ အလုပ္ရွင္နဲ႔ အဆင္မေျပရင္ အလုပ္ရွင္အဖြဲ႔ခ်ဳပ္ကို စာရင္းကို ေပးပို႔ပါမယ္။ အကူအညီ ေတာင္းခံပါမယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ ေနာက္တခုက အလုပ္သမားေတြ အေနနဲ႔ေပါေ့နာ္ တခ်ိဳ႕က ဒီ လူမႈဖူလံုေရးက မရႏိုင္ေသးတဲ့ လုပ္သားေတြလည္း ရွိတဲ့အေၾကာင္း ေၾကညာခ်က္ထဲမွာ က်ေနာ္ေတြ႔ရပါတယ္။ သူတို႔အတြက္ေရာ ဘာေျပာခ်င္ေသးသလဲ။

မၿဖိဳးစႏၵာစိုး။ ။ေန႔စားအလုပ္သမားေတြ၊ ေဆာက္လုပ္ေရးအလုပ္သမားေတြ ၊ ေမာ္ေတာ္ဆိုင္ကယ္၊ Taxi ေမာင္းတဲ့ သူေတြ အမ်ားႀကီးပဲ ဒုကၡေရာက္ေနၾကပါတယ္ ကုန္တင္ကုန္ခ်အလုပ္သမားေတြေရာေပါ့ေနာ္။ အလုပ္ထပ္လုပ္လို႔ မရေတာ့ပါဘူး အကုန္လံုး ရပ္နားထားရတာျဖစ္ပါတယ္။ ဆိုေတာ့ ဒီလိုမ်ိဳး အလုပ္သမားေတြဆိုရင္ ေသခ်ာတယ္ လူမႈဖူလံုေရး အာမခံ လုပ္သားေတြထဲမွာလည္း အႀကံဳးမ၀င္တာေၾကာင့္ သူတို႔ရဲ႕ စား၀တ္ေနေရး အက်ပ္အတည္းက ပိုၿပီးေတာ့ ၾကီးပါတယ္။ ႀကီးတဲ့အတြက္ က်မတို႔က အတတ္ႏိုင္ဆံုးအလုပ္သမားေတြအေနနဲ႔ မိမိရပ္ရြာေဒသမွာရွိတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးေတြ ၿမိဳ႕နယ္ေတြမွာ ရွိတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးေတြကို အေၾကာင္းၾကားထားေပးပါလို႔ အလုပ္သမားေတြကိုလည္း က်မတို႔ ႏိႈးေဆာ္ထားတာ။ ႏိုင္ငံေတာ္ကေနၿပီးေတာ့ လာေကာက္တဲ့အခ်ိန္မွာ သူတို႔စာရင္းေတြ ပါသြားေအာင္လို႔ အစိုးရကေတာ့ ဘယ္လို ပံုစံမ်ိဳးနဲ႔ ေကာက္ေနတယ္ဆိုတာကေတာ့ က်မတို႔ မသိရေသးဘူး ဒါေပမယ့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႔ရဲ႕ အလုပ္သမား၀န္ႀကီး ေဒၚမိုးမိုးစုၾကည္ရဲ႕ ေျပာၾကားခ်က္အရေတာ့ ၆ သိန္း ၈ ေသာင္းေက်ာ္ေလာက္ေပါ့ေနာ္ စာရင္းကိုေတာ့ ေကာက္ခံထားၿပီးၿပီလို႔ ေျပာတယ္ေပါ့ေနာ္ ။ ဆိုေတာ့ အဲဒါကေတာ့ ဘယ္အခ်ိန္မွာ ေပးသြားမလဲဆိုတာကေတာ့ က်မတို႔ မသိရေသးဘူး ။ ဒါေၾကာင့္မို႔ အစိုးရအေနနဲ႔ကေတာ ့ဒီကာလမွာေတာ့ အတတ္ႏိုင္ဆံုး အျမန္ဆံုးေပးေပးဖို႔အတြက္ကို က်မတို႔အေနနဲ႔ အနူးအညႊန္႔ ေမတၱာရပ္ခံခ်င္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ႀကံဳေနရတဲ့အက်ပ္အတည္းေတြကို ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ ေက်ာ္လႊားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

စက်ရုံပိတ်လို့ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေ လစာရဖို့ အလုပ်သမားအဖွဲ့တောင်းဆို

(Unicode)

ရန်ကုန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် စက်ရုံတွေကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က စပိတ်လိုက်ပြီဖြစ်တာကြောင့် အလုပ်လုပ်ခဲ့ပြီး လစာမရသေးဘဲ ဒုက္ခရောက်နေတဲ့ လုပ်သားတွေ သူတို့ထိုက်တန်တဲ့လစာရဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

အလုပ်သမားအဖွဲ့ချုပ်ရှိတဲ့ စက်ရုံတွေက အလုပ်သမားတချို့ ကြိုတင်ငွေရခဲ့ပေမဲ့ မရခဲ့တဲ့ အလုပ်သမားအများစုဟာ အရင်တကြိမ် အလုပ်ရုံတွေပိတ်ကကတည်းက ဒုက္ခရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုဝင်းမင်းက အလုပ်မသားတွေရဲ့ နောက်ဆုံး အခြေအနေနဲ့ပတ် လက်ထောက် အတွေထွေအတွင်းရေးမူးကို မေးရာမှာ မဖြိုးစန္ဒာစိုးက အခုလို စရှင်းပြပါတယ်။

မဖြိုးစန္ဒာစိုး။ ။ ဒီလုပ်ခလစာကို သူတို့ဘယ်နေ့မှာ ထုတ်ဖို့ မျော်မှန်းထားသလဲဆိုရင် အောက်တိုဘာလ ၅ ၊ ၆ ၊ ၇ ရက်နေ့ ပေါေ့နာ်။ သို့သေ်ာလည်း အစိုးရကနေ အောက်တိုဘာလ ၅ ရက်နေ့မှာ ထပ်ပြီးတော့ ယာယီရပ်နားထားတဲ့ ပိတ်ရက်ကို ထပ်ပြီးတော့ တိုးမြင့်လိုက်ပါတယ်။ အဲဒါကတော့ အောက်တိုဘာလ ၂၁ ရက်နေ့အထိပါ။ အဲဒီလို ပိတ်ရက် ထပ်တိုးလိုက်တဲ့အချိန်မှာ အလုပ်ရှင်တွေက ပြန်ဖွင့်မှပဲ ပေးမယ်လို့ ပြောတဲ့အချိန်မှာ ဘာဖြစ်ကုန်သလဲဆိုတော့ စားဖို့မရှိ ဖြစ်ကြတယ်။ ပြီးလို့ရှိရင် အိမ်ဌားနေတဲ့သူတွေ အဆောင်ဌားနေသူတွေကို ဒီ အဆောင်ပိုင်ရှင်တွေကနေပြီးတော့ ထွက်သွားပါ ဒီအဆောင်ခမပေးနိုင်ဘူးဆိုရင် အဲလိုတွေ ပြောတယ်ပေါ့နော်။ အဲဒီအချိန်မှာ သူတို့ ဖိအားတွေ ခံစားရတယ်။ နောက်တချက်ကတော့ လူမှုဖူလုံရေးအဖွဲ့ကနေပြီးတော့ သူတို့ကို ၄၀ ရာခိုင်နှုန်း ပြန်ပေးမယ်ပေါ့နော်။ ဒါပေမယ့် ဘာအခက်အခဲရှိသလဲဆိုရင် လူမှုဖူလုံရေးအဖြစ် ပြန်ပေးမယ်ဆိုရင် သူတို့ ရမရ နဲ့ ဝင်ငွေက တလလုံးနေမှ ၅ သောင်း ဝန်းကျင်လောက်ပဲ သူတို့ ရမှာပေါ့နော်။ အဲဒီအချိန်မှာ သူတို့ရဲ့ အဆောင်ခက ၅ သောင်း၊ ၆ သောင်း၊ ၇ သောင်းလောက်ရှိကြတယ် အိမ်ဌားခတွေက ။ ဒါတောင် လူမှုဖူလုံရေးက ပိုက်ဆံမရကြသေးဘူး။ ရခဲ့ရင်တောင် သူတို့က ဘာနဲ့ သွားစားမလဲဆိုတဲ့ဟာ သူတို့ တော်တော်ကြီးကို ဒုက္ခများနေကြပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုတော့ လခထုတ်ပေးဖို့ UMFCCI ပေါ့နော် ကုန်သည် စက်မှုအသင်းချုပ်နဲ့ ရန်ကုန်တိုင်းအစိုးရတို့ ညှိနှိုင်းဆွေးနွေး ထားကြတာ ရှိပါတယ်။

မဖြိုးစန္ဒာစိုး။ ။အဲဒါကတော့ ကျမတို့ ဒီ ညွှန်ကြားချက် ၅ ရက်နေ့ ထွက်ကတည်းကိုက ကျမတို့ အဖွဲ့ချုပ်တွေကတော့ ၆ ရက်နေ့ အလုပ်လုပ်တယ်၊ ၇ ရက်နေ့ အလုပ်လုပ်ပါတယ်။ ဆိုတော့ ဒီ စက်ရုံအလုပ်ရုံတွေမှာ ကျမတို့ရဲ့ သမဂ္ဂ အဖွဲ့ဝင်တွေကို အတတ်နိုင်ဆုံး အလုပ်ရှင်နဲ့ ညှိနှိုင်းပါ။ လုပ်အားခကို ၈၊ ၉၊ ၁၀ တရက်ရက်မှာ ပေးဖို့အတွက် ပြင်ဆင်ပေးပါ။ နောက်ပြီးတော့ လစာထုတ်တဲ့အချိန်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့အညီ ထုတ်ပေးနိုင်အောင်အတွက်ကို စီစဉ်ပေးပါလို့ ကျမတို့က Urgent ညှိခိုင်းတယ်။ ညှိခိုင်းတဲ့အခါကျတော့ ကျမတို့ အဖွဲ့ဝင်တွေကလည်း အဆင်ပြေပါတယ်။ အဆင်မပြေတဲ့ စက်ရုံအများအပြားလည်း ပေါ်ထွက်လာပါတယ်။ အဲဒီအချိန်မှာ ကျမတို့က လုပ်ငန်းရှင်များအဖွဲ့ချုပ်မှာ ကျမတို့က အဆင်မပြေတဲ့စက်ရုံ ဒီအောက်တိုဘာလ ၂၂ ရက်နေ့ ၂၃ ရက်နေ့ ၂၄ ရက်နေ့မှာ လစာထုတ်ပေးမယ်လို့ ပြောတဲ့ စက်ရုံတွေရဲ့ အမည်စာရင်းတွေကို ပေးပို့ပေးတယ်။ အလုပ်ရှင်အဖွဲ့ချုပ်ကို ဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောတယ်။ ပြောတဲ့အခါမှာ ဒါက ကောင်းတဲ့သတင်းပါ အဲဒါကတော့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ ကျမတို့ MGMA လို့ခေါ်တဲ့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အလုပ်ရှင်တွေအနေနဲ့ သူတို့အဖွဲ့ဝင်တွေအနေနဲ့ အလုပ်သမားတွေကို လုပ်ခလစာပေး ပေးပါ။ ဒါကတခုပေါ့ နောက်တခုက ရန်ကုန်တိုင်း အစိုးရအနေနဲ့လည်း လုပ်ခလစာ ပေးဖို့အတွက်ကို သက်ဆိုင်ရာမှာရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးတွေ ၊ အလုပ်ရှင် အလုပ်သမားတွေ ညှိနှိုင်းဆွေးနွေးဖို့အတွက်ဆိုတာကို ခွင့်ပြုတယ်လို့ သိရပါတယ်။ အဲဒီတော့ ကျမတို့က ဒီနေ့မနက်ပိုင်းမှာတည်းကိုက စပြီးတော့ အလုပ်ထွက်လုပ်ရဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မပေးသေးတဲ့ အလုပ်ရှင်တွေ အများကြီး ရှိနေပါသေးတယ် ။ အားလုံးပေါင်း စုစုပေါင်း အလုပ်ရုံ ၃၀ လောက်ကပဲ ရသေးတယ်။ လုပ်အားခ ကို ၈၊ ၉၊ ၁၀ ရက် ထုတ်ပေးမယ်ဆိုတာ အဲဒါကြောင့်မို့ ကျမတို့ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းမယ် ။ ညှိနှိုင်းလုံး စက်ရုံအဆင့်မှာ အလုပ်ရှင်နဲ့ အဆင်မပြေရင် အလုပ်ရှင်အဖွဲ့ချုပ်ကို စာရင်းကို ပေးပို့ပါမယ်။ အကူအညီ တောင်းခံပါမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ နောက်တခုက အလုပ်သမားတွေ အနေနဲ့ပေါေ့နာ် တချို့က ဒီ လူမှုဖူလုံရေးက မရနိုင်သေးတဲ့ လုပ်သားတွေလည်း ရှိတဲ့အကြောင်း ကြေညာချက်ထဲမှာ ကျနော်တွေ့ရပါတယ်။ သူတို့အတွက်ရော ဘာပြောချင်သေးသလဲ။

