သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳ ၂၀,၀၃၃ ဦး၊ ေသဆံုး ၄၇၁ ဦး


ရန္ကုန္ၿမိဳ႕ Quaratine Center တခုတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ PPE ဝတ္စံုႏွင့္ လုပ္အားေပးမ်ား။ (ေအာက္တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ဒီကေန႔ COVID-19 အတည္ျပဳလူနာသစ္ ၁,၂၅၂ ေယာက္နဲ႔ ေသဆုံးသူ ၂၇ ေယာက္ရွိတဲ့အတြက္ အခုထိ အတည္ျပဳ လူနာ စုစုေပါင္း ၂၀,၀၃၃ ေယာက္နဲ႔ ေသဆုံးသူက ၄၇၁ ေယာက္ရွိပါတယ္။ ေအာက္တိုဘာလ ၆ ရက္ေန႔အတြက္ ဓါတ္ခြဲနမူနာက ၁၀,၀၇၄ ခု စစ္ေဆးခဲ့တာမွာ အခုလို လူနာသစ္ ၁,၂၀၀ ေက်ာ္ထပ္ၿပီး အတည္ျပဳခဲ့တာပါ။ အခုအခ်ိန္ထိ COVID-19 ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၃၄၂,၀၀၀ ေက်ာ္ျပဳလုပ္ခဲ့ၿပီး အတည္ျပဳလူနာေတြထဲ ေရာဂါပိုးကင္းစင္လာသူ ၅,၇၈၂ ေယာက္ရွိပါတယ္။

COVID-19 ကူးစက္ျပန္႔ပြါးမႈကို အျမန္ဆုံးနဲ႔ အထိေရာက္ဆုံး ေလွ်ာ့ခ်ႏိုင္ဖို႔ ျပည္သူေတြအေနနဲ႔ ေနအိမ္အျပင္ကိုထြက္တိုင္း ပါးစပ္နဲ႔ ႏွာေခါင္းစည္း မျဖစ္မေန ဝတ္ဆင္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

ႏိုင္ငံတြင္း လတ္တေလာ COVID-19 ေရာဂါ ကူးစက္မႈမ်ားေနတာကို ထိန္းခ်ဳပ္ဖို႔ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္႐ြက္တဲ့ လက္ခ စားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္းေဆာင္သူေတြကို ေအာက္တိုဘာလ ၂၁ ရက္ေန႔အထိ လုပ္ငန္းခြင္ မဝင္ၾကဖို႔ ရက္ တိုးျမႇင့္သတ္မွတ္ထားပါတယ္။ ေရာဂါ ကူးစက္ခံရသူေတြ ပိုမ်ားလာတာနဲ႔ ေရာဂါကူးစက္ခံထားရၿပီး ေရာဂါ လကၡဏာ မျပဘဲ ပုံမွန္ သြားလာေနၾကသူေတြ ရွိေနတဲ့အတြက္ ထိန္းခ်ဳပ္မႈေတြ ဆက္လက္ ထားရွိဖို႔ လိုအပ္လို႔ အခုလို ရက္တိုးျမႇင့္လိုက္တာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေအာက္တိုဘာလ ၅ ရက္ေန႔က ေၾကညာထုတ္ျပန္ခဲ့ပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၂၀၀၃၃ ဦး၊ သေဆုံး ၄၇၁ ဦး

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၂ ယောက်နဲ့ သေဆုံးသူ ၂၇ ယောက်ရှိတဲ့အတွက် အခုထိ အတည်ပြု လူနာ စုစုပေါင်း ၂၀,၀၃၃ ယောက်နဲ့ သေဆုံးသူက ၄၇၁ ယောက်ရှိပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့အတွက် ဓါတ်ခွဲနမူနာက ၁၀,၀၇၄ ခု စစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၁,၂၀၀ ကျော်ထပ်ပြီး အတည်ပြုခဲ့တာပါ။ အခုအချိန်ထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၃၄၂,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၅,၇၈၂ ယောက်ရှိပါတယ်။

COVID-19 ကူးစက်ပြန့်ပွါးမှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချနိုင်ဖို့ ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ကိုထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

နိုင်ငံတွင်း လတ်တလော COVID-19 ရောဂါ ကူးစက်မှုများနေတာကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် မဝင်ကြဖို့ ရက် တိုးမြှင့်သတ်မှတ်ထားပါတယ်။ ရောဂါ ကူးစက်ခံရသူတွေ ပိုများလာတာနဲ့ ရောဂါကူးစက်ခံထားရပြီး ရောဂါ လက္ခဏာ မပြဘဲ ပုံမှန် သွားလာနေကြသူတွေ ရှိနေတဲ့အတွက် ထိန်းချုပ်မှုတွေ ဆက်လက် ထားရှိဖို့ လိုအပ်လို့ အခုလို ရက်တိုးမြှင့်လိုက်တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ကြေညာထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG