[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဒီကေန႔ COVID-19 ဓါတ္ခဲြနမူနာေတြ႕ရွိသူ အေယာက္ ၁,၄၀၀ ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ ကူးစက္သူ စုစုေပါင္း ၂၁,၄၃၃ ဦးရွိၿပီ ျဖစ္ပါတယ္။ ဒီကေန႔ ေသဆုံးသူက ၃၉ ေယာက္ရွိတဲ့အတြက္ အခုထိ COVID-19 ေၾကာင့္ ေသဆုံးသူေပါင္း ၅၁၀ ဦးရွိၿပီျဖစ္ပါတယ္။ ေအာက္တိုဘာ ၇ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာေပါင္း ၁၂,၃၂၂ ခု စစ္ေဆးခဲ့တာျဖစ္ၿပီး အခုလို ေရာဂါကူးစက္ထားသူ ၁,၄၀၀ ကိုအတည္ျပဳခဲ့တာပါ။
အခုအခ်ိန္ထိ ဓာတ္ခြဲနမူနာေပါင္း ၃၅၅,၂၇၁ ခု စစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာေတြထဲေရာဂါပိုးကင္းစင္လာသူက ၆,၀၈၄ ေယာက္ရွိပါတယ္။
COVID-19 ကူးစက္ျပန္႔ပြါးမႈကို အျမန္ဆုံးနဲ႔ အထိေရာက္ဆုံး ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ျပည္သူေတြအေနနဲ႔ ေနအိမ္အျပင္ထြက္တိုင္း ပါးစပ္နဲ႔ႏွာေခါင္းစည္းကို မပ်က္မကြက္စနစ္တက်တပ္ဆင္ဖို႔ က်န္းမာေရးဌာနက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။
ဒီလို အျပင္ထြက္တိုင္း ပါးစပ္နဲ႔ႏွာေခါင္းစည္း မျဖစ္မေနဝတ္ဆင္တာကို ႏိုင္ငံသားေကာင္းေတြအေနနဲ႔ မျဖစ္မေနလုပ္ေဆာင္ရမယ့္ အခ်က္တခုအျဖစ္ လိုက္နာၾကဖို႔လည္း က်န္းမာေရးဌာနက သတိေပးႏႈိးေဆာ္ထားပါတယ္။
[Unicode Version]
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၂၁,၄၃၃ ဦး၊ သေဆုံး ၅၁၀ ဦး
မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ဓါတ်ခွဲနမူနာတွေ့ရှိသူ အယောက် ၁,၄၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၂၁,၄၃၃ ဦးရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူက ၃၉ ယောက်ရှိတဲ့အတွက် အခုထိ COVID-19 ကြောင့် သေဆုံးသူပေါင်း ၅၁၀ ဦးရှိပြီဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၁၂,၃၂၂ ခု စစ်ဆေးခဲ့တာဖြစ်ပြီး အခုလို ရောဂါကူးစက်ထားသူ ၁,၄၀၀ ကိုအတည်ပြုခဲ့တာပါ။
အခုအချိန်ထိ ဓာတ်ခွဲနမူနာပေါင်း ၃၅၅,၂၇၁ ခု စစ်ဆေးခဲ့ပြီး အတည်ပြုလူနာတွေထဲရောဂါပိုးကင်းစင်လာသူက ၆,၀၈၄ ယောက်ရှိပါတယ်။
COVID-19 ကူးစက်ပြန့်ပွါးမှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းကို မပျက်မကွက်စနစ်တကျတပ်ဆင်ဖို့ ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဒီလို အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်း မဖြစ်မနေဝတ်ဆင်တာကို နိုင်ငံသားကောင်းတွေအနေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တခုအဖြစ် လိုက်နာကြဖို့လည်း ကျန်းမာရေးဌာနက သတိပေးနှိုးဆော်ထားပါတယ်။