မဖြိုးစန္ဒာစိုး။ ။နေ့စားအလုပ်သမားတွေ၊ ဆောက်လုပ်ရေးအလုပ်သမားတွေ ၊ မော်တော်ဆိုင်ကယ်၊ Taxi မောင်းတဲ့ သူတွေ အများကြီးပဲ ဒုက္ခရောက်နေကြပါတယ် ကုန်တင်ကုန်ချအလုပ်သမားတွေရောပေါ့နော်။ အလုပ်ထပ်လုပ်လို့ မရတော့ပါဘူး အကုန်လုံး ရပ်နားထားရတာဖြစ်ပါတယ်။ ဆိုတော့ ဒီလိုမျိုး အလုပ်သမားတွေဆိုရင် သေချာတယ် လူမှုဖူလုံရေး အာမခံ လုပ်သားတွေထဲမှာလည်း အကြုံးမဝင်တာကြောင့် သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းက ပိုပြီးတော့ ကြီးပါတယ်။ ကြီးတဲ့အတွက် ကျမတို့က အတတ်နိုင်ဆုံးအလုပ်သမားတွေအနေနဲ့ မိမိရပ်ရွာဒေသမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးတွေ မြို့နယ်တွေမှာ ရှိတဲ့ အထွေထွေအုပ်ချုပ်ရေးတွေကို အကြောင်းကြားထားပေးပါလို့ အလုပ်သမားတွေကိုလည်း ကျမတို့ နှိုးဆော်ထားတာ။ နိုင်ငံတော်ကနေပြီးတော့ လာကောက်တဲ့အချိန်မှာ သူတို့စာရင်းတွေ ပါသွားအောင်လို့ အစိုးရကတော့ ဘယ်လို ပုံစံမျိုးနဲ့ ကောက်နေတယ်ဆိုတာကတော့ ကျမတို့ မသိရသေးဘူး ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်ရဲ့ ပြောကြားချက်အရတော့ ၆ သိန်း ၈ သောင်းကျော်လောက်ပေါ့နော် စာရင်းကိုတော့ ကောက်ခံထားပြီးပြီလို့ ပြောတယ်ပေါ့နော် ။ ဆိုတော့ အဲဒါကတော့ ဘယ်အချိန်မှာ ပေးသွားမလဲဆိုတာကတော့ ကျမတို့ မသိရသေးဘူး ။ ဒါကြောင့်မို့ အစိုးရအနေနဲ့ကတော့ဒီကာလမှာတော့ အတတ်နိုင်ဆုံး အမြန်ဆုံးပေးပေးဖို့အတွက်ကို ကျမတို့အနေနဲ့ အနူးအညွှန့် မေတ္တာရပ်ခံချင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ကြုံနေရတဲ့အကျပ်အတည်းတွေကို ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

XS
SM
MD
LG